Friday, May 3, 2013

လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

ပြည်မြို့ နဝဒေးသကြားစက်သို့ ပန်းတင်၊ ရှမ်းကုန်း၊ ရှမ်းစု၊ လခုပ္ပင် ကျေးရွာမှ ကျေးရွာသူ/ သားများ သည် သိမ်းဆည်းခံ လည်ယာမြေပြန် လည်ရရှိရေး ချီတက်ဆန္ဒဖော်ထုတ်ပွဲတရပ်ကို မေလ(၂)ရက်နေ့ မနက်(၉)နာရီမှ (၁၁)နာရီအချိန်အထိ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ မြေယာများ ပြန်လည်ရရှိရေး အတွက် ၁၉၉၇၊ ၂၀၀၁၊ ၂၀၁၂ခုနှစ်များတွင် သုံးကြိမ်တိုင် နိုင်ငံတော်သို့ တင်ပြတောင်းဆို ခဲ့ ကြောင်း၊ (၂၀၁၂) ခုနှစ် စက်တင်ဘာ(၂၁)ရက်နေ့ တွင် ရထားပို့ဆောင်ရေးမှ ဦးမြင့်ဆွေ ဦးဆောင် သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ လာရောက် စစ်ဆေးကြောင်း၊ ပြန်လည်ရရှိသင့်သည်ဟု ထင်မြင် ချက် ပေးခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။


“ကိုယ့်မြေကြီး ကိုယ်ပြန်လိုချင်တယ်။ ကိုယ်မြေကြီး ကိုယ်ပြန်ရမှ သားမြေးစဉ်ဆက် လုပ်စားလို့ ရမယ်။ ပိုက်ဆံဆိုတာ သုံးလိုက်ရင် ကုန် သွားမှာ။ အခု စီးပွားရေးမကောင်းတော့ အစ်ကိုသားတောင် ခုနှစ်တန်းနဲ့ ကျောင်းထွက်လိုက်ရပြီ” ဟု ရှမ်းစုကျေးရွာမှ လယ်သမားကြီး ဦးစိုးဝင်း ပြောကြားသည်။

(၁၉၉၇)ခုနှစ်တွင် မြန်မာ့ကြံလုပ်ငန်းမှ မြေဧက(၅၂၉၁)အား မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုအရ သိမ်းဆည်း ကြောင်း၊ ရှမ်းကုန်းမျိုးပွားခြံမှ (၂၀၉) ဧက၊ ပန်းတင်ခြံမှ(၈၀)ဧက၊ ရဲတပ်ရင်း(၁၀)မှ (၁၉၀)ဧကတို့အား ကိုယ်တိုင်စိုက်ပျိုးခြင်း ဌားရမ်းအသုံးပြုခြင်းများ ဆောင်ရွက်ထားကြောင်း၊ ကျန်မြေများကို မြန်မာကြံလုပ်ငန်းပိုင်အဖြစ် ထားရှိပြီး တောင်သူများကို လုပ်ပိုင်ခွင့်ပေးထားကြောင်း အချို့မြေများမှာ ပြေစာပေါက်ပြီး (၁၉၉၆) ခုနှစ်အထိ အခွန်ပေးဆောင်ထားမှုများ ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပြည်မြို့တွင် ပထမဦးဆုံးတရားဝင် ဆန္ဒဖော်ထုတ်ခွင့်ရသော ပွဲဖြစ်ကြောင်း၊ ဧပြီလ၂၄ရက်တွင် ခွင့်ပြုမိန့် စာတင်၍ ၃၀ရက်နေ့တွင် တရားဝင် ခွင့်ပြုမိန့်စာ ရရှိကြောင်း၊ မျိုးပွားခြံမှသကြားစက်အထိ ခွင့်ပြုမိန့် စာတင်ခဲ့သော်လည်း သကြားစက်ရှေ့တစ်နေရာတည်းတွင်သာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ပေးခဲ့ ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အာဇာနည်နေ့တုန်းက စီတန်းလှည်လည်ခွင့်ရဖို့ နှစ်ကြိမ်စာတင်ခဲ့တာ မရဘူး။ ဒီလို ဖော်ထုတ်ခွင့်ရတာ ပြည်မှာ ပထမဆုံး မြင် ဖူးတာပဲ။ အဲဒီလိုမျိုး လူတွေရဲ့ ခံစားချက်ကို များများ ဖော်ထုတ်ခွင့်ပေးမှ နိုင်ငံတော်သမ္မတကြီးက လူထုအသံကို ကြားနိုင်မြင်နိုင်မှာပါ”ဟု တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေမှ ရဲ တပ် ရင်း(၁၀)မှ သိမ်းဆည်းမြေများ အား လျော်ကြေးပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် “အဓမ္မသိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး၊ ကြံဌာနမှ သိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး၊ သကြားစက်မှ သိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး”ဟူသော ကြွေးကြော်သံများရွတ်ဆို၍ ကျေးရွာသူ/သားတစ်ရာကျော် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

Credit : Here

ဆီမပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အား တစ်လမှ သုံးလအထိ ပိတ်သိမ်းအရေးယူ

ဦးပိုင်၊ GL (အေးရှားဝေါလ်)၊ နီလာရိုးမနှင့် Denko စက်သုံးဆီဆိုင်များ အများဆုံးပါဝင်

Friday, May 03, 2013

ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင်များအား လိုက်လံစစ်ဆေးရာတွင် စက်သုံးဆီဆိုင် ၁၆ ဆိုင် သည် ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိရသည့် အတွက် တစ်လမှ သုံးလအထိ ပိတ်သိမ်းရန် မေလ ၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ကာ အရေးယူထားကြောင်း သတင်းရရှိပါသည်။


ဆီမပြည့်၍ အရေးယူခံရသည့် စက်သုံးဆီ ဆိုင်များထဲတွင် ဦးပိုင်မှ ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင် သုံးဆိုင်အထိ ပါဝင်ကြောင်း၊ GL(အေးရှားဝေါလ်)မှ နှစ်ဆိုင်၊ နီလာရိုးမ စက်သုံးဆီဆိုင် နှစ်ဆိုင်၊ Denko စက်သုံးဆီဆိုင်မှ နှစ်ဆိုင်ဖြင့် အများဆုံး ပါဝင်လျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များသို့ ညွှန်ကြားထားသည့် ညွှန်ကြားချက်များအရ သိရှိရသည်။

ဆီမပြည့်သည့် စက်သုံးဆီ ဆိုင်များအား အရေးယူရာတွင် နှစ်ကြိမ်စစ် နှစ်ကြိမ်မိသည့် ဆိုင်များအား သုံးလအထိ ပိတ်သိမ်းရန် ညွှန်ကြားထားပြီး ကျန်ဆီဆိုင်များကို တစ်လတိတိ ပိတ်သိမ်းရန် ခွဲခြားညွှန်ကြား ထားကြောင်း သိရသည်။

စက်သုံးဆီ ရောင်းချပြီး ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိထားသည့် စက်သုံးဆီဆိုင် ၁၆ ဆိုင် အနေဖြင့် လာမည့် မေလ ၆ ရက်နေ့မှစ၍ ဆိုင်ပိတ်သိမ်းရမည်ဖြစ်ပြီး တစ်လပိတ်သိမ်းရမည့် စာရင်းတွင် ပါဝင်သည့် ဆိုင်များမှာ လာမည့် ဇွန်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ သုံးလ ပိတ်သိမ်း ရမည့် ဆိုင်များမှာ သြဂုတ်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူ တစ်ဦးက ''ဟုတ်ပါတယ်။ ၁၆ ဆိုင် အရေးယူခံရတယ်။ လေးဆိုင်က ၃ လအထိ ပိတ်ခံရ တယ်။ ကျန်တဲ့ ၁၂ ဆိုင်က ၁ လပိတ်ရတာ မှန်ပါတယ်'' ဟု ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး ၂၁ ဆိုင်မှာ ဆီအခြင်အတွယ် မပြည့်ကြောင်း တွေ့ရှိရ၍ သတိပေးထားခဲ့ကြောင်း သိရသည်။

ထိုသို့ သတိပေးရာတွင် ဆီအခြင်အ တွယ်မပြည့်ကြောင်း စိစစ်တွေ့ရှိရပါက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချသည့်လိုင်စင်ကို ပြန်လည်သုံးသပ်အရေးယူ ဆောင်ရွက်သွားမည်ဟု ညွှန်ကြားထားခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အနက် Denko(0221)၊ ဦးပိုင်(လင်းလက်အောင် 0219)၊ Myanmar Naing Group(0237)နှင့် ရာဇာမင်း (မင်္ဂလာဒုံ) ဆိုင်တို့မှာ သုံးလအထိ ပိတ်သိမ်းခံရပြီး သူရိယ (0221 စမ်းချောင်း)၊ Denko (သာကေတ)၊ ဦးပိုင် (0264)၊ ဦးပိုင်(မြ၀တီ 0270)၊ နီလာရိုးမ (0277)၊ နီလာရိုးမ ဆိုင်ခွဲ ၁၈၊ နေရွှေသွေးအောင် (0257)၊ 2000(0273 ဗိုလ်တထောင်)၊ Green Luck (0268)၊ Green Luck (0253) ၊ ကမ္ဘောဇ(လှိုင်သာယာ)၊ ပါဝါနိုင်း(မင်္ဂလာဒုံ) စသည့်ဆိုင်တို့မှာ ရောင်းချခွင့် တစ်လပိတ်သိမ်း ခံရကြောင်း သိရသည်။

Credit : Here

မီးသတ်ကား အစီးရေ ၁၀၀ ထပ်မံ ၀ယ်ယူ သွားရန်ရှိ


မီးဘေး အန္တရာယ် ကာကွယ်ရာမှာ ပိုမို ထိရောက်စွာ ပြုလုပ်ဖို့ အတွက် မီးသတ် ကားများကို ထပ်မံ ၀ယ်ယူ သွားဖို့ စီစဉ် လျက် ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ မီးသတ် ကားများ ကိုတော့ အစီးရေ ၁၀၀ ထပ်မံ ၀ယ်ယူ သွားမှာ ဖြစ်တဲ့အပြင် မီးသတ်ကားနဲ့ ဆက်စပ် ပစ္စည်းများကိုလည်း ၀ယ်ယူ သွားမှာ ဖြစ်ပါတယ်။


အဲ့ဒီလို ၀ယ်ယူဖို့ အတွက် ဘက်ဂျက် ခွင့်ပြုချက် များလည်း ရရှိပြီး ဖြစ်ပါတယ်။


ယခု လက်ရှိ မီးသတ် တပ်ဖွဲ့ အနေနဲ့ တပ်ဖွဲ့ဝင် ၇၁၆၇ ဦး ခွင့်ပြုပေး ထားပြီး ၀န်ထမ်းခန့်ထားမှု မှာတော့ ၄၀၄၃ ဦး ရှိတာဖြစ်ပြီး မီးငြိမ်းသတ် ယာဉ် ၁၀၄၉ စီး၊ မီးသတ်ရေသယ် ယာဉ် ၂၀၄ စီး၊ မီးသတ် စက်ယာဉ် ၁၄၄ စီးနဲ့ မီးသတ် အထောက်အကူပြု ယာဉ် ၆၂ စီး၊ စုစုပေါင်း ၁၅၁၉ စီး ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ယာဉ်အစီးအရေ ၁၅၁၉ စီး အပြင် ယာဉ်အစီးရေများ တိုးချဲ့ ၀ယ်ယူရခြင်းဟာ မီးလောင်မှု ဖြစ်ပွားရာမှာ အချိန်မီငြှိမ်းသတ် နိုင်ဖို့ အတွက် ဖြစ်သလို ပြည်သူများ အနေနဲ့လည်း ပေါ့ဆမီး များကို သတိပြုမှု များလည်း ပြုလုပ် သွားပါက ပိုမို ထိရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Internet

Credit : Here

လက်ပံတောင်းတောင်ဇာတ်လမ်းက ရှေ့တန်းဇာတ်ဆောင်များ၏ ကျေးဇူးတရား

စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လက်ပံတောင်း တောင် အစီရင်ခံစာထွက်ရှိပြီးနောက် စုံစမ်း စစ် ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည်သည် စီမံ ကိန်းအတွင်းရှိ ဒေသခံကျေးရွာ များသို့ သွားရောက်ကာ အစီရင်ခံစာနှင့်ပတ် သက် ၍ လိုက်လံရှင်းလင်းခဲ့သည်။


ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ချိန် တွင် ကန့် ကွက် ဆန္ဒပြမှု များ ပေါ်ပေါက်ခဲ့ သည်။ ထို့အတူ လက်ပံတောင်းတောင် ပဋိပက္ခ နောက် ကွယ် တွင် ကြိုးကိုင်သူ များ၊ ဇာတ်လိုက်လူတစ်စုတို့က ယခုကဲ့ သို့ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လာအောင် ပညာ အခြေခံ နည်း ပါးသော ဒေသခံများ အား အယူဝါဒ မှိုင်းတိုက်ကာ စည်းရုံးလှုံ့ ဆော် ဦးဆောင်နေကြသည်ဟု စွပ်စွဲ ပြစ်တင် ချက်များလည်း ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုသို့ စွပ်စွဲပြစ်တင်မှုများ ကို လက်မခံနိုင်ကြောင်း ရိုးရိုးသားသား တင်ပြလိုပါသည်။

လက်ပံ တောင်းတောင် အရေးသည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂ ရက်ကစတင်ကာ ၀က်မှေးရွာက ဦးဆောင်၍ ဒေသခံ (၁၀၀)ကျော်တို့က စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ခံစားနေကြရသော နစ်နာမှုများ၊ မကျေနပ် ချက်များ ကို မိမိတို့၏ ဉာဏ် စွမ်းရှိသမျှနှင့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွ လှုပ် ရှား သူများ (ကွန်ယက်)များ ပူးပေါင်းပါဝင်လာသည်နှင့်အမျှ လက်ပံ တောင်းတောင် အရေး သည် ပိုမိုပီပြင်ပုံ ပေါ်လာသည်ဟု ဆိုရမည်။ ကမ္ဘာက သတိပြုလာသည်။ နိုင်ငံတကာက အာရုံ စိုက်မှုခံ လာရ သည်။ ဒေသခံများ၏ အခွင့်အရေးများဆုံးရှုံးနစ်နာခဲ့မှု၊ မကျေ နပ်မှုများကို ကမ္ဘာ့အသိုင်းအ၀ိုင်းက သိ မြင်လာ အောင် ဆောင်ကျဉ်းနိုင်ခဲ့သည်။ ထိုအချိန်က နာမည်ကြီးနိုင်ငံရေးခေါင်း ဆောင်များသည် ရေငုံ နှုတ် ပိတ်နေခဲ့ ကြသည်။ ဒေသခံများ၏ နစ်နာဆုံးရှုံးမှု၊ မကျေနပ်မှုများကို ၀င်ရောက်ပြောဆိုဖြန် ဖြေပေး ခြင်း၊ ကူညီခြင်းမရှိခဲ့ကြပါ။ သပိတ်စခန်းအား ဖြိုခွင်းနှိမ်နင်းပြီးချိန် မှသာ အချို့က ရွှေပြည်ဧတရား လာ ဟောကြ သည်ကိုတွေ့ရသည်။

