ဘန်ကောက် ဆန္ဒပြပွဲကြောင့် MAI လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းမည်မဟုတ်



ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝါထရာ ရာထူးက နုတ် ထွက် ပေးရန် အတိုက်အခံ ပါတီဝင်များက တနင်္လာနေ့ (ဇန်နဝါရီ လ ၁၃ ရက်) မှစတင်၍ ဘန်ကောက်မြို့တွင်းရှိ လမ်း များ ကို ပိတ်ဆို့၍ ဆန္ဒပြမှု (Babgkok Shutdown) ပြုလုပ် မည် ဖြစ် သော်လည်း ရန်ကုန်- ဘန်ကောက် လေယာဉ် ခရီးစဉ် များကို ရပ်ဆိုင်းမည်မဟုတ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်း လိုင်း (MAI) က ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာ က ပြောကြားသည်။


“ထိုင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းရေး ပဋိပက္ခကြောင့် ခရီးသည် အဝင်အထွက် နည်းတယ်၊ ဒါကြောင့် ပုံမှန် ခရီးစဉ်တွေကို ဖျက်သိမ်းတာ မရှိပါဘူး။ လေယာဉ်ဆင်းလို့ မရဘူးလို့လည်း အကြောင်းကြားထားတာ မရှိဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက ပြေးဆွဲလျက်ရှိသော လေယာဉ်များသည် သုဝဏ္ဏဘူမိ လေဆိပ်ကို အဓိက ဆင်းသက်ခြင်း ဖြစ်ရာ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ဝင်ရောက်သူနှင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်သူ များမှာ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု စတင်သည့် အချိန်၌ပင် တစ်ရက်လျှင် ပျမ်းမျှ ၅၀ ဦးမှ ၇၀ ဦးကြားတွင် ရှိကြောင်း၊ လေယာဉ်ဆင်းရန် အခက်အခဲ ရှိသည်ဟု အကြောင်းကြားပါက သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်း လေဆိပ်ကို ဇန်နဝါရီလ ၁၃ ရက်နေ့ မှစတင်၍ ငါးရက်မှ ရက် နှစ်ဆယ်ခန့်ထိ အတိုက်အခံများက ပိတ်ဆို့ထားမည်ဖြစ်ရာ ယင်းလေဆိပ် ပိတ်ခဲ့ရခြင်းကြောင့် စင်ကာပူ လေကြောင်းလိုင်းသည် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်မည့် ခရီးစဉ် ၁၉ ခုကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းနိုင်ငံပိုင် သတင်းစာများတွင် ရေးသား ဖော်ပြ ထားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြေးဆွဲလျက် ရှိသော လေကြောင်းလိုင်းများမှာ Bangkok Airways၊ Myanmar Airways International (MAI)၊ Thai AirAsia၊ Thai Airways International၊ Golden Myanmar Airlines၊ Nok Air တို့ ဖြစ်ကြသည်။

FROM-THE VOICE

တပ်မတော်ဟာ တကယ်ပဲ သတ္တိမရှိဘူးလား ?



လူထု့ခေါင်းဆောင် အမည်ခံ အတိုက်ခံပါတီ ခေါင်းဆောင် ဒေါ်စုကြည် အနေနဲ့ ...

" တပ်မတော်ဟာ တိုက်ရဲခိုက်ရဲမှ သတ္တိရှိတာ မဟုတ်ဘူး ၊ အခြေခံ ဥပေဒကို သတ္တိရှိရှိပြင်ရဲရမယ် ၊ တပ်မတော်လုပ်ပြီး သတ္တိမရှိရင် နိုင်ငံကို ဘယ်လို ကာကွယ်မလဲ ။ "


တပ်မတော်ဟာ တကယ်ပဲ သတ္တိမရှိဘူးလား ?

သမိုင်း ၁ လျှောက် ပြန်လည်သုံးသပ်ကြည့်ပါ ၊ လွန်ခဲ့တဲ့ နှစ် ၂၀ က နိုင်ငံအနေနဲ့ စီးပွါးရေးတွေ ပိတ်လို့ လမ်းပျောက် နေချိန်မှာ တပ်မတော် တကယ် သတ္တိမရှိခဲ့ဘူးဆိုရင် .... ?

ထိုကာလတွေ မတိုင်မှီ တရုတ်ဖြူကျူးကျော်ရေးကို တပ်မတော်အနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီး မခုခံဘူးဆိုရင် ... ?

တိုင်းရင်းသားတွေထဲက ၁ ချို့သောသူတို့ လက်နက်ကိုင် မိမိ လူမျိုးတည်းသာဟုသော အစွဲတွေနဲ့ သွေးကွဲ မှု့ကို လက်ပိုက်မကြည့်ပဲ အမုန်းခံပြီး ပြည်ထောင်စု အပြိုကွဲရေးအတွက် သတ္တိရှိရှိ မထိန်းချုပ်ဘူးဆိုရင်.. ?

အန်တီကို အကြံပေးပါရစေ ...... ။

အခြေခံဥပဒေမှာ ဒီမိုကရေစီနဲ့ မညီညွတ်တာကို တပ်မတော်က ပြင်ဆင်ဖို့ သဘောတူညီချင် တူညီလိမ့်မယ် ၊ သို့သော် တိုင်းတပါးက ၀င်ရောက်အုပ်ချုပ်နိုင်စွမ်းရှိတဲ့ အခြေခံဥပဒေ ၁ ခု အထူးသဖြင့် ၅၉ ( စ ) ကို တော့ လုံးဝ ( လုံးဝ ) ပြင်မည် မဟုတ်ပါဘူး ခင်ဗျာ .... ။

ဒ့ါကြောင့် မလို့ အန်တီအနေနဲ့ လူ့ အခွင့်အရေး ခေါင်းစဉ်တပ်ပြီး နိုင်ငံရေး မလုပ်ပါနဲ့ .... ။ လူ့အခွင့်အရေး လို့ ခေါင်းစဉ်တပ်ပြီး အလုပ်လုပ်မယ်ဆိုလျှင် ကမ္ဘာနဲ့ ချီပြီး အလုပ်လုပ်ပါ ၊ နိုင်ငံရေးမှာ လူ့အခွင့်အရေး ဆိုတာ ရှိလားမရှိလား အန်တီ အသိဆုံးပါ ။ ကျွန်တော်တို့ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု မဟုတ်ဘူး ခင်ဗျ ၊ တိုင်းရင်းသားတွေ စုစည်းထားတဲ့ ပြည်ထောင်စုပါ ၊ နိုင်ငံပေါင်းစုံက လာနေချင်တဲ့သူတွေနေပြီး စုစည်းတည်ထောင်ထားတာ မဟုတ်ဘူးဆိုတာကို အန်တီ သတိရနေပေးပါ ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဟာ တိုင်းတပါးသား မပါသော ပြည်ထောင်စု နိုင်ငံ ဖြစ်တယ်ဆိုတာ အန်တီ မေ့လျှော့ နေခဲ့မယ်ဆိုရင် ......

အန်တီရဲ့ ဖခင် ဗိုလ်ချုပ် နာမည်ကို ဖျက်ရာကြတယ်ဆိုတာ မမေ့ပါနဲ့ ... ။

မသိလို့ မေးစမ်းပါရစေဗျာ ...... ။

ပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင်ရင် ပြည်သူ့ တပ်မတော် မဟုတ်ဘူးတဲ့ ..... ။

ဒါဆို လူပေါင်းများစွာ လက်ညိုးညွှန်ရာ လိုက်နာဖို့ တပ်မတော်ဆိုတာ ဖွဲ့စည်းပေးထားတာလား ? အများ အကျိုးကို ထမ်းရွက်ဖို့ ဖွဲစည်းထားတဲ့ တပ်မတော်ဟာ နေရာတိုင်းမှာ ရှိနေတာ အပြစ် ၁ ခုလား ? ၁ ခုခု ဖြစ်တိုင်း ဒီ တပ်မတော်ကြီးကို မတပါဘူးလို့ ရဲရဲကြီး အာမခံရဲပြီလား ?

မြဲမြဲမှတ်ထား.......

ပြည်သူ့ တပ်မတော်ဆိုတာ အမှားအမှန် မခွဲခြားပဲ ခိုင်းတိုင်း လုပ်တဲ့ တပ်မတော် မဟုတ်ဘူး ။

ပြည်သူ့ တပ်မတော်ဆိုတာ ၁ ဦး ၁ ယောက်အတွက် ရှင်သန်နေတာ မဟုတ်ဘူး ။

ပြည်သူ့ တပ်မတော်ဆိုတာ ပြည်ထောင်စုကို ပြိုပျက်မသွားဖို့ စည်းနှောင်ထားတဲ့ ပြည်သူထဲက ပြည်သူ့ ကြိုးတွေပဲ ....

FROM-PHAY SIT GYI

ဖန်သား ကွေး တီဗွီ တွေ ဈေးကွက် မှာ လူကြိုက်များလာ


LG-First-OLED-TV

ဖန်သားပြင် တညီ တည်း ဖြစ်တဲ့ ရုပ်မြင်သံကြားစက် တွေ ကို ကြည့် ရ တာ ရိုးနေပြီဆိုရင် တောင် ကိုရီးယား နိုင်ငံ LG ကုမ္ပဏီ က နေ တီထွင် လိုက် တဲ့ ၈၄ လက်မ ၊ 4k အရောင် တောက်ပ မှု အရည်အသွေး ရှိ တဲ့ ဖန်းသားကွေး တီဗွီ ကို အမေရိကန် ဒေါ်လာ တစ်သောင်း ခုနှစ် ထောင် နဲ့  စတင် ရောင်း ချနေပါပြီ။


OLED တီဗွီ လို့  လဲ ခေါ်တဲ့ ဖန်သားကွေး တီဗွီ ကို ဆမ်းဆောင် က လည်း တီထွင် ရောင်း ချ ပြီး ၅၅ လက်မ ကို ဒေါ်လာ ကိုးသောင်း ကျ မှာ ဖြစ် ပါတယ်။

Curved TV လို့  ခေါ်တဲ့ ဖန်သားကွေး မျက်နှာ ပြင် တီဗွီ တွေ ကို ၂၀၁၂ ခုနှစ် နှောင်းပိုင်း ကတည်း က ဈေးကွက် မှာ မိတ်ဆက် ခဲ့ ပေမယ့် တစ်နှစ် ကျော် မှာ လူကြိုက် များ မှု ရလာ တာ ဖြစ်ပါတယ်။

ဆိုနီ က လည်း ဖန်သား ကွေး ထုတ် ပေမယ့် အရောင်တောက်ပ မှု မှာ မှာ သာမန် HD တီဗွီ တွေ ရဲ့  အရည်အသွေး လောက် ပဲ ရှိ လို့  ဈေးနှုန်း သက် သာ ပါတယ်။

LG-OLED-TV-16x9s_11826184x3

Curved-OLED_TV-Model-Photo_2

OLED,Samsung, LG

နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ နိဂုံး (မြန်မာနိုင်ငံရေးသမားတွေနဲ့ NED ကွန်ရက်)

နာမည်နဲ့ လုပ်ရပ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အဖွဲ့တဖွဲ့ကတော့ NED ပါ။ နာမည်က National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ပါ။ လက်တွေ့ဆောင်ရွက်ချက်တွေက တော့ ဒီမိုကရေစီကို ဟန့်တားတဲ့ လုပ်ရပ်၊ သူတပါး နိုင်ငံရဲ့ နိုင်ငံရေးကို ကိုယ့်အကျိုးစီးပွားနဲ့ တသားတည်း ဖြစ်အောင် ခြယ်လှယ်တဲ့ လုပ်ရပ်တွေချည်းပါပဲ။


နာမည်ခံတာက ဒီမိုကရေစီ ၊ လက်တွေ့လုပ်တာက သူတို့ အကျိုးပါ။ သူတို့ အကျိုးဆိုတာ အမေရိကန် ပြည်သူတို့ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ် မထွက်ပါဘူး။ အရင်းရှင် ကော်ပိုရေးရှင်း ကြီးတွေ ၊ ကမ္ဘာ့ အချမ်း သာဆုံး လက်တဆုပ်စာ လူတွေရဲ့ အကျိုးစီးပွားလို့သာ အဓိပ္ပါယ် ထွက်ပါတယ်။ NED တို့ CIA တို့ဟာ အဲဒီ ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုရေးရှင်း၊ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကိုပဲ ကိုယ်စားပြုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကို ကိုယ်စားပြုပြီး ၊ အများစု အလုပ်သမား ၊ လယ်သမားတွေကို ဆန့်ကျင်ခြင်း၊ ကမ္ဘာ့ဆင်းရဲသားထုကြီးကို ဆန့်ကျင်ခြင်းကိုယ်၌သည်ပင် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။

ကော်ပိုရေးရှင်းကြီးတွေ အတွက်တော့ အမြတ်အစွန်းဟာ အဓိက ရည်မှန်းချက် ဖြစ်ပြီး အဆုံးစွန် မျှော်လင့်ချက်က ဘာမဆို ရောင်းနိုင်ခွင့် ဘာမဆိုဝယ်နိုင်ခွင့် ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ အမေရိကန်ပဲလို့ ထင်နေသူတွေ ၊ အမေရိကန်ဆိုတာ ဒီမိုကရေစီပဲလို့ ထင်နေသူတွေ အတွက်တော့ National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ ဆိုတဲ့ နာမည်လှလှလေးကြောင့် ချက်ချင်းကြွေသွားလောက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို စောင့်ကြည့်နေသူ အမေရိကန်ပြည်တွင်း ဒီမိုကရက်နဲ့ ကမ္ဘာတဝန်းက ဒီမိုကရက်တွေ အတွက်တော့ NED ဟာ ကြောက်စ ရာကောင်းလောက်အောင် အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်း တခုဖြစ်နေ ပါတယ်။

NED ကို ၁၉၈၃ ခုနှစ် သမ္မတ ရေဂင် လက်ထက်မှာ ဖွဲ့စည်းခဲ့တယ်။ ၁၉၇၀ ကျော်ကာလမှာ ဝါးတားဂိတ် အရေး ပေါ်ပေါက်ပြီး သမ္မတ နစ်ဆင်ဟာ သူ့ရဲ့ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ကြောင့် ရာထူးက နှုတ်ထွက် သွားရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်မှာ စီအိုင်အေဟာ လွှတ်တော်ကော်မတီပေါင်းစုံရဲ့ ဆက်တိုက် စုံစမ်း စစ်ဆေးမှုတွေကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်။ သီတင်းပတ်တိုင်းလောက်မှာ စီအိုင်အေ သတင်းတွေ တက်နေတယ်။ စီအိုင်အေရဲ့ ဥပဒေချိုးဖောက်မှုတွေသာမက၊ တခါတရံမှာ ရာဇဝတ်မှုကျူးလွန်တာတွေပါ ပေါ်ထွက်လာတယ်။ စီအိုင်အေအဖွဲ့ဟာ အကြီးအကျယ်နာမည်ပျက်ပြီး အုပ်ချုပ်သူ အစိုးရအဖွဲ့အတွက် လည်း အရှက်ရစရာ ဖြစ်လာတယ်။

ဒီလိုအခြေအနေမှာ တခုခုလုပ်မှ ဖြစ်တော့မယ်လို့ အမေရိကန်အစိုးရက စဉ်းစားမိလာတယ်။ မှန်ပါတယ်။ သူတို့ တခုခုလုပ်ခဲ့ပါတယ်။ အဲဒီတခုခုဟာ စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက် တာလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်လုပ်လိုက်တာက စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တချို့ကို နာမည်လှလှ ပေးထားတဲ့ အဖွဲ့အစည်းသစ်ကို လွှဲပြောင်းပေးပြီး လုပ်ခိုင်းလိုက်တာပါပဲ။ အဲဒီအဖွဲ့ကတော့ တခြား မဟုတ်ဘူး။ ဒီမိုကရေစီ ကူညီထောက်ပံ့ရေးဆိုတဲ့ NED ပါပဲ။ တချိန်က စီအိုင်အေက လျှို့ဝှက်လုပ် ဆောင်တဲ့ အလုပ်တွေကို ဗြောင်လုပ်ခွင့်ရတဲ့ အဖွဲ့အစည်းဟာ NED ဖြစ်လာပါတယ်။

စီအိုင်အေ အရာရှိဟောင်း ဖြစ်တဲ့ ဖိလစ် အေဂျီး (Philip Agee) က “စီအိုင်အေ အရာရှိဟောင်း တဦး ပြောပြသော အရပ်ဘက် အဖွဲ့အစည်းများကို အသုံးပြု၍ အစိုးရများကို ဖြုတ်ချရန် အမေရိကန်၏ ကြံစည် ဆောင်ရွက်မှုများ” ဆိုတဲ့ ဆောင်းပါးမှာ NED စတင်ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး အခုလို ရေးသား ခဲ့ပါတယ်။

“၁၉၈၃ ခုနှစ်မှာ လုပ်ငန်းစဉ်အသစ်တွေကို ဆောင်ရွက်ဖို့ NED ဆိုတဲ့ အဖွဲ့အစည်းသစ်ကို ဖွဲ့စည်း လိုက်တယ်။ လုပ်ငန်းစဉ်အသစ်ဆိုပေမဲ့ တကယ်တန်း အသစ်တွေတော့ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ်က စပြီး စီအိုင်အေဟာ အစိုးရမဟုတ်တဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေကို လျှို့ဝှက်ငွေထောက်ပံ့ပြီး ကြိုးကိုင်ကစားတဲ့ အလုပ်တွေ လုပ်ခဲ့ပြီးသားပါ။

