/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, April 6, 2012

.

သမ္မတဦးသိန်းစိန် နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး တို့၏ ကြိုးစားအောင်မြင်မှုကြောင့် စီးပွားပိတ်ဆို့မှု အမေရိကန်ရုတ်သိမ်း


သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းရှိရှိ စနစ်ကျစွာဖြင့် ကြားဖြတ်တွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံအပေါ် စည်းပွားပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာခြင်းကို အသိအမှတ်ပြု၍ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းအပေါ် ကန့်သတ်ပိတ်ပင်ထားမှု များကို အမေရိကန်ဘက် က ဖြေလျှော့ပေးသွား မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမေရိကန်သံ အမတ် ခန့်အပ်ထားရှိရန်လည်း အလျင်အမြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သမ္မတကြီး ဦးသိန်စိန်လက်ထက် ထူးချွန်ပြောင်မြောက်မှုများကြောင့် အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေ နဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ် တွေကို အမေရိကန် ပြည်ထောင်စုကို လာရောက်နိုင်ရေး စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

ဟီလာရီကလင်တန်မှ သူမရဲ့ ကြေညာချက်တိုင်းမှာ သမ္မတကြီး ဦးသိန်းစိန်ကို ချီးကျူးကြောင်း အမြဲပြောတတ်ပြီး အခုလည်း သမ္မတကြီးကြောင့် စီးပွားပိတ်ဆို့မှုတွေ ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုနေတာ ဖြစ်ပြီး တရုတ် နိုင်ငံကလည်း မြန်မာပြည်သူတို့အတွက် တောင်းဆိုခဲ့ဖူးပါတယ်။



ဟီလာရီကလင်တန်ရဲ့ စီးပွားပိတ်ဆို့မှု ရုတ်သိမ်းခြင်း အကြောင်းပြချက်မှာ "သမ္မတကြီး သိန်းစိန် လက်ထက် နိုင်ငံရေး တိုးတက်မှုများကြောင့် နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့်" ဟု သာ အကြောင်း ပြချက် ပေးထားပြီး NLD အနိုင်ရခြင်းကြောင့် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်ခြင်းကြောင့် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်းဖြစ်တယ်လို့ လုံးဝ ပြောထားခြင်း မရှိပေ။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။