လက်ပံတောင်း တောင် အရေးတွင် ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများ၊ ရသင့် ရထိုက်သော အခွင့် အရေး များကို ရရှိ လာအောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (ကွန်ယက်)များက ရှေ့တန်းမှ ပါဝင် ဦးဆောင် လှုပ်ရှား ခဲ့ကြ၍ သာ လူမသိသူ မသိဖြင့် နိဂုံးမချုပ်ခဲ့ရခြင်းဖြစ်သည်။ လက်ပံတောင်းတောင်အရေးကို ကမ္ဘာက သိမြင်လာအောင်၊ အာရုံပြုလာကြ အောင်၊ မြန်မာ့စီးပွားရေးဦးပိုင်နှင့် အပြန် အလှန် တရားစွဲ ဆိုအ မှုဖွင့်ခြင်း၊ ချင်းတွင်း မြစ်အတွင်း မီးမျှောပွဲများကျင်းပခြင်း၊ ဆည်တည်းရွာတွင် ပြည်သူ့ညီလာခံပြု လုပ်ခြင်း စသည် တို့ကို ဒေသခံပြည်သူလူ ထုနှင့်အတူ လက်တွဲကာ ဆောင်ရွက် နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုလုပ် ဆောင် ချက်များသည် ဒေသခံများ၏ အကြံ ဉာဏ်များဟုတ်ကောင်းမှ ဟုတ်ပါလိမ့် မည်။ သို့သော် ဒေသခံများ နှင့်အတူ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ရှေ့တန်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်သာ လက်ပံ တောင်းတောင် အရေးကိစ္စကို နိုင်ငံတကာက အာရုံပြုလာသည်။ သတိ ထားလာ ခဲ့ရသည် မဟုတ် ပါလား။

လက်ပံတောင်းတောင် သပိတ်စခန်း များကို ညအချိန်မတော်တွင် တာဝန်ရှိ သူများက မီးသတ်ပိုက်များ၊ မီးခိုးဗုံး များ နှင့် ဖြိုခွင်းခဲ့သည်။ သံဃာတော်များ၊ ဒေသခံများ ထိခိုက်ဒဏ်ရာအနာတရ ဖြစ်ခဲ့ကြရသည်။ ထိုကိစ္စ ဆောင် ရွက်ပြီး မှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ပေါ်ပေါက်လာခဲ့သည်။ စုံစမ်းစစ်ဆေး ရေးကော်မ ရှင်၏ အစီရင်ခံစာကြောင့် ဒေသခံများ၏ နှစ်ပေါင်းများစွာ နစ်နာ ဆုံးရှုံးခဲ့ကြရမှုများ၊ အခွင့်အ ရေးများ ကို ထိုက်ထိုက်တန်တန် ပြန်လည်ပေးအပ်ဖို့၊ လိုက်လျောမှုဆိုတာတွေဖြစ်လာသည်။ 

မတရား မှုများ ကို ဖော်ထုတ်နိုင်ခဲ့ကြ သည်။ ဤသို့ ဖြစ်ပေါ်လာရခြင်းမှာ အစီ ရင်ခံစာတစ်ခုတည်း ကြောင့် မဟုတ်။ ဗျိုင်းနား ၍သာ ပေါက်ပင်ကိုင်းလာခြင်း သာဖြစ်သည်။ ဗျိုင်းမနားခဲ့လျှင် ပေါက် ပင်ကိုင်း လာဖွယ် ရာမ ရှိပါချေ။ ဒေသခံ များနှင့်ပူးပေါင်း၍ နိုင်ငံရေးတက်ကြွလှုပ် ရှားသူ(ကွန်ယက်)များ၏ ဦးဆောင်မှု ကြောင့် သာ ဤအခြေအနေမျိုးရရှိလာ ခြင်းဖြစ်သည်။ ဒေသခံမဟုတ်သော တက်ကြွလှုပ်ရှားသူများကသာ ပူး ပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုမရှိလျှင် ဒေသခံများ ၏ လှုပ်ရှားမှုများသည် လူမသိ၊ သူမသိ နှင့် ဖိနှိပ်မှု အမျိုးမျိုး အောက်တွင် မှေးမှိန် ပျောက်ကွယ်သွားနိုင်ပေသည်။ ထို့အတူ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဆိုသည် လည်း ပေါ်ပေါက်လာဖွယ်ရာမရှိနိုင်ပါချေ။ ယခု ကဲ့သို့ ဒေသခံများ၏ နစ်နာချက်များကို လိုက် လျောဖြည့် ဆည်း ပေးလာခြင်းသည် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၏ ရလဒ်သာ ဖြစ်သည်။ 

ယခုပွင့်ထွန်းလာသည့် အသီးအပွင့်များသည် လွယ်လွယ်ကူကူ ရရှိ လာခဲ့ခြင်းတော့မဟုတ်။ အတိုင်း အတာ တစ်စုံတစ်ရာသောပေးဆပ်မှုဖြင့် ရယူကြရခြင်းသာဖြစ်သည်။ သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေး အစီအမံများ ချ မှတ်ပြီး နိုင်ငံတကာပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများနှင့်အညီ၊ ဆောင်ရွက် သင့်သည့် နည်း ပညာများ အသုံးပြု ထုတ် လုပ်ရေး၊ နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုး ဖြစ်ထွန်းရေး၊ မြေယာ သိမ်းဆည်းမှုတွင် နစ်နာမှုမရှိစေရန် ဖြည့်စွက်ပံ့ပိုးပေးရေး၊ တရားဥပဒေ စိုးမိုးရေးစသည့် အစီရင်ခံစာ အချက်အလက်များပေါ်ထွန်းလာရခြင်း သည် ဒေသခံများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသူများ ၏ ကျေးဇူးမကင်း ပါချေ။ သူတို့၏ ဆောင်ရွက်ခဲ့မှုကျေးဇူး ကို လစ်လျူပြု၍ မရ ကောင်းပါချေ။

ဒေါ်အောင်ဆန်းစုကြည်က အစီ ရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများအား လိုက်လံရှင်းပြစဉ် ကန့်ကွက် ဆန္ဒပြမှု များ မှာ တောင်သူများ၏ ပင်ကိုယ်စိတ်ရင်း ကြောင့်မဟုတ်ဘဲ နောက်ကွယ်မှ သွေး ထိုးလှုံ့ ဆော်ပြော ဆိုမှု များကြောင့် ဖြစ် ပေါ်ခြင်းဟုစွပ်စွဲသည်ကို ကျွန်တော်တစ် ဦးတည်းသဘောအရ လက်မခံ နိုင်ပါ။ အမှန်မှာ ထိုအချိန်သည် လက်ပံတောင်း တောင်အရေးနှင့်ပတ်သက်၍ ပြည်သူလူ ထုကြားတွင် နိုင်ငံ ရေး ရေချိန်၊ ဒီကရီ အရှိန်မြင့်မားနေဆဲဖြစ်သည်။ ရုတ်တရက် ရပ်တန့်ပစ်လိုက်၍ မရနိုင်ကြသေး သော အခြေ အနေ သာဖြစ်သည်။ အစီရင်ခံစာ အပေါ် သွေးအေးအေးနှင့် တိတိကျကျ ဖတ်ရှု စဉ်းစားခွင့် မရကြသေး သည့် အချိန် တွင် ရောက်ရှိသွားခြင်းကြောင့်ဖြစ်ပါ သည်။ အရှိန်ကောင်းကောင်းနှင့် တောက် လောင်နေ ဆဲမီးဖိုကို ရေနှင့်ရုတ်တရက် ငြိမ်းသတ်ပါက ဟုန်းကနဲဖြစ်တတ်သည့် သဘာဝကို လက်ခံကြ ရပါမည်။ သတင်း စာတွင် ထည့်သွင်းကြေညာသည်ဆိုစေ ကာမူ တစ်ရက်အတွင်း ဒေသခံပြည်သူ များအ နေဖြင့် ဖတ်ရှုလေ့လာခွင့်ရနိုင် သော အခြေအနေတွင်မရှိဟု တွက်ဆ မိပါသည်။ ပွင့်ပွင့် လင်းလင်း ပြောရ လျှင် လက်ပံတောင်းတောင်ဝန်ကျင်မျ ကျေး ရွာများကိုမဆိုထားနှင့် မုံရွာမြို့ကြီးမှာပင် နေ့စဉ် ထုတ်သတင်း စာကို နေ့ချင်းဖတ် ခွင့် လူတိုင်းမရနိုင်သေးဟုထင်ပါသည်။ တစ်ရက်အတွင်း သတင်းစာ ပါအ စီရင် ခံစာကို မဖတ်ရသေးသဖြင့် အပြစ်တင် မည်ဆိုပါလျှင် အပြစ်တင်သူမှာသာ အပြစ်ရှိပါသည်။

ကျွန်တော် ကတော့ လက်ပံတောင်း တောင်အရေးအား ၀ိုင်းဝန်းကူညီပေးကြ သော ဒေသခံမဟုတ်သည့် ပုဂ်္ဂိုလ် အပေါင်းကို အပြစ်မမြင်ပါ။ ကျေးဇူးတင် ပါသည်။ ထိုပုဂ်္ဂိုလ်များ၏စွမ်းဆောင်မှုကို အသိ အမှတ်ပြု ပါသည်။ သူတို့တစ်တပ် တစ်အား ပါဝင်ထမ်းရွက်ခဲ့ကြ၍သာ သည်အရေးတော်ပုံအောင်မြင်ခဲ့ခြင်း ဖြစ် သည်။ သူတို့လို ကျွန်တော်မလုပ်နိုင် ပါ။ မလုပ်ခဲ့ပါ။ သူတို့ကို လေးစားအသိ အမှတ်ပြုပါသည်။ သို့သော် တစ်ခု တော့ တောင်းပန်ချင်ပါသည်။ အရေးတော်ပုံ သည် ထာဝရဆင်နွှဲနေရန်မဟုတ်ပါ။ အနိ္တမ ရည်မှန်း ချက်တော့ ရှိသင့် သည်ထင် ပါသည်။ လိုလားချက်အားလုံးကို မပြည့် ၀စေကာမူ အမြော် အမြင်ကြီး မားသည့် တတ်သိပညာရှင်များက ကြောင်းကျိုး ညီညွတ်သော ဆုံးဖြတ်ဖြန်ဖြေပေးမှုကိုမူ သဘော ထား အမြော် အမြင်ကြီးကြီးနှင့် လက်ခံကြဖို့တော့ လိုအပ်မည်ထင်ပါ သည်။

အရာရာကို အဆိုးမြင်ဝါဒဖြင့် ဆန့်ကျင် ကန့် ကွက်နေမည့်အစား မိမိ လိုလားချက်ဆန္ဒကို သက်ဆိုင်သည့် ပုဂိ္ဂုလ်အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိ နှိုင်းအဖြေရှာသင့်ပြီထင်ပါသည်။ မည်သို့ ပင်ဆိုစေ၊ ဒေသခံမဟုတ်သူများနှင့် ဒေသခံ များညီ ညွတ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ကြသည့် လက်ပံတောင်းတောင် အရေးတော်ပုံကြီးကား အတိုင်းအတာ တစ်ခု အထိ အောင်ပွဲရရှိပြီဖြစ်ပါသည်။ ပါဝင်ဆောင်ရွက်ကြသူ ရဲဘော်၊ ရဲမေ အပေါင်းကို လေးစားဂုဏ်ယူ အသိ အမှတ်ပြုပါသည်။ သူတို့၏ ပူးပေါင်းပါ ၀င်ကြိုးပမ်းမှုကို အပြစ်မမြင်ဘဲ ကြောင်း ကျိုးဆင်ခြင် ချစ်ခင် အသိ အ မှတ်ပြုနိုင် ကြပါစေ။ ။

မင်းထက်နီ
From: The Hot News

ကျောက်ဖြူ ဒေသခံများက သမ္မတ နှင့် CNPC ကို ၁၂ ချက် တောင်းဆို

ရခိုင်ဒေသ လူမှုအဖွဲ့အစည်းများ အပါအဝင် ကျောက်ဖြူမြို့နယ် ကျေးရွာ ၂၀ နီးပါးမှ ကိုယ်စားလှယ်တို့က တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာဒေသ နစ်နာမှုများ အတွက် တောင်းဆိုချက် ၁၂ ချက် အား နိုင်ငံသမ္မတနှင့် တရုတ် CNPC ကုမ္ပဏီတို့ထံ မေလ ၂ ရက်နေ့က တောင်း ဆိုလိုက်ကြသည်။


မတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည့် ဒေသခံများ တွေ့ဆုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များကို ယနေ့တွင် အတည်ပြုထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“မတ်လ ဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ်က ရွာပေါင်း ၁၇ ရွာက ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့ သုံးဖွဲ့တို့ စုစည်းကျင်း ပခဲ့တယ်။ အဲဒီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ရပ်သူရွာသား တွေရဲ့ သဘော တူညီချက် ပြန်လည် ရယူဖို့ တလကျော်ကြာ ချပြဆွေးနွေးခဲ့ပြီးတော့ ဒီကနေ့မှ ကျနော်တို့ ထုတ်ပြန်ရတာ ဖြစ်တယ်။ တောင်းဆို ချက်တွေကိုအဓိကအနေနဲ့ သမ္မတ ဦးသိန်းစိန် နဲ့ CNPC ကို ပို့ထားပြီး ဖြစ်ပါတယ်” ဟု ကျောက်ဖြူ လူမှုကွန်ယက်မှ ဦးထွန်းလွင် က ဆိုသည်။

ယင်းဆွေးနွေးပွဲကို ကျောက်ဖြူလူမှုကွန်ယက်၊ KY လူငယ်အဖွဲ့နှင့် မဒေးကျွန်းဒေသဖွံ့ဖြိုးရေး အသင်းတို့က စီစဉ်ခဲ့ကြသည်။

တောင်းဆို ချက် များတွင် ပိုက်လိုင်းတာဝန်ရှိသူများက ဒေသခံပြည်သူများကို အသိပေး ရှင်းလင်းရမည့် အချက် ၅ ချက်၊ ကန့်ကွက်ချက် ၁ ချက်နှင့် လုပ်ဆောင်ပေးရမည့်အချက် ၆ ချက် ပါဝင်ကြောင်း ၎င်းက ဆို သည်။

“တာဝန်ရှိသူတွေက EIA ၊ SIA စစ်ဆေးခဲ့မှု ရှိမရှိ။ မရှိရင် စီမံကိန်း ချက်ချင်းရပ်ပြီး စစ်ဆေးဖို့၊ ပိုက်လိုင်း ခိုင်မာ မှု မရှိမရှိနိုင်ငံတကာ အဆင့် စစ်ဆေးပြီးပြည်သူလူထုကို ချပြဖို့၊ လုပ်ငန်း ဆောင်ရွက်စဉ်အတွင်း ပေါက် ကွဲမှု အပါအဝင် ဒေသတွင်း မတော်တဆမှုများအပေါ် တာဝန်ယူမယ့် အနေအထား၊ ပိုက်လိုင်း တည်ဆောက် မှုကြောင့် လယ်မြေ သိမ်းဆည်းခံရမှု၊ အသက်မွေးလုပ်ငန်း ထိခိုက်နစ်နာမှုတွေအတွက် လျော် ကြေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေး၊ လုပ်ခ လစာကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ပေးရေး၊ ဖွံ့ဖြိုး ရေး လုပ်ငန်းတွေကို ဒေသခံတွေရဲ့ ဆန္ဒနဲ့အညီ ဖြည့်ဆည်းရေးစတဲ့ အချက်တွေ ပါဝင်တယ်” ဟု မဇ္ဈိမကို ရှင်းပြသည်။

ကျောက်ဖြူမြို့နယ်အတွင်း ပိုက်လိုင်း လမ်းကြောင်း တလျှောက် မြေဧက ၂၀၀ ကျော် ပါသွားခဲ့ပြီး လျော် ကြေး အပြည့်အဝမရသူများရှိသလို မြေတူးသဖြင့် လယ်ပျက်သူများကိုလည်း လျော်ကြေးမပေး သေး ကြောင်း ၎င်းက ထောက်ပြသည်။

“အခုဖြစ်နေတဲ့ ပြဿနာဟာ အစိုးရရော CNPC ပါ ပွင့်လင်းမြင်သာမှု မရှိလို့ပဲ။ စစ်အစိုးရနဲ့ တရုတ် စာချုပ် မှာ ဘယ်လိုအချက်တွေ ပါတယ်ဆိုတာ ဒီနေ့ထိ မသိရဘူး” ဟု ဦးထွန်းလွင် က ဆိုသည်။

လက်ရှိ မဒေးကျွန်း CNPC ကုမ္ပဏီတာဝန်ရှိသူမူ Mr.Chang Huan Lai က ၎င်းတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင် ရွက်ရန် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ဒေါ်လာ ၁၀ သန်း ပေးထား ပြီးဖြစ်ကြောင်း ယမန်နှစ် ဒီဇင်ဘာ ၂၅ရက် နေ့က သတင်းထောက်များအား ပြောကြားခဲ့ပြီး ဖြစ်သည်။

