/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, April 6, 2012

.

အနောက်တိုင်းဆန်ဆန် ခမ်းခမ်းနားနား ဇာတ်ကားမျိုးရိုက်ချင်တဲ့ လှအဉ္ဇလီတင့်

လူငယ်ဆန်ဆန် ဇာတ်ရုပ်များနှင့် ပရိသတ်ရှေ့ထဲ တစ်ဖန်ပြန်ဝင်လာသည့် လှအဉ္ဇလီတင့်က ခမ်းခမ်း နားနား ဇာတ်ကားများ ရိုက်ကူးချင်ကြောင်းပြောသည်။ ”ခမ်းခမ်းနားနား လူသတ်ကားကြီးတွေ၊ ထောင် ကားကြီးတွေပေါ့။ တကယ့်ကို ခမ်းခမ်းနားနား ရိုက်ပြ ရမှာ။ အဲဒီလို ဇာတ်ကားမျိုးတွေ ရိုက်ကူးချင်တယ်။ ဇာတ်လမ်း၊ ဇာတ်အိမ်က ဘိုဆန်ဆန်ကြီးနဲ့ကို မြန်မာ ဆန်ဆန်နဲ့ရောပြီး လုပ်ရတာမျိုးပေါ့။ ဒီလို ဇာတ်ကားတွေ ရိုက်ရရင် ပိုမိုက်မှာ” ဟု ၄င်းက ပြောသည်။ ယခုနှစ် သင်္ကြန်တွင်း ဖျော်ဖြေမှုအစီအစဉ်နှင့် ပတ်သက်၍မူ စီစဉ်ထားခြင်းမရှိသေးကြောင်း သိရသည်။ ”သင်္ကြန်ဆိုတာကြားလိုက်တာနဲ့ကိုလူက ပျော်သွား ပြီ။ သင်္ကြန်နားနီးလာပြီဆို သီချင်းတွေ ဖွင့်ကြပြီလေ။ အဲဒီအချိန်ကလေ သီချင်းသံကြားရင်ပဲ ဖြစ်ဖြစ်၊ သင်္ကြန် ဆိုတဲ့ အသံကြားရင်ပဲဖြစ်ဖြစ် စိတ်ထဲမှာလန်းဆန်း သွားသလိုလို၊ သင်္ကြန်ရဲ့အနံ့ပေါ့။ ပိတောက်နံ့ရယ်၊ မြေသင်းနံ့လေးရယ်ကိုရရင် မြန်မာရဲ့ ရသတစ်ခုပေါ့နော်။ အဲဒါလေးတွေက တအားမိုက်တယ်။ အဲဒီတော့ သင်္ကြန် ဆိုတာလေးကို ကြားတာနဲ့ချက်ချင်း စိတ်ထဲမှာ အဲဒီလိုမျိုး ဖြစ်သွားပြီးတော့ ပျော်တယ်၊ လန်းဆန်းသွားတယ်” ဟု ဆိုသည်။ ဝဿန်

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။