/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 28, 2012

.

ပက်ထရိုနက်စ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ မြန်မာနိုင်ငံကို မျက်စိကျနေ

မလေးရှားနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ပက်ထရိုနက်စ်ဒဂန်ဂန်သည် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီးမြှပ်နှံမှုများအား ပြုလုပ်ရန်အတွက် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ပြောခွင့်ရပုဂ္ဂိုလ် အေမာဟမ်ဇက် အဇီဇန်က ဆိုကြောင်း သိရသည်။

"ကျွန်တော်တို့ နောက်ထပ် အင်ဂျင်တွေကို ဖွင့်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ ရင်းဂစ် ၆.၈၅ ဘီလီယံလောက် စသုံးပြီး နှစ်စဉ် ၇.၄ ရာခိုင်နှုန်းလောက် ထပ်တိုးပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ဒီလထဲမှာပဲ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်မှာ ရှိတဲ့ လုပ်ငန်းတွေကို စအသက်သွင်းနေပါပြီ။ မြန်မာနဲ့ အင်ဒိုနီးရှားကိုလည်း မကြာခင် ဝင်တော့မှာပါ။

ရက်ချိန်းကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး ဟု သူကဆိုသည်။ ပက်ထရိုနက်စ်သည် မလေးရှား စတော့ဈေးကွက်တွင် ဒုတိယ အကောင်းဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် ရင်းဂစ် ၃၀ ဘီလီယံ ရင်းနှီးမြှပ်နှံထားသည့် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။