/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 11, 2012

.

မိုးရာသီ ရေကြီးရေမြုပ်မှု မှကာကွယ်ရန် ဇော်ဂျီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရေကြီးရေမြုပ်မှုများမှ ကာကွယ်နိုင်ရန်အတွက် ဇော်ဂျီမြစ်ကြောင်းတ စ်လျှောက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များကို ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

ထိုလုပ်ငန်းများအတွက် ငွေ ကျပ်သန်းပေါင်း ၄၃၈၉ ဒသမ ၈ဝ ခန့် အကုန်အကျခံ ဆောင်ရွက်မည် ဖြစ်ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်မှစ၍ စတင်ဆောင်ရွက်ကာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၊ မေလ အတွင်း အပြီးဆောင်ရွက်မည် ဖြစ် ကြောင်း၊ ဇော်ဂျီရေထိန်းဆည် အောက်ပိုင်း ပေ-၁ဝဝဝဝ ခန့်အထိ ကျဉ်းမြောင်းနေသော မြစ်ေ ကြာင်း အား ချဲ့ခြင်း၊ ဇော်ဂျီရေထိန်းဆည် ပြုပြင်ခြင်း လုပ်ငန်းHydraulic Elevator Dam တပ်ဆင်ခြင်းများ ဆောင်ရွက်နေပြီး လုပ်ဆောင်နေ သည့် လုပ်ငန်း ၄ ရပ်တွင် ရာခိုင် နှုန်း အတော်များများကို ဆောင်ရွက် ပြီးဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လနှင့် အောက်တို ဘာလများအတွင်းက ဇော်ဂျီမြစ်ရေ လျှံတက်ကာ ကြက် မင်းတွန် တာဘောင်ကျိုးခြင်းနှင့် တံ တားလည် တာဘောင်ကျိုးပေါက် ခြင်း၊ မြစ်ရေကြီးခြင်းများ ဖြစ်ပေါ် ခဲ့ပြီး ကျောက်ဆည်မြို့ပေါ် ရပ်ကွက် များ အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရေဘေးဒုက္ခဆိုး များစွာ ခံစားခဲ့ကြရပြီး ကြက်သွန် နှင့် စပါးစိုက်ဧက များစွာ လည်း ရေမြုပ်ပျက်စီးခဲ့ကြောင်း ကျောက် ဆည်မြို့ခံများက ပြောသည်။

ဇော်ဂျီမြစ်ပေါ်တွင် ဇော်ဂျီရေ လှောင်တမံ၊ နောင်ခမံ ဆည်၊ ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်၊ ဇီးတောဆည်နှင့် ၂ဝဝ၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဇော်ဂျီရေထိန်းဆည်များ ရှိကြောင်း၊ မိုးရာသီတွင် ဇော်ဂျီမြစ်ရေသည် ငပြောင်ဆည်ပေါ်တွင် လေးပေခန့် အထိ ရောက်ရှိပါက စိုးရိမ်ရေမှတ် အဖြစ် သတ်မှတ်ထားသည်။

မောင်တာ

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။