/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 9, 2014

.

ရခိုင်ပြည်နယ်တွင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက်များ လာရောက်ပါက မောင်းထုတ်မည်ဟု ဆို



ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်များလာေ၇ာက် ဆိုပါက ဆန္ဒပြကန့်ကွက် ကာ မောင်းထုတ်သွားမည်ဖြစ်ကြောင်း မဟာ ရက္ခိတ အဖွဲ့မှ သိရ သည်။


ယင်းအဖွဲ့အား ဦးဆောင်သူ ဦးမောင်လှက "ဆန္ဒ ထုတ်ဖော်ဖို့အတွက် ခွင့် ပြုချက်တင်ထားတယ်။ ဒါပေမယ့် ခွင့်ပြုချက်တော့မရသေး။ တကယ် လို့ ခွင့်ပြုချက်မပေးရင်လည်း ကျွန်တော်တို့က ပြသွားမှာပါ။ ဒေါ်စုမလာ ဘဲ ၈၈ တွေလာရင်လည်း ကျွန်တော်တို့ ကတော့ ဆန္ဒထုတ်ဖော်သွားမှာဖြစ် ပါတယ်။ အဓိက ရည်ရွယ်ချက်က ၅၉(စ)အပြင်မခံနိုင်ဘူး၊ ဘင်္ဂလီတွေဘက်က ရပ်တည်တဲ့သူတွေကို ကျွန်တော်တို့ ပြည်နယ်ထဲက မောင်းထုတ်မယ် ဆိုတာပါပဲ"ဟု ပြောသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ရန်အတွက် လူအင်အား တစ်ရာဖြင့် ခွင့်ပြုချက် တင် ထားဆဲဖြစ်ကြောင်းနှင့် ကိုင်ဆောင်မည့် ဆိုင်းဘိုးအချို့ကိုလည်း ဘီနိုင်း များဖြင့် ပြုလုပ်ထားပြီးဖြစ်သည်ဟု သိရသည်။

ဒေါ်စုသည် ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလီများဘက်မှ ၀င်ရောက်ပြော ဆိုခြင်းများအား မကျေ နပ်သည့်အတွက် ထိုသို့ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်းနှင့် တိုင်းရင်းသားအရေးတွင် တိုင်းရင်း ပါဝင်ကူညီမှုမရှိသူဖြစ်ကြောင်း၊ ဘင်္ဂလီများအား လူနည်းစုဟု မှားယွင်းစွာသုံးနုန်းခဲ့ခြင်းများနှင့် ၅၉ (စ)ကိုပြင်ဆင်စေခြင်းများ သည် တိုင်းရင်းသားအရေးနှင့် ဆန့်ကျင်နေခြင်းများကြောင့်ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟုလည်း မဟာရက္ခိအဖွဲ့တွင် ဦးဆောင်ပါဝင်မည့် ဦးမောင်လှ ကပြောသည်။

မူလက ဇွန်လအတွင်း ဒေါ်စုနှင့် ၈၈ တို့လာရောက်မည်ဟု သတင်းကြားသော်လည်း ယခုနောက်ပိုင်း တွင် ဇူလိုင်လအတွင်းသာ လာရောက်မည်ဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

“ဘယ်အချိန်လာလာ၊ လာချင်တဲ့အချိန်လာခဲ့ပါ။ ကျွန်တော်တို့ လက်မခံဘူး။ လေယာဉ်နဲ့လာရင် လေဆိပ်ကနေ မောင်းထုတ်မယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုလည်း ကျွန်တော်တို့ လုံးဝ လက်မခံဘူး။ ၄၃၆ ပြင်တာက ပုဒ်မ ၅၉(စ)ကို ပြင်ချင်လို့ တစ်ဘက်လှည့်နဲ့ လုပ်တာ ဆိုတာကို ကျွန်တော်တို့ သိနေတယ်။ ပြောချင်တာက ရခိုင်ပြည်နယ်ကို ဒီလို ဘင်္ဂလီအားပေးတွေ ခြေမချနိုင်ဖို့ ပြတ်ပြတ်သားသား ဆန့်ကျင် သွားမယ်” ဟု ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအတွက် လာသောနေ့၌ ဆန္ဒထုတ်ဖော်ကာ ရခိုင်ပြည်နယ်မှ မောင်းထုတ်မည်ဟုလည်း သတင်း ရရှိသည်။

From: RSV

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။