“ကိုယ့်မြေကြီး ကိုယ်ပြန်လိုချင်တယ်။ ကိုယ်မြေကြီး ကိုယ်ပြန်ရမှ သားမြေးစဉ်ဆက် လုပ်စားလို့ ရမယ်။
ပိုက်ဆံဆိုတာ သုံးလိုက်ရင် ကုန် သွားမှာ။ အခု စီးပွားရေးမကောင်းတော့ အစ်ကိုသားတောင် ခုနှစ်တန်းနဲ့
ကျောင်းထွက်လိုက်ရပြီ” ဟု ရှမ်းစုကျေးရွာမှ လယ်သမားကြီး ဦးစိုးဝင်း ပြောကြားသည်။
(၁၉၉၇)ခုနှစ်တွင် မြန်မာ့ကြံလုပ်ငန်းမှ မြေဧက(၅၂၉၁)အား မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုအရ
သိမ်းဆည်း ကြောင်း၊ ရှမ်းကုန်းမျိုးပွားခြံမှ (၂၀၉) ဧက၊ ပန်းတင်ခြံမှ(၈၀)ဧက၊
ရဲတပ်ရင်း(၁၀)မှ (၁၉၀)ဧကတို့အား ကိုယ်တိုင်စိုက်ပျိုးခြင်း ဌားရမ်းအသုံးပြုခြင်းများ
ဆောင်ရွက်ထားကြောင်း၊ ကျန်မြေများကို မြန်မာကြံလုပ်ငန်းပိုင်အဖြစ် ထားရှိပြီး တောင်သူများကို
လုပ်ပိုင်ခွင့်ပေးထားကြောင်း အချို့မြေများမှာ ပြေစာပေါက်ပြီး (၁၉၉၆) ခုနှစ်အထိ
အခွန်ပေးဆောင်ထားမှုများ ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ပြည်မြို့တွင် ပထမဦးဆုံးတရားဝင် ဆန္ဒဖော်ထုတ်ခွင့်ရသော ပွဲဖြစ်ကြောင်း၊ ဧပြီလ၂၄ရက်တွင်
ခွင့်ပြုမိန့် စာတင်၍ ၃၀ရက်နေ့တွင် တရားဝင် ခွင့်ပြုမိန့်စာ ရရှိကြောင်း၊
မျိုးပွားခြံမှသကြားစက်အထိ ခွင့်ပြုမိန့် စာတင်ခဲ့သော်လည်း သကြားစက်ရှေ့တစ်နေရာတည်းတွင်သာ
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ပေးခဲ့ ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အာဇာနည်နေ့တုန်းက စီတန်းလှည်လည်ခွင့်ရဖို့ နှစ်ကြိမ်စာတင်ခဲ့တာ မရဘူး။
ဒီလို ဖော်ထုတ်ခွင့်ရတာ ပြည်မှာ ပထမဆုံး မြင် ဖူးတာပဲ။ အဲဒီလိုမျိုး လူတွေရဲ့ ခံစားချက်ကို
များများ ဖော်ထုတ်ခွင့်ပေးမှ နိုင်ငံတော်သမ္မတကြီးက လူထုအသံကို ကြားနိုင်မြင်နိုင်မှာပါ”ဟု
တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းဆွေမှ ရဲ တပ် ရင်း(၁၀)မှ သိမ်းဆည်းမြေများ အား လျော်ကြေးပေးရန် အစီအစဉ်ရှိမရှိ
မေးမြန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ အစီအစဉ်မရှိကြောင်း
ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် “အဓမ္မသိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး၊ ကြံဌာနမှ သိမ်းထားသော
လယ်မြေများ ပြန်လည်ရရှိရေး၊ သကြားစက်မှ သိမ်းထားသော လယ်မြေများ ပြန်လည်ရရှိရေး”ဟူသော
ကြွေးကြော်သံများရွတ်ဆို၍ ကျေးရွာသူ/သားတစ်ရာကျော် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။