/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 16, 2012

.

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရ


ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရဟု ပါချုပ်(ဦးညီညီစံ)က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက် လိုက်လံ ဖြုတ်သိမ်းခိုင်းနေကြောင်းသိရပါသည်။

မဖြုတ်လျှင် အလုပ်ဖြုတ်ပစ်မည် အလုပ်ပြုတ်ချင်သလားဟု ခြိမ်းခြောက် ပြောဆိုပြီး ခိုးချိတ်ထားတာတွေ့ပါက အလုပ်ဖြုတ်ပစ်မည်ပြောပါသည်။

အဆိုပါလုပ်ရပ်နှင့်ပါတ်သတ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၀န်ထမ်းတဦး က Myanmar News Now ကို အခုလိုပြောပြထားပါသည်---

(နိုင်ငံတော်သမ္မတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ ပြောဆို၊ရေးသား၊လုပ်ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝ မချိတ်ရဟု ပြောဆိုနေခြင်းသည် "ဘယ်လို ဒီမိုကရေစီလဲ?" ဤသို့ပြောဆိုနေသော ပါချုပ် (ဦးညီညီစံ)ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါသလား?

အချို့ စစ်တပ်လိုင်းခန်းများ နှင့် အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံချိတ်ကြပါသည်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော်အကြီးအကဲများ သိစေလိုကြောင်းပြောပြပါသည်။)



အလာတူ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တစ်ဦးကလည်း ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါကြောင်း၊ ပြန်လည်မေးမြန်းရာ ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား? ပါချုပ်(ဦးညီညီစံ)က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား? မိမိကျောင်းဝန်း(ဗ.ဝ.တ)ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ? ကျွန်တော့်မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ် မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား?

စတဲ့အချက်တွေကို အစိုးရအာဏာပိုင်များက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြော ဆိုစေလိုကြောင်းလည်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တဦးက ပြောဆိုထားပါသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။