‘‘ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့တက်ရောက်နိုင်ရေး အတွက် ဒေါက်တာမြတ်ဉာဏစိုး နှင့် ဒေါက်တာအေးမောင်တို့က USDP ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အတွက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ သည့် အပေါ် ရန်ကုန်မီဒီယာဂရုပ် မှ ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင် ဦးအောင်သောင်းအား မေးမြန်းရာ အစီစဉ်မရှိပါကြောင်းကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
‘‘ ကျွန်တော်တို့ အဲဒီစကားရပ်ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ အစီအစဉ် မရှိပါဘူး၊ ဒီစကားရပ်က နိုင်ငံတိုင်း အသုံးပြုနေတဲ့ စကားရပ်ပါ၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ၊ နိုင်ငံသားတိုင်း ရဲ့တာဝန်ပါပဲ၊ ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အကျိုးရှိစေမယ့် ၊ အမျိုးသားရေး အကျိုးရှိစေမယ့် ၊ ပြည်သူအကျိုးရှိစေမယ့် ၊ လွှတ်တော် အကျိုးရှိ စေမယ့် ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောကြားသည်။
Yangon Media Group
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။