/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 8, 2012

.

US to YANGON Shopping ဝန်ဆောင်မှုတစ်ခု Facebook စာမျက်နှာတွင် ပြုလုပ်


US မှ ပစ္စည်းများကို ဝယ်ယူနိုင်မည့် US to YANGON Shopping ဝန်ဆောင်မှု တစ်ခုကို Facebook စာမျက်နှာပေါ်တွင် စက်တင်ဘာလကုန်ပိုင်းက ပြုလုပ်လိုက်ကြောင်း သိရသည်။ ပစ္စည်းမှာယူသည့် အခါတွင် ပစ္စည်းမှာယူသည့် နေ့မှစပြီး နှစ်ပတ်ဝန်းကျင် ကြာမြင့်မည်ဖြစ်သည်။

ဝန်ဆောင်ခအနေဖြင့် ပစ္စည်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်သော်လည်း ပစ္စည်းတန်ဖိုး USD 500 နှင့်အထက် မှာယူပါက ၁၂ ရာခိုင်နှုန်း၊ USD 1000 နှင့်အထက် မှာယူပါက ၁၀ ရာခိုင်နှုန်း၊ USD 2000 နှင့်အထက် မှာယူပါက ၈ ရာခိုင်နှုန်းသာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မှာယူသူများ စိတ်ချမ်းသာစေရန်အတွက် ဝန်ဆောင်ခကိုလည်း ညှိနှိုင်းပေးသွားမည်ဟု ဆိုသည်။ ပစ္စည်းမှာယူရန် Confirm ဖြစ်ပြီဆိုပါက ပစ္စည်းတန်ဖိုး၏ တစ်ဝက်ကို ပေးချေထားရမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို မှာယူသည့်ပစ္စည်း မိမိထံလက်ခံရရှိမှ အပြီးသတ်ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

ပစ္စည်းမှာယူလိုသူများ၊ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိလိုသူများအနေဖြင့် mr.shopper8@gmail.com နှင့် ဖုန်း -၀၉-၅၅၈၈၁၁၁ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

US to YANGON Shopping ဝန်ဆောင်မှု လိပ်စာမှာ http://www.facebook.com/Mr.Shopper8 ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။