“ငမိုးရိပ် ရေပေးဝေရေး ဒုတိယအဆင့် စီမံကိန်းက ရေပိုက်တွေ ဆက်နေတာ တော်တော်များများ ပြီးနေပါပြီ။ မေလကုန် ဇွန်လဆန်းလောက်မှာ စပြီး ဖြန့်ဖြူးပေးနိုင်မှာပါ။ စုစုပေါင်း ရေဂါလန် ၄၅ သန်း ထပ်ပေးနိုင်မှာပါ” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဧပြီလ ၂၉ ရက်နေ့တွင် ပြောကြားသည်။
လက်ရှိတွင် ဂျိုးဖြူကန်၊ ဖူးကြီးဆည်၊ လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေပေးဝေရေး ပထမအဆင့် စီမံ ကိန်းနှင့် စည်ပင်ပိုင် အဝီစိတွင်းများ၊ နေ့စဉ်ရေဂါလန် သန်း ၁၆၀ ကို ရန်ကုန်မြို့သို့ နေ့စဉ်ဖြန့်ဖြူး ပေးနေပြီး လိုအပ်ချက်မှာ နေ့စဉ် ရေဂါလန်သန်း ၁၈၀ ရှိမည်ဟု ဆိုသည်။
“ရေက သင်္ကြန်မတိုင်ခင် ကတည်းက မလာတော့တာ။ ခုမလာတဲ့ရက် တော်တော်များပြီ။ တစ်ခါတစ်လေ တော့ လာတယ်။ ဒါပေမယ့် တစ်တိုက်လုံး မလာဘူး။ ရေမလာလို့ စည်ပင်ကို ဖုန်းဆက်တိုင်လည်း လာ ကြည့်မယ်၊ လာကြည့်မယ်ဆိုပြီး လာလည်းမကြည့်ပါဘူး” ဟု ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းရှိ အထပ် ငါးလွှာတွင် နေထိုင်သူ ကိုစိုးဇေယျာထွန်းက ပြောသည်။
ရေဖြန့်ဖြူးပေးဝေရာတွင် ရေပိုက်စနစ်များနှင့် အခြားချို့ယွင်းချက်များကြောင့် ရေတွန်းစက်ရုံမှ စတင် ဖြန့်ဖြူးသည့် ရေပမာဏအတိုင်း သုံးစွဲသူထံ မရောက်ရှိနိုင်ဘဲ ရေလေ လွင့်ဆုံးရှုံးမှုများ ရှိသည်ဟုလည်း မြို့တော်စည်ပင်မှ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ်အတွင်း ရေပေးဝေရေး ပိုက်လိုင်းခွဲပေါင်း နှစ်သိန်းကျော်နှင့် ရေမီတာပေါင်း နှစ်သိန်း ကျော်ရှိပြီး ပုံသေနှုန်းထားဖြင့် အခွန်အတုတ်ကောက်ယူသည့် အရေအတွက်မှာ ခြောက်သောင်းကျော် ရှိသည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။
Khit Lu Nge
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။