အကယ်၍ တောင်းဆိုချက်များအား လိုက်လျောခြင်းမရှိက လက်ပံတောင်းတောင် အရေးကဲ့သို့ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာနိုင်ကြောင်း ဦးထွန်းလွင် က မှတ်ချက်ပြု ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ကလည်း တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းသားများက ဆန္ဒပြခဲ့ရာ ခွင့်ပြုချက်မဲ့ ဆန္ဒပြသူ ၁၀ ဦးအား မဒေးကျွန်းရဲစခန်းမှ အရေးယူထားသည်။

မဇ္ဈိမ 

အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။


အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့မြင်ကွင်တခု ၊ ဓာတ်ပုံ- demotix.com

သူတို့ ဟာ မြန်မာနိုင်ငံက ဘင်္ဂလီ မွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင် ဆောင်ရွက်မှုတွေကို မကြေနပ်လို့ လက်စား ချေဖို့ အခုလို လုပ်ဖို့ဖြစ် တယ်လို့ ပြောဆိုတာကို ဂျာကာတာ ပို့စ် သတင်း တပုဒ်မှာ ဖော်ပြထား ပါတယ်။


ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

ဒီလို ဗုံးခွဲဖို့ ကြံစဉ်တယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြု မယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ် အစားတွေ၊ ၀ါယာ ကြိုးနဲ့ပါ ဆိုင်ကယ် တစီးပေါ်မှာ ဖမ်းဆီး ရမိလိုက် တာဖြစ် တယ်လို့ သိရပါတယ်။ 

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။ 

From: ဧရာဝတီ 

ရခိုင်တွင် ပဋိပက္ခထပ်မဖြစ်ရန် လုံခြုံရေးတိုးရုံနှင့် မလုံလောက်ဟု ကုလ ကိုယ်စားလှယ်ဆို

ရခိုင်ပြည် နယ်တွင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် လုံခြုံရေးအင်အား နှစ်ဆတိုးရုံဖြင့် လုံလောက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် သောမတ်အို ဟေးကင်တားနားက စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ အစီရင်ခံစာကို ယနေ့တုံ့ပြန် ပြောဆိုလိုက်သည်။


အစီရင်ခံစာမှာ အကြံပြုထား သကဲ့သို့ လုံခြုံရေး အင်အားနှစ်ဆတိုးမည် ဆိုသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို လျစ်လျူရှု နေမည် ဆိုပါက ပဋိပက္ခများ ထပ်မံရင်ဆိုင်ကြုံ တွေ့ ရမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အချိန်မရွေး ပဋိပက္ခထပ်မံဖြစ်ပွားနိုင်ပြီး လုံခြုံရေး အင်အားများကို တိုးမြှင့်ထားရန် အကြံ ပြု ထားကြောင်း ကော်မရှင်ထံမှ သိရှိရသည်။

လုံခြုံရေး အင်အားကို ရုတ်တရက် မလျှော့သင့်သည့်အပြင် လုံခြုံရေးတာဝန် ယူထားသော တပ်မတော်၊ ရဲတပ်ဖွဲ့၊ သတင်း နှင့်ထောက်လှမ်းရေး၊ နယ်စပ်ဒေသလူဝင်မှု စိစစ်ရေးကွပ်ကဲမှု ဌာနချုပ် (နစက) အင်အား တို့ကို နှစ်ဆတိုးမြှင့်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရိုဟင်ဂျာ (မူရင်းအသုံး) များနှင့် မူဆလင် လူ့အဖွဲ့စည်းများအပေါ် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှု များရှိ နေပြီး ယင်းချိုးဖောက်မှု (မတရားသတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု၊ တစ်ဖက် သတ် ဖမ်း ဆီးမှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ အကျဉ်းထောင်တွင်း သတ်ဖြတ်မှု) တို့ကို အစိုးရ အရာရှိ အချို့က လုပ်ဆောင်ခဲ့သည့်အပြင် ဆက်လက်ပြီး လုပ်ဆောင် နေသည့် အထောက် အထား များလည်း ရရှိထားကြောင်း ကင်တားနားက ဝေဖန်ထားသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ ယင်းစွပ်စွဲချက်မှာ တစ်ဖက်သတ် သတင်း အချက် အလက် များကို အခြေခံကာ ပြောဆိုနေခြင်းဖြစ်ပြီး အမှန် တကယ်တွင်မူ ပဋိပက္ခဖြစ်ပွားစဉ်က ရခိုင် ပြည်နယ် ရှိ နှစ်ဦးနှစ်ဖက်စလုံးတွင် ထိခိုက် ဒဏ်ရာရမှု၊ သေကျေပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ် သက် ၍ နယ်ပယ် ပေါင်းစုံက လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ကော်မရှင်ကလည်း ထုတ်ပြန်ပြီးပြီ ဖြစ် ကြောင်း ဆိုသည်။

"တစ်ဖက် ထဲ လူ့အခွင့်ရေး ချိုးဖောက် ခံနေရတယ်ဆိုတာက တစ်ဖက်သတ်နိုင် လွန်းပါတယ်" ဟု ၄င်းက သုံးသပ် သည်။

လူပေါင်း ၂၀၀၀ ကို မေးမြန်း ထား ချက်များ၊ သုတေသနများ၊ ကွင်းဆင်း လေ့လာမှုများကို အခြေခံကာ ရေးသားသည့် ရခိုင်ပြည်နယ် ပဋိပက္ခ အစီရင်ခံစာ တွင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း နိုင်ငံသား ဖြစ်ခွင့်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည်များအရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးစသည့် အကြံပြုချက် များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ဧပြီလ ၂၂ ရက်နေ့တွင် တင်ပြခဲ့ ပြီး ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ချစ်သူနဲ့ မင်္ဂလာပွဲ ဆင်နွှဲတော့မယ့် ရေဗက္ကာဝင်း


အဆိုတော် ရေဗက္ကာဝင်းသည် ၎င်း၏ချစ်သူ ဒေါက်တာ အောင်ကျော်ဆွေနှင့် ဧပြီ ၂၀ ရက်က ဆီဒိုးနား ဟိုတယ်၌ ကချင်ရိုးရာ ထုံးစံအတိုင်း သတို့သမီး အပ်နှင်းပွဲကို ကျင်းပပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာဧည့်ခံပွဲကို မေ ၅ ရက် နံနက် ၉ နာရီတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရေဗက္ကာဝင်း၏ မိခင်ကပြောသည်။

7Day News

အမေရိကန် ဖို့ဒ်ကုမ္ပဏီ ကားပြခန်း မကြာမီဖွင့်မည်

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကားကုမ္ပဏီကြီး တစ်ခုဖြစ်သော ဖို့ဒ်ကား ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် အရောင်းပြခန်း လာရောက် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ကုမ္ပဏီအကြီး အကဲ မစ္စတာ Westernman က ယနေ့ပြုလုပ် သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။


ကမ္ဘာ့အဆင့် ၆ စာရင်းဝင် အဆိုပါ ဖို့ဒ်ကား ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ကားဈေးကွက်သို့ ဝင်ရောက်ရန် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပြီး အဆိုပါကုမ္ပဏီ ဝင်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ Diamond ကုမ္ပဏီအုပ်စု၏ Capital Automotive Ltd မှ မြန်မာပြည်၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

အရောင်းပြခန်းကို လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်လျက်ရှိပြီး အရောင်းပြခန်းနှင့် ကားအပိုပစ္စည်းများ ရောင်းချပေးသည့် ဝန်ဆောင်မှုကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမေရိကန် အစိုးရက ယခုကဲ့သို့ ဖို့ဒ်ကား ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ် မစ်ချယ်က ပြောသည်။

ဈေးနှုန်းကတော့ အရမ်းမကြီးနိုင်ပါဘူး။ အခုမြန်မာပြည်ကို သွင်းနေတဲ့ ဂျပန်ကား တွေရဲ့ ဈေးကွက်ကို ယှဉ်နိုင်မှာပါ” ဟု Diamond Star ကုမ္ပဏီ အကြီးအကဲ ဦးကိုကိုကြီးက ပြောကြား သည်။

မြန်မာ့ဈေးကွက်သို့ ဝင်ရောက်မည့် ဖို့ဒ်ကားကုမ္ပဏီမှာ ၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မီချီဂန် ပြည်နယ်၌ စတင်အခြေစိုက် ထုတ်လုပ်ခဲ့သော ကားကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၅ ဒသမ ၅ သန်းကျော် ထုတ်လုပ်ရောင်းချခဲ့ကြောင်း ယင်းကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

Khit Lu Nge 

လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ထပ်မံစိစစ်၍ တတိယအကြိမ် ခွင့်ပြုပေး

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိ ရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်း အဝေး (၄/၂ဝ၁၃)ကို ဧပြီလ ၃ဝ ရက်နေ့ နံနက် ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုံညီစွာတက် ရောက် ပြီး ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာ လျှောက် ထားမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ပြန်ကြားရေး ဝန်ကြီးဌာနသည် ပုဂ္ဂလိ က နေ့စဉ်သတင်းစာများအား (၁-၄-၂ဝ၁၃) ရက်နေ့မှစ၍ ထုတ်ဝေ ခွင့်ပြုနိုင်ရေးအတွက် အဆိုပြုလျှောက်လွှာများကို (၁-၂-၂ဝ၁၃) ရက်နေ့မှစ၍ လျှောက်ထားနိုင်ကြောင်း နေ့စဉ်ထုတ် သတင်းစာ များမှ ကြေညာချက် ထုတ်ပြန်ခေါ်ယူခဲ့ပါသည်။


ပုဂ္ဂလိက နေ့စဉ်သတင်းစာ လျှောက်ထားသူ များအနက် (၂၈-၂-၂ဝ၁၃) ရက်နေ့တွင် (၈)စောင်၊ (၂၅-၃-၂ဝ၁၃) ရက်နေ့တွင် (၈) စောင် စုစုပေါင်း (၁၆) စောင်အား ထုတ်ဝေခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ (၂၉-၄-၂ဝ၁၃) ရက်နေ့အထိ ယခင်လိုအပ်ချက် ရှိသော လျှောက်လွှာများထဲမှ ပြန်လည်ပြင်ဆင် လျှောက်ထားလာ သည့် လျှောက်လွှာ (၁) စောင်၊ ယခင် စိစစ်ဆဲ လျှောက်လွှာ (၃) စောင်၊ ထပ်မံလျှောက်ထားသည့် လျှောက်လွှာ (၇) စောင် စုစုပေါင်း လျှောက် လွှာ (၁၁)စောင်အား ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးမှ စိစစ်ပြီး ပုဂ္ဂလိက သတင်းစာ (၁ဝ)စောင်အား ယာယီထုတ်ဝေခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

၎င်း (၁၀) စောင်မှာ-

(က) နေရှင်နယ်တိုင်း(မ်) (National Time Daily) (လျှောက်ထားသူ ဒေါက်တာစံပယ်တင်)၊

(ခ) ဒေးလီးအီလဲဗင်းနယူးစ် (Daily Eleven News) (လျှောက်ထားသူ ဒေါ်ယဉ်မော်ဦး)၊

(ဂ) (Myanmar Freedom Daily (အင်္ဂလိပ်ဘာ သာဖြင့် ထုတ်ဝေပါမည်) (လျှောက်ထားသူဦးသီဟ(သီဟစော)၊ 

(ဃ) နဂါးနီနေ့စဉ် (The Nagani Daily) (လျှောက်ထားသူ ဦးသိန်းထွန်း)၊

(င) ဓနစီးပွားရေးနေ့စဉ် (လျှောက်ထားသူ ဦးမောင်မောင်စိန်)၊ 

(စ) ဝရဇိန်နေ့စဉ် (လျှောက်ထားသူ ဦးမောင်မောင်စိန်)၊

(ဆ) စောင့်ကြည့်နေ့စဉ် (Newswatch Daily) (လျှောက်ထားသူ ဦးချစ်မောင်)၊ 

(ဇ) ပြည်မြန်မာနေ့စဉ် (The Pyi Myanmar Daily) (လျှောက်ထားသူ ဒေါက်တာခင်မိုးမိုး)၊ 

(ဈ) မြန်မာပို့စ်နေ့စဉ် (Myanmar Post Daily) (လျှောက်ထားသူ ဦးဝင်းအောင်)၊

(ည) International Herald Tribune (နိုင်ငံခြားမှ ထုတ်ဝေသည့် မူရင်းအတိုင်း Reprint ထုတ်ဝေမည် ဖြစ်ပါသည်) (လျှောက်ထားသူ ဦးမျိုးအောင်) (Success Int.Co.,Ltd) တို့ ဖြစ်ပါသည်။ 

သို့ဖြစ်၍ ယနေ့ အထိ လွတ်လပ်သော ပုဂ္ဂလိကနေ့စဉ်သတင်းစာ မြန်မာဘာသာဖြင့် (၂၄)စောင်၊ အင်္ဂလိပ် ဘာသာဖြင့် (၂)စောင် စုစုပေါင်း(၂၆) စောင် ထုတ်ဝေခွင့်ပြုခဲ့ကြောင်း သိရသည်။ 

အချက်အလက် မပြည့်စုံသဖြင့် ကျန်ရှိသော စစ်ဆေးဆဲလျှောက်လွှာ (၁) စောင်နှင့် ထပ်မံလျှောက်ထား လာမည့် လျှောက်လွှာများ ကိုလည်း ဆက်လက်စိစစ်ပြီး နောင်ကျင်းပမည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ် ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ပါသည်။

Khit Lu Nge 

မေလကုန်တွင် ရန်ကုန်မြို့၌ ရေဂါလန် ၄၅ သန်း တိုးပေးမည်

မေလကုန်တွင် ရန်ကုန်မြို့ ရေပေးဝေရေးသို့ ရေဂါ လန် ၄၅ သန်း တိုးမြှင့်ပေးဝေနိုင်မည် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။

“ငမိုးရိပ် ရေပေးဝေရေး ဒုတိယအဆင့် စီမံကိန်းက ရေပိုက်တွေ ဆက်နေတာ တော်တော်များများ ပြီးနေပါပြီ။ မေလကုန် ဇွန်လဆန်းလောက်မှာ စပြီး ဖြန့်ဖြူးပေးနိုင်မှာပါ။ စုစုပေါင်း ရေဂါလန် ၄၅ သန်း ထပ်ပေးနိုင်မှာပါ” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဧပြီလ ၂၉ ရက်နေ့တွင် ပြောကြားသည်။


လက်ရှိတွင် ဂျိုးဖြူကန်၊ ဖူးကြီးဆည်၊ လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေပေးဝေရေး ပထမအဆင့် စီမံ ကိန်းနှင့် စည်ပင်ပိုင် အဝီစိတွင်းများ၊ နေ့စဉ်ရေဂါလန် သန်း ၁၆၀ ကို ရန်ကုန်မြို့သို့ နေ့စဉ်ဖြန့်ဖြူး ပေးနေပြီး လိုအပ်ချက်မှာ နေ့စဉ် ရေဂါလန်သန်း ၁၈၀ ရှိမည်ဟု ဆိုသည်။

“ရေက သင်္ကြန်မတိုင်ခင် ကတည်းက မလာတော့တာ။ ခုမလာတဲ့ရက် တော်တော်များပြီ။ တစ်ခါတစ်လေ တော့ လာတယ်။ ဒါပေမယ့် တစ်တိုက်လုံး မလာဘူး။ ရေမလာလို့ စည်ပင်ကို ဖုန်းဆက်တိုင်လည်း လာ ကြည့်မယ်၊ လာကြည့်မယ်ဆိုပြီး လာလည်းမကြည့်ပါဘူး” ဟု ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းရှိ အထပ် ငါးလွှာတွင် နေထိုင်သူ ကိုစိုးဇေယျာထွန်းက ပြောသည်။

