/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Wednesday, June 27, 2012
.
မြန်မာ့ပေါင်းဆန်များကို ရုရှားနိုင်ငံသို့ ယခုလမှစ၍ လစဉ်တင်ပို့မည်
မြန်မာ့ပေါင်းဆန်များကို ရုရှားနိုင်ငံသို့ ယခုလမှစ၍ လစဉ်တင်ပို့မည်ဖြစ်ကြောင်း သိရသည်။ “ပေါင်းဆန်ဈေးကွက်က အခိုင်အမာရှိပါတယ်။ ဈေးလဲမြင့်တယ်။ ဒါကြောင့် ပေါင်းဆန် ပြည်ပတင်ပို့မှုကို တွန်းအားပေး ဆောင်ရွက်သွားမယ်။ လစဉ် တန်ချိန် ၁၀၀၀ လောက် တင်ပို့သွားပါမယ်။ ဈေးကွက်က ရုရှား ဈေးကွက်ပါပဲ” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။ မြန်မာ့ပေါင်းဆန်ကို ယမန်နှစ် ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၀၀၀ကျော် စတင်တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကာ အဆိုပါ ပေါင်းဆန် တင်ပို့မှုကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “အခုဖြစ်နေတာက မြန်မာ့ဆန်ကိုပြောရင် ထွက်တဲ့စပါးက အရည်အသွေး ညံ့တယ်။ ဆန်ထွက်နှုန်း လျော့တယ်။ အကျိုးအကြေ များတယ်။ ဒီတော့ တောင်သူကို ဈေးပိုမပေးနိုင်ဘူး။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ထိခိုက်စေတယ်။ ဒါကြောင့် အခုလို စီစဉ်ရတာပါ” ဟု ဦးသောင်းဝင်းက ဆက်ပြောသည်။ မြန်မာ့ပေါင်းဆန် တင်ပို့နိုင်ရန်အတွက် သာမန်စပါးကို ရှစ်နာရီခန့် ရေပူစိမ်ခြင်း၊ ရေနွေးဖြင့် ပေါင်းခြင်းနှင့် အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်း စသည်ဖြင့် အဆင့်ဆင့် လုပ်ကိုင်ရကြောင်း သိရသည်။ “ရေနွေးစိမ်ရတယ်။ Process များတော့ ကုန်ကျစရိတ် တက်လာပါတယ်။ ဒါပေမဲ့ ဈေးကောင်းရတော့ အဆင်ပြေပါတယ်။ အကျိုးအကြေ မရှိတော့ ဆန်ပိုထွက်တာပေါ့” ဟု ပြည်တွင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ယခုအခါ ကမ္ဘာ့ဆန် ဈေးကွက်တွင် သာမန်ဆန်သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂ ခန့်တွင် ရှိသော်လည်း ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ၅၀၅ ဒေါ်လာအထိ ရှိနေကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မူရင်းသတင်းက
ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။