စီအိုင်အေရဲ့ အဲဒီကြီးမားတဲ့ စစ်ဆင်ရေး ကြီးဟာ ကမ္ဘာနဲ့ချီကျယ်ပြန့်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေ၊ လူငယ်နဲ့ ကျောင်းသား အဖွဲ့အစည်းတွေ၊ အမျိုးသမီးအုပ်စုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေး အစည်းအရုံးတွေ၊ ပညာရှင်အဖွဲ့တွေ၊ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ သတင်းလုပ်ငန်းတွေကို ပစ်မှတ်ထားချဉ်းကပ်ခဲ့ပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ကွန်ရက်ဖြန့်ကျက် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာကာလတွေ အတွင်းမှာ စီအိုင်အေဟာ ကန့်လန့်ကာနောက်ကွယ်ကနေ သြဇာလွှမ်းမိုးပြီး တနိုင်ငံပြီး တနိုင်ငံ တဖွဲ့ပြီး တဖွဲ့မှာ အားကောင်းတဲ့ လူပုဂ္ဂိုလ်တွေကို အသုံးပြုပြီး လက်ဝဲအဖွဲ့အစည်းတွေ ကို ချေမှုန်းခဲ့တယ်။ အစိုးရတွေကို ဖြုတ်ချခဲ့ပါတယ်။ စီအိုင်အေရဲ့ အဲဒီအလုပ်ကို NED လက်လွှဲလိုက်တာ ဖြစ်ပါတယ်။”

NED ဖွဲ့စည်းရေး ဥပဒေမူကြမ်းကို ရေးဆွဲရာမှာ ပါဝင်ခဲ့သူ အယ်လင် ဝိန်းစတိန်းကလည်း ၁၉၉၁ ခုနှစ်မှာ ပြောကြားရာမှာ “အခုအချိန်မှာ NED ကလုပ်နေတဲ့ အလုပ်အများအပြားဟာ အရင်တုန်းက စီအိုင်အေက ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့တဲ့ အလုပ်တွေပါပဲ” လို့ပြောခဲ့ပါတယ်။

NED ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားချက်အရ NED ဟာ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ သူတွေ ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ ဥပဒေစိုးမိုးရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ( လူထုအခြေပြုအဖွဲ့အစည်းတွေ)ကို တိုက်ရိုက်ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

NED ဟာ ကမ္ဘာတလွှားက ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ပုဂ္ဂလိကနည်း၊ အစိုးရနဲ့ မသက်ဆိုင်တဲ့နည်း နဲ့ ထောက်ပံ့ကူညီဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့လည်း ဆိုပါတယ်။ ဒီနေရာမှာ “အစိုးရနဲ့ မသက်ဆိုင်တဲ့” ဆိုတဲ့စကားကို အထူးသတိပြုဖို့လိုပါတယ်။ NED ဟာသူ့ကိုယ်သူ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းပါ NGO ပါလို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။ ဒါဟာ သူ့အဖွဲ့အစည်းက ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အပြော၊ ကိုယ့်ကိုယ်ကိုယ် ပုံဖော်တဲ့ ပုံရိပ်ဖြစ်ပါတယ်။ ဒါပေမဲ့ NED ငွေအားလုံးနီးပါးဟာ အစိုးရဆီကလာတဲ့ ငွေတွေ ဖြစ်ပါတယ်။ NED ဟာ NGO မဟုတ်ပါဘူး။ GO ပါ။ အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။

NED ဟာ အမေရိကန် ကွန်ဂရက် ဆီကနေ နှစ်စဉ်အချိုးကျ ခွဲတမ်းရပါတယ်။ ကွန်ဂရက်စ်ကနေ အဲသလို ခွဲဝေပေးနိုင်ဖို့ အဓိကငွေကြေးထောက်ပံ့ပေးသူတွေကတော့ National Democratic Institute for International Affairs ( ဒီမိုကရက်တစ်ပါတီနဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်း) ၊ The International Republican Institute (ရီပတ်ဘလစ်ကင်ပါတီနဲ့ ဆက်စပ် အဖွဲ့အစည်း) ၊ American Center for International Labor Solidarity (နိုင်ငံတကာ လက်ဝဲ အလုပ်သမား အဖွဲ့ အစည်းတွေကို ချေမှုန်းဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်း) ၊ Center for International Private Enterprise (အမေရိကန် ကုန်သည် ကြီးများအသင်း) တို့ဖြစ်ပါတယ်။

ဒါဆိုရင် NED ဟာ ဘာ့ကြောင့် သူ့ကိုယ်သူ NGO လို့ ပြောချင်တာပါလဲ။ ပထမအချက်က အမေရိကန် အစိုးရရဲ့ နိုင်ငံတကာမှာ ကျူးကျော်စွက်ဖက်တဲ့ ဆောင်ရွက်ချက်တွေနဲ့ NED နဲ့မဆက်စပ်ချင်လို့ပါ။ နောက်တချက် ကတော့ ပိုအရေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာ နိုင်ငံခြားအစိုးရတွေဆီက ရတဲ့ငွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ ၊ ကန့်သတ်တဲ့ ဥပဒေပြဌာန်းချက်တွေရှိနေလို့ပါ။ အမေရိကန် အစိုးရ ကိုယ်တိုင်မှာလည်း အဲသလို ဥပဒေမျိုးရှိပါတယ်။ နိုင်ငံခြားအစိုးရတွေကနေ ငွေကြေးထောက်ပံ့ပြီး နိုင်ငံရေး စွက်ဖက်မှုလုပ်မှာကို ကာကွယ်တားဆီးတဲ့ ဥပဒေပါ။ အမေရိကန်မှာ နိုင်ငံခြား အစိုးရ ထောက်ပံ့ငွေ အသုံးပြုတဲ့ လူတဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ရှေ့နေချုပ်ဆီမှာ မှတ်ပုံတင်ရတယ်။ အသေးစိတ် ဆောင်ရွက်လှုပ်ရှားမှုနဲ့ ဘဏ္ဍာရေး အသေးစိတ် အစီရင်ခံစာ တွေကို ၆ လတကြိမ်တင်ရတယ်။ NED ဟာ နိုင်ငံခြားမှာ သူတို့ပေးတဲ့ငွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ပြဌာန်းထားတဲ့ အဲသလို အလားတူ ဥပဒေတွေနဲ့ ကင်းလွတ်ချင်လို့ သူ့ကိုယ်သူ NGO ပါလို့ ပြောနေတာဖြစ်ပါတယ်။

တကယ်တော့ NED ရနေတဲ့ ငွေဟာ အထက်မှာ ပြောခဲ့သလိုပဲ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကင် ပါတီတို့ဆီက ငွေက အများစုပဲ။ အဲဒီလို အမေရိကန် အဓိက ပါတီကြီးတချို့ရဲ့ ထောက်ပံ့ငွေကို NED ကနေ တဆင့် တခြားနိုင်ငံက ပါတီတွေကို ထောက်ပံ့နေတာဟာ တကယ်တော့ အမေရိကန် ဥပဒေနဲ့ကို မညီညွတ်ပါဘူး။ အမေရိကန်ထဲက နှစ်ပါတီက တခြားနိုင်ငံက ပါတီတွေကို ကွန်ဂရက်စ်က တဆင့် NED ကတ ဆင့် လွှမ်းမိုးခွင့်ရတယ်ဆိုတာ အမေရိကန် ပါတီအချင်းချင်းကြားမှာ အခွင့်ကောင်းယူတဲ့ လုပ်ရပ် ၊ မမျှတတဲ့ လုပ်ရပ်ပါ။ ဒါဥပဒေနဲ့ မညီပါဘူး။

ဒါ့အပြင် NED က တခြားနိုင်ငံတွေမှာ ငွေထောက်ပံ့သလိုမျိုး တခြားနိုင်ငံက အမေရိကန်မှာ လာလုပ်ရင် လည်း အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး။ ဆိုပါစို့။ တရုတ်နိုင်ငံကနေ သူတို့နဲ့ နီးစပ်တဲ့ အမေရိကန် သမ္မတလောင်း ဒါမှ မဟုတ် အမေရိကန် နိုင်ငံရေးပါတီကို ငွေကြေးအမြောက်အများ ထောက်ပံ့မယ် ဆိုရင် အမေရိကန် အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ။ အမေရိကန်ဟာ ပြင်းပြင်းထန်ထန် အရေးယူမှာ မုချ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲသလို လုပ်ရပ်မျိုးနဲ့ အလားသဏ္ဍန်တူတဲ့ လုပ်ရပ်ပေါင်းများစွာကို NED ဟာ ကမ္ဘာတလွှားမှာ ပြုလုပ်ခဲ့တယ်။

NED ဟာ နိုင်ငံတကာက ရွေးကောက်ပွဲတွေမှာ သူတို့ဟာ ရွေးကောက်ပွဲအကြောင်း ကောင်းကောင်း နားမလည်တဲ့သူတွေကို ရွေးကောက်ပွဲ အကြောင်း ကကြီး ၊ ခကွေး သင်တန်းပေးနေသလို ပြောဆိုလေ့ရှိပါ တယ်။ ဒါပေမဲ့ သူ့သက်တမ်းတလျှောက်မှာ တကယ်တန်းလုပ်တာကတော့ ရွေးကောက်ပွဲတွေမှာ သူလိုချင်တဲ့ဘက်က အနိုင်ရအောင် ငွေအားသုံးပြီး အမျိုးမျိုး ကြိုးကိုင်ခြယ်လှယ် ဆော့ကစား သွားခဲ့တာပဲဖြစ်ပါတယ်။ ဥပမာ တချို့ကို ပြောရရင် ၁၉၉၀ နီကာရာဂွါ ရွေးကောက်ပွဲ၊ ၁၉၉၆ မွန်ဂိုလီးယား ရွေးကောက်ပွဲတို့မှာ သူတို့ကြိုက်တဲ့ အစိုးရ တက်နိုင်အောင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ဘူလ်ဂေးရီးယား နိုင်ငံမှာ ဒီမိုကရေ စီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို သူတို့ မကြိုက်တဲ့ အတွက် ဖြုတ်ချနိုင်အောင် ကူညီခဲ့ပါတယ်။ ၁၉၉၁ နဲ့ ၁၉၉၂ ခုနှစ် အယ်လ်ဘေးနီးယား မှာလည်း အလားတူပြုလုပ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် စလိုဗက်ကီးယား မှာတော့ အမေရိကန် မလိုလားတဲ့ ဝန်ကြီးချုပ် ရှုံးနိမ့်သွားအောင် ငွေကြေးအင်အား သုံးပြီး ဆောင်ရွက်ခဲ့တယ်။ ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူးဂိုးချားဗက်ဇ် ဟာ အမေရိကန် အစိုးရက အင်မတန် မုန်းတီးသူဖြစ်ပါတယ်။ သူမုန်းတီးတဲ့ ချားဗက်ဇ်ကို သမ္မတရွေးကောက်ပွဲမှာ ရှုံးအောင်၊ အခြေခံ ဥပဒေဆန္ဒခံယူပွဲမှာ ရှုံးအောင် ငွေကြေးအင်အား အလုံး အရင်း အမြောက်အများ အသုံးပြုပြီး အတိုက်အခံ ပါတီကို အကြီးအကျယ် ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားမှာ မအောင်မြင်ခဲ့ပါဘူး။

ဟေတီနိုင်ငံမှာ တိုးတက်တဲ့ ၊ ဒီမိုကရေစီကျတဲ့ အမြင်ရှိသူ သမ္မတ ယွင်း ဘာထရန် အရစ္စတိုက် ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ညွန့်ပေါင်းအုပ်စုဆိုတဲ့ အဖွဲ့ကို ၁၉၉၀ နောက်ပိုင်းမှာ NED ကတောက်လျှောက် ငွေ ကြေးထောက်ပံ့ကူညီခဲ့ပါတယ်။

NED ဟာ ရံဖန်ရံခါမှာ သူတို့ရဲ့ ငွေကြေးဘက်လိုက်ကူညီမှု အတွက် အကြောင်းပြချက်ပေးရာမှာ သူတို့ဟာ ဗဟုဝါဒကို အားပေးတာ ဖြစ်တယ်၊ အတိုက်အခံနိုင်ငံရေး ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးတာပါလို့ ဆင်ခြေပေးလေ့ရှိပါတယ်။ “နိုင်ငံရေး စနစ်တခုအတွင်းမှာ မိမိအသံကို ထုတ်ဖော်ပြောဆိုခွင့်မရသူတွေ အတွက် ကျနော်တို့က ထောက်ခံအားပေးနေတာပါ” လို့ NED ရဲ့ အရာရှိ လူဝီဆာ ကုန်းက ပြောပါတယ်။ ဒါပေမဲ့လည်း မက္ကဆီကို၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ နီကာရာဂွါ၊ တို့မှာရှိတဲ့ လက်ဝဲ အင်အားစုတွေ ကိုတော့ သူတို့ အသံထွက်ခွင့်ရအောင်၊ အတိုက်အခံအဖြစ် ရပ်တည်နိုင်အောင် အကူအညီ မပေးပါဘူး။ သူတို့ကို အသံမထွက်နိုင်အောင် ငွေကြေးအင်အားသုံးပြီး ဖိနှိပ်ပါတယ်။ ကျူးဘားက အတိုက်အခံကိုတော့ ငွေကြေး အမြောက်အများ ထောက်ပံ့ကူညီပါတယ်။

ကျူးဘားကို ထောက်ပံ့ကူညီပုံဟာ ဆိုရင် အင်မတန် ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ Cuban-American National Foundation အမေရိကန်ရောက် ကျူးဘားနိုင်ငံသားများ ဖောင်ဒေးရှင်းအဖွဲ့ဆိုတဲ့ ကက်စထရို ဆန့်ကျင်ရေး အဖွဲ့ CANF ကို NED က ဒေါ်လာ ၂ သိန်းခွဲ ထောက်ပံ့ခဲ့ပါတယ်။ CANF အဖွဲ့က လူးဝစ် ပိုဆဒါ ကာရိုင်းစ် ကို ငွေကြေးပြန်လည် ထောက်ပံ့တာဝန်ပေးခဲ့ပါတယ်။ အဲဒီ လူးဝစ် ပိုဆဒါ ကာရိုင်းစ် ဟာ ခေတ်သစ်ကာလ အကြမ်းဖက်မှု သမိုင်းမှာ အကြင်နာတရား အကင်းမဲ့ဆုံး အရက်စက်ဆုံး အကြမ်းဖက် သမား တယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျူးဘားလေယာဉ်ကို ဖောက်ခွဲဖျက်ဆီးခဲ့ရာမှာ လူပေါင်း ၇၃ ယောက်သေဆုံးခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ဟားဗားနား ဟိုတယ်မှာ ဗုံးတွေ ဆက်တိုက်ဖောက်ခွဲ ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ပနားမားမှာ ကျူးဘား သမ္မတ ဖီဒဲလ် ကက်စထရို မိန့်ခွန်းပြောကြားစဉ် ဗုံးဖောက်ခွဲ လုပ်ကြံခဲ့ပါတယ်။ မအောင်မြင်ပါဘူး။ အဲဒီပွဲမှာကျမှာ သူဟာ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အတွင်းမှာ NED ဟာ အမေရိကန်ပြည်ထောင်စု လွတ်လပ်တဲ့ လုပ်သား ဖွံ့ဖြိုးရေး အဖွဲ့ Amreican Institute for Free Labour Development အဖွဲ့ကို ၁၅ ကြိမ် ငွေကြေး ထောက်ပံ့ခဲ့တယ်။ စုစုပေါင်း ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်းခွဲရှိတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန် ပြည်တွင်း နဲ့ နိုင်ငံတကာက တိုးတက်တဲ့ အလုပ်သမားသမဂ္ဂတွေကို နှိမ်နင်းဖို့ စီအိုင်အေက ဆယ်စုနှစ် ပေါင်း များစွာ အသုံးပြုခဲ့တဲ့ အဖွဲ့အစည်းပါပဲ။

NED ဟာ နိုင်ငံတကာမှာလည်း အဲဒီနိုင်ငံတွေရဲ့ လက်ဝဲ အလုပ်သမားသမဂ္ဂတွေ ၊ အလုပ်သမား အကျိုး စီးပွား ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမဂ္ဂတွေကို နှိမ်နင်းဖို့ လက်ယာ အလုပ်သမားသမဂ္ဂတွေ ကို ငွေကြေးထောက်ပံ့တယ်။ အဲသလို လုပ်ရပ်တွေကို ပြင်သစ်၊ စပိန် ၊ ပေါ်တူဂီနဲ့ တခြားနိုင်ငံတချို့မှာ လုပ်ခဲ့တယ်။ ၁၉၈၃ ၊ ၁၉၈၄ ခုနှစ်တုန်းက ပြင်သစ်ပြည်မှာ လက်ဝဲယိမ်း ပါမောက္ခတွေရဲ့ အဖွဲ့အစည်းကို ဖြိုခွဲနှိမ်နင်းဖို့ လက်ယာ ပါမောက္ခတွေနဲ့ ကျောင်းသားတွေရဲ့ သမဂ္ဂကို NED ကငွေကြေးထောက်ပံ့ပေးခဲ့ တယ်။

ဒီတော့ မြန်မာနိုင်ငံမှာလည်း ဒီအလားအလာတွေဟာ သတိထားစရာတွေ ဖြစ်လာပါပြီ။ အလုပ်သမား အရေး၊ လယ်သမား အရေးကို တစိုက်မတ်မတ် ဆောင်ရွက်မယ့်သူတွေ ၊ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ရေးမူမှာ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ရေရှည် ဇောက်ချ ဆောင်ရွက်မယ့် သူတွေဟာ တချိန်မှာ NED ရဲ့ ရန်သူဖြစ်လာကြလိမ့်မယ်။ NED က တိုက်ရိုက်ဖြစ်စေ၊ သူထောက်ပံ့ထားတဲ့ လူနဲ့ အဖွဲ့အစည်းတွေ ကနေတဆင့် သွယ်ဝိုက်ပြီးတော့ဖြစ်စေ ချေမှုန်းခံရသူတွေ ဖြစ်လာကြလိမ့်မယ်။

