/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 8, 2012

.

မန္တလေးက ဖယောင်းတိုင်ကိစ္စ (၅) လအကြာမှာ ပုဒ်မ (၁၈)တဲ့


ပြီးခဲ့သည့် (၅)လခန့်က လျှပ်စစ်မီးပြတ်တောက်ချိန်များ ပြားလာခြင်းကို ကျေနပ်မှုမရှိသူ များက ဖယောင်းတိုင်မီးညှိကိုင် ဆောင်ပြီးချီတက်ဆန္ဒဖော်ထုတ် ခဲ့စဉ်က ပါဝင်ပတ်သက်သည်ဟု ယူဆသောကြောင့် မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်း ခြင်းခံထားရသူများကို ပုဒ်မ(၁၈) ဖြင့် တရားစွဲဆိုထားပြီဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ မိမိတို့ အား အောက်တိုဘာလ (၇)ရက် နေ့ နံနက်ပိုင်းတွင် ဖုန်းဖြင့် ဆက် သွယ်အကြောင်းကြားလာကြောင်း ဒေါ်အမာနီ၊ ဒေါ်ခင်သန်းမြင့်တို့ နှင့် True News Journal မန္တလေး တာဝန်ခံ ဆရာမင်းထက်ငြိမ်းချမ်း တို့ထံမှ ကြားသိရကြောင်း သိရ သည်။

ဒေါ်အမာနီနှင့် ဒေါ်ခင် သန်းမြင့်ကို အမှတ်(၈)ရဲစခန်းမှ အကြောင်းကြားခြင်းဖြစ်ပြီး ဆရာ မင်းထက်ငြိမ်းချမ်းကို အမှတ်(၂) ရဲစခန်းမှ အကြောင်းကြားလာ ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရ သည်။

အကြောင်းကြားခြင်းခံရ သူများက ပြောကြားရာတွင် ထို စဉ်က စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ရာတွင် ပတ်သက်သည်ဟု ယူဆခြင်းခံရသူများကို သတင်း တပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမေးမြန်း ပြီးပြီဖြစ်ကြောင်း၊ ယခုအချိန်ကြ မှ တရားစွဲဆိုသည်ဆိုခြင်းကို မည် သို့မျှ နားလည်လက်ခံနိုင်ခြင်း မရှိ ဟု ပြောကြားခဲ့ကြောင်းနှင့် ရဲစခန်း မှ အကြောင်းကြားလာသူမှ အထက်ညွှန်ကြားချက်အရ တရား စွဲဆိုထားရခြင်းဖြစ်ကြောင်း ပြန် လည်ရှင်းလင်းပြောဆိုခဲ့သည်ဟု လည်း သိရသည်။

မန္တလေးမြို့ တွင် ဖယောင်းတိုင် မီးထွန်းညှိ ဆန္ဒဖော်ထုတ်မှုများမှာ ၂၀၁၂ ခုနှစ်၊ မေလ (၂၀)ရက်နေ့က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီးအချိန် (၅)လကြာ မြင့်ခဲ့ပြီဖြစ်ပါသည်။

ဥယျာဉ်မှူး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။