/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, June 9, 2013

.

လိုင်စင်မဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးဖို့ အစိုးရက အမိန့်ထုတ်ပြန်ထား


Photo: လိုင်စင်မဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးဖို့ အစိုးရက အမိန့်ထုတ်ပြန်ထား
Sunday, June 9, 2013

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားတွေ နေရာတော်တော်များများမှ ဝင်ရောက်လာသဖြင့် လိုင်စင်မဲ့ကားများ ဖောင်းပွမှု မရှိရလေအောင် ယာဉ်စည်းကမ်းများကိုလည်း ထိန်းသိမ်းနိုင်အောင်ဆိုပြီး လမ်းတွေပေါ် သွားလာလျက်ရှိတဲ့ အဓိက လိုင်စင်မဲ့ကားတွေကို စစ်ဆေးဖမ်းဆီးသည်းဆည်းဖို့ အကန့်အသတ်မရှိ ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန် ထားပါတယ်။

ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန်ထားချက်အရ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုအချိန်မှာ ကား သွားလာမှုတွေ နည်းပါးနေပြီး လိုင်စင်မဲ့ရှိတဲ့ ကားပိုင်ရှင်တွေလည်း လမ်းပြင်ပ မမောင်းရဲတော့ပဲ အိမ်ထဲ ခြံဝင်း အတွင်းမှာ သာ သိမ်းထားကြရပါတယ်။ယခုလိုပြုလုပ်ရခြင်းနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ယခုလို ရှင်းပြသွားပါတယ်။

"ဒီလို without ကားတွေကို ထားမယ်ဆိုရင် ဖေါင်းပွ မယ်ပေါ့လေး ဖေါင်းပွလာတာနဲ့ဘဲအမျှ ယာဉ်တိုက်မှုတွေ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းတွေ ဖေါ်ဆောင် တဲ့နေရာမှာ ခက်ခဲတာပေါ့နော။ အဲဒါကြောင့်မလို့ နောက်ပြီးတော့မှ ဗမာပြည် မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မှ ဆောင်ရွက်နေတယ် ကျွန်တော်တို့ ကယားပြည်ဘက်မှာ ဆောင်ရွက်တဲ့ အတွက်ကား တွေက ကျွန်တော်တို့ ဆီမှာအများ၊ အများလာ စုနေသလို ဖြစ် တာပေါ့နော။ ဒီရှိတာကတော့ ကျွန်တော့တို့ လိုက်မဖမ်းဘူး သို့သော် လမ်းပေါ်၊ မြို့ပေါ်တက်လာရင် ဖမ်းမယ်လို့တော့ ကျွန်တော်တို့ အဲဒီလိုပြောထားတာပေါ့နော။ အဲ့ဒီတော့ အမိန့်ထုတ်ထားတယ်။"

ပြည်နယ်အစိုးရကနေ ယခုလို အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေက သွားလာနေကြတဲ့ ကားတွေစစ်ဆေးမှုတွေပြု လုပ်နေကြပါတယ်။

လိုင်စင်မဲ့ကားပိုင်ရှင်တွေအနေနဲ့ ပြည်နယ်အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း တရားဝင် ဖြစ်အောင် ဆောင် ရွက်ပေးဖို့ မေတ္တာရပ်ခံ အသနားစာတင်ပြနိုင်ရင်တော့ ပြည်နယ်အဆင့်အတွင်း သွားလာလို့ရနိုင်တဲ့ လိုင်စင်တွေကို ကြိုးစားဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

"တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနိုင်ဖို့ မေတ္တာရပ်ခံ၊ အသနားခံပြီးတော့မှ ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့ဒီ ပြီးခဲ့တဲ့ ကျွန်တော်တို့ဒီ ဆိုင်ကယ်တွေလည်းပေါ့နော်။ ကျွန်တော်တို့ ဒီ လိုပြော ရင်း ဆိုရင်းနဲ့ နောက်ဆုံး ကျွန်တော်ကယားပြည်နယ် အနေနဲ့ပေါ့နော် တရားဝင်ဖြစ်အောင်လုပ်ခဲ့တာပေါ့ . . သို့သော်လည်း ဘဲကျွန်တော်တို့ လုပ်ခဲ့တဲ့ ကယားပြည်နယ်က ဆိုင်ကယ်တွေဟာ ကျွှန်တော်တို့ ကယားပြည်မှာဘဲ စီးလို့ရတာပေါ့" ဝန်ကြီးက ဆက်ပြောသွားပါတယ်။

ယခုလိုလမ်းတွေပေါ် သွားလာလျှက်ရှိတဲ့ ယာဉ်တွေကို ဇွန်လ ၃ ရက်နေ့မှာစတင် စစ်ဆေးခဲ့တာဖြစ်ပြီး လိုင်စင်မဲ့ ယာဉ် တွေကို တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းမည့်အပြင် ယာဉ်မောင်းနှင်သူကို ဥပဒေနှင့်အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ktime

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားတွေ နေရာ တော်တော်များများမှ ဝင်ရောက်လာသဖြင့် လိုင်စင် မဲ့ကားများ ဖောင်းပွမှု မရှိရလေအောင် ယာဉ်စည်း ကမ်း များကိုလည်း ထိန်းသိမ်းနိုင်အောင်ဆိုပြီး လမ်းတွေပေါ် သွားလာလျက်ရှိတဲ့ အဓိက လိုင်စင်မဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးသည်းဆည်းဖို့ အကန့်အသတ်မရှိ ပြည်နယ်အစိုးရကနေ အမိန့် ထုတ်ပြန် ထားပါတယ်။


ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန်ထားချက် အရ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုအချိန်မှာ ကား သွားလာမှုတွေ နည်းပါးနေပြီး လိုင်စင်မဲ့ရှိတဲ့ ကားပိုင်ရှင်တွေလည်း လမ်းပြင်ပ မမောင်းရဲတော့ပဲ အိမ်ထဲ ခြံဝင်း အတွင်းမှာ သာ သိမ်းထားကြရပါတယ်။ ယခုလိုပြုလုပ်ရခြင်း နဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ယခုလို ရှင်းပြသွားပါတယ်။

"ဒီလို without ကားတွေကို ထားမယ်ဆိုရင် ဖေါင်းပွ မယ်ပေါ့လေး ဖေါင်းပွလာတာနဲ့ဘဲအမျှ ယာဉ်တိုက်မှု တွေ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းတွေ ဖေါ်ဆောင် တဲ့နေရာမှာ ခက်ခဲတာပေါ့နော။ အဲဒါကြောင့်မလို့ နောက်ပြီးတော့မှ ဗမာပြည် မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မှ ဆောင်ရွက်နေတယ် ကျွန်တော်တို့ ကယား ပြည်ဘက်မှာ ဆောင်ရွက်တဲ့ အတွက်ကား တွေက ကျွန်တော်တို့ ဆီမှာအများ၊ အများလာ စုနေသလို ဖြစ် တာပေါ့နော။ ဒီရှိတာကတော့ ကျွန်တော့တို့ လိုက်မဖမ်းဘူး သို့သော် လမ်းပေါ်၊ မြို့ပေါ်တက်လာရင် ဖမ်းမယ်လို့တော့ ကျွန်တော်တို့ အဲဒီလိုပြောထားတာပေါ့နော။ အဲ့ဒီတော့ အမိန့်ထုတ်ထားတယ်။"

ပြည်နယ်အစိုးရကနေ ယခုလို အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေက သွားလာနေကြတဲ့ ကားတွေစစ်ဆေး မှုတွေပြု လုပ်နေကြပါတယ်။

လိုင်စင်မဲ့ကားပိုင်ရှင်တွေအနေနဲ့ ပြည်နယ်အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော် လည်း ကောင်း တရားဝင် ဖြစ်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ အသနားစာတင်ပြနိုင် ရင်တော့ ပြည်နယ် အဆင့်အတွင်း သွားလာလို့ရနိုင်တဲ့ လိုင်စင်တွေကို ကြိုးစားဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

"တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနိုင်ဖို့ မေတ္တာရပ်ခံ၊ အသနားခံပြီးတော့မှ ကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့ဒီ ပြီးခဲ့တဲ့ ကျွန်တော်တို့ဒီ ဆိုင်ကယ်တွေလည်းပေါ့နော်။

ကျွန်တော်တို့ ဒီလိုပြောရင်း ဆိုရင်းနဲ့ နောက်ဆုံး ကျွန်တော်ကယားပြည်နယ် အနေနဲ့ပေါ့နော် တရားဝင်ဖြစ်အောင်လုပ်ခဲ့တာပေါ့ သို့သော်လည်း ဘဲကျွန်တော်တို့ လုပ်ခဲ့တဲ့ ကယားပြည်နယ်က ဆိုင်ကယ်တွေ ဟာ ကျွှန်တော်တို့ ကယားပြည်မှာဘဲ စီးလို့ရတာပေါ့" ဝန်ကြီးက ဆက်ပြောသွားပါတယ်။

ယခုလိုလမ်းတွေပေါ် သွားလာလျှက်ရှိတဲ့ ယာဉ်တွေကို ဇွန်လ ၃ ရက်နေ့မှာစတင် စစ်ဆေးခဲ့တာဖြစ်ပြီး လိုင်စင်မဲ့ ယာဉ် တွေကို တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းမည့်အပြင် ယာဉ်မောင်းနှင်သူကို ဥပဒေနှင့်အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit : http://www.myanmartharkaung.net/2013/06/blog-post_2190.html

6 comments:

  1. အလိုတော်ပြည့်ဘုရားမှာ
    ဆုတောင်း

    ReplyDelete
  2. ဒီဘဝ မပြည့်ဘူး သေချာတယ်

    ReplyDelete
  3. စစ်အစိုးရနဲ့အပေါင်းပါတွေဘဲမဟုတ်တာလုပ်တာလိုင်
    စင်မဲ့ကားတွေကသူတို့ဆီမှာဘဲရှိတယ်စောက်ပိုတွေ
    မပြောနဲ့သွားဖမ်းအသံကောင်းဟစ်မနေနဲ့။


    သခင်မျိုး

    ReplyDelete
  4.ဲမြ၀တီမြို့ သည် မြန်မာနှိင်ငံ၏မြို့ တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်ေ၇ာက်ဖူးပါ သလား ? ???????
    လိုင်စင်မဲ့ကား တွေ "တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနိုင်ဖို့ Custom Duty and Tax လျော့ပေါ့ကောက်ခံပေါ့၊"

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။