တချိန်က CIA ၊ NED ဟာ မြန်မာစစ်အာဏာရှင်တွေက မုန်းတီးသူဖြစ်ခဲ့ကြတယ်။ စစ်အစိုးရလက်ထက်မှာ စီအိုင်အေကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးခဲ့ဖူးတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဘာ့ကြောင့် အပြန်အလှန် မုန်းခဲ့ကြသလဲ။ အခုဘာ့ကြောင့် ချစ်ကုန်ကြသလဲ။ ဒီအချက်ကို ကျနော်တို့ အလေး အနက်ထား စဉ်းစားကြဖို့ လိုပါတယ်။

အမေရိကန်က စစ်အာဏာရှင်တွေကို မကြိုက်ဘူး ဆိုတာဟာ သူတို့ အရင်းအနှီးတွေ ရင်းနှီးမြှုပ်နှံခွင့် မရတဲ့ အာဏာရှင်တွေကိုသာ မကြိုက်တာဖြစ်ပါတယ်။ ဆော်ဒီအာရေးဗျလို သူတို့ အကျိုးနဲ့ ကိုက်ညီတဲ့ အာဏာရှင်မျိုးဟာ အမေရိကန်ရဲ့ မဟာမိတ်ပါ။ မူဘာရက်လို အီဂျစ် အာဏာရှင်မျိုးဟာလည်း အမေရိကန်ရဲ့ မဟာမိတ်ပါ။ သူတို့ အကျိုးနဲ့ ကိုက်ညီရင် အာဏာရှင်ပေမဲ့ မဟာမိတ်ဖြစ်နိုင်ပါတယ်။ ဆဒန် ဟူစိန်လို အီရတ် အာဏာရှင်တောင်မှ သူတို့ အကျိုးနဲ့ ကိုက်ညီခဲ့စဉ်က အမေရိကန်ရဲ့ မဟာမိတ်ပါ။ လူ ၈ သိန်းလောက်သတ်ပြီး အာဏာရလာတဲ့ အင်ဒိုနီးရှားဆူဟာတိုဟာလည်း နောက်ဆုံးအချိန်အထိ အမေရိကန်ရဲ့ မဟာမိတ်ပါ။ ချီလီပီနိုချေးဟာလည်း သမ္မတ အာယန်းဒေးကို ဖြုတ်ချဖို့ အမေရိကန် တင်ပေးထားတဲ့ အာဏာရှင်ပါ။ အာဏာရှင်တိုင်းကို အမေရိကန်က မမုန်းတတ်ပါဘူး။ အမေရိကန်ဘက်က အာဏာရှင်ကို တကယ်မုန်းပြီဆိုရင် အဲသလို မုန်းတာဟာ သူတို့ကော်ပိုရေးရှင်းကြီးတွေကို လက်ဝါးကြီးအုပ်ခွင့် မပေးတဲ့ အာဏာရှင်မို့သာ ဖြစ်ပါလိမ့်မယ်။

စစ်အစိုးရဘက်ကလည်း အမေရိကန်ကို မုန်းခဲ့တယ်။ ဘာလို့ မုန်းတာလဲ။ သူတို့ဘက်က အစဉ်တစိုက် လိုလားတောင့်တခဲ့ပါလျက်ကယ်နဲ့ ဥပေက္ခာပြုရက်လွန်းလို့ပါ။ ကိုယ့်နေရာမှာကိုယ် ကိုယ့်ဖာသာ ဗိုလ်ကျစိုးမိုးနေတာကို လွတ်လွတ်လပ်လပ် ဗိုလ်ကျစိုးမိုးခွင့် မပေးလို့ပါ။ သူတို့ကို ဖြုတ်ချမယ် တကဲကဲ လုပ်နေလို့ပါ။ အမေရိကန်ဘက်ကရော ဘာ့ကြောင့် ဖြုတ်ချဖို့ လုပ်ခဲ့သလဲ။ ၈၈ အရေးအခင်းကြီးမှာ ပြည်သူလူထုကြီးတရပ်လုံးက ခါးခါးသီးသီး မုန်းတီးစက်ဆုပ်မှုကို ပြသခဲ့တဲ့ အစိုးရမို့ပါ။ ဒီလိုလူထု မုန်းတဲ့ အစိုးရကို ဖြုတ်ချနိုင်ရင် အမေရိကန်ကို ပြည်သူလူထုက ထောက်ခံကြလိမ့်မယ်ဆိုတာကို သိထားလို့ပါ။

ဒါပေမဲ့ အခုတော့ ဒါတွေဟာ အတိတ်ဖြစ်သွားပါပြီ။ အမေရိကန်ဟာ အာဏာရအောင် မယူနိုင်တဲ့ မြန်မာ ဒီမို ကရေစီသမားတွေကို မစောင့်နိုင်တော့ပါဘူး။ ဦးသိန်းစိန်ကို ဒီမိုကရေစီ တံဆိပ်ကပ်ပေးလိုက် ပါပြီ။ ဦးသိန်းစိန်နဲ့ အပေါင်းအပါများကလည်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ကမ်းလှမ်းကြိုထားပြီး ပါပြီ။ သူတို့အတွက် ဆုံမှတ်တခုကို ရှာတွေ့သွားပါပြီ။ အမေရိကန်အတွက်တော့ ဦးသိန်းစိန် ဒီမိုကရေစီ ပဲဖြစ်ဖြစ် ၊ ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ ဒီမိုကရေစီအတုပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီ အစစ်ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ သူတို့ စီးပွားရေး ဝင်လုပ်ရဖို့က အဓိက ဖြစ်လာပါပြီ။ ပထဝီ နိုင်ငံရေးအရ အချက်အချာကျတဲ့ မြန်မာကျားကွက်ကို မဟာဗျူဟာ အရ စိုးမိုးထားရေးက အဓိက ဖြစ်နေပါပြီ။

ဒါပေမဲ့ လက်ပံတောင်းလို အဖြစ်အပျက်မျိုးဖြစ်လာရင် အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကို အကာ အကွယ်ပေးဖို့ မြန်မာအစိုးရက အာမခံရပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးတဲ့ စာချုပ်စာတမ်းတွေကို အစိုးရဘက်က ကြိုကြိုတင်တင် ချုပ်ဆိုပေးရပါမယ်။ တချိန်တည်းမှာပဲ အလုပ် သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားမယ့်သူတွေ၊ လူ့အခွင့်အရေး ၊ ပတ်ဝန်းကျင်အရေး တောင်းဆို မယ့်သူတွေနဲ့ ရင်ဆိုင်လာရရင် ကူညီ ဟန့်တားပေးနိုင်မယ့်သူတွေ အမေရိကန်နဲ့ ရင်းနှီးသူတွေ လိုအပ် ပါတယ်။ အဲသလိုလူတွေကို တော့ NED ကငွေပေးမွေးမြူနေပါပြီ။

အမေရိကန် အရင်းရှင်တွေလာရင် တရုတ်အရင်းရှင်တွေလို ခြံစည်းရိုးဖြဲပြီး ဂမူးရှူးထိုး ၊ အငမ်းမရ မလာပါဘူး။ အုံနဲ့ကျင်းနဲ့ လာပါတယ်။ လိုချင်တဲ့ အခင်းအကျင်း ၊ အကွက်အကွင်းကို ကြိုတင်ပြင်ဆင်ပြီးမှ လာပါတယ်။

လိုချင်တဲ့ အခင်းအကျင်း၊ လိုချင်တဲ့ အကွက်အကွင်းဆိုတာ ဘယ်လိုဟာမျိုးလဲ။ အမေရိကန် ကော်ပိုရေးရှင်းကြီး တွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေမျိုးချုပ်ဆို ပေးထားရပါမယ်။ အဲသလို ဥပဒေမျိုး ချုပ်ဆိုနိုင်ဖို့ အမေရိကန် အခြေစိုက် Transnational Institute နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက စည်းရုံးဆောင်ရွက်နေပါပြီ။ အဲဒီ ဥပဒေဟာ လက်ပံတောင်းမှာလို လူထုနဲ့ ပြဿနာ တက်လာရင် ကော်ပိုရေးရှင်းကြီးတွေဘက်က ခိုင်အောင် ၊ ကော်ပိုရေးရှင်းကြီးတွေကို ထိရင် နိုင်ငံတကာ ခုံရုံးအထိတက်ပြီး အရေးဆိုနိုင်အောင် အပိုင်ချုပ်မယ့် စာချုပ်မျိုးပါ။ မြန်မာခရိုနီနဲ့ စစ်အာဏာရှင်ကြီးများရဲ့ အကျိုးကိုသာ ကြည့်တဲ့ ခေါင်းဆောင်ကြီးများကလည်း အဲသလိုစာချုပ်မျိုးကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီဥပဒေကြမ်းကို မကြာခင် မြန်မာနိုင်ငံ လွှတ်တော်မှာ အသစ်တင်ဖို့ရှိပါတယ်။ ဒါ့အပြင် အမေရိကန် ဆော့ဖ်ပါဝါဖြစ်တဲ့ NED ရဲ့ကွန်ရက် ဖြန့်ကျက်ပြီးသား ရှိရပါမယ်။ ဒီ့အတွက်လည်း ပိုက်ဆံရရင် ကောင်းတာပဲလို့ လွယ်လွယ်တွေးတဲ့ ဘုမသိဘမသိ နိုင်ငံရေး သမား တော်တော်များများကို စုဆောင်းနေပါပြီ။ နောင်တချိန်လက်တွေ့ အသုံးပြုတဲ့အခါ ကလန်ကဆန် လုပ်မယ့်သူ ၊ အမေရိကန် ဘက်ကနေပြောရရင် စားပြီးနားမလည် လုပ်မယ့်သူဟာ နည်းနည်းပါးပါး လောက်သာ ရှိပါလိမ့်မယ်။ အများစုဟာ သူ့ဆန်စားထားတော့ ရဲရပါတော့မယ်။

ဒီလိုမျိုးလုပ်ရပ်တွေကြောင့် ကမ္ဘာမှာ ဒီမိုကရက်တွေ၊ အလုပ်သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားသူ တွေ၊ ဆိုရှယ်ဒီမိုကရက်တွေ၊ အစိုးရမဲ့ဝါဒီတွေ၊ သဘာဝထိန်းသိမ်းရေး အစိမ်းရောင်ပါတီတွေ၊ ဆိုရှယ်လစ် တွေ၊ ကွန်မြူနစ်တွေ၊ စစ်ဆန့်ကျင်ရေးသမားတွေ၊ အမျိုးသမီးရေးလှုပ်ရှားသူတွေက NED ကိုဆန့်ကျင်ကြ ပါတယ်။ သူတို့ရဲ့ ဆန့်ကျင်မှုဟာ အရင်မြန်မာစစ်အစိုးရက အမေရိကန်ကို ဆန့်ကျင်တဲ့ ဆန့်ကျင်မှုနဲ့ အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။

မြန်မာဟာ တရုတ်နိုင်ငံနဲ့ ကပ်ရက်နိုင်ငံဖြစ်ပါတယ်။ တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ ပေါင်းကူး တံတား ဖြစ်ပါတယ်။ အဲသလို မြန်မာ့မြေမှာ အမေရိကန် ၊ တရုတ် ၊ အိန္ဒိယတို့လို အင်အားကြီးတွေ လာရောက် အားပြိုင်ကြမယ့် ကာလတခုကို ရောက်လာပါပြီ။ ဒီလိုကာလမျိုးမှာ ကျနော်တို့ဟာ ဒေသအမြင်သက်သက်နဲ့ ရေတိုကြည့်လို့ မလုံ လောက်တော့ပါဘူး။ နိုင်ငံတကာအမြင်နဲ့ ကြည့်ဖို့လိုပါပြီ။ နိုင်ငံတကာမှာ သူတို့ ဘယ်လိုလုပ်ခဲ့ကြသလဲ။ အတိတ်ကာလမှာ သူတို့ ဘယ်လို လုပ်ခဲ့ကြသလဲဆိုတာ မသိရင် ရှေ့လာမယ့် အနာဂတ်မှာ သူတို့ ဘာတွေ လုပ်မယ်ဆိုတာကို ကျနော်တို့ ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး။

အမေရိကန် ၊ ဥရောပ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ၊ တရုတ်လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ ၊ အိန္ဒိယ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေကနေ မြန်မာအလုပ်သမားလယ်သမားတွေရဲ့ ဘဝကို တိုက်စား ချေမွသွားမယ့် ရန်ကို ကျနော်တို့ ကာကွယ်နိုင်မှသာ ကျနော်တို့ရဲ့ နောင်မျိုးဆက်ဟာ ရှင်သန်ရပ်တည် နိုင်ပါလိမ့်မယ်။ ဒီလိုမလုပ်နိုင်ရင် ခရိုနီနဲ့ အာဏာရှင်ဟောင်းတွေ နိုင်ငံခြားသား အရင်းရှင်ကြီးတွေက ကျိကျိတက် ချမ်းသာပြီး အများစုပြည်သူကြီးက ဆင်းရဲသထက်ဆင်းရဲတဲ့ ခေတ်ဆိုးကြီးကို ကျနော်တို့ ကြုံတွေ့ရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ငွေဆိုတာ အလကားရရင် ကောင်းတာပဲ ဆိုပြီး ရသမျှငွေကို အားရဝမ်းသာ ယူနေသုံးနေ ကြတဲ့ နိုင်ငံရေးသမား ကြီး/ငယ်တွေ အတွက် အခုအချိန်မှာ ခဏလောက်ရပ်ပြီး ပြန်လည် စဉ်းစားသုံးသပ် ကြဖို့ အချိန်ကျရောက်ပါပြီ။ အလကားရတယ်ဆိုတာ ဘာမှ မရှိပါဘူး။ တခုခုယူထားရင် တခုခု ပြန်ပေးရ ပါလိမ့်မယ်။ ကိုယ့်ထက်လည်တဲ့ နပ်တဲ့လူတွေက ဖောချင်းသောချင်းပေးနေတဲ့ ငွေဟာ ပိုလို့တောင် အလကား မဟုတ်သေးတယ်ဆိုတာ ကျနော်တို့သတိပြုရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံရေးသမားကြီး/ငယ် တွေဟာ ငွေနဲ့ရက်ထားတဲ့ ကွန်ရက်ထဲမှာ ရုန်းမထွက်နိုင်တဲ့ ယင်ကောင်ငယ်လေးတွေလို ဖြစ်မှာကို အစိုးရိမ်ကြီး စိုးရိမ်မိပါတယ်။

နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ ပိုင်းပြီးပါပြီ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

ကိုးကား

1 – Trojan Horse: The National Endowment for Democracy by William Blum
2 – Perverting Elections by William Blum
3 – A Concise History of US Global Interventions, 1945-present by William Blum
4 – Former CIA Agent Tells : How US Infiltrates “Civil Society” To Overthrow Governments by Phillip Agee
5 – National Endowment for Democracy : Paying to Make Enemies of America by Ron Paul www.antiwar.com
6 – On The National Endowment For Democracy by Michael

နိုင်ငံရေး သမား ရောင်းရန်ရှိသည် အပိုင်း ၃ (ငွေကြေး၊ အာဏာနဲ့ OSI )


the-puppet-master

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုံးက ဗြိတိသျှသံရုံး ဧည့်ခန်း မှာ ထားလေ့ရှိတဲ့ စာအုပ်တအုပ်ကို အမှတ်ရမိတယ်။ အဲဒီစာအုပ်ကတော့ အရပ်ဘက် အဖွဲ့အစည်း /လူထုအခြေပြုအဖွဲ့အစည်း လို့ခေါ်တဲ့ Civil Society Organization တွေကို မြန်မာနိုင်ငံမှာ အများအပြား ထူထောင်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ကြပ်မတ်ထိန်းချုပ် မှုနဲ့ အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရထူထောင် ရေး ဆိုတဲ့ အတွေးအခေါ်ကို မလေးရှား စာရေး ဆရာ တယောက်ရေးထားတဲ့ စာအုပ်ပါ။


ထူးခြားတာ ကတော့ မူရင်းက အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ စာအုပ်ဖြစ်ပေမဲ့ သံရုံးဧည့်ခန်းမှာ ရှိတာက မြန်မာ ဘာသာပြန်စာအုပ်ဖြစ်နေတဲ့ အချက်ပါ။ မြန်မာ ဘာသာပြန်ဆိုပေမဲ့ မြန်မာ နိုင်ငံက စာရေးဆရာ တယောက်ယောက် ဘာသာပြန်တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ဝေတဲ့ စာအုပ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီစာအုပ်ကို ဗြိတိသျှ သံရုံး ဧည့်ခန်းမှာ အမြဲတွေ့ရတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရကို ဖြုတ်ချရေး အကြံဥာဏ်ပေးတဲ့ စာအုပ်တအုပ်ကို ဗြိတိသျှ သံရုံးမှာ တွေ့ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်းမိတယ်။ လူထုအခြေပြုအဖွဲ့အစည်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတွေအသုံးပြုပြီး ဖြုတ်ချရေး နည်းလမ်းကို အကြံပေးထားတော့ အတွေးအခေါ် သစ်တရပ် လို့လည်း ထင်မှတ်မှားစရာ ဖြစ်တယ်။

