/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 8, 2012

.

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ခန့်မှန်းခံရသူများထဲတွင် သမ္မတ ဦးသိန်းစိန် ပါဝင်


ယခုနှစ် နိုဗယ်လ်ဆု ရာသီသည် ယနေ့တွင် စတင်လိုက်ပြီဖြစ်ပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ခန့်မှန်းခံရသူများထဲတွင် သမ္မတ ဦးသိန်းစိန် အမည် ပါဝင်လာသည်ကို တွေ့ရသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုကော်မတီသည် ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ကြေညာလေ့ မရှိသော်လည်း နော်ဝေနိုင်ငံ၊ အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ အကြီးအကဲ Kristian Berg Harpviken က ကော်မတီ၏ လုပ်ဆောင်ပုံများကို လေ့လာကာ နှစ်စဉ် ဆုရရှိနိုင်ခြေရှိသူများ၏ စာရင်းကို ထုတ်ပြန်လေ့ရှိသည်။

၎င်း ထုတ်ပြန်သောစာရင်းတွင် သမ္မတ ဦးသိန်းစိန်၏ အမည်သည် အမေရိကန်နိုင်ငံရေးသီအိုရီပညာရှင် Dr Gene Sharp ၊ ရုရှားအခွင့်အရေးအဖွဲ့ Memorial နှင့် ၎င်းကို တည်ထောင်သူ Ms Svetlana Gannushkina၊ ရုရှားနိုင်ငံမှ အမှီအခိုကင်းပြီး လွတ်လပ်သောမီဒီယာအဖွဲ့ Echo Of Moscow နှင့် ၎င်း၏အယ်ဒီတာချုပ် Mr Alexei Venediktov၊ ဘာသားရေးကို အလွဲသုံးစားပြုခြင်းကို ဆန့်ကျင်သူများ ဖြစ်ကြသည့် Archbishop John Onaiyekan၊ Sultan of Sokoto Mohamed Sa'ad Abubakar တို့၏ အမည်စာရင်းနှင့်အတူ ပါဝင်လာခြင်းဖြစ်သည်။

ယခုနှစ်အတွက် ပထမဆုံးနိုဗယ်လ်ဆုဖြစ်သည့် ဆေးပညာနိုဗယ်လ်ဆိုကို ယနေ့တွင် စတော့ဟုမ်းလ်မြို့တွင် ကြေညာမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။