/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 12, 2013

.

ဘင်္ဂါလီများဘက်မှ ဘက်လိုက်သော ကင်တားနားအား စစ်တွေ၌ ရခိုင်ပြည်သူများမှ ဆန္ဒထုတ်ဖော်



ယနေ့ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိလာသောကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana)အားဘင်္ဂလီတို့ဖက်မှ ဘက်လိုက် မှုများရှိခြင်း၊ ဘင်္ဂလီများအား မြန်မာနိုင်ငံသားများအဖြစ် လက်ခံပေးရေး စသည်တို့ အတွက် ရခိုင် ရခိုင်တိုင်းရင်းသားများမှ မကျေနပ်သဖြင့် ကန့် ကွက်ဆန္ဒပြခဲ့ ကြောင်းသိရသည်။


ကင်တားနားသည် ယနေ့ နံနက်(၈း၄၅)မိနစ်အချိန်က စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ်မှထွက်ခွာရာလမ်းတလျှောက်၌ရခိုင်ပြည်သူများမှ ကင်တားနားအားအလိုမရှိကြောင်း ဖော်ဆောင် သည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ဆန္ဒဖော်ထုတ်ခဲ့ကြသည် ဟုဆန္ဒထုတ်ဖော် သူများထံမှ သိရှိရသည်။

ကင်တားနားအားဆန္ဒပြနေသော အဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးကမူ "ဘင်္ဂလီတွေ ဘက်ကနေ ဘက်လိုက်ပြီး ကျနော်တို့ တိုင်းရင်းသားတွေထဲကို သွေးရောချင်တဲ့ ကင်တားနားကို ကျနော်တို့ မကျေနပ်လို့  ဆန္ဒပြခြင်းဖြစ်ပါတယ်။ နောက်ပြီး ဘင်္ဂလီတွေကို ထောက်ခံနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  ၈၈ မျိုးဆက်ကျောင်းသားဆိုတဲ့ သူတွေလာရင် လဲ အခုလို ကန့် ကွက်ဆန္ဒပြသွားပါမယ်"ဟု ပြောကြားခဲ့ ပါသည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ ၁၀ရက်တာ ခရီးစဉ်လာရောက်ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း ရခိုင် ပြည်သူများနှင့် လည်း တွေ့ ဆုံရန်ရှိကြောင်း သတင်းရရှိသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_1007.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။