ရေဖြန့်ဖြူးပေးဝေရာတွင် ရေပိုက်စနစ်များနှင့် အခြားချို့ယွင်းချက်များကြောင့် ရေတွန်းစက်ရုံမှ စတင် ဖြန့်ဖြူးသည့် ရေပမာဏအတိုင်း သုံးစွဲသူထံ မရောက်ရှိနိုင်ဘဲ ရေလေ လွင့်ဆုံးရှုံးမှုများ ရှိသည်ဟုလည်း မြို့တော်စည်ပင်မှ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ်အတွင်း ရေပေးဝေရေး ပိုက်လိုင်းခွဲပေါင်း နှစ်သိန်းကျော်နှင့် ရေမီတာပေါင်း နှစ်သိန်း ကျော်ရှိပြီး ပုံသေနှုန်းထားဖြင့် အခွန်အတုတ်ကောက်ယူသည့် အရေအတွက်မှာ ခြောက်သောင်းကျော် ရှိသည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

Khit Lu Nge 

“ပဋိပက္ခ ဖြေရှင်းရာမှာ အမျိုးသမီးတွေက ပိုသာတယ်”

စစ်အတွင်းမှာတော့ မည်သူတစ်ဦး တစ်ယောက် သော်မျှ လူမဖြစ်ချင်ကြပါ။ ထို့ကြောင့် ထင်သည်။ Homer ဟိုမားဆိုသူ ဂရိကဗျာ ဆရာ တစ်ဦးက ဆိုခဲ့ဘူးသည်။

It matters not how a man dies,but how he Lives ဘယ်လိုသေဆုံးသည် ဆိုသည်က အရေး မကြီး ဘယ်လို နေထိုင်ကြမလဲ ဆိုသည်ကသာ အရေးကြီးသတဲ့။ အခုတလော အချင်းချင်း အတူ တကွ နေကြ ထိုင်ကြ ရင်းမှ မည်သူက မြှောက်ပေး သည် မသိရပါသော ပဋိပက္ခတွေက မုန်တိုင်းများ လို မွှေနေသည်။


ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ အမျိုးသမီးများက ပို၍ ဖြေရှင်းနိုင်ကြောင်း အထောက် အထားများအရ သိရှိခဲ့ရသည်။ ဥပမာအားဖြင့် အာဂျင်တီးနားနိုင်ငံတွင်ဖွဲ့စည်းခဲ့သော ပလာဇာဒီမေယို ပန်းခြံရှေ့မှ မိခင်များအဖွဲ့ကို သာဓက ပြုရမည်ဖြစ်သည်။ တိတ်တဆိတ်ပျောက်ဆုံးခဲ့ရသူများ အစုလိုက် အပြုံလိုက် မြှုပ်နှံခဲ့သည့်မြေကျင်းများကို အခြေခံလျှက် ပဋိပက္ခများရှိလာရာ မိခင်များအဖွဲ့က မည်သို့ မည်ပုံ သေဆုံးခဲ့ကြသည်ကို မဖော်ထုတ်ကြရန် ပဋိပက္ခတို့ကို ငြိမ်းအေးကြရန် ဆန္ဒသဘောထားနှင့် သူတို့၏သား သမီးအများ မြေကျင်းများကို ဖော်ထုတ်လိုလျှင် ကာယကံရှင်မိခင်များကို အကြောင်းကြားပြီးမှ ဆောင်ရွက် ကြရန် အရေးဆိုခဲ့ကြသည်။

၎င်းအမေများသည် သူတို့“ သားသမီးများကို မည်သူမည်ဝါသတ်ဖျက်ခဲ့သည်ကို မဖော်ထုတ်လို၊ မသိကြလို၍ ဖြစ်သည်။ ဤနည်းဖြင့် ပဋိပက္ခများကို ငြိမ်းအေးစေခဲ့သည်။ ၎င်းတို့၏ ဆောင်ရွက်မှုသည် အတိတ်က ဖြစ်ခဲ့သော ဆိုးကျိုးများက အားဂျင်တီးနားနိုင်ငံ၏ နိုင်ငံရေးစနစ်ကို အကျိုးပျက်စေခြင်းမရှိပဲ အကျိုး သက်ရောက်စေရန် ဆောင်ရွက်ပေးခဲ့ခြင်း သာဖြစ်၏။ ထိုပြင် ပလာဇာဒီမေယိုပန်းခြံရှေ့မှ မိခင်များ အဖွဲ့မှ တိတ်တဆိတ်ပျောက်ဆုံးခဲ့သော လူသုံးသောင်းကျော်၏ လုပ်ဆောင်ချက်များကို တရားမျှတစွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အာဃတမထားပဲ ပဋိပက္ခကို မေတ္တာတရားဖြင့် ဖြေရှင်းခွင့်ပြု စေနိုင် သော မိခင်များ၏ စိတ်ထားမှာ လေးစားလောက်စရာဖြစ်ပေသည်။ အရေးထဲချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းများကို လည်း မြင်ရ တွေ့ရသည်။ သူယုတ်မာတို့၏ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသည် ပဓါနမကျပါချေ။ သို့သော် သူတော် ကောင်းတို့၏ ချီးမွန်းခြင်း ကဲ့ရဲ့ခြင်းသည်သာ အမှန်ဖြစ်၏ဟု ဗုဒ္ဓကဟောကြားခဲ့သည်ကိုလည်း ကျွန်မတို့ သတိချပ် ရပေမည်။

သမ္မတကြီးကလည်း “ ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျ ကျန်နေပါတယ်။ သို့သော်လည်း အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ ကိုယ်တိုင်စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်းတခြားနိုင်ငံတွေကို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓါတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့် နေရာတွေမှာ မသုံးဘဲ ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အသုံး ချမယ်ဆိုရင် ကျွန်တော်တို့အများကြီး တိုးတက်မှာဖြစ်ပါတယ်။”ဟု ပြောခဲ့သည်ကို ကြား လိုက်ပါ၏။

သို့ပေသိ …

ဘာမှမကြာလိုက်သေးပါ။ ဧပြီလ ၃၀ ရက်နေ့ ညနေလေးနာရီခွဲမှ စ၍ ည ၁၀ နာရီအတွင်းမှာ ဥက္ကံမြို့ဝန်း ကျင်မှ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲ၊ သဲကုန်းစသည့် ကျေးရွာများရှိ လူနေအိမ် ၇၇ လုံးကို လူအုပ်က ဖျက်ဆီး ခဲ့ကြောင်း သတင်းကိုဖတ်ခဲ့ရပြန်သည်။ မီးလောင်ရာလေပင့်သလားလေပင့်၍ မီးကမြှင့် တက် နေခြင်းလား မပြောတတ်တော့ပါ။

သို့ပါသော်လည်း ရှေးကတည်းက ပေါ်ထွန်းခဲ့သော အတိတ်တဘောင်တို့အရ မကြာမီပြေငြိမ်းသွားမည်ဟု ကျွန်မကတော့ မျှော်လင့်ပါသည်။ “အတိတ်တဘောင်သိုက်အများရယ်နှင့် နက္ခက်သွားဖုံဖုံ၊ ဗေဒင်ကြမ်း အစုံစုံ ငယ်၊ ကိန်းအကုန်စုပေါင်း ဆရာ၊ ဆရာက က၀ိမော်တွေကြည့်လေသော်သိရကြောင်း ထောင့်သုံးရာ နှစ်ဝက်ကျော်မှာ ဖြစ်ပျက်လာတိတ်ကောင်း၊ တိတ်ကောင်းဖို့ကြုံလာ နေလပမာ သာသနာတောက်မှာမို့ ကမ္ဘာ တလျှောက်အလုံးစုံ၊ ဗုဒ္ဓကိုယုံ”ဟူသော တေးထပ်ကိုရှေးငယ်စဉ်ကပင် ပုဏ္ဍားဗေဒင်ဆရာကြီး ဆရာလွန်းက ဆိုပြခဲ့ဖူးပါ၏။

ယခုဆရာလွန်း ကွယ်လွန်ခဲ့ပေသိ၊ ထိုတဘောင်တေးထပ်ကို ကျွန်မက အလွတ်ရ နေပါသေးသည်။ ထို့ တဘောင်အရ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ တိုင်းပြည်က အေးချမ်းသာယာသွား နိုင်သည်ဟု ယုံကြည် မျှော်လင့်မိခဲ့ခြင်းဖြစ်ပါသည် ။ ကျွန်မတို့လူသားများတွင် ပထမဦးဆုံးရှိရမည့် အရည်အသွေးမှာ သတ္တိဖြစ်ပါ၏။ သတ္တိရှိလျှင်ကျန်သော အရည်အသွေးများက နောက်ကလိုက်ပါလာလေ့ရှိသည် သာဖြစ် သည်။ ထိုကြောင့် အရည်အသွေးရှိသည့် ခေါင်းဆောင် များက ပဋိပက္ခများကို စွမ်းရည်နှင့်ခြေဖျက်ပေးက နိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။

သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အသွေးကို ကမ္ဘာတစ်ဝှမ်းလုံးကပင် လက်ခံခဲ့ပြီး ဖြစ်သည်။ မည်သည့် နိုင်ငံမှာမဆိုငြိမ်းချမ်းရေးကို လိုလားကြပါသည်။ ထိုငြိမ်းချမ်းရေးအတွက် အလင်းရောင် ပေးနိုင်လိမ့်မည်ဟု ယုံကြည်အားထားခံရသူ နှစ်ဦးရှိနေပါလျှက်က ကျွန်မတို့ဆီမှာက သည်အတိုင်းထား၍ မရတော့သော ပြဿနာများကို ဖြေရှင်းပေးရပါလိမ့်ဦးမည်သာ ဖြစ်ပါ၏။ ဒီမိုကရေစီလမ်းကို လျှောက်နေ ကြပါ လျှက်က အချို့က Mobocracy အနိုင်ကျင့်ဝါဒတို့ လက်ခံကျင့်သုံးလာခဲ့ကြခြင်းများ စတင်လာတော့ လည်း ဒေါသ၏ နှိပ်စက်မှုများကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရပြီဖြစ်ပါသည်။ ထိုအခါ ဒီမိုကရေ စီရေးရာက လည်း ထင်တိုင်းမပေါက်နိုင်ပါတော့ချေ။ အသိပညာနုံနဲ့ သူများ၏ ဗရမ်းဗတာအတွေးများ က ပဋိပက္ခကို ဖိတ်ခေါ်သည်။ လူတို့ မနေရလို့သေရသည့်အခါမှာ ကိုယ်နောက်ကို ဘာမှမပါနိုင်ပါ။ ကိုယ်ပြု ထားသည့် ကံသည်သာ လိုက်ပါပေလိမ့်မည်သာဖြစ်ပါ၏။ ပဋိပက္ခများဖြစ်ပွားပြီးချိန်၌ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုဆိုင်ရာ ကိစ္စများနှင့်ကဆက်တိုက် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတ ကာ ပြယုဂ်များကို လေ့လာကြရမည်ဖြစ်သည်။ ပဋိပက္ခကြောင့် ဆိုးကျိုးများဖြစ်ပွားရာနယ်မြေများ တွင် လူမှုအဖွဲ့ အစည်းများနှင့် အစိုးရက တတ်စွမ်းသမျှပံ့ပိုးပေးခြင်းဖြင့် ဖြေရှင်းလေ့ရှိကြသည်ကိုတွေ့ရပါ၏။ ထိုသို့ ကူညီပံ့ပိုး ပေးရန်ပြင်ဆင်ထားရှိရမည်ဖြစ်ပါသည်။

လူ့အသိုင်းအ၀ိုင်းတည်ဆောက်ရေးအတွက် အခွင့်အရေးလက်လွတ်နစ်နာရမှုများမှာ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုများဖြစ်သည် မတူညီသောလူ့အသိုင်းအ၀ိုင်းများကြား၌ မတူညီသော လူ့အခွင့်အရေးချိုး ဖောက်မှု များ ရှိရာ ဒုက္ခကိုဖြေရှင်းရာ၌လည်း တူညီနိုင်မည်မဟုတ်ချေ၊ ဒုက္ခမတူက နစ်နာမှုလည်းပုံသဏ္ဍာန် မတူ နိုင်ချေ နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း ပဋိပက္ခဒုက္ခသည်များအတွက် ဆွေးနွေးမှုများကို ပြုလုပ် ပေးရန် လိုအပ်လျှက်ရှိ၏။ ကျယ်ကျယ်ပြန့်ပြန့်နှင့် အမြင်ချင်းဖလှယ်ရန် ဒုက္ခသည်စခန်းများသို့ သွားရောက် စုံစမ်း ကြရမည်ဖြစ်သည်။ အစိုးရ၊ နိုင်ငံရေးခေါင်းဆောင်နှင့်ပြည်သူတို့ပူးပေါင်း ဆောင်ရွက် မှသာ အသွင် ကူးပြောင်း ရေး ကာလ၏ ဒီမိုကရေစီဖြစ်စဉ်တို့ပိုမိုခိုင်မာကာအရှည်တည်တန့်သော လူ့အဖွဲ့ အစည်းကို တည်ဆောက်နိုင် မည်ဖြစ်ပေသည်။

ပြဿနာအရပ်ရပ်မှာ ပြည်သူများ၏ အသက်သွေးချွေးကို စတေးခဲ့ရသည်သာဖြစ်ရပါ၍ နေရခဲလှလူ့ ဘ၀မှာ ငြိမ်းချမ်းစွာသာ အတူယှဉ်တွဲနေလိုပါသည်။ နေခွင့်ရချင်ပါသည်။ ထို့ကြောင့် ကဗျာဆရာကြီး ဟိုမားပြောခဲ့သော “ဘယ်လိုနေထိုင်သည်ဆိုသည်မှာ အရေးကြီးသည်ဆိုသည်”ကိုသာ ကျွန်မထောက်ခံ တင်ပြရပါသည်။

သေပြီးဘာမှမသိတော့၍ ဘယ်လိုသေသေ၊ ကိုယ်စိတ်ရင်းအတိုင်း ကိုယ်ပြုသမျှကံ ကိုယ်ကခံကာ သေချင် သလို သေနိုင်ကြ ပါသော်လည်း နေရစဉ်ကာလတစ်ခဏမှာ ပြည်ထောင်စုကြီးအတွင်း၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ကိုသာ တောင်းဆုပြုလိုပါသည်။

ပြင်းထန်သည့် စိတ်ဓါတ်အစွဲတွေရှိသူတွေချည့် တစ်နေရာမှာစုကြပါ။ ရန်ဖြစ်ကြပါ။ ပဋိပက္ခများဖြစ်လာပါက တံတိုင်းတစ်ခုကာပေးလိုက်ယုံသာဟုလည်း ဆုံးဖြတ်ကြရန်မဖြစ်နိုင်ပါ။ အတ္တ၊ မာန်မာနများနှင့် ဇွတ်တရွတ် စိတ်ထားများကြောင့်သာ စစ်ဖြစ်ချင်နေကြခြင်းဖြစ်ရာ စစ်တကယ်ဖြစ်ချင် နေကြပါက စစ်ဖြစ်လိုသူများကို တစ်နေရာရာမှာ စုထားကြရန်သာရှိတော့သည်ဟု ယူဆလျှင်လည်း ဖြေရှင်းရန်နည်းလမ်းတို့နှင့် ဝေးရ ပေမည်။ မကြာမီပြေငြိမ်း သွားနိုင်ပါသော်လည်း ထိုထိုသော အရေးအခင်းနှင့် ပဋိပက္ခများရှိနေပါက ဖွံ့ဖြိုးမှု က ဝေးနေဦးတော့မည်။

Revolution တော်လှန်ရေးကာလဟု စိတ်ကူးယဉ်နေသူများ၏ ခေတ်ကကုန်ပြီဟု ယူဆပါသည်။ အေးအေး ဆေးဆေးသာ နေကြပါတော့။ ထိုင်းထက်ပင် နှစ် ၁၀၀ မကနောက်ကျနေခဲ့ရသည့် ကျွန်မတို့ ဘ၀များစွာ ကိုတင်ဆောင်လျှက် ဒီမိုကရေစီမီးရထားကြီးပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းစီးနင်းလိုက်ပါခွင့်ကိုသာ ရလိုသည်ဟူ ၍သာ ကျွန်မတို့ပြည်သူအများက ဘုရားရှိခိုးတိုင်း ဆုတောင်းမိပါကြောင်းကိုတင်ပြလျက် နိဂုံးချုပ်အပ်ပါ သည် ။ ထို့ကြောင့်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အများစုမှာ အမျိုးသမီးများဖြစ်ကြောင်းကိုလည်း ငြင်းဆန်ရန်အကြောင်းမရှိပါကြောင်း . . . . . . .

