/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 3, 2012

.

မလိမ်ရရင်မနေနိုင်တော့ဘူးလား သစ်ထူးလွင် (ခ) သစ်ထူးလိမ်



“ဦးအောင်သောင်းနှင့်အဖွဲ့ စစ်ကိုင်းတိုင်းဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာ အနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်”

“ဦးအောင်သောင်းပါမစ်နဲ့ ထိုင်းနယ်စပ်မှတစ်ဆင့် မိသားစုစီး ဂျပန်တစ်ပတ်ရစ်ကားတွေတင်သွင်းနေ”

ရေးထားလိုက်တာများဗျာ တကယ့်ကို သတင်းထူး၊ သတင်ဦးကြီးပါပဲ။ ဖတ်လို့လဲတော်တော်ကောင်းပါတယ်။ ဒါပေမဲ့ အဖြစ်မှန်နဲ့နည်းနည်းလေးမှကို မနီးစပ်ဘူး။

ပထမသတင်းအကြောင်းကိုပြောရမယ်ဆိုရင် ဦးအောင်သောင်းဟာ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဖြစ်ပါ တယ်။ ကြားဖြတ်ရွေးကောက်ပွဲနီးနေတဲ့အချိန်မှာ ကိုယ်တာဝန်ယူထားတဲ့တိုင်းကိုပစ်ထားပြီး စစ်ကိုင်းတိုင်းကို စည်းရုံးရေးသွားစရာအကြောင်း လုံးဝမရှိပါဘူး။ နောက်ပြီး သစ်ထူးလွင်မှာ ဦးအောင်သောင်းဟာ သူ့ဇာတိ တောင်သာနယ်တစ်ဝိုက်ကို စည်းရုံးရေးဆင်းနေတယ်လို့ရေးထားပြန်တယ်။ ဘယ်ဟာအမှန်လဲ။ ကိုယ်ဟာ ကိုယ်လည်း ပြန်ကြည့်ကြပါအုံး။



ဒုတိယသတင်းအတွက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးကိုဦးတည်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့သာဖြစ်ပါတယ်။ သစ်ထူးလွင်ရေးသလို ကားပါမစ်ထုတ်ပေးတဲ့အဖွဲ့မဟုတ်ပါဘူး။ ထုတ်ပေးခွင့်လည်းမရှိသလို၊ ထုတ်လည်းမပေးခဲ့ပါဘူး။ ဒါဟာ သတင်းအမှန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ တိကျတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေရှိပါတယ်။ ကားပါမစ်ထုတ်ပေးရန်လို့တော့မပါပါဘူး။

ဒါတွေဟာ တစ်ဖက်သားကို ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒနဲ့ရေးထားတယ်လို့ယူဆပါတယ်။ ဒီလို အခြေအမြစ် မရှိတဲ့သတင်းတွေနဲ့ သူတပါးရဲ့ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင်မလုပ်သင့်ပါဘူး၊ ရေးတဲ့သူကလည်း မမှန်သတင်းမှန်သိရက်နဲ့ မရေးသင့်သလို ဖော်ပြတဲ့ Website ကလည်း နည်းနည်းပါးပါး ချင့်ချိန်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို မီဒီယာလို့သဘောထားရင် ပြည်သူအကျိုးရှိမဲ့ သတင်းမှန်တွေကိုသာ ထုတ်ပြန်သင့်ပါတယ်။ ခုလို မမှန်သတင်းကို ရေးသားထုတ်ပြန်နေမယ်ဆိုရင် ပြည်သူတွေကြားမှာ သို့လော သို့လော သံသယစိတ်တွေဖြစ်ပွားလာပြီး အထင်အမြင်လွဲမှားမှုများသာဖြစ်လာမှာဖြစ်ပါတယ်။ ထိကျမှန်ကန်တဲ့ သတင်းတစ်ပုဒ်ကို ရေးချင်တယ်ဆိုရင် ကာယကံရှင်များကို ဆက်သွယ်မေးမြန်းပြီး ရေးသင့်ပါတယ်။ ဒါမှလည်း မိမိရဲ့သတင်းတစ်ပုဒ်ဟာ တန်ဖိုးရှိပြီး ပြည်သူများရဲ့နားမျက်စိမှာ အမှန်တရားကို မြင်ရကြားရမှာဖြစ်ပါတယ်။ မိမိ Popular ဖြစ်ရေးကိုသာအဓိကထားဖို့မသင်ပါဘူး။

ပထမသတင်းပါလာကတည်းကရေးဖို့ပါ ဒီတစ်ခါတော့ မဖြစ်တော့ဘူး အမှားဆိုတာကြာရင်အမှန်ဖြစ်ကုန်မှာ စိုးတဲ့အတွက် ကြားထဲက မနေနိုင်မထိုင်နိုင်ဝင်ရေးလိုက်ရကြောင်းပါ သစ်ထူးလိမ်ကြီးခင်ဗျား။ ခင်ဗျား Site မှာ တင်ထားသမျှသတင်းတွေထဲမှာ အမှန် ဘယ်နှစ်ရာခိုင်နှုန်းလောက်များပါသလဲလို့သိချင်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ၊

2 comments:

  1. that is right, that news site has many wrong news.
    For example, the news of 2 thai school girls fighting shown in internet was posted as Myanmar girl forced to prostitution.
    The site itself has virus also.
    If you go inside, the ad shows automatically and can not delete that ads. Check your self.
    Your anti virus shows the virus warning also.

    ReplyDelete
  2. ဟေ့ကောင်ချက်ကြီး၊ သူများမျက်ချီးကိုချည်းကြည့်မနေနဲ့၊ ကိုယ့်မျက်ချီးလည်းကိုယ်ပြန်ကြည့်အုံး၊ မင်းရေးတဲ့ website ကရောဘယ်လောက်မှန်လို့လဲ? မင်းကျတော့မှားရုံတင်မဟုတ်ဘူး၊ အလွန်အောက်တန်းကျတာတွေရေးပြီးတော့၊ နောက်ပြီးမင်းက အောင်သောင်းအကြောင်းဘာလို့ဒီလောက်သိနေရတာလဲ? ထူးခြားနေပါလား? ပတ်သက်နေလို့လား? တစ်ဖွဲ့တည်းတွေလား? သစ်ထူးလွင်က မင်းထက်တော့ပိုမှန်တယ်၊ နောက်ပြီးမင်းလောက်အောက်တန်းမကျဘူး။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။