၂-၄-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ SGSN/GGSN/WAP တို့အား စက်အသစ်သို့ ပြောင်းလဲချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ၃-၄-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ လက်ရှိ iHLR အား USSP သို့ ပြောင်းလဲချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီတိတိမှ ၁၂ နာရီ ၂၀ မိနစ်အထိ၊ ၅-၄-၂၀၁၂ ရက်နေ့တွင် နေပြည်တော်ရှိ MGW အား ရန်ကုန်မြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ၇-၄-၂၀၁၂ ရက်နေ့တွင် လားရှိုးမြို့၊ မကွေးမြို့၊ မုံရွာမြို့၊ မူဆယ်မြို့နှင့် မြစ်ကြီးနားမြို့တို့ရှိ MGW များအား မန္တလေးမြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ၁၀-၄-၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့ လက်ရှိ iHLR အား USSP သို့ ပြောင်းလဲတပ်ဆင်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၂၀ မိနစ်အထိ၊ ၁၂-၄-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့ MGW အား ရန်ကုန်မြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိနှင့် ၁၅-၄-၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့ MGW အား မန္တလေးမြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ဖော်ပြပါ နေ့ရက်များတွင် နံနက်စောစောပိုင်းအချိန်၌ စက်အသစ်များ ရွှေ့ပြောင်းလဲလှယ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့် မြို့များ၌ တပ်ဆင်ထားသော GSM မိုဘိုင်းလ် တယ်လီဖုန်းများသည် ပြောဆိုဆက်သွယ်ခြင်း ၀န်ဆောင်မှု (Voice Service) နှင့် အချက်အလက် ၀န်ဆောင်မှု (Data Service)များသည် ၁၀ မိနစ်မှ အများဆုံး ၂၀ မိနစ်အထိ ခေတ္တဆိုင်းငံ့မည်ဖြစ်ပါကြောင်း သိရှိရသည်။
Myanmar Express
မူရင်းလင့်က ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။