Myint Ma Kha 

Credit : Here

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဧပြီလကုန် ရေဒီယို မိန့်ခွန်း (အပြည့်အစုံ)

နေပြည်တော် ဧပြီ ၂


မိဘပြည်သူများခင်ဗျား- ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့လအတွင်းမှာ ကျွန်တော့်အနေနဲ့ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံများကို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရခြင်းဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ သာမက ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ နိုင်ငံကို နားလည်လာဖို့၊ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်းပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ သွား ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုခရီးစဉ်မှာ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ မိတ်ဆွေများအဖြစ် နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း မိဘ ပြည်သူများကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။

နိုင်ငံတကာနဲ့ ယခုလို ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အတွက် ပိုမိုအကျိုးရှိလာစေဖို့၊ ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ တိုးတက်လာစေဖို့နဲ့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံတွင်းကို စီးဝင်လာတာနဲ့အမျှ အဆင့်မြင့်နည်းပညာတွေကို ကျွန်တော်တို့ နိုင်ငံသားတွေ ရရှိလာနိုင်ပါတယ်။ ထိပ်တန်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အလုပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းများ ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေးကောင်းတွေ တည်ဆောက် မှုနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှု များကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧပြီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပတဲ့ အာရှနှင့် ပစိဖိတ်စီးပွားရေးနဲ့ လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင် UN ESCAP က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ပြီး ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးရာကိစ္စများ၊ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များမှာ UN ESCAP နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ များနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ ဒီအစည်းအဝေးကပဲ မြန်မာ ပြည်သူများအတွက် UN ESCAP ရဲ့ ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက် လာနိုင်ပြီး ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာ ဖြစ်သလို တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမှတ်တရ ဖြစ်စေခဲ့တာကတော့ ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီခရီးဟာ သာမန်ခရီးစဉ်တစ်ခု ဆိုတာ ထက် ဟိုင်နန်ကျွန်းဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းမှာ အချိုးအကွေ့တစ်ခုမှာ ပါဝင်ခဲ့ပြီး ရဲဘော်သုံးကျိပ် စစ်ပညာသင်ကြားခဲ့တဲ့ နေရာလည်း ဖြစ်တဲ့အတွက် အခြား ခရီးစဉ်များထက် ပိုပြီး အမှတ် တရရှိတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုရခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးသွားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ် ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖော်ဆောင်လျက်ရှိသလို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ Human Capital လို့ ခေါ်တဲ့ လူသား အရင်းအမြစ်များ တည်ဆောက်နိုင်ရေးက အရေးကြီးပြီး အထူးသဖြင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်လျက်ရှိတဲ့အထဲမှာ ကျောင်းပညာရေး ထူးချွန်ရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက် ဘက်စုံထူးချွန်တဲ့ လူငယ်လူရွယ်များ ပေါ်ထွက်လာရေးကိုလည်း အထူးအာရုံစိုက် အလေးထားပါတယ။် လက်ရှိမှာ အခြေခံပညာသင်ကျောင်း များမှာ ယခင်က ရှိခဲ့ဖူးတဲ့ ကင်းထောက် လူငယ်အဖွဲ့များကို ပြန်လည် အသက်သွင်း ဖွဲ့စည်းလျက် ရှိပါ တယ်။ ဒါဟာ ညှိနှိုင်း တိုင်ပင်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ ဒီမိုကရေစီ အလေ့အကျင့် ကို ငယ်စဉ်ကတည်းက အလေ့အကျင့်ရစေဖို့ ပျိုးထောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် ဖွဲ့စည်းပေးခြင်းအားဖြင့် မျိုးဆက်သစ် ရင်သွေးငယ်များဟာ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာရှိပြီး တာဝန်သိတဲ့၊ တာဝန်ယူတတ်တဲ့၊ တာဝန်ကျေတဲ့ ခေါင်းဆောင်များ၊ နိုင်ငံသားများဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေးကို ရှေးရှုပြီး တစ်နိုင်ငံလုံးက အကျဉ်းထောင်များမှ အကျဉ်းသား ၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မိသားစုများနဲ့ ဆုံစည်းခွင့် ရစေဖို့ ဆောင်ရွက်ခဲ့တာကိုလည်း မိဘပြည်သူများ ဝမ်းမြောက်စေဖို့ အသိပေးပြောကြားလိုပါတယ်။

ဒီ ၂၀၁၃ ဧပြီလဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့သလို မြန်မာတို့ရဲ့ ကျင်းပမြဲဖြစ်တဲ့ နှစ်သစ်ကူးသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယမှာ ကျွန်တော်တို့ နိုင်ငံသား အားလုံးဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရိုးရာ အစဉ်အလာဖြစ်တဲ့ သင်္ကြန်ပွဲတော်ရဲ့ ယဉ်ကျေးမှုဓလေ့ကို ချစ်ချစ်ခင်ခင်နဲ့ ပါဝင်ဆင်နွဲပြီးတော့ ယဉ်ကျေးတဲ့ မြန်မာလူ့အဖွဲ့အစည်းဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင် ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

တရုတ်နိုင်ငံတွင် ပြုလုပ်သော ငွေကျပ် ၅ဝဝဝ တန်နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတုများ မြစ်ကြီးနား မြို့၌ ဖမ်းဆီး ရမိ

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ) နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများအား စစ် ဆေး ခဲ့ရာ ငွေစက္ကူ အတုများကို တရုတ်နိုင်ငံ တွင် ပြုလုပ် ကြောင်းနှင့် ၎င်း ငွေစက္ကူအတုများဖြင့် ဖားကန့်ဒေသ၌ ကျောက်စိမ်းဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖားကန့် ဒေသတွင် ငွေစက္ကူ အတုများဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းဝယ်မှုများ ပါရှိနိုင် ကြောင်း ဧပြီ ၂၅ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် လုံခြုံရေးရာ ကွပ်ကဲမှုအဖွဲ့ ညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ် ခရိုင်ရဲမှူးက ပြည်နယ် ဝန်ကြီးချုပ်ထံတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပြချက်အရ ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်နယ် ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၊ လဝက အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းများ ဖွဲ့စည်းပြီး ဖားကန့်ဒေသသို့ သွားရောက် ဖမ်းဆီးနိုင်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့သို့ ဧပြီ ၂၇ ရက်က ရောက်ရှိပြီး မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘော ဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ် များအား ငွေစက္ကူ အတုနှင့် ပတ်သက်သည့် သတင်း များကို အသိပေး အကြောင်းကြား ခဲ့သည်။

ဧပြီ ၂၉ ရက်က ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲသို့ ရဲလင်း ၃၁ နှစ် (ဘ) ဦးအောင်စိန် (ဗမာ/ဗုဒ္ဓ) ကျောက် အရောင်းအဝယ် မှော်စီစာ ကျေးရွာ လုံးခင်းအုပ်စု ဖားကန့်မြို့နယ် နေသူသည် ငွေကျပ် ၅ဝဝဝ တန် အရွက် ၈ဝဝ (ငွေကျပ် သိန်း ၄ဝ) ကို ပခုက္ကူဘဏ်ခွဲသို့ လွှဲရာ အဆိုပါငွေများ အနက် ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၅ဝ (တန်ဖိုးငွေ ကျပ် ၂၅ဝဝဝဝ) မှာ အတုများ ဖြစ်နေ၍ ဘဏ်မန်နေဂျာမှ ပူးပေါင်း အဖွဲ့သို့ အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ရဲလင်းက ၎င်း ရရှိခဲ့သည့် ငွေကျပ် ၅ဝဝဝ တန် များမှာ ရေမဆေးကျောက် အရောင်းအဝယ် လုပ်ကြသည့် မောင်ဝင်း၊ မောင်မြင့်၊ သန်းထွန်း၊ တင်ထွန်းနိုင် တို့နှင့် ၎င်းတို့မှ ထိုငွေများကို ဦးဘထန် ၄၉ နှစ်ထံမှ ရရှိကြောင်း တွေ့ရှိရသဖြင့် ဆက်လက် စစ်ဆေးရာ ဦးဘထန်မှာလည်း ကိုချို လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် မနီနီအောင် ဖားကန့်မြို့ နေသူထံမှ ရရှိခဲ့ကြောင်း၊ မနီနီအောင်မှာလည်း လျှပ်စစ်ပစ္စည်း များ နေ့စဉ် ရောင်းရငွေများ ဖြစ်ပြီး မည်သူ ထံမှ ရရှိသည် ကို မသိပါကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

မြန်မာ့ စီးပွားရေးဘဏ်ခွဲ (ဖားကန့်) ဘဏ် မန်နေဂျာ ဦးစိုးရက သိမ်းဆည်းရမိ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု များအား တံဆိပ်ရိုက်နှိပ်ပြီး ဘဏ် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် (ဗဟို) ဘဏ် နေပြည်တော်သို့ အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

စီတန်းလှည့်လည်ခွင့် ဥပဒေ လူ့အခွင့်အရေး စံမမီဟု ကုလထံတင်မည်

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး နေသည့် လွတ် လပ်စွာ စီတန်းလှည့်လည်ခွင့် ဥပဒေသည် နို င်ငံတ ကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မကို က်ညီ သဖြင့် ကုလသမဂ္ဂသို့ အစီရင်ခံစာ တင် သွင်းသွား မည် ဖြစ်ကြောင်း အာရှ လူ့အခွင့်အ ရေးနှင့် ဖွံဖြိုး ရေး ဆုံရပ်အဖွဲ့ (Forum-Asia)မှြ မန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန် ကြားရေးမှူး ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြား သည်။


ယင်းအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အေ ရး ကာကွယ် စောင့်ရှောက်သူများ ဆိုင်ရာ အ ထူးစုံစမ်း စစ်ဆေးရေး အရာရှိ မှတစ်ဆင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အေ ထွထွေ ညီလာခံသို့ တင်သွင်းမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

နိုင်ငံတကာတွင် လွတ်လပ်စွာ စီတန်း လှည့်လ ည်ခွင့်အတွက် သက်ဆိုင်ရာ ကို အသိပေးရသော်လည်း ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ တွင်မူ စီတန်းလှည့်လည်ခွင့် အတွက် သက်ဆိုင် ရာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ခွင့်ြ ပုချက်ကို တောင်းခံရပြီး ခွင့်ပြုချက် မပြုဘဲ စီ တန်းလှည့်လည် ပါက ဖမ်းဆီး တရားစွဲဆိုခံရေ ကြာင်း ဦးအောင်မျိုးမင်းက ထောက်ပြသည်။

"တရားစွဲတာလည်း တရားရုံး တစ်ရုံးထဲက မ ဟုက်ဘူး။ အမှုတစ်ခုကို တရားရုံး အများကြီး က တစ်ပြိုင်နက် တည်း တရားစွဲတယ်" ဟု ဦးေ အာင်မျိုးမင်းက ဆိုသည်။

ဥပဒေအားလုံး၏ ပင်ရင်းဖြစ်သော ဖွဲ့စည်းပုံအ ခြေခံ ဥပဒေက လွတ်လပ်စွာ စီတန်းလှည့်လ ည်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တို့ကို ခွင့်ပြုထားသော်လည်း လွတ်လပ်စွာစီတ န်း လှည့်လည်ခွင့် ဥပဒေတွင်မူ မြို့နယ်ရဲတပ်ဖွ­ဲ့မှူး ထံမှ ခွင့်ပြုချက် တောင်းခံရမည်ဟု ပြဋ္ဌာန်း ထားသဖြင့် အခြေခံဥပဒေ၏ အထက်တွင် ရဲ တပ်ဖွဲ့ ထားရှိသလိုဖြစ်နေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ထောက်ပြထား သ ည်။

"နှစ်ပေါင်းငါးဆယ်လောက် ဒီမိုကရေစီစနစ်နဲ့ ကင်းကွာခဲ့တယ်။ စီတန်း လှည့်လည်ခွင့် ဥပဒေ ထွက်လာ တော့ အထိုက်အသင့် လွတ်လပ်ခွင့် ရလာတယ်။ လိုချင်တာတော့ ၁၀၀ ရာခိုင်နှုန်းပေါ့။ လွှတ်တော် ထဲမှာကျ လုပ်ရကိုင်ရတာ ထင်သ လောက် မလွယ်ဘူး" ဟု ပြည်သူ့လွှတ်တော် တ ရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ ဦးသိန်းညွန့်က ဆိုသည်။ ယင်းအစီရင်ခံစာပါ တွေ့ရှိချက် များနှင့် အကြံ ပုချက်များကို အစိုးရနှင့် မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်တို့နှင့် တွေ့ဆုံတင်ပြနိုင်ရန် ခွင့်ပြုချက်တောင်းခံ ထားကြောင်း ဦးအောင်မျိုးမင်းက ပြော ကြားသည်။

အာရှလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဆုံရပ်အဖွဲ့ (Forum-Asia)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေ စိုက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အာရှဒေ သတွင်း နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအေ နများကို စောင့် ကြည့်လေ့လာရန် အဖွဲ့ခွဲပေါင်း ၁၂၀ ခန့် ရှိကြောင်း ၄င်းက ဆိုသည်။ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းပြီး နောက်ပိုင်း ၂၀၁၂ခု နှစ် အတွင်း လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် တိုင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုခြင်း၊ ခွင့် မပြုဘဲ ပြုလုပ်ပါက ဖမ်းဆီးခြင်း၊ အမှုတစ်ခုတ ည်း ကို မြို့နယ်တရားရုံး များစွာက တစ်ပြိုင်နက် တည်း တရားစွဲဆိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

From The Voice Weekly

ပါတီ ညီလာခံ ကျင်းပရန် PNLO ပြင်ဆင်

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) သည် (၃) နှစ် တကြိမ် ပုံမှန် ကျင်းပသော ပါတီ ညီလာခံ အတွက် ပြင်ဆင်ရန် ဗဟို ကော်မီတီ အစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ထိုင်းနိုင်ငံ မဲဟောင် ဆောင် ခရိုင် နယ်စပ် တနေရာတွင် ကျင်းပ နေကြောင်း ပြောခွင့် ရသူ PNLO ဥက္ကဌ ခွန်ဥက္ကာက ဆိုပါ သည်။


ဗဟို ကော်မီတီ ၀င်က (၁၅) ဦး ရှိတဲ့ အထဲက (၁၂) ဦး တက်ပါတယ်။ အစည်းအဝေးကို (၃) ရက် ကျင်းပမယ်။ အဓိက က တော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူထားတဲ့ အတွက် ရှေ့ဆက် ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတာကို ဒီပုံ မှန်ညီလာ ခံမှာ တင်ပြနိုင်ဖို့ ဗဟို ကော်မီတီက ပြင်ဆင် သွားဖို့ပါဘဲ” ဟု ဆိုပါသည်။

PNLO ပါတီ ညီလာခံကို ယခင်က ဧပြီလတွင် ကျင်းပရန် ရာထား ခဲ့သော်လည်း ပြီးခဲ့သည့် မတ်လ (၂၃) ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ပြည်ထောင် အဆင့် ဆွေးနွေး ခဲ့ရသည်က တကြောင်း၊ ညီလာခံ တက်ရောက်ရန် လာကြ သော ပြည်တွင်းနေ ကိုယ်စားလှယ်များ အရောက် နှောင့်နှေး နေသဖြင့် ညီလာ ခံကို မေလ အလယ်ရက်များသို့ ပြောင်းလဲ သတ်မှတ် ခဲ့ရသည်ဟု ဆိုပါသည်။

