/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 18, 2012

.

ပထမဦးဆုံး အကြိမ်အွန်လိုင်း ကားပြပွဲ ပြုလုပ်မည်

ပြည်တွင်းမှာ ပထမဆုံး အကြိမ် အဖြစ် ပြသမယ့် 2012 Monsoon Oline Car Expo ပြပွဲကို သြဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ အဆိုပါ အွန်လိုင်း ကားပြပွဲကို iBiz Service Provider Co.,Ltd မှ ကြီးမှူးကျင်းပမှာ ဖြစ်တယ်လို့ ဇွန်လ ၁၅ ရက်နေ့က City Star ဟိုတယ်မှာ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။ အဆိုပါ ပြပွဲမှာ ကားအရောင်းပြခန်းများ၊ အကြီးစားနဲ့ အလတ်စား လုပ်ငန်းသုံး ယာဉ်များ၊ ကားဘက်ထရီနဲ့ ကားတာယာများ၊ ကားအပို ပစ္စည်း များနဲ့ ကားပြုပြင်ရေး လုပ်ငန်းများ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်တော်ယာဉ် ထုတ်လုပ် ရောင်းချ သူများနဲ့ ကိုယ်စားလှယ်တွေ အပါအ၀င် ကားနဲ့ ပတ်သက်တဲ့ လုပ်ငန်း လုပ်ကိုင်သူ တွေလည်း ပါဝင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကို ပြုလုပ် ရတာဟာ ကားဝယ်သူနဲ့ ရောင်းသူ အကြား ဈေးနှုန်း ချိုသာစွာနဲ့ အလွယ်တကူ ရောင်းဝယ်မှု ပြုလုပ် နိုင်အောင် ရည်ရွယ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။