/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 31, 2014

.

ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံလိုက်ပြီဟုဆို



နိုင်ငံစုံတပ်များဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံလိုက်ကြောင်း သိရ သည်။


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယား က မြန်မာ့တပ်မတော် အကြီးအကဲနှင့် ယခုရက်ပိုင်း တွေ့ဆုံစဉ်က ကမ်းလှမ်းခဲ့မှု အပေါ် မြန်မာတပ်ဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြု ပြောသည်။ ''မူအားဖြင့် နှစ်ဖက်လက်ခံလိုက်တာပါ'' ဟု ဦးဇော်ဌေးက ပြောသည်။ ယခုကဲ့သို့လက်ခံမှုသည် တပ်မတော်အစိုးရ လက်ထက် ၁၉၈၈ နောက်ပိုင်းတွင် ပထမဦးဆုံး လက်ခံ ခြင်းဖြစ်ပြီး အသေးစိတ်နှစ်ဖက်ဆက် ဆွေး နွေးရမည့်ကိစ္စဖြစ်၍ ယခုအချိန်တွင်ပြောဆိုရန် စောလွန်း နေသေးသည်ဟု ဦးဇော်ဌေးက ဆက် ပြောသည်။

''အဆင့်မြင့်သင်တန်းတွေ ပေး ထားတာတွေက တပ်မတော်မှာ ရှိထား ပါတယ်။ နောက်ပြီး အရာရှိ လွှတ်မလား ဒါမှမဟုတ် အခြား အဆင့်လွှတ်မလား စတာတွေ ရှိတော့ သေသေချာချာ မ ပြောနိုင်သေး တာပါ'' ဟု ၎င်းက ထပ် လောင်းဆိုသည်။

၂ဝ၁၃ ခုနှစ်ပိုင်းမှ စကာ EU အပါအဝင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် မြန်မာ့တပ်မတော်ကို အဆင့်မြင့် သင်တန်းများပေးရန် ဆွေးနွေး ခြင်း၊ ကမ်းလှမ်းခြင်းများ ပြုလုပ်ပြီး လက်တွေ့ အ ကောင်အထည်ဖော်မှု အချို့ကို ဆောင် ရွက်ပေးခဲ့သည်။

တပ်မတော်သားဟောင်း တစ်ဦး ဖြစ်သည့်အပြင် လက်ရှိတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လည်းဖြစ်သူ ဦးလှဆွေက ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူ လက်ခံလိုက်မှုကို ကြိုဆိုကြောင်း ထောက်ခံ ပြော သည်။ နိုင်ငံခြား ဘာသာစကား တတ် ကျွမ်းပြီး အရည်အချင်း ပြည့်မီသော အရာရှိနှင့် စစ်သည်များ တပ်မတော်တွင် ရှိ၍ ဦးစားပေးရွေးချယ်ခြင်းဘက်တွင် လည်း တပ်မတော်က အခက်အခဲမရှိ နိုင်ဟု ဦးလှဆွေက Popular News သို့ ပြောသည်။

၁၉၄၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ဖွဲ့စည်းပြီးစဉ်ကတည်းက ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် ငြိမ်း ချမ်းရေးထိန်းသိမ်းရန် ကုလသမဂ္ဂ ငြိမ်း ချမ်းရေးတပ်များကို ဖွဲ့စည်းခဲ့သည်။ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ကုလ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ တပ်မတော် သားများ၊ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အရပ်ဘက် ဝန်ထမ်းများလည်း ပါ ဝင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ကုလငြိမ်းချမ်းရေးတပ်သည် ယုံကြည်မှု တည်ဆောက်ခြင်း၊ အာဏာခွဲဝေ ကျင့် သုံးစေခြင်း၊ ရွေးကောက်ပွဲများ ကျင်းပရန် အကူအညီပေးခြင်း၊ တရားဥပဒေစိုးမိုး ရေးကို အထောက်အကူပေးခြင်းနှင့် လူမှု စီးပွားဖွံ့ဖြိုးရေး ပုံစံနည်းနာများ ကို ကျင့်သုံးပြီး ပဋိပက္ခလွန်ဒေသများ တွင် ငြိမ်းချမ်းရေး တည်ဆောက် ခြင်း လုပ်ငန်းကို လုပ်ဆောင်ကြသည်။

ဦးထုပ်ပြာများဟု ခေါ်ဆိုကြသည့် ကုလငြိမ်းချမ်းရေး တပ်ဖွဲ့များသည် ကုလသမဂ္ဂ ပဋိညာဉ်အရ လက်ခံ ထား သော ဘောင်အတွင်းမှနေ၍ အင်အား သုံးကာ ပဋိပက္ခများကို ဖြေရှင်းကြရပြီး နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ကုလသမဂ္ဂပဋိညာဉ်က စု ပေါင်းဆောင်ရွက်ရန် တာဝန်နှင့်အာ ဏာကို အပ်နှင်းထားသည်။ ယခုကာလများတွင် International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇဝတ် မှု တရားရုံး လုပ်ငန်းစဉ်များနှင့် မြေမြှုပ် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ကုလငြိမ်းချမ်းရေး တပ်များက လုပ် ဆောင်လျက် ရှိကြသည်။

From: Popular Myanmar News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။