PNLO ညီလာခံသို့ ပအို့ဝ် လူထု လူတန်းစားများ အပါဝင် သတင်းထောက်များ ကိုလည်း ဖိတ်ကြား ထား သည်ဟု ဆိုပါသည်။ သတင်းထောက်များသည် လာမည့် မေလ (၁၅) ရက်နေ့ထက် နောက်မကျစေဘဲ လာရောက် လိုအပ် ပါသည်။ အထူးသဖြင့် ပအို့ဝ် အမျိုးသား အဖွဲ့ (PNO) ကိုဖိတ်ကြားပြီးပြည်တွင်းမှပအို့ဝ် နိုင်ငံရေး အဖွဲ့လူငယ်နှင့် အမျိုးသမီး အဖွဲ့စာပေ ယဉ်ကျေးမှု အဖွဲ့များကို ဖိတ်ကြား ထားသည်ဟု ဆိုပါ သည်။

ထို့အပြင် ဂျပန်နိုင်ငံမှ နိပွန် ဖောင်ဒေးရှင်း အပါဝင် ထိုင်းနှင့် ဂျပန်ပညာရေး ဖောင်းဒေးရှင်း တို့ကိုလည်း ဖိတ်ကြား ထားကြောင်း ဆိုပါသည်။

ပအို့ဝ် လူမျိုးတို့တွင် အဓိက နိုင်ငံရေး ပါတီ (၂) ပါတီ ရှိသည်ဟု ဆိုပါသည်။ ၄င်းတို့မှာ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေး အဖွဲ့ (PNLO) နှင့် ပအို့ဝ် အမျိုးသား ပါတီ (PNO) တို့ဖြစ်ကြ ပါသည်။ PNLO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ PNO သည် ပအို့ဝ် အမျိုးသား နိုင်ငံရေး ပါတီ (Pa-O National Organization) ဖြစ်ပြီး အစိုးရ၏ ကြီးကြပ်မှုဖြင့် အသွင် ပြောင်းထားသော ဌာနေ ပြည်သူ့ စစ်အဖွဲ့ ဖြစ်ပါသည်။ အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံသော ရွေးကောက်ပွဲဝင် နိုင်ငံရေးပါ တီလည်း ဖြစ်ပါသည်။

ဤကဲ့သို့ အသွင် မတူကြသော်လည်း PNLO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူပြီး နောက်ပိုင်း PNO နှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည်။

“ PNLO နဲ့ PNO ဟာဖွံ့ဖြိုးရေး ကိစ္စမှာသာ ပူးပေါင်းလို့ ရမှာဖြစ်တယ်။ နိုင်ငံရေး ပါတီမှာ ပူပေါင်းလို့ မရပါဘူး။ သူတို့က လွတ်တော်ထဲ ၀င်ပြီး၂၀၀၈ အခြေခံ ဥပဒေကို အသိမှတ် ပြုထားတယ်။ ကျနော်တို့က လွတ်တော်ထဲ မ၀င်ခဲ့သလို၂၀၀၈ ကိုလည်း အသိမှတ် မပြုသေးဘူး အဲဒါတွေက မတူညီတဲ့အချက်တွေပါ။” ဟုဆိုပါသည်။

PNLO ညီလာခံသည်၊ (၃) နှစ် တကြိမ် ကျင်းပသော ညီလာခံ ဖြစ်ပါသည်။ (၂၀၀၉) ခုနှစ် ဒီဇင်ဘာ၌ ပထမ အကြိမ် ကျင်းပ နိုင်ခဲ့ပြီး ဤအကြိမ်သည် ဒုတိယ အကြိမ် ကျင်းပခြင်း ဖြစ်ပါသည်။ ညီလာခံ၌ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ခေါင်းဆောင် သစ်များ ရွေးချယ်ခြင်းနှင့် ပအို့ဝ် အမျိုးသား စည်းလုံး ညီညွတ်ရေး လုပ်ငန်း စဉ်များကို ချမျတ်ရန် အစီစဉ်ရှိ မည်ဟု ဆိုပါသည်။

ပအို့ဝ် လူမျိုး တို့သည် မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် အခြေချ နေထိုင် ကြပြီး လူဦးရေ (၆) သိန်းခန့် ရှိကြောင်း အစိုးရ၏ (၂၀၁၀) ရွေးကောက်ပွဲ လူဦးရေ စာရင်း အရ သိရပါသည်။

Credit : Here

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက်ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။

ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အား ဖူးမြော်ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ ပျမ်းမျှအားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။ ၎င်းရှေးဟောင်း ဗုဒ္ဓမွေတော်တွင် ထူးခြား ဆန်းကြယ်သော စွမ်းအင်မျိုး ရှိသည်ဟု ယူဆရပြီး လက်ရှိတွင် ၎င်းအံတော်သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း Lu က Mountain ဘုန်းတော်ကြီး ကျောင်းရှိ ဘုန်းတော်ကြီး တစ်ပါးဖြစ်သူ သောမတ်မိုင်ယာက ပြောကြားထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ဝဝ ခန့်ရှိပြီး ၎င်း အံတော်အား ဆံတော်တစ်ဆူ အပါအဝင် အခြားသော ဓာတ်တော် မွေတော်များနှင့် အတူ အပူဇော်ခံ ပြသထားသည် ဟုလည်း ဘုန်းတော်ကြီး မိုင်ယာက ပြောကြားထားကြောင်း သိရသည်။

Credit : Here

ဗိုလ်ကြီးဟောင်း အမည်ခံကာ လုပ်စားသည့် နေမျိုးဇင် ထောင်ထဲတွင် ၃ လ အနားယူမည်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကဇင်း ကျေးရွာတွင် လယ်သမားများနှင့် တွေ့ဆုံဆွေးနွေး ရာ၌ ရဲ တပ်ဖွဲ့ အပေါ် စော်ကားပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့် နေမျိုးဇင်၏ အမှုအား ပန်းတနော် တရားရုံးမှ အမိန့်ချမှတ် လိုက်ပါသည်။ တရားရုံးမှ အမိန့်ချမှတ်ခဲ့မှုတွင် နေမျိုးဇင်အား ဒဏ်ငွေ ၂ သောင်း (သို့ မဟုတ်) ထောင်ဒဏ် ၃ လ ကျခံစေ ဟု အမိန့်ချမှတ်ခဲ့ပြီး နေမျိုးဇင်မှ ထောင်ဒဏ် ၃ လကို ရွေးချယ် ခဲ့သည့် အတွက် ယခု မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရ သည်။


ထိုသို့ ပို့ဆောင်ရာတွင် လက်ပြန်ကြိုးတုတ်ပြီး သံခြေကျင်းခတ်ကာ ထောင်သားတို့၏ ပုံစံအတိုင်း ခေါ်သွား ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်အတွက် “ အရင်တုန်းက သူ့ကိုယ်သူရိုက်ခိုင်းပြီး တင်တဲ့ ဗီဒီယို ရှိတယ်။ ရဲ တစ်ယောက် လက်ထိပ်ခတ်တော့ ငါ့လက်နာနေပြီကွ ဆိုပြီး ငိုသံပါကြီးနဲ့ပြောတာ။ အခုတော့ ဘယ်လို မျက်နှာ နဲ့ ပါသွားလဲ မသိဘူး ” ဟု ၄င်း၏ လက်ထိပ်ခတ်တုန်းက ငိုသံနဲ့ပြောဆိုခဲ့သည့် ဗီဒီယိုအား ကြည့်ခဲ့ သူ ၁ ဦးက ဆိုသည်။

ဗိုလ်ကြီးဟောင်း အမည်ခံ နေမျိုးဇင်၏ ထောင်ဒဏ် ၃ လ အား ရွေးသည့် အကြောင်းနှင့် စပ်လျှဉ်းပြီး မေးမြန်း ရာ “ဒဏ်ငွေ ၂ သောင်းဆောင်လိုက်လို့ ဘာအကျိုးမှ မရှိဘူး။ ထောင်ထဲဝင်လိုက်ရင် အလုပ်လဲ လုပ် စ ရာ မလို၊ အ ထောက် အပံ့တွေကလည်း ရ၊ မီဒီယာတွေ ၀ိုင်းဖွရင် နာမည်ကြီးပြီး ဆုရနိုင်တာပေါ့ ” ဟု အချို့က ဆိုပါ သည်။ အချို့သူများကတော့ “ အခုက ထောင်ကျရင် ပျော်တဲ့ခေတ် ရောက်နေပြီ။ နော်အုံး လှတို့ ၊ရဲမင်းဦး တို့ ၈၈ တို့ ၊ အကုန်လုံးက ဖမ်းပါစေ ထောင်ချပါစေ ဆိုပြီး အတင်း အမှုရှာနေကြတာ။ နေမျိုးဇင် ကတော့ အကြိုက် ဖြစ် သွားတာပေါ့၊ ဒါပေမယ့် သူသိပ်ကံကောင်းမယ် မထင်ဘူး ”ဟု ဆိုပါ သည်။

ပြည်သူလူထုမှ ထိုသို့ ဆိုကြသော်လည်း နေမျိုးဇင်၏ ညီဖြစ်သူ ခင်မောင်ဌေးဟု အမည်ရှိသူ မှ “ပြည် သူတွေ အားလုံး ၀ိုင်းပြီး တောင်းဆိုဖို့ ကျွန်တော့်အစ်ကိုက မှာခဲ့ပါတယ်။” ဟု ပြောခဲ့သည်။

နေမျိုးဇင်သည် ရဲတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ် စော်ကားခြင်း၊ ပါးစပ် စည်းကမ်းမရှိခြင်းနှင့် ၄င်း၏ အသက် ထက် ၀က် ငယ်သော အရာရှိငယ် တစ်ဦး၏ ဓာတ်ပုံကို အသုံးပြုပြီး တိုက်ခိုက် ပြောဆို ခဲ့ခြင်း တို့ကြောင့် မြန် မာ့ တပ်မတော် အရာရှိများ၏ အမြင်မကြည်မှုကို ခံရကာ၊ ပြည်သူအများစု ကလည်း နှစ်သက်လက် ခံခြင်း မရှိပေ။

Credit : Here

မုံရွာတွင် Hot News ဂျာနယ်မှ သတင်းထောက် တဦး ပျောက်ဆုံးနေ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသတင်းများ လိုက်နေသည့် Hot News ဂျာနယ်မှ တိုက်ပိုင် သ တင်းထောက် ကိုမျိုးမြင့်မှာ မုံရွာမြို့ပေါ်တွင် ယမန်နေ့ ညနေမှ စတင် ပျောက်ဆုံးလျှက်ရှိကြောင်း ဂျာနယ် အုပ်ချုပ်ရေးမှူး အာရုဏက ပြောသည်။


“၁ ရက် ၂ ရက်တော့ စောင့်ကြည့်ရအုံးမယ်၊ လောလောဆယ်တော့ မျိုးမြင့်နဲ့ အဆက်အသွယ် ပြတ်နေ တယ် လို့ပဲ ပြောလို့ ရတာပေါ့။ ခရိုင်ရဲရုံးနဲ့ ရဲမှူး ဦးတင်ထွန်းကို မေးလိုက်တော့ တရားဝင် လွှဲထားတာ မ ရှိသေး ဘူး၊ ပြန်လည် စိစစ် ပေးပါ့မယ်လို့ အကြမ်းဖျဉ်း ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး အာရုဏက ဆို သည်။

လက်ပန်းတောင်းတောင် စီမံကိန်းတွင် ပါဝင်လှုပ်ရှားမှုကြောင့် လတ်တလောတွင် ဖမ်းဝရမ်း ထုတ် ခံထား ရသူ ကိုဟန်ဝင်းအောင်က တိုက်ပိုင်သတင်း ထောက်ဖြစ်သူ ကိုမျိုးမြင့်သည် မုံရွာမြို့ပေါ်တွင် ပျောက်ဆုံးေ နေ ကြာင်း ဂျာနယ်တိုက်သို့ အီးမေးလ်တစောင် ပို့ထားကြောင်း၊ ထို့အပြင် ဟန်ဝင်းအောင်၏ ကိုယ်ပိုင် facebook စာမျက်နှာတွင်လည်း တင်ထားကြောင်း သိရသည်။

သတင်းဓာတ်ပုံ အရေးကြီးသည်ဟု ထင်ကာ သတင်းလိုက်လံ ရယူနေသည်ဟု ထင်မြင်ကြောင်း၊ ဂျာနယ်၏ နယ်ခံ သတင်း ထောက် များကလည်း ၎င်းကို ရှာဖွေနေကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးချိန်မှာ ၂၄ နာရီ မပြည့်သေး သဖြင့် ပျောက်ဆုံး သည်ဟု အတည်ပြု၍ မရကြောင်း အထက်ပါ ဂျာနယ်တိုက် တာဝန်ရှိသူက ဆို သည်။

“ကျနော်တို့တွေ ကိုမျိုးမြင့်ကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး လုံးဝမလုပ်ထားပါဘူး။ သူက ဒေသခံတွေဆီကို သ တင်း ယူတဲ့ အခါမှာ ဗီဒီယို ရိုက်တယ်၊ ဗီဒီယိုရိုက်တော့ သမားရိုးကျ မဟုတ်ဘဲ ဒေသခံတွေကို ဒီလိုပြောပါ၊ ဟို လိုပြောပါ ဆိုပြီး သင်ပေးတာ မျိုးတွေ လုပ်တော့ မလုပ်သင့်ဘူးလို့ တားမြစ်တာပါ။ သတင်း လွတ်လပ် ခွင့် ကို ကျနော်တို့ မထိပါးပါဘူး” ဟု မုံရွာခရိုင် ရဲမှူး ဦးတင်ထွန်းက ဧရာဝတီသို့ပြောသည်။

အဆိုပါ သတင်းယူသည့် ကိစ္စနှင့် ပတ်သက်၍ ရဲများ၊ မယက တာဝန်ရှိသူများ အပါအဝင် တခြား သတင်းေ ထာက် တချို့နှင့် ပါ ကတောက်ကဆ ဖြစ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

လက်ပန်းတောင်းတောင် စီမံကိန်းသို့ သွားရောက် သတင်းယူနေသည့် ဧရာဝတီ သတင်းထောက် တဦး ကမူ “မျိုးမြင့်နဲ့ မနေ့ ညနေ ၅ နာရီကျော် လောက်ကတည်းက ဖုန်းအဆက်အသွယ် မရတော့တာ၊ မနေ့က မုံရွာမြို့ မယက တွေနဲ့ သူနဲ့ သတင်းယူတဲ့ကိစ္စ စကားများတာမျိုး ဖြစ်ခဲ့တယ်” ဟု ဆက်သွယ် ပြောပြသည်။

ထို့အပြင် ကိုမျိုးမြင့်နှင့် အတူ သတင်းယူရာသို့ တောက်လျှောက် လိုက်ပါနေသည့် ဒေသခံ ၂ ဦးကိုလည်း ၎င်းပျောက် ဆုံးသွား ချိန်မှ စတင်ကာ မတွေ့ရတော့သည့် အတွက် အဆိုပါ ဒေသခံ နှစ်ဦးနှင့်အတူ ကျေး ရွာ တရွာရွာသို့ ပါသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ပျောက်ဆုံးနေသူ ကိုမျိုးမြင့်မှာ Hot News ဂျာနယ်၏ တိုက်ပိုင် သတင်းထောက်ဖြစ်ပြီး လက်ပန်  တောင်းတောင် စီမံကိန်း သတင်းများကို အစဉ်တစိုက် ရေးသားနေသူ တဦးဖြစ်ကြောင်း သိရသည်။

ကြေးနီစီမံကိန်းရှိရာ ဆည်တည်းရွာတွင် အခြေချ နေထိုင်နေသည်မှာ တလကျော်ခန့် ရှိပြီဖြစ်ပြီး လက် ပန်းတောင်းတောင် အရေး လှုပ်ရှားမှုကြောင့် မုံရွာရဲတပ်ဖွဲ့မှ လတ်တလော အလိုရှိ ဝရမ်းထုတ်ခံထားရသူ ကိုဟန် ဝင်းအောင်နှင့် ချိတ်ဆက်ကာ စီမံကိန်း သတင်းများ ရယူခြင်းအပြင် ဗီဒီယိုရိုက်ကူးမှုများလည်း ပြုလုပ်သည့် သတင်းထောက် တဦးဖြစ်သည်။


