/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 9, 2012

.

ဦးတင်ကျော်ကျော်စိုးသို့အိတ်ဖွင့်ပေးစာ

FNG မှာ ခင်ဗျားရေးထားတဲ့ “မငြိမ်သက်မှုများ၏နောက်ကွယ်တွင် ဦးအောင်သောင်း၊ ဦးကျော်ဆန်းနှင့် ကြံ့ခိုင်ရေးအမာခံများ အဓိကနေရာမှာပါဝင်နေဟုဆို” ဆိုတဲ့ သတင်းအရ ဒီစာကို ပြန်ရေးလိုက်တယ်။

http://freedomnewsgroup.com/2012/06/06/unrest-and-aung-thaung/

ခင်ဗျား ဦးအောင်သောင်းကို ပုတ်ခတ်ရေးသားထားတာတွေဟာ လွန်လွန်းနေပါတယ်။ အခြေအမြစ်လဲ လုံးဝမရှိပါဘူး။ ခင်ဗျား မလိုလားတိုင်း စွပ်စွဲရေးနေတာကိုတွေ့ရတယ်။ ကိုယ်နဲ့ တူရင် တူသလို မတူရင် မတူသလို ဖန်တီးပြီးရေးနေတာတွေဟာ သဘာဝမကျပါဘူး။ ခင်ဗျားဘယ်သူလဲ ခင်ဗျား ဘာတွေဖြစ်စေချင်နေတာလဲဆိုတာ သိပါတယ်။ ရခိုင်အရေး၊ ဒီပဲယင်းအရေးတွေဟာ ဦးအောင်သောင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ခင်ဗျား ကြိုက်သလို ရှာဖွေစုံစမ်းနိုင်ပါတယ်။ အမေးအဖြေတွေလုပ်နိုင်ပါတယ်။ တကယ် ခင်ဗျား စုံစမ်းမယ်ဆိုရင်လဲ ကူညီပေးနိုင်ပါတယ်။ ကိုယ်မလိုလားတဲ့သူ နာမည်ပျက်ရင်ပြီးရော ဆိုပြီး ရေးနေရုံနဲ့ ခင်ဗျားအတွက် ဘာမှအကျိုးမရှိလှပါဘူး။ တကယ်ဆိုရင် ဒီကိစ္စတွေဟာ ပကတိ အခြေ အနေနဲ့လဲ ကွဲလွဲနေတယ်။

တကယ်တော့ ဦးအောင်သောင်းကို ခင်ဗျားနှိပ်ကွပ်စရာတောင်မလိုတော့ပါဘူး။ တခြားသူတွေ နှိပ်ကွပ်နေတာနဲ့တင် နာလန်မထူတော့ပါဘူး။ အသက်ကလဲကြီးနေပြီ အားလုံးကလဲ ၀ိုင်းသမကြတော့ ဦးအောင်သောင်းခမျာ အသက်တောင် ငွေ့ငွေ့ပဲကျန်ပါတော့တယ်။ အသက်အရွယ်အရ အလုပ်တွေလဲ ဆက်လုပ်နိုင်စရာအကြောင်းမရှိတော့ပါဘူး။ နောက်ပြီး ခင်ဗျားနှိပ်ကွပ်တာက သိပ်မထိရောက်ပါဘူး။ သူတို့အချင်းချင်းပြန်နှိပ်ကွပ်နေတာက ကြည့်လို့တောင်ကောင်းပါသေးတယ်။ ဘယ်ညာလက်သီးတွေနဲ့ အတွဲလိုက်ကိုတွယ်နေတာ တဖြည်းဖြည်းကြိုးဝိုင်းထောင့်မှာပိတ်မိနေပါပြီ။ မကြာခင် လဲကျသွားတော့မှာပါ။ ခင်ဗျား စောင့်ကြည့်နေရုံပါပဲ။ ခင်ဗျားလဲ ဒီအခြေအနေကို ကြိုဆိုနေမယ်ဆိုတာ သိပါတယ်။

နောက်ဆိုရင် ဦးအောင်သောင်းဟာ ပါတီတာဝန်ကိုတောင်မှ ယူချင်မှယူပါတော့မယ်။ လိုအပ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကတောင် နှုတ်ထွက်မလားမပြောနိုင်ပါဘူး။ ဘယ့်နှယ်လဲ ကြိုက်တယ် မဟုတ်လား။

ဒီတော့ ခင်ဗျားအနေနဲ့ နောက်ကို သတင်းရေးရင် သိက္ခာရှိရှိရေးစေချင်ပါတယ်။ ဒူးထောက်ပြီး လက်နှစ်ဖက်စလုံးပါမြှောက်ထားတဲ့သူကိုတော့ ဆက်ပြီးမနှိပ်ကွပ်ပါနဲ့တော့။ အရှုံးပေးထားတဲ့သူကို ဒီတိုင်း လေးပဲထားလိုက်တာဟာ လူကြီးလူကောင်းဆန်ပါတယ်။

Email မှ လက်ခံရရှိသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။