ဒါပေမဲ့ နောက်တော့ ဒီစာအုပ်ကို ရန်ကုန်က လူငယ်တချို့ရဲ့ အိမ်တွေမှာ မိတ္တူစာအုပ်အဖြစ် တွေ့လာရ တယ်။ ဒီတော့မှ ဒီစာအုပ်ရဲ့ မူလလမ်းကြောင်း ရေသောက်မြစ်ကို သိလာရတယ်။ တကယ်တော့ အဲဒီစာ အုပ်ကို ဘာသာပြန်ထုတ်ဝေတာက လူငယ်တွေကြားမှာ အေစီလို့ ရေပန်းစားခေါ်ဝေါ်ကြတဲ့ အမေရိကန် သံရုံးရဲ့ ပြန်ကြားရေးဌာနကပါ။ အဲဒီ အမေရိကန် စင်တာကနေ လူငယ်တွေကို သင်တန်းပေါင်းများစွာ တိုးတိုးတိတ်တိတ်ပေးခဲ့တာဟာ မဝေးသေးတဲ့ ကာလတခုမို့ အားလုံးမှတ်မိကြမှာပါ။ အဲဒီသင်တန်းတွေထဲ က သင်တန်း တခုကနေ ထုတ်ဝေဖြန့်ချိတဲ့ စာအုပ်ပါ။ စာအုပ်ကို ထုတ်ဝေ ဖြန့်ချိရုံတွင် မကဘူး။ အဲဒီစာအုပ် ရေးတဲ့ စာရေးဆရာပါ မြန်မာနိုင်ငံကို အရောက်လာပြီး အဲဒီ အမေရိကန် စင်တာမှာပဲ အရပ်ဖက် အဖွဲ့အစည်းတွေကို အသုံးပြုပြီး အစိုးရဖြုတ်ချရေးနည်းလမ်းကို ဆွေးနွေးပို့ချခဲ့ဖူးပါတယ် ။ သင်တန်းတက်ဖူး တဲ့ လူငယ်တွေ မှတ်မိကြပါလိမ့်မယ်။

အဲဒီစာအုပ်ရဲ့ အနှစ်ချုပ်ကတော့ လက်နက်ကိုင် တော်လှန်ရေးကို ဆန့်ကျင်တယ်။ လက်နက်ကိုင် တော်လှန်ရေးအစား အရပ်ဘက် အဖွဲ့အစည်းတွေ ထူထောင်ပြီး အစိုးရကို ဖြုတ်ချရေးဆိုတဲ့ နည်းလမ်း ဖြစ်ပါတယ်။

နိုင်ငံတကာ အတွေ့အကြုံနည်းတဲ့ ကျနော်တို့ ဗမာလူငယ်တွေကတော့ အမေရိကန်က ဘာလမ်းကြောင်း ချပေးတယ်ဆိုတာ မရိပ်မိခဲ့ကြဘူး။ အခုချိန်မှာတော့ အားလုံး ရုပ်လုံးပေါ်လာတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံမှာ သူတို့လိုချင်တဲ့ နိုင်ငံရေး အကွက်အကွင်း၊ အခင်းအကျင်း တရပ်ပေါ်လာဖို့ နှစ်ပေါင်း နှစ်ဆယ်၊ အစိတ် အချိန်ယူပျိုးထောင်ခဲ့တယ်။ အခုအခါ Myanmar Peace Centerနဲ့ ဗဟု၊ Egress တို့ထဲကို ရောက်လာကြမယ့် မြန်မာတချို့ကိုလည်း အမေရိကန်ကို ငွေကုန်ကြေးကျခံခေါ်ယူပြီး အမေရိကန် အတွေးအခေါ်သင်ကြား ပို့ချ လေ့ကျင့်ပေးခဲ့တယ်။ အဲဒီလို ပျိုးထောင်လာတဲ့ အမေရိကန်ဆော့ဖ်ပါဝါရဲ့ ဦးတည်ချက်ဟာ ဘာလဲ ဆိုတာ ခုတော့ အကောင်အထည်နဲ့ တကွမြင်သာလာတယ်။ ဒီနေ့မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာစားနေတဲ့ NGO အဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ထွက်ပေါ်လာနေပြီ။ လူငယ်တွေထဲ မှာလည်း NGO တွေမှာ အလုပ်လိုချင်လွန်းလို့ သူ့ထက်ငါ အလုအယက်။ နိုင်ငံရေးသမားလောက၊ လူမှုရေး လောကမှာလည်း ဒိုနာရှာရတာ အမော။ NED က ကိုအောင်မော်ဇင်တို့၊ OSI က ဒေါ်မော်ရင်း အောင်သွင်တို့နဲ့ မိတ်ဖွဲ့ချင်လို့ ပွဲစားရှာသူတွေ၊ ပွဲကစားသူတွေလည်း မနည်းမနော။

တကယ်တော့ မြန်မာနိုင်ငံကို အမေရိကန်စင်တာကနေ CSO တွေ၊ NGO တွေနဲ့ မိတ်ဆက်ပေးနေချိန်မှာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပမှာတော့ အမေရိကန် ပြုစုပျိုးထောင်ထားတဲ့ NGO တွေ တော်တော် အလုပ်လုပ်ပြီးနေကြပါပြီ။ တော်တော်လည်း အငြင်းပွားနေကြပါပြီ။ အဲဒီ NGO တွေကို နိုင်ငံတော်တော် များများက စီအိုင်အေရဲ့ Fifth Column ပဉ္စမံတပ်သား လို့ လက်ညှိုးထိုး ပြစ်တင် ဝေဖန်နေပါပြီ။ NGO တွေရဲ့ နိုင်ငံခြားအလှူငွေ ရယူမှုကို စစ်ဆေးတဲ့၊ ကန့်သတ်တဲ့ ဥပဒေတွေကိုလည်း နိုင်ငံတချို့က ထုတ်ပြန်နေပါပြီ။ အစ္စရေးလို အမေရိကန်ရဲ့ ဝမ်းမနာသား နိုင်ငံမျိုးတောင် အဲဒီလို ဥပဒေထုတ်တဲ့ နိုင်ငံထဲမှာ ပါပါတယ်။ တခြား ထင်ရှားတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အိန္ဒိယ၊ ကမ္ဗောဒီးယား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်တို့ပါ။ အမေရိကန်မှာ လည်း နိုင်ငံခြားအစိုးရရဲ့ ထောက်ပံ့ငွေဆိုရင် မှတ်ပုံတင်ရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို တင်ပြရပါတယ်။

အမေရိကန်ဟာ သူ့နိုင်ငံတွင်းမှာတော့ နိုင်ငံခြားအစိုးရရဲ့ငွေဆိုရင် မှတ်ပုံတင် စာရင်းစစ်ပေမဲ့ တခြားနိုင်ငံမှာ တော့ NGO တွေ ပြန့်ပွားလာရေးကို သူတို့က တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်ချိပေးသလို NGO တွေကို ငွေကြေးထောက်ပံ့ခြယ်လှယ်ပါတယ်။ ဒါကလည်း စီအိုင်အေအတွက် လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းတာ ကို နှစ်ပေါင်း ၆၀ ကျော် အတွေ့အကြုံရှိခဲ့ပြီးပါပြီ။ ငွေကြေးထောက်ပံ့ခြယ်လှယ်တယ် ဆိုတာကလည်း တခါ တလေမှာ တိုက်ရိုက်ခြယ်လှယ်တာမျိုးရှိသလို တခါတလေမှာ သွယ်ဝိုက်ခြယ်လှယ် ပါတယ်။ တိုက်ရိုက်ခြယ် လှယ်တယ်ဆိုတာက လုပ်ငန်းစဉ်အသေးစိတ်မှာ ဝင်ရောက်စွက်ဖက်တာမျိုးပါ။ သွယ်ဝိုက်ခြယ်လှယ်တယ် ဆိုတာကတော့ သူတို့အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပေါ်လစီချတဲ့ NGO တွေကို ငွေကြေးထောက်ပံ့ပြီး သူတို့ အကျိုးနဲ့ မကိုက်တဲ့ NGO တွေကိုတော့ လူ့အဖွဲ့အစည်း အတွက် ဘယ်လောက်ပဲ အကျိုးရှိရှိ ပစ်ထားလိုက် တာမျိုးပါ။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် NGO အများစုဟာ သူတို့ လုပ်ငန်းစဉ် ( သူတို့ Agenda) အတိုင်း ဆောင်ရွက်တဲ့ အဖွဲ့တွေ ဖြစ်လာပါတယ်။ သတင်းအမှောင်ကျပြီး ခေတ်လည်း နောက်ကျ၊ ငွေလည်း ရှားပါး ဆင်းရဲတဲ့ နိုင်ငံမျိုးတွေမှာတော့ အမေရိကန်ဟာ ငွေကို လမ်းခင်းပြီး လွယ်လွယ်ကူကူ လုပ်ကိုင်သွား ပါတယ်။

ဒီနေ့ခေတ်မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်တဲ့ အခါ မြန်မာဟာ အဲသလို နိုင်ငံ အမျိုးအစားစာရင်းမှာ အကြုံးဝင် လာနေတာတွေ့လာရပါတယ်။ ၈၈ ငြိမ်း၊ပွင့် အဖွဲ့အပါအဝင် မြန်မာနိုင်ငံက NGO အဖွဲ့အစည်း တွေရဲ့ ၉၀ ရာနှုန်းဟာ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ မွေးဖွားကြီးပြင်းလာတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတာကို တွေ့လာရတယ်။

၈၈ မျိုးဆက်အဖွဲ့ဆိုရင် သူတို့ အဖွဲ့နာမည်ကိုတောင် ပွင့်လင်း လူ့အဖွဲ့အစည်းလို့ နာမည်ပေးလိုက်ပါသေး တယ်။ ဒါဟာ ၈၈ မျိုးဆက်အဖွဲ့ရဲ့ နိုင်ငံရေးဗဟုသုတ ခေါင်းပါးမှုကို ပေါ်လွင်ထင်ရှားစေပါတယ်။ တကယ်လို့သာ ကမ္ဘာ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဂျော့ခ်ျဆိုးရော့စ်ရဲ့ Open Society Institute ဟာ ဘယ်လောက်နာမည် ပျက်တယ်၊ ဘယ်လောက်ငြင်းခုန်မှုတွေ ဖြစ်နေတယ်ဆိုတာကို သိရင် ၈၈ မျိုးဆက်အဖွဲ့ဟာ ဒီနာမည်ကို ခံယူလိမ့်မယ် မထင်ဘူး။

တကယ်တော့ CSO လို့ခေါ်ကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ NGO လို့ခေါ်ကြတဲ့ အစိုးရနဲ့ မပတ် သက်တဲ့ အဖွဲ့အစည်းတွေဟာ သူတို့အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေကြောင့် အငြင်းပွားစရာ ပြဿနာ တွေ တက်နေကြတာ မဟုတ်ဘူး။ အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေကတော့ များသောအားဖြင့် ရည်ရွယ်ချက်ကောင်းတွေပဲ။ အဖွဲ့အစည်း ရည်ရွယ်ချက်တွေကြောင့် Fifth Column ခေါ် ပဉ္စမံ တပ်သား အဖြစ် နိုင်ငံတကာမှာ စွပ်စွဲ ပြောဆို ခံနေရတာ မဟုတ်ဘူး။ သူတို့ကို ဒီလို စွပ်စွဲပြောဆိုခံနေရတာဟာ သူတို့ကို ငွေပေးပြီး ကြိုးကိုင်နေတဲ့ ဒိုနာ အဖွဲ့အစည်းတွေရဲ့ အရိပ်ထိုး လွှမ်းမိုးမှုတွေကြောင့်ပါ။

ငွေယူတာ အပြစ်မဟုတ်ဘူး။ ငွေကို အလွဲသုံးစားလုပ်တာကသာ အပြစ်ဖြစ်တယ်လို့ တချို့က ပြောပါတယ်။ ဒီစကားဟာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ မမှန်ဘူး။ ငွေကို အလွဲသုံးစား မလုပ်ပေမဲ့ အန္တရာယ်ရှိနိုင်သေးတယ်။ ငွေရဖို့ အတွက် ငွေရှင် အကြိုက်မူဝါဒတွေအောက် ရောက်မှန်းမသိ ရောက်ကုန် ကြတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲ။ အဲသလို အဖွဲ့တွေ အများစုဖြစ်လာတဲ့အခါ ငွေကို အလွဲသုံးစား မလုပ် သည့်တိုင်အောင် ကိုယ်ဟာ ကြိုးကိုင်ခံ အဖွဲ့အစည်း ဖြစ်မှန်း မသိဖြစ်လာတတ်ပါတယ်။ ငွေမျက်နှာကြောင့် သူ့မူဟာ ကိုယ့်မူဖြစ်လာတတ်တယ်။ သူ့အလုပ်ဟာ ကိုယ့်အလုပ်ဖြစ်လာတတ်တယ်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်း မသိတော့တဲ့ ဘဝအထိ ရောက်သွားတတ်ပါတယ်။

အဲသလို ငွေပေးကြိုးကိုင်ခြယ်လှယ်တတ်တဲ့ အဖွဲ့အစည်းတွေကတော့ Open Society Institute (OSI) ၊ National Endowment for Democracy (NED) နဲ့ ဥရောပက အဖွဲ့အစည်းတချို့ပါ။

OSI

“NGO အဖွဲ့အစည်းတွေကို အစိုးရတွေက ပဉ္စမံတပ်သားလို့ ယူဆပြီး ကြောက်ရွံ့လာကြတယ်။ အဲသလို အစိုးရတွေရဲ့ စွပ်စွဲ ကြောက်ရွံ့ခြင်းခံရတဲ့ NGO တွေရဲ့ အများစုကတော့ ဂျော့ခ်ျ ဆိုးရော့စ်က ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်” လို့ The Christian Science Monitor ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဒန်မာဖီက သူ့ရဲ့ “NGO ထောက်ပံ့လှူဒါန်းငွေကို သူတို့ဘာလို့ ကြောက်ကြသလဲ” ဆောင်းပါး မှာ ရေးသားထားပါတယ်။

ဆိုးရော့စ်ဟာ သူ့ကိုယ်သူ ပရဟိတ သမား အလှူ့ရှင်ကြီး အဖြစ် ရည်ညွှန်း ပြောဆိုတတ်တယ်။

ဆိုးရော့စ်ဟာ The Council of Foreign Relations, The World Economic Forum, နဲ့ Human Rights Watch (HRW) တို့မှာ ထိပ်တန်းနေရာတွေကို ယူထားသူဖြစ်သလို နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ International Crisis Group ကိုထူထောင်သူလည်း ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဦးသိန်းစိန် အစိုးရတို့ ကို ICG ကစောစောစီးစီး ထောက်ခံခဲ့တာတွေဟာ ဆိုးရော့စ်ရဲ့ လက်ရာတွေလို့ ဆိုနိုင်ပါတယ်။ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ကမ္ဘာကပြောလာအောင် ဦးဦးဖျားဖျား အသံထုတ် နှပ်ကြောင်းပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အမေရိကန်အစိုးရလို နိုင်ငံကြီးတခုအနေနဲ့ ဦးသိန်းစိန်ကို ထောက်ခံဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ဖို့ ဆိုတာ အရင်က ပြောထားတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စံချိန်စံညွှန်းတွေကို ချက်ချင်းခါချပြီး ငါစိတ်ပြောင်း သွားပြီ၊ ငါမင်းတို့ကို ထောက်ခံလိုက်တော့မယ်၊ အရင် ဒီမိုကရေစီသမားတွေ နေရစ်ခဲ့ကြ တော့ လို့ ပစ်ပစ်ခါခါ ပေါ်ပေါ်ထင်ထင် ကောက်လုပ်လိုက်လို့ ရတာမျိုး မဟုတ်ဘူး။ ဦးသိန်းစိန်ကို ထောက်ခံဖို့အတွက် တဘက်မှာ ဦးသန်းရွှေ ၊ ဦးသိန်းစိန်တို့ကို အပြောင်းအလဲ လေသံ ထုတ်ပေးဖို့ ၊ ဟန်ပြ ဖြစ်ဖြစ် ပြောင်းလဲပြဖို့ နားချရပါတယ်။ ဒါနဲ့တွင် မရသေးပါဘူး။ ဦးသိန်းစိန်ကောင်းကြောင်း ဦးသိန်းစိန် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေပြီဖြစ် ကြောင်း ရှေ့ကနေ နှပ်ကြောင်းပေး လမ်းဖွင့်ပေးမယ့် လူတွေ အသံထုတ်ပေးမယ့်လူတွေ လိုအပ်တယ်။ အဲဒီလို အလုပ်မျိုးတွေကို ဆိုးရော့စ်ရဲ့ ICG လိုအဖွဲ့မျိုးက အရင်ဆုံး ဦးဆောင်လုပ်ပေးခဲ့တယ်။ ဆိုးရော့စ် နဲ့ ထဲထဲဝင်ဝင် ပတ်သက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW (Human Right Watch) လိုအဖွဲ့မျိုးက တဖြည်းဖြည်း နောက်ကလိုက်ပေး တယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW တို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ ICG တို့ဆိုတာ မီဒီယာကို ရှေ့က ဦးဆောင်နိုင်သူတွေလည်း ဖြစ်ကြတယ်။ HRW တို့ ICG တို့ ဆိုတာ သူတို့က ကြေညာချက် တစောင် ထုတ်ပြီး အဲဒီကြေညာချက်မှာ မြန်မာဆိုတဲ့ စာလုံးတလုံးပါတာနဲ့ ပြည်ပ အသံလွှင့် ဌာနတွေက သတင်းချက်ချင်းရေး အင်တာဗျူးချက်ချင်းမေးပြီး အသံလွှင့်ကြတဲ့ အဖွဲ့အစည်းမျိုးဖြစ်တယ်။ HRW တို့ ICG တို့ဟာ မီဒီယာကို ထိန်းချုပ်ထားနိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ သတင်းကို ဖန်တီးပေးနိုင်တဲ့ သြဇာရှိ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ ဒီလိုနည်းမျိုးနဲ့ ဆိုးရော့စ်ရဲ့ အဖွဲ့အစည်းတွေဟာ ဦးသိန်းစိန်ကို ပြုပြင်ရေးသမား နာမည်ထွက်အောင် ဆောင်ရွက်ခဲ့တယ်။

