/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 19, 2012

.

ဒွန်ဘန်ချောင်းကူးတံတားအား KIA မှ မိုင်းဖောက်ခွဲ

ဝိုင်းမော်- ချီဖွေကားလမ်းမှရှိတဲ့ ဒွန်ဘန်ချောင်းကူးတံတား ကို မနေ့ မနက် ၂နာရီခွဲ လောက်တုန်းက KIA မှ လာရောက်မိုင်းခွဲခဲ့သဖြင့် ကြမ်းခင်းမှာ ၅ပေ ပတ်လည်ပျက်စီး သွားခဲ့ပါတယ်။ တံတားမိုင်းပေါက်ကွဲသံကို နယ်ခြားစောင့်အ ဖွဲ့မှ ကြားပြီး လိုက်လံပစ်ခတ်ခဲ့ တဲ့အ တွက် တံတားကို လာရောက် မိုင်းဖောက်ခွဲတဲ့ KIA အ ဖွဲ့မှ သူတွေကထွက်ပြေးခဲ့တယ် လို့သိရပါတယ်။KIA အ ဖွဲ့ဟာ ကချင်ပြည်နယ်အ တွင်းမှာ ရှိတဲ့ အ ဓိကလမ်းကြောင်းတွေမှာရှိတဲ့ တံတားတွေကို ဖောက်ခွဲမှုတွေပြုလုပ်နေတာဟာ အ ခုဆိုရင် တံတားပေါင်း ၂၀၀ ကျော်နေပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုဖောက်ခွဲခဲ့တဲ့အ တွက်ဒေသခံတွေရဲ့စားဝတ်နေရေးကို လုံးဝအ ခက်အ ခဲ တွေကိုဖြစ်ပေါ်မှုတွေဖြစ်စေတဲ့အ ပြင် ဒုက္ခတွေကိုဖြစ်ပေါ်စေပါတယ်။လမ်းကြောင်းတွေကို ပိတ်ပင်မှုတွေ ဖျက်ဆီးမှုတွေကြောင့် ဒေသအ တွင်းမှာ ကုန်စည်စီးဆင်းမှု မရှိ သလောက် ဖြစ်ခဲ့ပြီးကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ဒေသခံတွေဒုက္ခရောက်နေကြရတယို့ ၀ိုင်းမော်မြို့မှ ဒေသခံတစ်ဦးမှ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။