/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 20, 2012

.

ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ မြန်မာ Website များကို တိုက်ခိုက်

Bangladesh Hacker အဖွဲ့ နှစ်ဖွဲ့က မြန်မာ Website များအား ယခုလအတွင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းဟက်ကာ အဖွဲ့နှစ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့နှစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ ဖြစ်ပြီး ၎င်းတို့မှာ DDoS ( Distributed Denial Of Service ) နှင့် Security အားနည်းသည့် ဆိုက်များအား Hack လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း ၎င်းတို့၏ Website တွင်ဖော်ပြထားသည်။

Bangladesh Cyber Army အဖွဲ့မှ မြန်မာ အစိုးရအဖွဲ့၏ တရားဝင် Website များဖြစ်သည့် www.myanmar.gov.mm အပါအဝင် အခြားသော အစိုးရ Website ခြောက်ခုကို တိုက်ခိုက်ခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိက Website များနှင့် ပညာရေး ဆိုက်များ၊ အခြားသော နာမည်ကြီး ဟိုတယ်များနှင့် ခရီးသွား ကုမ္ပဏီအချို့၏ Website များကိုပါ တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ Bangladesh Cyber Army Facebook စာမျက်နှာတွင် ရေးသားထားသည်။

ယင်းအပြင် Bangladesh Black HAT Hackers အဖွဲ့မှလည်း DDoS နည်းပညာကို ဘင်္ဂလားဒေ့ရှ် လူမျိုးများ၏ အကူအညီဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း ၎င်းတို့၏ ဆိုက်တွင် ဖော်ပြထားသည်။

ယင်းပြဿနာများ ဖြစ်ပေါ်မလာခင်က Blink Hacker Group ဟုခေါ်သော မြန်မာ Hacker အဖွဲ့မှ ရိုဟင်ဂျာများ၏ Website များကို Hacking ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် Hacker Team နှစ်ခုမှ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအတွက် Blink Hacker Group မှ ဘင်္ဂ္လားဒေ့ရှ် အစိုးရပိုင် ဆိုက်များအား ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း Blink Hacker Group ၏ ပြောရေးဆိုခွင့်ရှိသူ Rat-2 က အီးမေလ်းမှ တစ်ဆင့် ပြန်လည် ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။