ဆိုးရော့စ်ဟာ အရင်းအနှီးရဲ့ မျက်နှာ တခုတည်းပဲ ကြည့်တတ်သူဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံတွေရဲ့ နိုင်ငံ ရေးမှာ ပါဝင်စွက်ဖက်သမျှဟာလည်း အဲသလို စွက်ဖက်ပြီးရင် အဲဒီနိုင်ငံကနေ သူလှူထား၊ ရင်းထားသမျှရဲ့ အဆပေါင်းများစွာ ပြန်လည်ရအောင် ယူခဲ့တာချည်းပဲ ဖြစ်တယ်။ အခုသူဟာ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရပေါ်လာမှာကို မစောင့်နိုင်တော့ဘူး။ အတိုက်အခံတွေက ဒီမိုကရေစီအစိုးရ ဖြစ်အောင် မလုပ်နိုင်တော့တဲ့ အခါ ဆိုးရော့စ်ဟာ ဦးသိန်းစိန်ကို ဒီမိုကရေစီနာမည်တပ်ပြီး မြန်မာပြည်မှာ စီးပွားရေး ဝင် လုပ်ဖို့ ခြေလှမ်း လာတာဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ သူဟာ အာရှစီးပွားရေးကို ကမောက်ကမ ဖြစ်အောင်လုပ်ခဲ့ဖူးတယ်။ ထိုင်းစီးပွားရေး ပြိုလဲတဲ့အထိ စတော့ရှယ်ယာ ဈေးကစားခဲ့တယ်။ ထိုင်းနိုင်ငံရေးသမား တယောက်က ဂျော့ခ်ျဆိုးရော့စ်ဟာ ဒရက်ကူလာလို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်ပါပဲ လို့ဆိုတယ်။ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကလည်း ၁၉၉၇ အာရှ စီးပွားရေးပျက်စီးရတာတခုလုံးဟာ ဆိုးရော့စ်ရဲ့ Quantum Fund လက်ချက်လို့ ပြစ်တင်ဝေဖန်ခဲ့တယ်။

ယူဂိုစလားဗီးယားနိုင်ငံမှာ အသက်များစွာပေးဆပ်ခဲ့ရပြီး နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရတဲ့ ဖြစ်စဉ်မှာ လည်း ဘဏ္ဍာရေး ကဏ္ဍကနေ အဓိက လှုပ်ရှားခဲ့သူဟာ ဂျော့ခ်ျဆိုးရော့စ် ဖြစ်ပါတယ်။

၁၉၉၂ စက်တင်ဘာမှာတော့ ဗြိတိသျှ ပေါင်စတာလင်ငွေကို ဘဏ္ဍာရေး ဈေးကွက်မှာ သူဝင်ငွေကစားပြီး တနေ့တည်းနဲ့ ဒေါ်လာသန်း တထောင် အမြတ်ယူခဲ့ဖူးတယ်။ ပေါင်စတာလင်ငွေကြေးကတော့ ကမောက် က မ ဖြစ်ပြီး ငွေတန်ဖိုး ထိုးကျသွားခဲ့တယ်။ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လူမျိုးတယောက်ချင်းစီရဲ့ ငွေဟာ အင်္ဂလိပ်တွေ မသိလိုက်ရဘဲ ဆိုးရော့စ် အိတ်ထဲရောက်သွားတာပါပဲ။ ဒါပေမဲ့ သူ့ကြောင့် အင်္ဂလိပ်ဆင်းရဲ သားတွေ ဘယ်လောက် ဒုက္ခရောက်သွားမလဲဆိုတာကို ဆိုးရော့စ်က မစဉ်းစားပါဘူး။

ဒါနဲ့ ပတ်သက်လို့ “ဘဏ္ဍာရေး ဈေးကွက်မှာ ငွေကစားတဲ့အခါ လုပ်သင့်မလုပ်သင့် ဆိုတာတွေ ကိုယ်ကျင့် တရား စံနှုန်းတွေနဲ့ ကိုက်မကိုက် ဆိုတာတွေကို ကျုပ်ဘယ်တော့မှ မစဉ်းစားဘူး” လို့ ဆိုးရော့စ် ကိုယ်တိုင် က ပြောခဲ့ဖူးပါတယ်။ “စီးပွားရေး လုပ်တဲ့အချိန်မှာ ကျင့်ဝတ်တွေ သိက္ခာတွေကို ထည့်တွက်နေ တာဟာ ကိုယ့်လက်ကိုယ် ကြိုးနဲ့ တုတ်ထားတာဖြစ်တယ်။ အောင်မြင်မှုမရနိုင်ဘူး” လို့ ၂၀၀၃ ခုစက်တင်ဘာ လက အင်တာဗျူးတခုမှာ သူကိုယ်တိုင် ထုတ်ပြောခဲ့တယ်။

ကျနော်တို့ဟာ နိုင်ငံတော် အစိုးရတွေက ဒါပဲသုံး၊ ဒါပဲ တရားဝင်တယ်လို့ သတ်မှတ်ပေးထားတဲ့ ငွေစက္ကူ လေးတွေကို ကျပ်တသောင်းနှစ်သောင်း ရဖို့အရေး ၊ လေးငါးဒေါ်လာရဖို့ အရေး ချွေးပြိုက်ပြိုက် ကျအောင် အလုပ်လုပ်နေချိန်မှာ ဆိုးရော့စ်လို သန်းထောင်ချီချမ်းသာတဲ့ သူဌေးကြီးတွေက ကျနော်တို့ ရမယ့်ငွေကို စက္ကူစုတ်ဖြစ်အောင် လုပ်ပစ်ပြီး သူတို့ အတွက် အမြတ်အစွန်း ရှာဖွေနေပါတယ်။

ပြင်သစ်ဘဏ်ရဲ့ စတော့ရှယ်ယာကို ၁၉၈၈ ခုနှစ်တုန်းက အတွင်းသတင်းနှိုက်ပြီး ဈေးကစားခဲ့မှု (Insider trading ) နဲ့ ၂၀၀၂ ခုနှစ်မှာ သူ့ကို ပြင်သစ် အစိုးရက တရားစွဲပြီး ဒေါ်လာ ၂ သန်း ဒဏ်ငွေရိုက်တာလည်း ခံခဲ့ရတယ်။

တကြိမ်မှာတော့ အမေရိကန် သမ္မတဖြစ်လာမယ့် ဂျော့ခ်ျဘုရှ် အငယ်ရဲ့ Spectrum 7 ကုမ္ပဏီ ခွက်ခွက် လန် ရှုံးပြီး ဒေါ်လာ သန်းချီကြွေးတင်မယ့်အချိန်မှာ ဆိုးရော့စ်ဟာ အမှိုက်ဖြစ်တော့မယ့် ရှယ်ယာတွေကို ဝယ်ပြီး အသက်ဆက် ပေးခဲ့ဖူးတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုးရော့စ်က ဘယ်လိုပြောခဲ့သလဲ ဆိုတော့ “ကျုပ်ဝယ်လိုက်တာဟာ နိုင်ငံရေးသြဇာကို ပိုက်ဆံပေးဝယ်လိုက်တာ” လို့ ပြောခဲ့တယ်။

ဆိုးရော့စ်ဟာ အာဖရိက၊ လက်တင်အမေရိက၊ ကရစ်ဘီယံ၊ အာရှတို့မှာရှိတဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေး သမား၊ ပညာရှင်တွေကို ဝယ်ယူပါတယ်။ နောင်တချိန်မှာ နိုင်ငံရေးအာဏာရလာမယ့်သူ၊ ဒါမှ မဟုတ် နောင်တချိန်မှာ နိုင်ငံရေး သြဇာရှိလာမယ့်သူလို့ သူယူဆတဲ့သူတွေကို ငွေကြိုပေးစနစ်နဲ့ ဝယ်ယူ တာ ဖြစ်ပါတယ်။ အဲသလို ဝယ်ယူတဲ့အခါမှာလည်း များသောအားဖြင့် ဗြောင်ငွေပေး ဝယ်ယူလေ့ရှိပါတယ်။

ဆိုးရော့စ်ဟာ သူ့ကိုယ်သူ အမေရိကန်နဲ့ မပတ်သက်သူလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ဘက်တော်သား အများစုကတော့ သူ့ကို စီအိုင်အေလူလို့သာ သတ်မှတ်လေ့ရှိပါတယ်။

နယူးယောက်က သမိုင်းဘာသာသင်တဲ့ အထက်တန်းပြဆရာမတယောက်လည်း ဖြစ်ပြီး နိုင်ငံရေးတက် ကြွ လှုပ်ရှားသူ တယောက်လည်း ဖြစ်တဲ့ ဟဲသာ ကော့တင် က ဆိုးရော့စ်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ နယ်ချဲ့ဝါဒ မှော်ဆရာ သို့မဟုတ် နှစ်ဖက်ချွန် သူလျှို ဆိုတဲ့ ဆောင်းပါးမှာ အခုလို ရေးခဲ့တယ်။

စီအိုင်အေနဲ့ ဆိုးရော့စ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တထပ်တည်းဖြစ်ပါတယ်။ သူတို့နှစ်ဖွဲ့စလုံးဟာ ဆိုရှယ်လစ် ဝါဒ ပျက်စီးရေး ရည်မှန်းချက်နဲ့ ဆောင်ရွက်သူတွေသာဖြစ်ပါတယ်။ တောင်အာဖရိကမှာ စီအိုင် အေက ကွန်မြူနစ် အတိုက်အခံတွေကို ရှာဖွေဖော်ထုတ်ရာမှာ ဆိုးရော့စ်ရဲ့ အကူအညီကို ရယူခဲ့တယ်။ ဟန်ဂေရီ၊ ပိုလန်၊ ဆိုဗီယက်ယူနီယံ တို့မှာ စီအိုင်အေ၊ NED ၊ AFL-CIO ၊ USAID တို့ဟာ ဆိုးရော့စ်ရဲ့ Open Society Fund ကခန့်ထားတဲ့ ဝန်ထမ်းတွေ ရဲ့ အကူအညီရယူပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ ဆိုးရော့စ် ကိုယ်တိုင်ကလည်း “နိုင်ငံတိုင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ဟာ ဘာနိုင်ငံရေးအရောင်အသွေး ရှိသလဲဆိုတာ ကျုပ်ကလေ့လာပြီး ကျုပ်နဲ့ နိုင်ငံရေး အမြင်တူသူတွေ ဆိုရင် ထင်ရှားသူဖြစ်စေ၊ မထင်ရှားသူဖြစ်စေ၊ အဲဒီလိုလူတွေကို ရှာဖွေ စုစည်း ထောက်ပံ့ပေးနေတယ်” လို့ ဖွင့်ပြောပါတယ်။

ရုရှား ဘီလျံနာ သူဌေးကြီး ဘောရစ် ဘရက်ဇော့ဗ်စကီ ကတော့ ဆိုးရော့စ်ဟာ စီအိုင်အေဖြစ်ကြောင်း သူသိခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားပြီး “ဆိုးရော့စ်ဟာ စီအိုင်အေ သူလျှိုဆိုတာကို သိလိုက်ရတော့ ကျနော်ဖြင့် သတိမေ့မတတ် လန့်သွားမိတယ်” လို့ ဆိုပါတယ်။

တကယ်တန်း ဆိုးရော့စ်ဟာ စီအိုင်အေ သူလျှိုပါလို့ အထောက်အထားပြပြီး အတိအကျ လက်ဆုပ် လက်ကိုင် ပြောဖို့ ခက်ပေမဲ့ သူ့အဖွဲ့ အစည်းတွေမှာ သူခန့်ထားတဲ့လူတွေကို ကြည့်ရင်တော့ သူဘယ်လိုလူ ဆိုတာကို ခန့်မှန်းလို့ရပါတယ်။

ဆိုးရော့စ် အဖွဲ့တွေထဲမှာ သြဇာအကြီးဆုံး အဖွဲ့တဖွဲ့က ၁၉၈၆ ခုမှာ တည်ထောင်ခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ပါ။ အဲဒီအဖွဲ့ကို အမေရိကန် နိုင်ငံရေးနဲ့ ထောက်လှမ်းရေးဆရာကြီးတွေနဲ့ ဖွဲ့စည်း ထားပါတယ်။ ဒါရိုက်တာအဖွဲ့ထဲမှာ အမေရိကန် သမ္မတတွေရဲ့ နိုင်ငံရေး အကြံပေး ဇဘစ်နျူးဘာဇင်စကီ ပါပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း မော်တန် အဘရာမိုဝစ်ဇ်၊ နေတိုး ရဲ့ ဥရောပ စစ်ဦးစီးချုပ်ဟောင်း ဝက်စလီ ကလပ်၊ အမေရိကန် လုံခြုံရေး အကြံပေးဟောင်း ရစ်ချတ်အယ်လင် တို့ပါဝင်ပါတယ်။ ရစ်ချတ်အယ်လင်ဟာ အီရန်ကွန်ထရာ အရေးမှာ နာမည်ပျက်နဲ့ ကျော်ကြားခဲ့သူပါ။

ဆိုးရော့စ်ဟာ ဟင်နရီ ကစ်ဆင်းဂျား ၊ ဗားစလပ်ဟာဗယ်၊ ပိုလန်ဗိုလ်ချုပ် ဗွိုက်ချက် ယာရူဇက်ဆကီ တို့ရဲ့ မိတ်ဆွေကြီးလည်း ဖြစ်ပါတယ်။ ဒလိုင်းလားမားနဲ့ ရုရှား သမ္မတဟောင်း မီဟိုင်း ဂေါ်ဘာချော့ဗ် တို့ကိုတော့ ဆန်ဖရန်စစ္စကိုမှာ အင်စတီကျုတွေ၊ ဖောင်ဒေးရှင်းတွေဖွင့်ဖို့ အဆောက်အဦးပေးထား ပါတယ်။ တရုတ် နိုင်ငံ က ဒလိုင်းလားမား ၊ ရုရှားနိုင်ငံက ဂေါ်ဘာချော့ဗ်တို့ကို ဒီလို မြှောက်စားထားတာ အကြောင်းရှိပါ လိမ့်မယ်။

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ၊ Waldorf-Astoria ဟိုတယ်မှာ World Economic Forum က အစည်းအဝေးလုပ်နေချိန်မှာ လူထုအမြောက်အများက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ဆန္ဒပြပွဲ |ဆင်နွှဲခဲ့ တယ်။ အဲဒီအချိန်မှာ ဆိုးရော့စ်ဟာ အမေရိကန်ရဲ့ တခြားအရေးပါတဲ့ ဝါဒဖြန့်ချိသူတွေဖြစ် ကြတဲ့ ဇဘစ်နျူး ဘာဆင်စကီ၊ ဆင်မြူရယ် ဟန်တင်တန်၊ ဖရန်စစ် ဖူကူယားမား တို့နဲ့ အတူ မိန့်ခွန်းပြောဖို့ စောင့်ဆိုင်းနေ ချိန်ပါ။ သူတို့အားလုံးဟာ အမေရိကန် မွေးထားတဲ့ လက်ရွေးစင် ဝါဒဖြန့်ချိရေးသမားတွေ ချည်းပါပဲ။ ဆိုးရော့စ်ဟာ အမေရိကန်ရဲ့ ပေါ်လစီဖန်တီးသူတွေ ၊ ဝါဒဖြန့်ချိသူတွေ၊ စီအိုင်အေ၊ NED လို အဖွဲ့တွေနဲ့ နီးနီးကပ်ကပ်လက်တွဲ အလုပ်လုပ်သူဖြစ်ပါတယ်။

အသက် ၈၃ နှစ် အရွယ် ဆိုရောစ် နဲ့  ၂၀၁၁ ခုနှစ် မှာ လမ်းခွဲ ခဲ့ တဲ့ ဘရာဇီး မော်ဒယ် Adriana Ferreyr
အသက် ၈၃ နှစ် အရွယ် ဆိုရောစ် နဲ့  ၂၀၁၁ ခုနှစ် မှာ လမ်းခွဲ ခဲ့ တဲ့
ဘရာဇီး မော်ဒယ် Adriana Ferreyr

အထက်မှာ ပြောခဲ့သလိုပဲ ဆိုးရော့စ်ဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကို ဖျက်စီးပြီး သူ့အတွက် ဒေါ်လာ သန်းထောင်ချီ အမြတ်ထွက်အောင် လုပ်တတ်သလို အမေရိကန်သမ္မတလောင်းအပါအဝင် ကမ္ဘာတဝန်းက တော်လှန်ရေးသမား၊ နိုင်ငံရေသမားတွေကို ဒေါ်လာ သန်းချီပေးဝယ်တတ်သူတယောက်လည်း ဖြစ်ပါ တယ်။

ဒီလို ငွေပုံပေါ်ထိုင်ပြီး နိုင်ငံရေးသမားတွေကို ခိုင်းစားတတ်တဲ့ ဆိုးရော့စ် အတွက်တော့ ဗမာပြည်က နိုင်ငံရေးသမားတွေဟာ သိပ်ဈေးချိုပါလား၊ သိပ်အရတော်လှပါလားလို့ တွေးနေမှာ ဧကန်ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ ဆိုးရော့စ် ဘယ်လိုလူလဲ ဆိုတာ ထင်ထင်ရှားရှား မြင်သာအောင် သူပြောတဲ့ စကား တခွန်းကို ကိုးကားချင်ပါတယ်။ “ရှေးတုန်းက ရောမခေတ်မှာ ရိုမန်တွေပဲ မဲပေးခွင့်ရတယ်။ အဲဒါဟာ ရောမခေတ် ဒီမိုကရေစီပဲ။ ဒီနေ့ ဂလိုဘယ် အရင်းရှင်ခေတ်မှာတော့ တကမ္ဘာလုံး အတွက် အမေရိကန် တွေပဲ မဲပေးခွင့်ရတယ်။ အဲဒါဟာ ဒီနေ့ခေတ် ဒီမိုကရေစီပဲ” လို့ ဆိုးရော့စ် ပြောတဲ့စကားဟာ ဆိုးရော့စ် ဘယ်လိုလူဆိုတာကို အကောင်းဆုံး သရုပ်ဖော်နိုင်တဲ့စကားဖြစ်ပါလိမ့်မယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ မှ လက်ထပ် ခဲ့ တဲ့ ဆိုရောစ် ရဲ့  တတိယ မြောက် အိမ်သူသက်ထား တမီကိုလ် ဘောလ်တန်
၂၀၁၃ ခုနှစ် စက်တင်ဘာလ မှ လက်ထပ် ခဲ့ တဲ့ ဆိုရောစ် ရဲ့  တတိယ မြောက် အိမ်သူသက်ထား တမီကိုလ် ဘောလ်တန်