မန္တလေးတွင် မေလ ၂ ရက်နေ့ ည၌ ဆူပူလှုံ့ဆော်သူ အချို့အား ထိမ်းသိမ်း ။


ယနေ့ညပိုင်း (၁၀း၀၀)နာရီကျော်ခန့်က မန္တလေး ၃၅လမ်း၊ ရ၆လမ်း နားမှ စတင်ပြီး ဆိုင်ကယ်စီး လူအုပ်စု တစ်စုမှ ဆူပူအော်ဟစ်မှုများ ပြုလုပ်လျက်ရှိသည့် အတွက် လုံခြုံရေးများမှ စောင့်ကြည့် ဖြောင့်ဖျ သော် လည်း ၎င်းအုပ်စုမှာ အနည်းငယ်ချင်း ရွေ့လျားလျက် သီချင်း ဆို၍ လည်းကောင်း၊ အော်ဟစ်၍ လည်းေ ကာင်း ဆက်လက်ပြုလုပ်နေသည့် အတွက် ၃၅လမ်းနှင့်၇၈လမ်း ဒေါင့်တွင် ၎င်းတို့ထဲမှ (၃)ဦး အား ဖမ်းဆီး ထိမ်း သိမ်းလိုက်ပြီးနောက် လူစု ကွဲသွားပါတယ်။


ယခု အခါ ၃၅လမ်း၊ ၇၄ ၊ ၇၅ ၊ ၇၆ ၊ လမ်းတစ်လျှောက်တွင် ဖွင့်လှစ်သော ညအလင်းဆိုင်များ ပိတ်ထား လိုက်ပြီး လုံခြုံရေးကားများ တပ်ဖွဲ့ဝင်များ ချထားတာ တွေ့ရပါတယ်။

သတင်း နှင့် ဓါတ်ပုံ
ရဲင့်ကျော်
မြန်မာဓိက

အစိုးရ စစ်တပ်က DKBA ကို ပြဿနာ ဖြစ်ပွားနေသည့် နယ်မြေကနေ ပြောင်းရွှေ့ရန် အမိန့်ပေး

ဒီကေဘီအေ(ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မ တော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြား တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို နယ် မြေကနေ ဒီလ ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့် ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။


ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက် လာရာမှာ ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့ အတွက် အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီက စပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း လူအင်အား ၁၀၀ ကျော်က မြိုင်ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား ၃၀ ကျော်ကို ၀ိုင်းထားပြီး အဲဒီည တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား ၂ ယောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော ရေကြောင်းပါ အသွားအလာ တွေလည်း ရပ်ထားတယ်လို့ ဆိုပါတယ်။

DVB TV NEWS

ရှမ်းလူငယ်များကို တပ်မတော်သား များက ရိုက်နှက်ခဲ့မှု မှန်ကန်ပါက အရေးယူမည်ဟု ဦးရဲထွဋ် ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျိုင်းတုံခရိုင် မိုင်းပျင်း မြို့နယ်၌ ဖြစ်ပွားခဲ့သည့် တပ်မတော်သာများက ရှမ်းလူငယ်များအား ပြင်းထန်စွာရိုက်နှက်ခဲ့မှု မှန် ကန်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။


"ဒီဖြစ်စဉ် တကယ်ဖြစ်မဖြစ် ကျွန်တော်တို့ မသိရ သေးပါဘူး။ တပ်မတော်သားများအနေနဲ့ ပြည်သူ လူထု ကိုစော်ကားခြင်း မပြုဖို့အတွက် စစ်သည်တော် ကျင့်ဝတ်မှာရော၊ တပ်မတော် အက်ဥပဒေမှာရော တင်း ကျပ် စွာ တားမြစ်ထားပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)အား အီးမေးလ်ဖြင့် မေလ ၁ ရက် နေ့က ပြော သည်။

ဧပြီလ ၁၅ ရက်နေ့က ကျိုင်းတုံခရိုင် မိုင်းပျင်းမြို့နယ် တာလုံမြို့တွင် သင်္ကြန်ကာလအတွင်း ရေကစားနေ သည့် ရှမ်း အမျိုးသမီးများအား ထိုမြို့ရှိ ခြေလျင်တပ်ရင်း ခလရ(၂၉၃)မှ တပ်သားများက ရေပက်ကြမ်းခြင်း၊ ကိုယ် ထိ လက်ရောက် ကျူးလွန်ခြင်းများကြောင့် အနီးရှိဒေသခံ ရှမ်းလူငယ်များက ၀င်ရောက်တားဆီးခဲ့ရာ ထိုလူငယ် များအား လက်ထောက် တပ်ရင်းမှူး ဗိုလ်ကြီးညီညီနိုင်က ပါရှိလာသော ရဲဘော်များအား ရိုက်နှက် ရန် စေခိုင်းခဲ့သည်ဟု ဆိုသည်။

ထို့အတွက် ရှမ်းအမျိုးသမီး နှစ်ဦးနှင့် ရှမ်းလူငယ်ငါးဦး ရိုက်နှက်၊ ကျောက်ခဲဖြင့်ထုခံခဲ့ရကာ ခေါင်း၊ မျက်နှာ နှ င့် ကျောများတွင် ဒဏ်ရာရှိခဲ့ရာ ရွှေတြိဂံတိုင်း ဒုတိုင်းမှူးက အသိသက်သေအဖြစ်ဆောင်ရွက်ကာ ဒဏ်ရာ ရသူတစ်ဦးစီအတွက် ကျပ် ၅၀,၀၀၀ ကူညီမည်ဆိုကာ ဟွေ့ခါးဆေးရုံသို့ အပ်နှံခဲ့သည်ဟု ဆို သည်။

မြန်မာအပေါ် တရုတ်က ဆက်ဆံရေး ပြောင်းလဲလာ

အခု တလော တရုတ်နိုင်ငံက ခြေလှမ်း စိပ်စိပ်နဲ့ မြန်မာ့အရေး ချည်းကပ်လာတာ သတိ ထားမိ ပါတယ်။ NLD ပါတီက အဖွဲ့ဝင်တွေကို ၂ သုပ်ခွဲပြီး တရုတ်နိုင်ငံကို လေ့လာရေးခရီးသွား ကြမယ် ဆိုပါတယ်။ ယမန်နှစ်နဲ့ ယခုနှစ်တွေမှာလည်း မြန်မာနိုင်ငံက အာဏာရ နိုင်ငံရေးပါတီ အပြင် အတိုက်အခံ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ် တွေနဲ့ တချို့အဖွဲ့အစည်းတွေကိုလည်း တရုတ် နိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ခေါ်တာတွေ လုပ်ခဲ့ပါတယ်။


အခု နောက်ဆုံး ၈၈ ရုံးခန်းမှာ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ် ၈၈ မျိုး ဆက် ကျောင်းသားတွေရဲ့ အမြင်ကို သိချင်လို့ ယနေ့ ကိုယ်စားလှယ်တဖွဲ့က လာဆွေးနွေးခဲ့တာ အပါအ၀င်ဘဲ။

၈၈ မျိုးဆက်တွေနဲ့ လာရောက်ဆွေးနွေးတယ်ဆိုတာကတော့ Instute of American Studies , Chinese Academy of Social Sciences က Dr. Zhou Qi (Senior Researcher,Director of American Politics) ဖြစ်သူနဲ့ Dr.Li Nan (Associate Research Fellow)တို့နှစ်ဦး ပါတဲ့အဖွဲ့ဖြစ်တယ်လို့ ၈၈ မျိုးဆက် သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပြောင်းအလဲတွေ ရှိလာတာ အားလုံး သတိထားမိမှာပါ။

ယမန်နှစ်နဲ့ ဒီနှစ်ထဲမှာဘဲ တရုတ်သံအမတ် အဟောင်းနဲ့ အသစ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လာတွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင်လှူဒါန်းမှုတချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါမျိုး လွန်ခဲ့တဲ့ နှစ် ပေါင်း ၂၀ အတွင်းမှာ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ တချိန်က ပါတီ ချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး ဆိုတဲ့ Party to Party, Government to Government ဆိုတာတွေရှိခဲ့ပါတယ်။ နောက်ပိုင်း Army to Army ဆက်ဆံရေးတွေ လည်း ရှိခဲ့ကြတာပါ။ ဒါတွေက အာဏာရှိသူတွေကိုသာ အဓိကဆက်ဆံခဲ့တာပါဘဲ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တရုတ်ရဲ့ ဗျူဟာအရွေ့အပြောင်းက သိသာလာခဲ့ပါတယ်။ အမေရိကန် အပါအ၀င် အနောက်အုပ်စုဟာ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပြီးတဲ့နောက်မှာ မြန်မာ့ ဈေးကွက်မှာ တရုတ်ဟာ တချိန်က ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာပါ။

အခုတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အခုတော့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်လာရတော့မှာပါ။ တဖက် မှာလည်း တရုတ်အစိုးရဟာ မြန်မာလူထုထဲမှာရှိနေတဲ့ တရုတ်ဆန့်ကျင်ရေးတွေ ကျယ်ကျယ် ပြန့် ပြန့် ဖြစ်လာခဲ့တာကိုလည်း ရိပ်စားမိလာခဲ့ပါတယ်။

သေချာတာတခုကတော့ မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ဘက်က လူထုဆက်ဆံရေး အလွန်အားနည်း ခဲ့တယ်ဆိုတာ သိသာတဲ့ ပြယုဂ်တခုအဖြစ် သိသာပါတယ်။

ဒါကြောင့်ဘဲ တရုတ်ဘက်က သုတေသန လုပ်နေသူတွေအမည်နဲ့ ရန်ကုန်နဲ့ မန္တလေး အပါအ၀င် မြို့ကြီး တချို့မှာ လာပြီး မြန်မာလူထုထဲက တရုတ်ဆန့်ကျင်ရေး ရင်ခုန်သံတွေကို နားထောင်ခဲ့ပါသေးတယ်။

တချိန်က တရုတ်အနေနဲ့ မြန်မာလူထုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့တာတွေအတွက် အခုအချိန်မှာ ပြန်လည်ပေးဆပ်နေရတာတွေ လည်း ဖြစ်ပါတယ်။

မြန်မာအနေနဲ့တော့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ပထ၀ီ နိုင်ငံရေးအရရော၊ နိုင်ငံရေး ပထ၀ီ သဘောအရတွေပါ ကမ္ဘာတည်သရွေ့ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံသွားရမှာပါဘဲ။

တချိန်က စစ်ဗိုလ်ချုပ်ကြီးများကတော့ တရုတ်နဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ ကမ္ဘာ့အလယ်က အရှိန်အ၀ါကို ကိုယ့်အာဏာ တည်မြဲရေးအတွက် မျှော်ကိုး ဆက်ဆံခဲ့တာတွေက အများသားဖြစ်နေတာ ကိုတော့ ဝေဖန် ထောက်ပြသူတွေ နှစ်ပေါင်းများစွာ ပြောနေခဲ့ကြတာပါ။

အခုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ လုပ်လာမှုနောက်ပိုင်း နိုင်ငံ တကာနဲ့ပါ ဆက်ဆံရေး မျက်နှာစာသစ်တွေ ဖွင့်လာနိုင်ခဲ့တာမို့ မြန်မာအပေါ် တရုတ်အနေနဲ့ သတိထား ဆက်ဆံလာနေတာလည်း ဖြစ်ပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာနဲ့ ဆက်ဆံကူညီတဲ့ နိုင်ငံဆိုတာ ကမ္ဘာ မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ အားလုံးက ကိုယ်ကျိုးစီးပွားကို အခြေခံ ဆက်ဆံကြချည်းပါဘဲ။

ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ ဒီလို ဆက်ဆံမှုတွေထဲကမှ ကိုယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုး အတွက် ဘယ်လောက် အကောင်းတွေ ဖြစ်လာစေမယ်ဆိုတာကို ခေါင်းဆောင်ဆိုသူတွေ က ကြည့်ပြီး ချိန်ညှိ ဆက်ဆံသွားနိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။

လင်းသန့် ( ဧရာဝတီ)
ဧရာဝတီblog

ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဠ် ၏ သတင်းထုတ်ပြန်ချက်

Thursday, May 2, 2013

ယနေ့ ညနေ ခြောက်နာရီလေးဆယ့်ငါးမိနစ်ခန့်မှာ မန္တလေးမြို့ ၃၅ လမ်း၊ ၇၄/ ရ၅ လမ်းကြားမှာ ရှိတဲ့ အစ္စလမ်ဘာသာဝင်အိမ်များရှေ့မှာ ဆိုင်ကယ်သုံးစီးဖြတ်မောင်းပြီး ဘုန်းကြီးတွေ မီးရှို့ဖို့ လာနေပြီ၊ ထွက်ကြလို့ အော်ဟစ်သွားတဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။


၎င်းနေရာကို လုံခြုံရေးတပ်ဖွဲ့များချက်ခြင်းသွားရောက်ပြီး သတင်းမှန်ကန်မှုမရှိတဲ့အကြောင်း၊ လုံခြုံ စိတ်ချ ရမှုရှိကြောင်းရှင်းလင်းပြောကြားခဲ့တဲ့အတွက် အေးအေးဆေးဆေးဖြစ်သွားခဲ့ကြောင်း သိရပါတယ် ။ အဲဒီလို ထိတ်လန့်အောင်လှုံ့ဆော်သွားသူများကိုဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။

ဖားကန့်မှာလည်း ရေမဆေးကျောက်ရှာသူအချို့က ဆိုင်ကယ်များပေါ်ကနေ ဈေးဆိုင်အချို့ကို ခဲနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရာမှာ နှစ်ဦးဖမ်းဆီးရမိခဲ့ပါ တယ်။

မိမိတို့ရပ်ကွက်များအတွင်း ပြည်သူလူထုထိတ်လန့်အောင် လှုံ့ဆော်သူများ၊ လုယက်ဖျက်ဆီးသူ များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းတားဆီးဖော်ထုတ်ကြဖို့၊ ကောလာဟလများ၊ သတင်းမှားများကို ယုံကြည် ပြီး တုန့်ပြန်ဆောင်ရွက်ခြင်းမပြုဖို့လိုအပ်ပါတယ်။

From : Ye Htut Facebook

ရေဖြင့် ဖုန်းအားသွင်းစနစ် များမကြာမီ လာမည်

ဆွီဒင်နိုင်ငံက နည်းပညာ ကျောင်း တစ်ခုမှ စမ်းသပ်အောင်မြင် သွားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ယင်းနည်း ပညာ အရ ရေရှိရုံနဲ့ ဖုန်းအားသွင်း နိုင် မှာ ဖြစ်ကြောင်း သိရပါတယ်။


ပုံမှာ ပြထားတဲ့ ပစ္စည်းလေးပါပဲ။ ဖုန်း ကိုအပေါ်က အထပ်မှာ ထည့်၊ ရေ ကို အောက်က အထပ်မှာထည့်ပြီး ခဏ ကြာကြာထားရင် ဖုန်းကိုအလိုလို အား ဖြည့်စေပါမယ်။ သို့ပေမယ့် USB ကြိုးပေါက်တော့ ထိုးထားဖို့လိုပါ အုံးမယ်။ Wireless Charging မဟုတ် သေး ပါဘူး။

သို့ပေမယ့် ပုံက ပြထားတဲ့အတိုင်းဆိုရင် အတော်လေး အဆင်ပြေ နေ ပါပြီ။ iPhone နဲ့ စမ်းသပ် ထားတာ အောင်မြင်တယ်လို့ ဆိုပါတယ်။ အထဲမှာ ထည့်ရမယ့်ရေကလည်း a spoonful တဲ့။ စားပွဲတင် ဆား ဇွန်း တော့ မဟုတ်လောက်ဘူး။ ရေအတော်လေး ပြည့်ပြည့် စာ လောက်ထည့်ပြီး အထဲမှာ ဓာတ်ပြုခိုင်းမှာပါ။ ရေထဲကနေ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ထုတ်မယ်။ အောက်ဆီဂျင်ထုတ်မယ်။ ဓာတ်ပြုဖြစ်စဉ် ဖြစ်စေပြီး ဓာတု စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ကူးပြေင်းပေးတာမျိုး ဖြစ်ပါတယ်။

