/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 26, 2013

.

NLD ပါတီ ငွေရတုပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ပြည်သူများ၏ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများအတွင်းက ပေါက်ဖွားခဲ့ သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ငွေရတုပွဲများကို စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်နှင့် အခြား မြို့များတွင် ကျင်းပမည်ဖြစ်သည်။


စက်တင်ဘာ ၂၇ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်၍ ငွေရတု အထိမ်းအမှတ်ပွဲများနှင့်အတူ ၂၅ နှစ်တာကာလ မြို့နယ်အလိုက် ဖြတ်သန်းလာခဲ့သည့် ဓါတ်ပုံ မှတ်တမ်းများနှင့်ငွေရတုအထိမ်းအမှတ်ပွဲများကို ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်မြို့များတွင် ကျင်းပမည် ဖြစ်ကြောင်း NLD မှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅) နှစ်ပြည့်ငွေရတုအခမ်းအနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးခန်းမ၌ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပသွား မည်ဖြစ်သည်။

ယင်းအခမ်းအနားသို့အဖွဲ့ချုပ် ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး မှတ်တမ်းပြခန်း တစ်ခု စီစဉ်ခင်းကျင်းပြသမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်အဖွဲ့ဝင် ကိုမျိုးညွန့်က မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ စက်တင်ဘာလ ၂၇ ရက် မနက် ငွေရတုပွဲကျင်းပမယ်။ အရင်က လုပ်ဖော်ကိုင်ဖက် ပါတီ တွေ ဖိတ်ထားတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်တို့ကို ဖိတ်တယ်။ သံရုံးတွေကို ဖိတ်တယ်။ လူတွေများမှာဖြစ်တဲ့အတွက် ရုံးမှာ LED ထောင်ပြီး ပြမှာဖြစ်တယ်။ သမိုင်းဝင်တဲ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး မှာပဲ လုပ်မယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် အထိမ်းအမှတ်ပွဲနှင့် အတူ ငွေရတုသတင်းမှတ်တမ်းလွှာ မဂ္ဂဇင်းထုတ်ဝေသွားမည် ဖြစ်သည်ဟု လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် ဒု-ဥက္ကဋ္ဌ ဦးကိုလေးက ပြောသည်။

၎င်းင်းက ““အခြားသော မြို့နယ်တွေမှာလည်း ငွေရတုပွဲကို ကျင်းပမယ်။ ကျွန်တော်တို့ ၂၅ နှစ်ဖြတ် သန်း လာခဲ့တဲ့ NLD ငွေရတုတိုင်အောင် တာဝန်ထမ်းဆောင်လာကြတဲ့ ပုဂ်္ဂိုလ်တွေ အမှတ်တရစကားပြောမယ်။ စာရေးဆရာတွေရဲ့ ဟောပြောမှုတွေပါမယ်” ဟု ပြောသည်။

မန္တလေးမြို့တွင် စက်တင်ဘာ ၂၇ မှ စတင်ကာ သုံးရက်တာကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့ ၂၆ လမ်း၊ပဒုမ္မာ ခန်းမ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုင်းလှသိန်းက ပြောသည်။

၎င်းင်းက “အဘဦးတင်ဦး ကိုယ်တိုင်က သက်ဆိုင်ရာမြို့နယ်အလိုက် ငွေရတုအခမ်းအနားကိုကျင်းပရင် သ၀ဏ်လွှာတောင်းချင်ရင် တောင်းနိုင်တယ်လို့ ညွှန်ကြားထားပါ တယ်။ ဒီမိုကရေစီရေး ၂၅ နှစ်တာကာလ တစ်လျှောက်လုံး လုပ်ကိုင်ခဲ့တဲ့ လူကြီးတွေ ထဲက စကားပြောပါမယ်။ အသေးစိတ် အစီအစဉ်များအတွက် အစည်းအဝေး ထိုင်ရဦးပါမယ်” ဟု ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် တွင်လည်း ပါတီမွေးနေ့ ငွေရတု အခမ်းအနားကျင်းပမည်ဖြစ် ကြောင်း ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုလေးက မဇ္ဈိမကိုပြောသည်။

မဇ္ဈိမ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။