/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 30, 2012

.

CDMA 450 /GSM မိုဘိုင်းလ်ဖုန်းများအား လက်ရှိ Post Paid စနစ်မှ Prepaid စနစ်ဖြင့် ပြောင်းလဲဝန်ဆောင်မှုပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးတင်ပြချက်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လက်ရှိ Post Paid စနစ်ဖြင့် ဖုန်းပြောဆိုခငွေ ပေးသွင်းလျက်ရှိသော CDMA 450 စနစ်သုံး မိုဘိုင်းလ်တယ်လီဖုန်းများနှင့် GSM စနစ်သုံး မိုဘိုင်းလ်တယ်လီဖုန်းများအား တယ်လီဖုန်းပြောဆိုခ ပေးသွင်းရမှု ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ (၁-၇-၂၀၁၂) ရက်နေ့တွင် Prepaid (ငွေဖြည့်ကတ်) စနစ်သို့ပြောင်း လဲဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

အထက်ဖော်ပြပါ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ပေးရာတွင် ပြောဆိုသုံးစွဲသူများအနေဖြင့် Prepaid စနစ်ပြောင်းလဲမှုကြောင့် ဆက်သွယ်ခေါ်ဆိုမှု ပြတ်တောက်ခြင်းမရှိစေရန်အတွက် ငွေကျပ် ၁၀၀၀/ိ-(ကျပ်တစ်ထောင်တိတိ) အားမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ကြိုတင်ဖြည့်တင်းပေးထားမည်ဖြစ်ပါသည်။

အဆိုပါ Prepaid စနစ်ပြောင်းလဲပြီးသော CDMA450/ GSM စနစ်သုံး မိုဘိုင်းလ်တယ်လီဖုန်း ပြောဆိုသုံးစွဲသူများအနေဖြင့် (၁-၇-၂၀၁၂) ရက်နေ့မှ စတင်၍ ကြိုတင်ငွေဖြည့်ကတ် (Prepaid Topup Card) များဖြင့် ငွေဖြည့်သုံးစွဲသွားရန် ဖြစ်ပါသည်။

ထိုသို့ ပြောင်းလဲသုံးစွဲခြင်းကြောင့် သုံးစွဲနေသည့် မူလဖုန်းနံပါတ်များမှာ နဂိုအတိုင်းရှိမည်ဖြစ်ပြီး ဖုန်းနံပါတ် ပြောင်းလဲမည် မဟုတ်ပါ။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှုရယူသည့် CDMA 450/ GSM မိုဘိုင်းလ် တယ်လီဖုန်းများအနေဖြင့် ယခင် Post Paid စနစ်အဖြစ် သုံးစွဲစဉ်ကာလထိ ပြောဆိုထားသည့် ဖုန်းပြောဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရပါမည်။

ကြိုတင်ငွေဖြည့်စနစ် Prepaid စနစ်စတင် အသုံးပြုသည့် နေတွင်ပြောဆိုခ ပေးသွင်းထားသည့် ပိုငွေရှိပါက ၎င်းပိုငွေအား Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည်ဖြစ်ပါသည်။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ပေးခြင်းနှင့် ပတ်သက်၍ Call Center ဖုန်းနံပါတ် 1876 သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။