နောက်တပိုင်းမှာ NED အကြောင်းရေးပါမယ်။|

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

နိုင်ငံရေးသမား ရောင်းရန်ရှိသည် အပိုင်း ၂

နိုင်ငံရေး သမားတွေ ငွေကြေးနဲ့ အခွင့်အရေးယူကြတာကို ဝေဖန်ကြတဲ့ အထဲမှာ ကျယ်ကျယ် လောင်လောင် အဝေဖန်ခံရပြီး တုန့်ပြန် ငြင်းခုန်မှုလည်း တော်တော်များတဲ့ ဖြစ်ရပ်တခုကတော့ မကဒတ ခေါ် ABSDF ခေါ် ကျောင်းသားတပ်မတော်ရဲ့ ကားအစီး ၆၀ ကိစ္စဖြစ်ပါတယ်။


တကယ်တော့ အစိုးရက ကားပေးသတ်တာကို ပျော်ပျော်ကြီး ခံသွားကြသူတွေဟာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနီးနီး ဖြစ်ပါတယ်။ အပစ်မရပ်နိုင်သေးတဲ့ ကချင်၊ တအာင်း၊ လားဟူ အဖွဲ့တွေလောက်ပဲ ကျန်ပါတယ်။

ကားယူသူတို့ရဲ့ ကျင့်ဝတ်သိက္ခာ

အားမနာတမ်း ဝေဖန်ရရင် အဲဒီအဖွဲ့တွေဟာ မော်တော်ကားနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာလဲလှယ် လိုက်ကြတာ ပါပဲ။

ဒီလို အဖွဲ့အစည်းအားလုံး အနက်မှာ မကဒတ ကျောင်းသားတပ်မတော်ကို တော်တော်လေး ပိုပြီး ဝေဖန်ကြ တာကိုတွေ့ရတယ်။ ဘာ့ကြောင့် သူတို့ကို ပိုပြီး ဝေဖန်ကြသလဲ။

ဖြစ်နိုင်တာကတော့ မကဒတ အပေါ်လူတွေက ပိုပြီး မျှော်လင့်ချက်ထားကြလို့ ဖြစ်မယ်ထင်ပါတယ်။ မကဒတကိုတော့ ဒီလိုမျိုးကားနဲ့ လာဘ်ထိုးလို့ ရမှာမဟုတ်ဘူးလို့ လူတွေက ထင်ထားကြလို့ ဖြစ်မယ် ထင်ပါတယ်။ ဖိနှိပ်တဲ့ အစိုးရတရပ်ကို လက်နက်နဲ့ အံတုပုန်ကန်တဲ့ ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာ့ သမိုင်းမှာတောင် ရှာမှရှားမဟုတ်လား။ မကဒတဟာ ပြည်သူ့ရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရဲတယ်၊ တိုင်းပြည်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ဝံ့တယ်ဆိုတဲ့ သမိုင်း အစဉ်အလာရှိခဲ့တယ်။ အသက်စွန့်သွားတဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ဒါ့ကြောင့်လည်း လေးစား အထင်ကြီး ကြတာ မျှော်လင့်ချက်ထားကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုမျှော်လင့်မိလို့လည်း ပိုပြီး စိတ်ပျက်ကြပုံရပါတယ်။

မကဒတဘက်ကလည်း ဒီကားပါမစ် ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေးခုခံပြောကြတာကို တွေ့ရပါတယ်။ အဓိက ပြောတဲ့ ဖြေရှင်းချက်တွေကတော့ ဒီငွေတွေကို ပွင့်လင်းမြင်သာမှုရှိရှိသုံးမှာပါ ဆိုတဲ့ အကြောင်း၊ တော်လှန်ရေး အကျိုးစီးပွား အတွက် သုံးမှာ ဖြစ်ကြောင်း ၊ အဖွဲ့အစည်းအတွက် သုံးမှာ ဖြစ်ကြောင်း ဆိုတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မကဒတ ရဲ့ ရဲဘော်တွေ ဘယ်လောက် အနစ်နာခံကြရ ကြောင်း၊ ဘယ်လောက် အဆင်းရဲ အပင်ပန်းခံခဲ့ရကြောင်းဆို တာတွေလည်း ပါပါတယ်။

မကဒတ ရဲဘော်တွေ ပင်ပန်းဆင်းရဲကြတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလုပ်ပြီး ပင်ပန်း ဆင်းရဲတာ ခင်ဗျားတို့ချည်းပဲတော့ မဟုတ်ဘူး။ ပြည်တွင်းမှာလည်း ဆင်းရဲဒုက္ခခံကြရသူတွေ၊ ဘဝတွေ အသက်တွေ ပေးခဲ့ကြရသူတွေ အများကြီးပါ။ တော်လှန်ရေးအတွက် ၊ အဖွဲ့အစည်းအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ သုံးစွဲ မယ်ဆိုတာလည်း ဖြစ်နိုင်လောက်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီငွေက ဘယ်ကငွေလဲ။ ဘယ်သူ့ငွေလဲ။ ပေးတဲ့သူတွေကရော အဲဒီငွေကို တကယ်ပိုင်တဲ့ လူတွေဟုတ်ရဲ့လား။ ပေးပုံပေးနည်းကရော ရိုးသားရဲ့လား ဆိုတဲ့အချက်တွေကို ထည့်မစဉ်းစားလို့ မဖြစ်ဘူး။

ဒီငွေတွေ ၊ ဒီကားပါမစ်တွေဟာ ဘယ်သူပိုင်တဲ့ ပစ္စည်းတွေလဲ။ ကားပါမစ်ဆိုတာ၊ ကားတင်သွင်းခွင့်လိုင်စင်ဆိုတာ တကယ်တော့ အခွင့်အရေးပဲ။ အထူးအခွင့်အရေးပဲ။ အထူးအခွင့်အရေးမို့ အထူးငွေကြေးအမြတ်အစွန်းတွေ ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ကားပွဲစား တောင်သိပါတယ်။ အဲသလို အထူးအခွင့်အရေးမျိုးတွေကို စစ်အစိုးရ သက်တမ်းတလျှောက်လုံးမှာ မတရား ရယူပြီး ကြီးပွားချမ်းသာလာသူတွေကတော့ စစ်အစိုးရဆွေမျိုး တသိုက်နဲ့ စစ်အစိုးရနဲ့ နီးစပ်သူ ခရိုနီတွေပါ။ ဒါတွေကို သူတို့ ရနေ၊ ယူနေတာဟာ မတရားယူနေတာပဲဆိုတာကို လည်း လူတိုင်းသိတယ်။ လူတိုင်းလည်း ခံပြင်းကြ ၊ ခံစားကြရတယ်။ အဲဒီလို မတရားလုပ်လို့ လူတွေက ခရိုနီဆိုရင်၊ စစ်အစိုးရဆိုရင် ရိုးတွင်းချဉ်ဆီ ထဲကနေ ခါးခါးသီးသီး မုန်းတီးတယ်။ မကဒတ ကျောင်းသားဟောင်းရဲဘော်တွေ လည်း ဒါတွေကို မုန်းလို့ ဆန့်ကျင်တိုက်ပွဲဝင်နေတာပဲ မဟုတ်လား။ ခုတော့ မကဒတက အဲဒီအခွင့်အရေးကို ယူလိုက်ပြီဆိုတော့ ဒါကို ဘယ်လိုနားလည်ရမလဲ။ အော်…. ဒီစနစ်ကို မုန်းလို့ တိုက်နေတာမှ မဟုတ်ပဲ ၊ သူတို့မရဘဲ သူများရနေလို့ တိုက်နေတာကိုးလို့ နားလည်ရမလို ဖြစ်နေပါတယ်။ သူတို့လည်း ရရင်ယူတာပါပဲလားလို့ နားလည်ရမလို ဖြစ်နေပါတယ်။

မကဒတခေါင်းဆောင်တွေ ဘယ်လိုတွေးခေါ်ပြီး ဒီအခွင့်အရေးမျိုးကို ယူခဲ့သလဲ ဆိုတာ ကျနော်တွေးကြည့် မိတယ်။ “ရန်သူ့ဆီကငွေကိုရရင် တပြားရရ၊ နှစ်ပြားရရ ရသမျှ အမြတ်ပဲ” လို့ သဘောထားတာ ဖြစ်ချင် ဖြစ်ပါ လိမ့်မယ်။ “ငါတို့မယူလည်း ဒီငွေတွေ ဒီဘောင်းဘီချွတ်လူကြီးတွေ လက်ထဲရောက်မှာပဲ ၊ ငါတို့ယူပြီး ပြည်သူတွေ အတွက် အသုံးပြုလိုက်တာကမှ ကောင်းဦးမယ်” လို့တွေးပြီး ယူလိုက်တာလည်း ဖြစ်ချင် ဖြစ်မယ်။ ဒီလိုတွေးခေါ်ရင်တော့ ဒီအတွေးအခေါ်ဟာ ပိုက်ဆံလိုချင်လို့ ပေးတဲ့ ဆင်ခြေလို့ပဲ ပြောရလိမ့်မယ်။ ဒီလိုပြောကြေးဆိုရင် ခရိုနီတွေကလည်း ဒီလိုပြောလို့ ရတာပဲ။ “ငါတို့ ခရိုနီတွေ မယူရင် စစ် အာဏာရှင်တွေက ယူမှာပဲ။ စစ်အာဏာရှင်တွေလက်ထဲရောက်ရင် လက်နက်ဝယ်ပြီး ပြည်သူတွေကို နှိပ်စက် လိမ့်မယ်။ ဒီတော့ ငါတို့ ခရိုနီတွေယူပြီး ဇိမ်ခံလိုက်တာကမှ ပြည်သူတွေ သက်သာဦးမယ်” လို့ ခရိုနီတွေက ဆင်ခြေပေးမယ်ဆိုရင် ဘယ်လို သဘောထားမလဲ။ ခရိုနီနဲ့ ဒီတော်လှန်ရေးသ မားတွေရဲ့ လုပ်ရပ်ဟာ ဘာများကွာခြားဦးမှာလဲ။ သေချာတာတခုကတော့ ခရိုနီတွေရော၊ မကဒတရော၊ အခုတိုင်းရင်း သားခေါင်းဆောင်တွေရောဟာ ပြည်သူ့ငွေကို ပြည်သူ့ သဘောတူညီချက် မပါဘဲ အလွဲသုံးစားလုပ်လိုက်ကြပြီဆိုတဲ့ အချက်ပဲ။ ဆင်းရဲသားကလေးငယ်တွေရဲ့ ထမင်းလုပ်ကို ခင်ဗျားတို့ လုယက်စားလိုက်တာနဲ့ ဘာမှ မထူးဘူး။

ဒါက ယူသူတွေဘက်က အပိုင်း။ ပေးတဲ့လူတွေအပိုင်းကိုလည်း ကြည့်ဦး။

ကားပေးသူတို့ ရဲ့ အလွဲသုံးစားလုပ်ရပ်

အစိုးရအဖွဲ့အနေနဲ့ အဲဒီငွေကို အဲသလိုပေးခွင့်ရှိရဲ့လား။ ဝန်ကြီးဌာနအနေနဲ့ရော အဲသလို ပေးခွင့်ရှိရဲ့လား။ ဘယ်အခွင့်ဘယ်အာဏာနဲ့ ပေးလိုက်တာလဲ။ ဘယ်သူပိုင်တဲ့ဟာမို့ အဲသလို ပေးလိုက်တာပါလဲ။

တကယ်တော့ ဒီလို အခွင့်အရေး ဒီလို ကားပါမစ်ဆိုတာဟာ အများပြည်သူပိုင်တဲ့ အရာ ဖြစ်တယ်။ ပြည်သူတိုင်းကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လျှောက်ထားခွင့်ပေးပြီးမှ တရားမျှတမှုရှိရှိနဲ့ ပေးသင့်သူကို ထိုက်သင့်တဲ့ အခွန်ထမ်းဆောင်ခိုင်းပြီး ပေးရမှာ ဖြစ်တယ်။ ခုတော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့က သူတို့ပိုင်ပစ္စည်းကျနေတာပဲ။ “မန်းငြိမ်းမောင်တို့ ယူလိုက်ကြကွာ၊ မောင်သံခဲတို့ ယူလိုက်ကြကွာ” ဆိုပြီး သူပိုင်ငွေကို အလှူကြီးပေးသလိုမျိုး ပေးချလိုက်တယ်။ ဒါကို ယူတဲ့လူတွေက လည်း ပြည်သူ့ငွေတွေဆိုတာကို မသိချင်ယောင်ဆောင်ပြီး ယူကြတယ်။ အလှူ့ရှင်ကြီးတွေကိုပဲ ကျေးဇူးရှင်ကြီးတွေဆိုပြီး ကျေးဇူးတွေ တင်လိုက်ကြတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးဦးအောင်မင်းတို့အစိုးရဟာ ပေးခွင့်မရှိတာကို အဲသလို အလွဲသုံးစားလုပ်ပြီး ပေးခဲ့ရုံသာမက လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျက်ထက် ပိုမိုပြီး ဥပဒေမဲ့ သုံးစွဲလိုက်တာလည်း ဖြစ်ပါတယ်။ လွှတ်တော်ကနေ အစိုးရအနေနဲ့ ပြည်သူ့ငွေကို ဒီလောက်ပဲ သုံးရမယ် ဒီလောက်ပဲ သုံးသင့်တယ်ဆိုပြီး ခွင့်ပြုသတ်မှတ်ထားတဲ့ ဘတ်ဂျက်ခွင့်ပြုချက်ကို ကျော်လွန်ပြီး သုံးစွဲလိုက်တာ ဖြစ်ပါတယ်။ အခုဟာက ငွေမဟုတ်ပါဘူး ပါမစ်ပါလို့ ဆင်ခြေပေးရင်တော့ ကလေးကတောင် ရယ်ပါလိမ့်မယ်။

ဒီအချက်ကို မကဒတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကပါ မသိချင်ယောင်ဆောင်နေကြပေမဲ့ ဦးရွှေမန်းတို့ လွှတ်တော်က လူတွေက ကောင်းကောင်းကြီး သိကြ၊ သတိထားမိကြပါတယ်။ ဒါ့ကြောင့်လည်း ဦးရွှေမန်းက ဦးသိန်းစိန်ကို သတိပေးခဲ့တယ်။ အတွင်းကြိတ် အားပြိုင်မှုတွေ ငြင်းခုန်မှုတွေ ဖြစ်ခဲ့တယ်။ ဒါ့ကြောင့်လည်း ဦးအောင်မင်းကိုယ်တိုင် ထွက်ရှင်းလာရတာဖြစ်ပါတယ်။ “သူတို့ပေးတာဟာ ကားပါမစ် ပေးတာ မဟုတ်ပါဘူး။ တရားမဝင်တဲ့ကားတွေကို တရားဝင်အောင် လိုင်စင်လုပ်ပေးလိုက်တာပါ” တဲ့။

ဦးအောင်မင်းဟာ ခုခေတ်ဘောင်းဘီချွတ်ဝန်ကြီးတွေထဲမှာ စကားကို မှောက်ချည်လှန်ချည် အပြောတတ်ဆုံးသူလို့ ဆိုရတော့မယ်။ အနီးဆုံး အထောက်အထားက အခုပြောတဲ့စကားပါပဲ။ အခုပြော တဲ့စကားကို နားထောင်ကြည့်ရင် သူပြောတဲ့စကားဟာ ဘယ်လောက် မရိုးသားသလဲ ဆိုတာ ထင်ရှားလှပါတယ်။ ကားပါမစ်ကို စာရွက်ကြီးနဲ့ ထုတ်ပေးပါရက်နဲ့ “ကားပါမစ်လို့ သဘောမထား ပါနဲ့ တရားမဝင်တဲ့ကားတွေကို တရားဝင်အောင် လုပ်ပေးတာပါ” ဆိုပြီး ပြောရဲတာဟာ သူ့သတ္တိပါပဲ။ မျက်နှာပြောင်ရဲတဲ့ သတ္တိပါ။ မကဒတမှာ လိုင်စင်တပ်မထားတဲ့ တရားမဝင်ကားအစီး ၆၀ ရှိတယ်လို့  ဘယ်သူကြားဖူးကြသလဲ။ ဦးအောင်မင်းရော ဘယ်က ကြားဖူးထားသလဲ။ အားလုံးဟာ သူတို့ပါမစ် ထုတ်ပေးတော့မှ ပါမစ်ကို ရောင်းစားကြတာသာဖြစ်တယ်။ ဘယ်အဖွဲ့မှာမှ တရားမဝင်ကား ၆၀ တွေ ၁၂၀ တွေမရှိဘူး၊ အခုလည်း ပါမစ်ထဲကပေးလိုက်တဲ့ ကားတွေကို ဘယ်သူမှ ဝယ်မစီးဘူးဆိုတာ ဦးအောင်မင်းလည်း အသိ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အသိ၊ ပြည်သူတွေလည်း အသိ၊ ကလေးကအစ အားလုံးသိကြပါရက်နဲ့ ဦးအောင်မင်းဘာလို့ ဒီလိုထွက်လိမ်တာ ပါလဲ။

