/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 17, 2012

.

The White Brothers အဖွဲ့က လူမှုရေး လုပ်ငန်းများကိုအားသွန်ခွန်စိုက် လုပ်ကိုင်လျက်ရှိ



မော်လမြိုင်ကျွန်းမြို့ သုဿာန်အ၀င်လမ်း ချို့ယွင်းနေမှုအား စိတ်တူကိုယ်တူပုဂ္ဂိုလ်များသည် ၂၄-၁၁-၂၀၁၁ ရက်နေ့ တွင် စုစည်း၍ဆောင်ရွက်ခဲ့ကြရာမှ လူအများစိတ်ပါဝင်စားလာသဖြင့် The White Brothers အမည်ဖြင့် လူမှုရေးစောင့်ရှောက် မှုအဖွဲ့အဖြစ် ၄-၁-၂၀၁၂ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ကြပါသည်။ ယခုအခါ နာယကအဖွဲ့ဝင် (၁၀) ဦး ၊ အမှုဆောင် (၂၂) ဦး နှင့် အဖွဲ့ဝင်ပေါင်း (၂၀၀၀) ဦးတို့ဖြင့် လူမှုရေးလုပ်ငန်းများကို စိတ်တူကိုယ်တူ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ကြပါသည်။

The White Brothers အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အားကျစိတ်ဝင်စားလာသူများမှလည်း စုစည်းလျက်လူမှု ရေးလုပ်ငန်းများကို အဖွဲ့များဖွဲ့စည်းဆောင်ရွက်လာကြရာ ယခုအခါ လူမှုရေးဆောင်ရွက်သည့်အဖွဲ့အစည်းများ အလျှိုလျှိုပေါ် ပေါက်လာကြသည်မှာ လွန်စွာအားရဘွယ်ဖြစ်ကြောင်းတွေ့ရှိရပါသည် ။

The White Brothers အဖွဲ့သည် အဖြူရောင်နှလုံးသားအခမဲ့ဆေးကုခန်းကို အမှတ် (၂၀) ၊ တပင်ရွှေထီးလမ်း ၊ မြို့မ (၁၂) ရပ်ကွက် ၊ မော်လမြိုင်ကျွန်းမြို့တွင် ၁၅၃-၂၀၁၂ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ လူနာပေါင်း (၁၇၀၀) ကျော်ကို- အခမဲ့ဆေးကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မျက်စေ့ဝေဒနာရှင် (၇၆) ဦးအား အခမဲ့မျက်စေ့စမ်းသပ် / မျက်မှန်တပ်ဆင်ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ချမ်းမြေ့ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၂၁) ဦးကိုလည်းကောင်း ၊ အမှတ် (၈) ရပ်ကွက်၌ လူနာ (၁၂၄) ဦး အားလည်းကောင်း အခမဲ့ကျန်းမာရေးစမ်းသပ် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

The White Brothers အဖွဲ့သည် ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆင်းရဲနွမ်းပါးသူများ၏ ကျန်းမာရေးကိုစောင့်ရှောက်ပေး ခြင်း ၊ နွမ်းပါးသော ကျောင်းသားများ၏ပညာရေးအထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း ၊ လူအများအကျိုးရှိစေပြီးအမှန် တကယ်လိုအပ်သော လမ်း/တံတားများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ စိတ်ပါဝင်စား၍ လှူဒါန်းလိုသူစေတနာရှင်များသည် အောက်ပါလိပ်စာများသို့ ဆက်သွယ်စုံစမ်းမေးမြန်းခြင်း ၊ လှူဒါန်းခြင်းများပြုလုပ်နိုင်ကြောင်း သတင်းရရှိပါသည် ။

၁။ The White Brothers အဖွဲ့ ၊ အမှတ် (၂၀) ၊ တပင်ရွှေထီးလမ်း ၊ မြို့မ (၁၂) ရပ်ကွက် ၊ မော်လမြိုင်ကျွန်းမြို့
၂။ ဦးခင်မောင်ဇင်(ဥက္ကဌ) ၊ ဂဠုန်မင်းဆေးလိပ်ခုံ ၊ မော်လမြိုင်ကျွန်းမြို့ ။ ဖုန်း - ၀၉၄၉၇၂၉၆၆၀
၃။ ဦးသိန်းလွင်(အတွင်းရေးမှူး) ၊ ဂွမ်းဂွမ်းကွန်ပျူတာ ၊ မော်လမြိုင်ကျွန်းမြို့ ။ ဖုန်း - ၀၉၄၂၂၄၉၀၈၀၂
၎။ thewhitebrothers.mawgyun@gmail.com

Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။