/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 29, 2012

.

ကိုရီးယား လေကြောင်းလိုင်းမှ ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲရန်စီစဉ်

ကိုရီးယားလေကြောင်းလိုင်းမှ ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ်အား စက်တင်ဘာလတွင် ပြေးဆွဲရန် စီစဉ်နေကြောင်း ကိုရီးယားလေကြောင်းလိုင်းမှ ဇွန်လ ၂၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အကြား တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကာ ပျံသန်းချိန်နှင့် ခရီးသည်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် စီစဉ်သွားမည်ဟုလည်း သိရသည်။

နှစ်နိုင်ငံ လေကြောင်း ပျံသန်းမှုများအား တစ်ပတ်လျှင် လေးကြိမ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိပြီး၊ ယင်းကဲ့သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲမည်ဆိုပါက ကြာမြင့်ချိန်အား ၁၀ နာရီမှ ၆ နာရီသို့ လျော့ချနိုင်မည်ဟု သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် ကိုရီးယာနိုင်ငံတို့အကြား တိုက်ရိုက်ပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်း မရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပါက ခရီးသွားချိန်ကြာမြင့်မှုအား ၄ နာရီခန့်အထိ လျော့ချနိုင်မည်ဟု သိရသည်။

ကိုရီးယား လေကြောင်းလိုင်းသည် အင်ချွန်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား ဘိုးရင်း ၇၃၇ လေယာဉ်များဖြင့် ပျံသန်းမည်ဟုလည်း ယင်းလေကြောင်းလိုင်းမှ ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''လက်ရှိအချိန်မှာ တရားဝင် ဆက်သွယ်ပြီး စာတင်ထားတာကတော့ All Nippon Airways Co. တစ်ခုပဲရှိပါတယ်''ဟု ပြောပြခဲ့သည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။