ဦးသိန်းစိန်လုပ်တဲ့လုပ်ရပ်ဟာ ဥပဒေဘောင်ကိုကျော်လွန်ပြီးလုပ်ထားတာဆိုတာ ဦးအောင်မင်းသိနေ လို့ပါ။ ဦးသိန်းစိန် အဲသလိုလုပ်တာ ဥပဒေဖောက်ဖျက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဦးရွှေမန်းနဲ့ အငြင်းပွား ထားတာကို ဦးအောင်မင်း သိထားလို့ပါ။ ဒါပေမဲ့ အတိုင်အဖောက်က မညီချင်တော့ ကားပါမစ်ကို ဦး သိန်းစိန်ကိုယ်တိုင် ယာတောစံအိမ်ထဲမှာ စာအိတ်နဲ့ခေါ်ပေးခဲ့ကြောင်းကို မန်းငြိမ်းမောင်က ဖွင့်ချပြောဆိုပြီး ဖြစ်နေပါတယ်။

လာဘ်ပေး လာဘ်ယူ လုပ်ရပ်

ဒီလို ဥပဒေမဲ့ ပေးတဲ့ငွေကို မကဒတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လက်ခံသင့်ရဲ့လား။ ပြည်သူ့ငွေကို ပြည်သူမသိဘဲပေးတာကို လက်ခံသင့်ရဲ့လား။ ပြည်သူ့ငွေကို ဥပဒေမဲ့ ထုတ်ပေးတာကို လက်ခံသင့်ရဲ့လား။ ပြည်သူ့ငွေကို ဒီလို အလွဲသုံးစားရယူတာဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီတယ်လို့ ဆိုနိုင်ပါရဲ့လား။

ဒါ့အပြင် မကဒတရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရောဟာ အစိုးရနဲ့ ယာယီ အပစ်အခတ် ရပ်စဲထား တဲ့ အဆင့်သာရှိပါသေးတယ်။ နိုင်ငံရေးဆွေးနွေးမှုကို တခွန်းမှ မဟရသေးပါဘူး။ ဒီတော့ ဒီကာလတွေကို ဆွေးနွေးဆဲကာလလို့ ဆိုရပါမယ်။ ဒီလိုဆွေးနွေးဆဲကာလမှာ ဆွေးနွေးဘက်အစိုးရက ငွေပေးတာဟာ လာဘ်ပေးတဲ့သဘော သက်ဝင်ပါတယ်။ အဲဒီငွေကိုယူတာဟာလည်း လာဘ်ယူတဲ့ သဘောသာ ဖြစ်ပါတယ်။

မကဒတဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားမယ် ထင်ပါတယ်။ တခြား တိုင်းရင်းသားတွေကလည်း ကိုယ့်တိုင်းရင်းသားပြည်သူတွေကို ကိုယ်စားပြုတယ်လို့ ခံယူမယ် ထင်ပါတယ်။ ဒီတော့ အခုအစိုးရနဲ့ ဆွေးနွေးပွဲတွေဟာ ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူ့ ခေါင်းဆောင် တွေအနေနဲ့ ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြည်သူ့အကျိုးအတွက် စစ်တပိုင်းအစိုးရနဲ့ ဆွေး နွေး ကြတဲ့သူတွေဟာ အစိုးရက လာဘ်ထိုးတဲ့ ကားတွေကို ယူထားလိုက်ပြီဆိုရင် ဒီခေါင်းဆောင်တွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ကြရတော့မလဲ။ သူပေးတဲ့ ငွေကိုယူ၊ သူကျွေးတဲ့အစာကို စားပြီးတဲ့ နောက်မှာ သူတို့ရဲ့ ဆွေးနွေးပွဲဟာ ဘယ်လောက် လွတ်လပ် (independent ဖြစ်) နိုင်မလဲ။ မကဒတခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကားလက်ဆောင်ကိုယူလိုက်တာဟာ ပြည်သူကို သစ္စာဖောက်တာဖြစ်တယ်။ သူတို့ကို အစိုးရက ကားပါမစ်ပေးတာဟာ တော်လှန်ရေး အဖွဲ့စည်း တွေရဲ့ ခေါင်းကို ငွေပေးဝယ်လိုက်တာဖြစ်တယ်။

ပြည်သူ့ငွေကို အသုံးပြုပြီး လာဘ်ပေးတဲ့အစိုးရရော၊ ပြည်သူ့ငွေကို အသုံးပြုပြီးပေးတဲ့လာဘ်ကို ယူတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရောဟာ ပြည်သူအပေါ် သစ္စာမဲ့သူတွေဖြစ်ပါတယ်။

ဒါပေမဲ့ မန်းငြိမ်းမောင်ကတော့ ပြည်သူ့ငွေကို ကားအစီး ၁၂၀ ဖိုးရလိုက်တာကိုတောင် မတင်းတိမ်နိုင်သေး ဘူး။ “ကေအန်ယူရဲ့ အဖွဲ့အစည်းလိုအပ်ချက်ဟာ ကားအစီး ၁၂၀ နဲ့ မလုံလောက်သေးပါဘူး” လို့တောင် သတင်းစာရှင်း လင်းပွဲ လုပ်ပြီး ပြောလိုက်ပါသေးတယ်။ မန်းငြိမ်းမောင်နှယ် လောဘကြီးလိုက်တာ။ ပြောရဲပါပေ့၊ ပြောရက်ပါပေ့၊ ပြောထွက်ပါပေ့ မန်းငြိမ်းမောင်။ ခင်ဗျားတို့ရတဲ့ငွေက အစိုးရငွေ မဟုတ်ဘူးဗျ။ ဆင်းရဲသား တိုင်းရင်းသားပြည်သူတွေရဲ့ငွေပါ။ သာမန်ကရင်လူမျိုး ဆင်းရဲသား တွေရဲ့ မျက်နှာကို မငဲ့မကွက် ပြောထွက်လှပါပေတယ်။

ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အဖွဲ့ဟာ နော်ဝေးက ထောက်ပံ့တဲ့ ဒေါ်လာ ၆ သန်းငြိမ်းချမ်းရေး ရန်ပုံငွေကို လည်း သူတို့ပိုင်ငွေတွေလို သုံးခဲ့ဖြုံးခဲ့ကြပြီ။ NLD ရွေးကောက်ပွဲ မဝင်ခင်ကာလတုန်းက NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရကို ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကားပေးမယ်၊ ငွေပေး မယ်၊ အိမ်တွေ မြေတွေပေးမယ်ဆိုပြီး လာဘ်ထိုးခဲ့ဖူးကြောင်းလည်း ဦးပီတာလင်းပင်က ဖွင့်ချခဲ့ဖူးပြီ။ ဦးအောင်မင်းဟာ ထောက်လှမ်းရေးဟောင်းပီ သသူ ဖြစ်ပါတယ်။

မကဒတရဲ့ ပျော့ညံ့မှု

ဒါ့အပြင် ဦးအောင်မင်းနဲ့ ကိုသံခဲ လက်မောင်းချင်းချိတ် ဝိုင်အရက်ခွက်ကိုကိုင်ပြီး အရေးကြီးပြီ ညီနောင်အပေါင်းတို့ သီချင်းကို ဆိုသွားတာဟာလည်း မကဒတရဲဘော်ဟောင်းတွေ၊ မကဒတကို သံယောဇဉ်ရှိသူတွေကြားမှာ စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရပါတယ်။ ဦးအောင်မင်းလိုလူနဲ့ ဒီလိုပျော်ပါးပြရင် ကိုယ့်သိက္ခာ ၊ ကိုယ့်ရဲဘော်တွေရဲ့ သိက္ခာကို ထိခိုက်နိုင်မယ် ဆိုတာလောက်ကိုတော့ အနည်းဆုံး တွက်မိဖို့ သင့်တယ်။

မကဒတကို ခုလို ငွေပေးဖျက်ဆီးခံလိုက်ရတာ နှမျောစရာလည်းကောင်းတယ်။ ဒီလောက် ရိုးစင်းတဲ့ ဖျက်ဆီးပုံဖျက်ဆီးနည်းလေးလောက်တောင်မှ တောင့်မခံနိုင်တာ အထင်သေးစရာလည်း ဖြစ်တယ်။ ဦးအောင်မင်းတို့ လုပ်ပုံက သိပ်ရိုးလွန်းပါတယ်။ ရုပ်ချောပြီး ဆင်းရဲတဲ့ မိန်းကလေးကို ထဘီလေး ဝယ်ပေး၊ အင်္ကျီလေးဝယ်ပေးပြီး ကျုံးသွင်းဖျက်ဆီးသွားတဲ့ လူပွေလူရှုပ်လုပ်နည်းမျိုးပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ မိန်းကလေးတိုင်း မပျက်စီးဘူး။ ဆင်းရဲပြီး ပျော့ညံ့မှ ပျက်စီးတယ်။ မကဒတ အဖျက်ဆီး ခံရတာကလည်း ဆင်းရဲလို့ ပင်ပန်းလို့ မဟုတ်ဘူး။ ခေါင်းဆောင်တွေ ပျော့ညံ့လို့ပဲ။

ဘယ်သူပေးပေး ရရင်ယူ

မကဒတ အဖွဲ့ဟာ တောထဲမှာ မျှစ်စားပြီး တော်လှန်ရေးလုပ်ခဲ့မိတာ မှားသကွာ၊ ခုလို မြို့ပေါ်တက်ပြီး ဘီယာဆိုင်မှာ တော်လှန်ရေးမုန်တိုင်းထန်ရတာ ပိုတွက်ခြေကိုက်တယ်လို့များ ဥာဏ်အလင်းရသွား လေသလား မဆိုတတ်ဘူး။ အစိုးရပေးတဲ့ငွေကိုသာမက ခရိုနီ ဦးဇော်ဇော်ပေးတဲ့ ငွေကိုပါ အခုလက်ခံ ရယူ လိုက်ပြီ ဆိုတာသိရတယ်။ လက်ခံရယူသူကတော့ မကဒတ ဗဟိုကော်မတီဝင်တယောက်ပါ။ဒါပေမဲ့ သူ့အတွက် မဟုတ်ဘဲ အဖွဲ့အစည်းအတွက် ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ လက်ခံရယူတယ်လို့ ဆိုပါတယ်။ မကဒတအနေနဲ့ အထူးသတိထားပြီး ပြန်လည်သုံးသပ်သင့်ပါတယ်။ ပေးသမျှငွေယူနေရင် အဖွဲ့အစည်း ရဲ့ နိုင်ငံရေးသိက္ခာဟာ ကုန်းကောက်စရာ မရှိအောင်ဖြစ်သွားလိမ့်မယ်။ နိုင်ငံရေးသိက္ခာမရှိတော့ရင် အဖွဲ့အစည်းပါ ပျက်စီးသွားနိုင်ပါတယ်။ လက်တွေ့မှာ ငွေမရှိရင် ဘာမှ လုပ်မရဘူးဆိုတဲ့ စကားမျိုးကိုလည်း သူတို့ ထိပ်ပိုင်း ကတော်တယောက်က ပြောပါသေးတယ်။ ဒီစကားကတော့ အပေါစားဆန်လွန်းလှပါတယ်။ ဆွေးတောင် မဆွေးနွေးချင်လောက်အောင်ပါပဲ။

ဒီလောက်နာမည်ဆိုးနဲ့ ကျော်ကြားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် နည်းမျိုးစုံနဲ့ ဆိုးခဲ့ညစ်ခဲ့တဲ့ ခရိုနီတွေရဲ့ငွေကို အခုလို ယူရဲတယ်ဆိုတာကလည်း ရှေ့သွားရှိလို့ လိုက်ရဲတာ ထင်ပါတယ်။ တကယ်တော့ ခရိုနီတွေရဲ့ ငွေကို အများဆုံးယူတဲ့ အဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်ပါတယ်။ ဆယ်သိန်း၊ သိန်း ၂၀ တန်တဲ့ ဝတ်စုံတွေကို ခရိုနီတွေက ဝယ်ပေးတယ်ဆိုတာက အစ လေယာဉ်စီးလုံးငှားတယ်ဆိုတာ အဆုံး ခရိုနီနဲ့ ဒီချုပ်သတင်းတွေဟာ လူပြောများ ကျော်ကြားလှပါတယ်။

တကယ်တော့ ခရိုနီတွေဟာ ပြည်သူ့သယံဇာတ၊ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့အခွင့်အရေးတွေကို နှစ်ပေါင်း များ စွာ အလွဲသုံးစားလုပ်လာသူတွေ ဖြစ်ပါတယ်။ မြေကြီးပေါ်မှာပေါက်နေတဲ့ သစ်ပင်တွေကို သူတို့အပင်လို့ သဘောထားပြီး ရောင်းစားပါတယ်။ မြေကြီးအောက်က ရတနာကို သူတို့ ရတနာလို့ သဘောထားပြီး ရောင်းစားပါတယ်။ ရေထဲမှာရှိနေတဲ့ငါးကိုလည်း သူတို့ငါးလို့ သဘောထားပြီး ရောင်းစားပါတယ်။ ပြည်ပက နေတင်သွင်းခွင့် ပြည်တွင်းကနေ တင်ပို့ခွင့်မှန်သမျှကိုလည်း သူတို့ အခွင့်အရေးလို့ သဘောထားပြီး သူတို့ချည်း မတရားယူပါတယ်။ ဒီလောက်နဲ့ အားမရ မတင်းတိမ် နိုင်သေးဘဲ ပြည်သူ့လယ်ယာမြေတွေ သိမ်းထားတာတွေက လည်း ဒုနဲ့ဒေးပါ။ ဒီလို နှစ်ပေါင်းများစွာ မတရားလုပ်လာတဲ့ ခရိုနီတွေဟာ သားစဉ် မြေးဆက်စားမကုန်အောင် ပွနေကြပါပြီ။ မြန်မာတွင်မက ကမ္ဘာမှာပါယှဉ်နိုင်လောက်တဲ့ ဒေါ်လာဘီလျံချီ ချမ်းသာသူတွေ ဖြစ်နေပါပြီ။ သူတို့စိုးရိမ်စရာဆိုလို့ ဒီမိုကရေစီအစိုးရတက်လာရင် သူတို့ မတရားရယူ ထားတာတွေ ပြန်ပေးရမှာကိုပဲ စိုးရိမ်စရာရှိပါတယ်။ ဒီတော့ သူတို့ငွေမည်းကို ငွေဖြူဖြစ်အောင် လျှော်ချင်ပါတယ်။ သူတို့ နာမည်မည်းကို နာမည်ဖြူဖြစ်အောင် လျှော်ဖွတ်ချင်ပါတယ်။ သူတို့သမိုင်းမည်း ကို သမိုင်းဖြူဖြစ်အောင် လျှော်ချင်ဖွတ်ချင်ပါတယ်။ ဒီလို အချိန်မျိုးမှာ သူတို့ဟာ ငွေရှိမှ နိုင်ငံရေးလုပ်လို့ ရမယ်လို့ ထင်နေတဲ့သူတွေဆီကို ငွေပေးဖို့ ချဉ်းကပ် လာတာ မဆန်းပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ခရိုနီတွေရဲ့ငွေကို ကြည်ကြည်ဖြူဖြူလက်ခံပါတယ်။ ခရိုနီတွေ ခိုးထားတဲ့ ငွေတွေကို အသိမှတ်ပြုလက်ခံပါတယ်။ ခရိုနီတွေနဲ့ ပတ်သက်ရင် “ဓါးပြတိုက်ထားတဲ့ ငွေနဲ့ပင်ဖြစ်ပစေ၊ ဘုန်းကြီးကိုဆွမ်းလောင်းရင်တော့ သာဓုခေါ်ရမှာပဲ”ဆိုတဲ့ မူကို ဒေါ်အောင်ဆန်းစုကြည်က ကျင့်သုံးပါတယ်။ သူခိုးဓါးပြတွေ ဘုရားဒါယိကာဖြစ်ဖို့ အခွင့်အရေးရပါပြီ။

(နောက်အပိုင်းတွေမှာ OSI နဲ့ NED ရဲ့ အကြောင်းကို ရေးပါမယ်။)

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

SNDP နှင့် SNLD တို့ ပူးပေါင်းရေး အလှမ်းဝေးနေဆဲ

ရှမ်း တိုင်းရင်းသားပါတီနှစ်ခုဖြစ် သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)နှင့် ရှမ်း တိုင်းရင်းသား များဒီမို ကရေစီအဖွဲ့ချုပ်(SNLD) တို့ ၏ပူးပေါင်းရေးမှာ အလှမ်းဝေး နေ ဆဲဖြစ်ကြောင်း နှစ်ဖက်ပါတီ၏ပြောကြားချက်များအရ သိရသည်။


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦး စိုင်းအိုက်ပေါင်းက ““သူတို့ ပါတီ(SNLD)က ပြောထား တာရှိတယ်။ နိုင်ငံအကျိုးအ တွက် ပါတီဖျက်ပြီး ပူးပေါင်းသင့် ရင် ပူးပေါင်းမယ်လို့ ဂျာနယ်တွေ မှာ ပြောထားတယ်။ သူတို့ပါ တီဖျက်ပြီး လာပူးပေါင်းရင် ကျွန် တော်တို့ လက်ခံမှာပါ”” ဟုဆက် သွယ်မေးမြန်း မှုကို ဖြေကြားသည်။

ပါတီနှစ်ခုပူးပေါင်းရေး အတွက် လက်ရှိပါတီကို ဖျက် သိမ်းရမည်ဖြစ်၍ ပူးပေါင်းရေး အတွက် ပါတီဖျက် မဖျက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ(SNDP)၏ ညီလာခံတွင် သဘောထားခံယူ ရာ၌ တက်ရောက်လာသူများ အားလုံးမှ ပါတီဖျက်သိမ်းရေး ကိုလက်မခံခဲ့၍ ပါတီပူးပေါင်း ရေး မဖြစ်နိုင် သေးကြောင်း ရှမ်း တိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ၏ တွဲဖက်အတွင်းရေး မှူး(၂)ဦးစိုင်းဘိုးအောင် မှ ရန် ကုန်တိုင်းမ်သို့ ပြောသည်။