ရိုးရိုးရေဖြစ်ဖြစ်၊ ဆားငံပင်လယ်ရေဖြစ်ဖြစ် အသုံးပြုလို့ရတယ်လို့ ဆို ပါတယ်။ တီထွင်သူတို့များ တော်ချက် က ရေနဲ့တောင် နည်းပညာပစ္စည်း အားဖြည့်လို့ရတဲ့အဆင့်ဆိုတော့ Green Energy ဆိုတာ မဝေးတော့ ပါဘူး။ များမကြာမီနှစ်များအတွင်း အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။

Ref: techblog
Aung Kham (TSJ team)

မိတ္ထီလာ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်

ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရသူတချို့ကို နေရပ် ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်း လိုက် ပြီလို့ သိရပါတယ်။


ယာယီဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အမှတ် ၁၊ အမှတ် ၃ နဲ့ အမှတ် ၅ အခြေခံပညာ အထက် တန်းကျောင်းတွေက ဒေသခံတွေကို ပြည် သာယာ(တောင်)၊ ပြည်သာယာ(မြောက်)၊ ရတနာ မာန်အောင်၊ သာယာကုန်း ၁၊ သာယာကုန်း ၂ စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးတာဖြစ် ပါတယ်။

ဒေသခံတွေကို ပြန်လည်နေရာချထားပေးရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့အတူ ကူညီဆောင်ရွက်ပေးနေတဲ့ ၈၈မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုခိုင်က RFA ကို ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ရတနာမာန်အောင်ရပ်ကွက် ဒေသခံအိမ်ထောင်စု ၁၁၈ စုက မိသားစု ၀င် ၅၂၄ ယောက်ကို မနေ့ကပြန်လည်နေရာချထားပေးပြီးဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ ကျန်ရှိနေ ဆဲဖြစ်သူတွေကို သီရိမင်္ဂလာ၊ ရန်မျိုးအောင်၊ ချမ်းအေးရပ်ကွက်၊ နန်းတော်ကုန်းနယ်မြေစတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးနိုင်ဖို့ ဆက်လက်စီစဉ်နေတယ်လို့ သိရပါတယ်။ မိတ္ထီလာ မြို့ပေါ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်စီမံချက် ပုဒ်မ ၁၄၄ ကို မနက်ဖြန်မှာ ပြန်လည် ရုပ်သိမ်း မှာဖြစ်ပြီး လုံခြုံရေးတာဝန်ယူထားတဲ့ စစ်တပ်ရင်း ၂ ရင်းဟာလည်း ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့ စုံစမ်း သိရ ပါတယ်။

From...RFA 

တန့်ယန်း ဒုက္ခသည်တွေကို မြို့ပေါ်မှာ ပြန်နေရာချမည်

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တန်ယန်းမြို့နယ်၊ ရပ်ကွက်အမှတ် (၄) အောင်မင်္ဂလာ ဘုန်းကြီး ကျောင်းမှာ ခိုလှုံခွင့်ပေးထားတဲ့ စစ်ပြေးဒုက္ခသည် တွေကို ရပ်ကွက်အမှတ် (၅)မှာ ပြန် လည်နေ ရာ ချ ထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


အဲဒီလိုစီစဉ်ပေးနေတာနဲ့ ပတ်သက်ပြီး ဒုက္ခသည် တွေ ကို ကူညီပေးနေတဲ့ တန့်ယန်းဒေသခံ ကိုစိုင်းအောင်ပ က အခုလိုပြောပါတယ်။

"သူတို့လုပ်ငန်းခွင်ဝင်ဖို့ကလည်း တောင်ပေါ် က အေးတယ်၊ ပြန်သွားလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အခုသူတို့ကိုထားတာ ဘုန်းကြီးကျောင်းဆိုတော့ ရေရှည်ကတော့ အဆင်မပြေလောက်ဘူး ၊ ပြန် လည် နေရာချထားပေးဖို့ ကျနော်တို့ တန့်ယန်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြေစာရင်းတို့ ဘာတို့နဲ့ ဌာနပေါင်းစုံ တိုင် ပင်ပြီးတော့ နေရာကတော့ရှာထားပြီးပြီဗျ၊ အခုစလုပ်ဖို့ကို ပြင်ဆင်နေပြီ၊ သစ်တွေ ဝါးတွေအကုန်လုံး ရောက်လို့ရှိရင်တော့ တန်းလျားဆောက်ပေးမှာပေါ့၊ သောက်သုံးရေ ကျတော့ ရေ သန့်တွေကို တူးပေး ရ လိမ့်မယ်၊ ဒီလထဲကို ပြီးနိုင်လောက်မယ်တော့ မှန်းထားတယ်"

လက်ရှိမှာတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် တစ်ရာဝန်းကျင်လောက်က တန့်ယန်းမြို့ပေါ်က နီးစပ်ရာဆွေမျိုးတွေဆီ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး အသုတ်လိုက်ပြောင်းရွှေ့နေကြတာကြောင့် စခန်းမှာ ဒုက္ခသည် သုံးရာလောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေ စားရေးသောက်ရေးအတွက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁ လစာနဲ့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးဌာနက ၁ လစာ လှူဒါန်းထားတာကြောင့် နှစ်လစာအတွက် ဖူလုံမှုရှိနေသေးတယ်လို့ ကိုစိုင်းအောင်ပက ဆိုပါတယ်။ မြို့ပေါ်ကို ပြောင်းရွှေ့သွားကြတဲ့ ဒုက္ခသည်တွေကိုလည်း စားနပ်ရိက္ခာ ဖူလုံမှု ရှိအောင် ရက်၂၀ စာ ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။

From...RFA 

စစ်တွေ လူဦးရေ စစ်သူတွေကို တိုက်ခိုက်မှုမှာ ပါသူတွေကို ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေ စာရင်း စစ် ဆေးတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ကြိုးကိုင်သူလို့ ယူဆရတဲ့ မွတ်ဆလင် ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီလိုက်ပါတယ်။


လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မူဆလင်ဒုက္ခသည် စခန်းတွေမှာ လူဦးရေစာရင်း သွားစစ်တဲ့ ဆွဲတင်စစ် အဖွဲ့တွေကို နှောင့်ယှက်ဟန့်တားခဲ့ပြီး အုပ်စုဖွဲ့ ရန်ရှာခဲ့မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေလို့ ယူဆရသူတွေကို သက်ဆိုင်ရာကလိုက်လံရှာဖွေ ဖမ်းဆီးနေခဲ့ရာမှာ အခုအဲဒီလူ၇ဦးကို ဖမ်းဆီးလိုက်တာပါ။ အခု အဖမ်းခံရတဲ့ အထဲမှာ သက်ကယ်ပြင်ရွာက ဦးကျော်မြင့်၊ သူ့ရဲ့သား ဦးလှမြင့်နဲ့ တိရိစ္ဆာန် ဆေးကု ဆရာဝန်တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဧပြီလ ၃၀ ရက်နေ့က ရုံးထုတ်ခဲ့ရာမှာ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူ အုံကြွမှု ဖြစ်ပွားအောင် လှုံ့ဆော်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးနဲ့ တုတ်၊ ဓားကိုင် အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင် စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ ၃၃၃) တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ လူ တချို့ကတော့ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ ပြောပါတယ်။

လူဦးရေ စာရင်း စစ်ဆေးတဲ့ အဖွဲ့တွေ ရန်ရှာ တိုက်ခိုက်ခံခဲ့ရ အပြီးမှာ အခုလို ဖမ်းဆီးမှုတွေ လုပ်ခဲ့သလို မွတ်ဆလင် ဒုက္ခသည် စခန်းတွေရဲ့ လူဝင် လူထွက် ကိုလည်း ပိုမို တင်းကြပ်ထားတယ်လို့ သိရပါတယ်။

BBC Burmese News

မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည်

ငွေဖြင့် ၀ယ်ယူ၍မရနိုင်သောအရာများထဲတွင် အချိန်လည်း ပါဝင်သည်။ သို့သော်လည်း မော် လမြိုင် ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင် တော့မည့် အခြေအနေတခုကို တွေ့နေ ရသည်။ ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်း NOK AIR က ၁၈ မိနစ်ကြာမည့် မဲဆောက် -မော်လမြိုင်လေကြောင်း ခရီးစဉ်ကို လာမည့်ဇူလိုင်တွင် စတင် ပြေးဆွဲမည်ဟု သိရသည်။


မြန်မာကုန်သည်တယောက် ဖြစ်သည့် ဦးအောင် ၀င်း က “လေယာဉ်ဆွဲလို့ကတော့ အများဆုံးစီးမှာက မော်လမြိုင်ကကုန်သည်တွေပဲ။ ၁၈ မိနစ်ပဲ ကြာတယ်ဆိုတော့ အင်္ကျီ မီးပူခေါက်တောင်မပျက်ဘူး။ တနေကုန်သွားရတဲ့ တောင်ပေါ်လမ်းကို ကုန်သည် တွေ ဘယ်သွားတော့မှာလဲ။ အချိန်က တန်ဘိုးရှိ တယ်” ဟု ပြောသည်။

“မော်လမြိုင်ကနေ မဲဆောက်ကို သွားနေကြတဲ့ ကုန်သည်အရေအတွက်က တနေ့ ၁၀၀ ကျော် ရှိတယ်” ဟု သူက ဆက်ပြောသည်။

မော်လမြိုင်သူ မော်လမြိုင်သားများသည် ကားလမ်းအသုံးပြုပါက သထုံ၊ ဘားအံ၊ ကော့ကရိတ်မြို့ များ နှင့် ဒေါနတောင်ကို ဖြတ်ပြီးမှ မြဝတီမဲဆောက်ဒေသသို့ ရောက်ရှိနိုင်သည်။ မြန်မာလေကြောင်း ညွှန်ကြားမှု ဦးစီးဌာနကထုတ်ပေးမည့် လေယာဉ်ပျံသန်းခွင့်လက်မှတ်ကို လာမည့် ဇူလိုင်လခန့်တွင် ရရှိနိုင်မည်ဟု NOK AIR လေကြောင်းလိုင်းက ခန့်မှန်းထားသည်။

၎င်းလေကြောင်းလိုင်းမှ ၀န်ထမ်းတဦးက “လာမဲ့ဇူလိုင်လလောက်မှာ စတင်ပြေးမှာဖြစ် တယ်။ လေယာဉ် လက်မှတ်ခနဲ့ပတ်သက်ပြီး ကုမ္ပဏီက ကျမတို့ဆီကို ဘာမှ အကြောင်းကြားလာတာ မရှိသေးပါဘူး။ မကြာခင် ဒီခရီးစဉ် စတင်မှာကတော့ သေချာပါတယ်” ဟု ပြောသည်။

NOK AIR က မော်လမြိုင်သို့ နှစ်ကြိမ် စမ်းသပ်ပြေးဆွဲခဲ့ပြီးဖြစ်သည်။

ဤလေကြောင်းခရီးစဉ် ပေါ်ပေါက်လာပါက ထိုင်းနိုင်ငံသား ခရီးသွားများသည် မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ပင်လယ်ကမ်းခြေနှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လည်ပတ်နိုင် မည်။

နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းနှင့်မြန်မာနိုင်ငံသားများအပြင်၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့်မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ဤလမ်းကြောင်းမှ သွားလာနိုင်မည်ဟု သိရသည်။

ခရီးစဉ်အတွက် ခရီးသည် ၃၄ ဦး တင်ဆောင်နိုင်သည့် ဆွီဒင်နိုင်ငံထုတ် Saab-၃၄၀ အမျိုးအစားလေ ယာဉ်ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။

NOK AIR သည် မြန်မာနိုင်ငံအတွင်း မြို့တချို့သို့ ပြေးဆွဲနိုင်ရန်အတွက်လည်း လေ့လာနေကြောင်း သိရ သည်။

ဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်သောကြောင့် လက်မှတ်ခ သက်သာသည့် NOK AIR သည် မဲဆောက်-ဘန်ကောက်ခရီးစဉ်ကို အသွားအပြန် တနေ့ လေးကြိမ်၊ မဲဆောက်-ချင်းမိုင်ခရီးစဉ်ကို အသွားအပြန် တနေ့ တကြိမ် ပြေးဆွဲနေသည်ကို တွေ့ရသည်။

ဧရာဝတီ

ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတ ဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက်တာဝန်ယူ ထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက် နေတဲ့ ပါတီကိုယ်စားလှယ်တွေ က ပြော ပါတယ်။


သမ္မတဦးသိန်းစိန်ဟာ ပါတီဥက္ကဌအဖြစ်က နှုတ်ထွက် ခြင်းမရှိသေးဘဲ ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ဥက္ကဌရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင် နေခြင်းသာဖြစ်တယ်လို့ ပါတီလူငယ် ညီလာခံ တက်ရောက်နေတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

“နဂိုအတိုင်းပဲ၊ ဥက္ကဌက နိုင်ငံတော်သမ္မတကြီးပေါ့၊ သမ္မတကြီးက ဥက္ကဌတာဝန်ကို ယူထားပေမယ့် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့်မို့ ယာယီဥက္ကဌက ဥက္ကဌတာဝန်ကို ထမ်းဆောင်နေတာခင်ဗျ၊ ကျနော်တို့ ပါတီဥက္ကဌကြီးကတော့ ဦးသိန်းစိန်ပါပဲ၊ သို့သော် ဦးသိန်းစိန်ဟာ ပါတီလုပ်ငန်းတွေ ကို ဆောင်ရွက်ရခြင်းမရှိပါဘူး၊ ဥပဒေအရ သူကနာမည်သာရှိတာ ပါတီလုပ်ငန်းတွေ ကို ဆောင်ရွက်ခြင်း မရှိ ပါဘူး၊ သူကပါတီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ယာယီဥက္ကဌဖြစ်တဲ့ ဦးသူရရွှေမန်း က ဥက္ကဌတာဝန်၊ ဥက္ကဌအလုပ်တွေကို အကုန်လုပ်ပါတယ်ခင်ဗျ၊ ဒီနေ့ဆိုရင် ပြည်ထောင်စု ဝန်ကြီး ၄ ပါး လောက်လည်းတက်တယ်၊ သို့သော်သူတို့ဟာ ပါတီမှာရာထူးတွေ ယူထားသော်လည်း ပါတီအလုပ်တွေကို မလုပ်ပါဘူး၊ ဆိုလိုတာက CEC တို့ EC တို့စသဖြင့် ယူထားပါတယ်၊ ယူထားပေမယ့် သူတို့ကလာပြီးတော့ ပါတီမှာ တာဝန်ထမ်းဆောင်ခြင်းမရှိပါဘူး၊ မျက်နှာလေး လာပြပြီးတော့ ပြန်သွား တာပါပဲ၊ အဲ့ဒီသဘောပါ”

သမ္မတဦးသိန်းစိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ်က နှုတ်ထွက်လိုက်ပြီဖြစ်ပြီး၊ လက်ရှိပါတီ ဥက္ကဌ အဖြစ် သူရဦးရွှေမန်းက ဆောင်ရွက်နေကြောင်း The Voice နေ့စဉ်သတင်းစာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ ယခင်က ဦးသိန်းစိန်ရဲ့ ဥက္ကဌလုပ်ငန်းတာဝန်တွေကို ပူးတွဲ ထမ်းဆောင်နေခဲ့တာဖြစ်ပြီး၊ အခုနေပြည်တော်မှာ ၃ ရက်ကြာကျင်းပနေတဲ့ လူငယ်ညီလာခံအတွင်း ဦးသိန်းစိန်ထံက ဥက္ကဌရာထူး လွှဲပြောင်းရယူလိုက်တာဖြစ်တယ်လို့ အဲဒီစာစောင်တွေ မှာ ဖော်ပြထား ပါတယ်။

ဦးလှဆွေနဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။


နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ မေလ ၂ ရက်နေ့ကကျင်းပတဲ့ ပါတီလူငယ်တွေ့ ဆုံပွဲ ကို တွေ့ရစဉ်

RFA