ဦးစိုင်းဘိုးအောင်က ““ညီ လာခံမှာ ထူးခြားတာက ပါတီ နှစ်ခုပေါင်း ဖို့ဆွေးနွေးတော့ ပါတီပေါင်းရင် ပါတီကိုဖျက်ရမှာ ဖြစ်တဲ့အတွက် ပါတီ ကိုဖျက် သိမ်းမလား ဆွေးနွေးတယ်။ တက်ရောက်လာတဲ့ မြို့ နယ် ကော်မတီ ၅၉မြို့နယ်က တက် ရောက်လာသူတွေက ပါတီကို မဖျက် ဘဲ ၂၀၁၅မှာ ရွေးကောက် ပွဲဆက်ဝင်ဖို့ မတ်တတ်ရပ်ပြီး ဆန္ဒပြုခဲ့ကြတယ်။ တစ်ယောက် မှ ထိုင်တဲ့သူမရှိဘူး။ ကန့်ကွက် မဲ့သူ မရှိ ပါဘူး””ဟု ပြောသည်။

ယင်းသို့ ပါတီဖျက်သိမ်းခြင်း မပြုရန်ကို ညီလာခံတက်ရောက် လာသူများ၏ ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ခဲ့ သော်လည်း ပါတီနှစ် ခု မပူးပေါင်းသော် လည်း နှစ် ပါတီ ၏ ရည်ရွယ်ချက်ချင်းတူညီ သည့်ကိစ္စရပ် ဆောင်ရွက်ချက် များကိုမူ နှစ်ပါတီ၏ ကိုယ်စား လှယ်ငါးဦးစီပါဝင်သည့် အဖွဲ့များ မှတွေ့ဆုံ ညှိနှိုင်း၍ ပူးပေါင်း လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်ပြော သည်။

ရွေးကောက်ပွဲကော်မ ရှင်ဥပဒေအရ ပါတီနှစ်ခုပူးပေါင်း ပါက လက်ရှိပါတီများ ကိုဖျက် သိမ်း၍ ပါတီ အသစ်အဖြစ် ပြန် လည်မှတ်ပုံတင်ရမည်ဖြစ်သည့် အတွက် ယင်းကိစ္စအား ဇန်န ၀ါရီ ၇ရက်မှ ၉ရက်အထိ ရှမ်း ပြည်နယ် မူဆယ်မြို့၌ ကျင်းပ သည့်SNDP ၏ တတိယအ ကြိမ် ပါတီညီလာခံ တွင် ဆွေး နွေးရာ၌ ယခုကဲ့သို့ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုင်းဘိုး အောင်က ပြောသည်။

Yangon Media Group

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ


Photo: ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

တင်ဇာအောင်၊ အောင်ကိုဦး| တနင်္လာနေ့၊ ဇန်န၀ါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ 

ရန်ကုန်၊ မဇ္ဈိမ။               ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု  နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွားမည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်းဖြစ်နေ၍  ဆင်းသက်ခွင့်ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည်ဖြစ်သည်။ 

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့  လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲရှိတယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ  ပုံမှန်အားဖြင့်  လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ  ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။ 

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာတွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက  NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွားမည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။ 

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့  ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ  ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု  NLD တာဝန်ရှိသူများ ကပြောထားသေးသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန် ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည် ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ် ကွင်း တွင် ဆင်းသက်ခွင့် ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင် က မဇ္ဈိမကို ပြောသည်။


အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွား မည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်း ဖြစ်နေ၍ ဆင်း သက် ခွင့် ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရ ဦးမည်ဖြစ်သည်။ 

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့ လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲ ရှိ တယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြ တယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ ပုံမှန်အားဖြင့် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။ 

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာ တွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွား မည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။ 

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့ ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု NLD တာဝန်ရှိသူများ ကပြောထားသေးသည်။

Mizzima - News in Burmese

ကုမုဒြာကြာပန်းအ၀ိုင်း၌ ယာဉ်နှစ်စီးတိုက်မိ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ဒဏ်ရာရရှိ



ဇန်န၀ါရီ ၁၁ရက် နံနက် ၉နာရီ ၄၅မိနစ်က နေပြည်တော် ရာဇဌာနီလမ်း အတိုင်း နှင်းဆီအ၀ိုင်း ဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်းဘက်သို့ ဦးသန်းမြင့်ဦး (၄၄)နှစ် လွိုင်ကော်မြို့နေသူ မောင်းနှင်လာသည့် ၃စ/ ----KIA-Mohave အဖြူရောင် ယာဉ်သည် ကုမုဒြာကြာ ပန်းအ၀ိုင်း အား အ၀ိုင်းပတ် မောင်းနှင် လာစဉ် ရာဇသင်္ဂဟ လမ်းအတိုင်း ဗဟိုဘဏ်ဘက်မှ ကုမုဒြာကြာပန်း အ၀ိုင်း ဘက်သို့ ဦးညွန့်ဌေး အသက် (၆၀) မ/၃၅၉/၃၉(ခ) ၃၈ လမ်း ၈၃× ၈၄ လမ်းကြား ရွှေတံခါးဝင်း ရတနာဘုမ္မိရပ်ကွက် မဟာအောင်မြေမြို့နယ် မန္တလေး မြို့နေသူ မောင်းနှင်လာသော 6D/1795 ယာဉ်မှဝင်ရောက် တိုက်မိခဲ့သည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံး ရှေ့ခေါင်းပိုင်းကြေမွပျက်စီး သွားခဲ့ပြီး ယာဉ်ပေါ်ပါ ဦးကျော်ဒင် (၈၃)နှစ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် လွိုင်ကော်မြို့နေသူ ခါးနာကျင်၊ ၀ဲလက်မနာကျင်ဒဏ်ရာ၊ ဒေါ်သန်းကြည် (၈၄)နှစ် လွိုင်ကော်မြို့ နဖူးပေါက်ပြဲ၊ ၀ဲလက်နာကျင်ဒဏ်ရာ၊ ဦးသန်းမြင့်ဦး (၄၄)နှစ်တွင် ရင်ဘတ်အောင့်၊ ၀ဲလက်နာကျင်ဒဏ်ရာ ဦးသန်းနိုင်ဌေး (၃၄)နှစ် လွိုင်ကော်မြို့နေသူနှင့် ကိုရဲနောင် (၃၃)နှစ် ဇ၀နသိဒ္ဓိရပ်ကွက် ဥတ္တရသီရိမြို့နေသူတို့တွင် ၀ဲချိုစောင်း ဖူးရောင် (မစိုး ရိမ်ရ)ဒဏ်ရာများ အသီး သီး ရရှိခဲ့၍ နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ ဆေးရုံသို့တင်ပို့ ကုသထားရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အ၀ိုင်းပတ်ယာဉ်အား ဦးစားမပေးဘဲ မောင်းနှင်သူ ဦးညွန့်ဌေးအား အရေး ယူပေးရန်တိုင်သဖြင့် ဥတ္တရသီရိ မြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ အရ ရေးဖွင့်ပြီး ရဲအုပ်ဇော်ဇော်စိုးက စစ်ဆေးလျက်ရှိသည်။

The Mirror Daily

မန္တလေးမြို့ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ညဈေးကို အဆင့်မြှင့်တင်မည်

မန္တလေးမြို့ ကမ်းနားလမ်း (၄၁လမ်း) တွင်ရှိသော ညဈေးကို ကိုယ့်အားကိုယ်ကိုး အဆင့်မြှင့်တင် ရန်အတွက် အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ညှိ နှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၁) ဦးထွန်းကြည်က ဇန်န၀ါရီ ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။


“လောလောဆယ်မှာ ဈေးက ထီးတိုင်မိုးနဲ့ပဲဆိုတော့ အဲဒီနေရာမှာ အုတ်ခုံနဲ့ အမိုးနဲ့ဖြစ်အောင် လုပ်ဖို့ပါ။ ဈေးသည်လည်း များတယ် နောင်မှာ စည်ကားလာနိုင်တော့ အခုထက် သပ်သပ်ရပ်ရပ်နဲ့ ပိုကောင်းသွား အောင်ပါ။ ဈေးအကျိုးတော်ဆောင်အဖွဲ့နဲ့ ညှိနှိုင်းပြီး မကြာခင်မှာ ဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြော သည်။

မန္တလေးမြို့ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဖွင့်လှစ်ထားသော အဆိုပါညဈေးကို အုတ်ခုံ၊ အမိုး များ တည်ဆောက်ကာ လမ်းများနှင့် ရေမြောင်းစနစ်များပါ ထည့်သွင်းရန်အတွက် အကြံပြုထားပြီး အဆို ပါကိစ္စကို ဧပြီလတွင် စတင်အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

ယခင်က ဈေးချိုအနီးဝန်းကျင်တွင် ညပိုင်းရောင်းချသည့်ဈေးသည်များကို ၂၀၁၂ခုနှစ် သြဂုတ်လမှစတင် ကာ ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရောင်းချရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နေရာ ချထားပေးခဲ့သည်။

အဆိုပါဈေး အဆင့်မြှင့်တင်ရန်အတွက် ဈေးသူဈေးသားများက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လိုအပ်သည်များကို ဈေးအကျိုး တော်ဆောင်အဖွဲ့နှင့် တိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိကမ်းနားလမ်း ညဈေးတွင် ရောင်းချနေသော ဈေးသည်ဦးရေမှာ ၁၀၀၀ နီးပါးခန့်ရှိ၍ မန္တလေးမြို့ နှင့်အနီးတစ်ဝိုက်ရှိ မတ္တရာ၊ စဥ့်ကူ၊ ပလိပ်၊ ကျောက်ဆည်၊ အမရပူရ၊ အုန်းချော၊ ပြင်ဦးလွင် စသည့် မြို့ နယ်များမှ ကုန်စိမ်းဈေးသည်များက ညကိုးနာရီမှ နံနက်ငါးနာရီအချိန်ထိ ရောင်းချလျက်ရှိသော ဈေးဖြစ် သည်။

အခြေခံ ဥပဒေပုဒ်မ (၅၉) (စ) - လုံးဝမပြင်ရ — ရှုထောင့် သုံးမျိုး ( ပေးစာ)



အခြေခံ ဥပဒေပုဒ်မ (၅၉) (စ)သည် ဤကဲ့သို့ အခိုင်အမာဆိုထား၏...


“မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရား ၀င် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”။

မြန်မာ့နိုင်ငံရေး၏ အဓိက သော့ချက်ဖြစ်သော အခြေခံ ဥပဒေကို မူအားဖြင့် ပြင်ဆင်နိုင်သော်လည်း လက်တွေ့ အားဖြင့် ထင်တိုင်း ခရီးမရောက်နိုင်သည်ကို ပြည်သူအများက၊ အထူးသဖြင့် NLD ပါတီက သတိထားမိလာသည်။ ပြင်ဆင်လိုသည့် (ပြင်ဆင် သင့်ခြင်း ဟုတ်ချင်မှ ဟုတ်မည့်) ဥပဒေများ ရှိရာတွင၊် အထက်ပါ အခြေခံ ဥပဒေပုဒ်မ (၅၉) (စ) အကြောင်းကို ပုဂ္ဂလိက စာနယ် ဇင်း အချို့ တွင် အပြောများ၊ အရေးများလျက် ရှိသည်ကို တွေ့ ရ၏။ ထို ပုဒ်မ (၅၉) (စ)ကို အဘယ့်ကြောင့် ပြင်ဆင်လိုပါသနည်းဟူသော မေးခွန်းကို NLD ပါတီ၏ ဆန္ဒအရ အလွယ်ဆုံး၊ အရှင်းဆုံး (အရိုးဆုံးတော့ မဟုတ်) ဖြေဆိုရပါလျင် ဒေါ်စုကြည် သမ္မတဖြစ်စေလို သောကြောင့်ဟုပင် ဖြစ်မည်။ ထိုဆန္ဒသည် မည်မျှ လက်တွေ့ ကျ၊ မကျကို အနည်းဆုံး ရှုထောင့် သုံးမျိုး (သို့ မဟုတ်) သုံးဘက်မြင်ဖြင့် တင်ပြပါမည်။ ထိုသုံးဘက်မြင် သို့ မဟုတ် ရှုထောင့် သုံးမျိုးမှာ...

၁။ အမျိုးသားရေး (သို့ ) မျိုးချစ်စိတ် အမြင် (Patriotic Perspective)

၂။ ဘာသာ ယဉ်ကျေးမှုအမြင် (Religio-cultural Perspective)

၃။ အချုပ်အခြာ အာဏာ အမြင်တို့ ပင် ဖြစ်ပါသည်။ (Sovereign Perspective)

ထိုအမြင် သုံးမျိုးသည် စာရေးသူတို့  ခေတ္တ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံအပါအ၀င် နိုင်ငံတိုင်း တွင်ရှိ၏။ ထိုသုံးမျိုးကို ဆန့် ကျင်၊ လွန်ဆန်ပြီး နိုင်ငံရေးလုပ်လျှင် မအောင်မြင်၊ ကျဆုံး၏။ အမျိုးသား သစ္စာဖောက်ဟုလည်း ကင်ပွန်းတပ် ခေါ်ကြ၏။ မြန်မာ ပြည် ပါတီအချို့ နှင့် လူပုဂ္ဂိုလ်၊ စာနယ်ဇင်း အဖွဲ့ အစည်း အချို့ သည်လည်း၊ အမျိုးသား သစ္စာဖောက်တို့ ၏ လားရာလမ်းသို့ ၊ ဦးတည် ရွေ့ လျားနေသည်ကို၊ တစ်နေ့ တစ်ခြား မျက်ဝါးထင်ထင်၊ တွေ့ မြင် ကြားသိ နေရ၏။ ထို့ ကြောင့် အမျိုးသားရေုး အစစ် အမှန်ကို နား လည် သိရှိပြီး ထိုပုဒ်မ (၅၉) (စ)ကို အသက်နှင့်ရင်း၍ ကာကွယ်ရန်လိုအပ်လာ၏။

၁။ အမျိုးသားရေး (သို့ ) မျိုးချစ်စိတ် အမြင် (Patriotic Perspective)

မြန်မာပြည်၏ အမျိုးသား အင်အားစုများသည် ယေဘုယျ အားဖြင့် ရဟန်း သံဃာတော်များ၊ မြန်မာ့တပ်မတော်နှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်၏ လက်အောက်ခံ လက်နက်ကိုင် အင်အားစုများနှင့် အများစုသော ပြည်သူ လူထုကြီးပင်ဖြစ်၏။ ယခု ဆိုလျင် ဂိုဏ်းပေါင်းစုံမှ စာချ၊ စာသင် ဆရာတော်ကြီးများ အပါအ၀င် အရှင်ဝီရသူ ဦးဆောင်သော အမျိုးသား အင်အားစုများက မျိုး စောင့် ဥပဒေ ပေါ်ထွန်းလာရေးအတွက် ဥပဒေဘောင်အတွင်းမှ တက်ညီ လက်ညီ ဆောင်ရွက်လျက်ရှိနေကြပေပြီ။ ထိုအင်အားစုများကို တော်လှန် ဆန့်ကျင်သော နိုင်ငံရေးသမားများသည် မြန်မာပြည် ၏၂၁-ရာစု လက်သစ် သခင်သန်းထွန်းနှင့် သခင်စိုးတို့ ဖြစ်ကာ ၄င်းတို့  လျှောက်ခဲ့သည့် သမိုင်းခြေရာအမှားကို ထပ်ကြပ်မကွာ နင်းလျှောက်မိလျှက်သား ဖြစ်နေပေလိမ့်မည်။

သခင်သန်းထွန်းနှင့် သခင်စိုးတို့ က၊ ပစ္စည်းမဲ့ တော်လှန်ရေးကို ဆင်နွှဲရင်း အမျိုးသား အကျိုးစီပွားကို ဖျက်ဆီး ခဲ့ကြ၏။

ယနေ့ ခေတ် င်္ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှား သူများက၊ ဓနရှင်တို့ အလိုကျ လူ့ အခွင့်အရေး အရေခြုံပြီး အမျိုးသား အကျိုး စီး ပွားကို ဖျက်ဆီးနေကြ၏။ သခင်အားရ ကျွန်ပါး ၀ ဖြစ်နေကြ၏။ ထို အဖြစ်သနစ် နှစ်မျိုးလုံးပင် လက်ဝဲနှင့် လက်ျာကို ယိမ်းနေသော အစွန်းတရားများ ဖြစ်နေသည်ကို နားလည်ကာ အလယ်အလတ် လမ်းစဉ်ကို လျှောက်ကြရလိမ့်မည်။ အမျိုးသား အကျိုးစီးပွားကို ဘေး ဖယ်ထားပြီး၊ လူ့ အခွင့် အရေးကို ဦးစားပေး၍ မရ ဆိုသည်ကို သိမြင် သဘောပေါက် လက်ခံကြရပေလိမ့်မည်။ မြန်မာပြည်ကို အစစ် အမှန် ချစ်မြတ်နိုးသူတိုင်းက ပုဒ်မ (၅၉) (စ) ကို လုံးဝ မပြင်ရန် ပြည်တွင်း၊ ပြည်ပ မကျန် လှုပ်ရှားလာကြတော့မည်။ အမျိုးသား အင် အားစုများက မပြင်လိုပဲ၊ အနောက် တိမ်း၊ အနောက်ယိမ်းသူ တစ်ချို့ နှင့် အာဏာ မက်သူ တစ်ချို့ က NLDပါတီ နှင့် ပွင်းလင်း မြင်သာ မရှိသော အပေးအယူလုပ်ပြီး၊ ထို ပုဒ်မ (၅၉) (စ)ကို ပြင်ဆင်ခဲ့မည်ဆိုလျှင်၊ တည်ဆောက် ထားခဲ့ပြီးသော ငြိမ်းချမ်းရေး လုပ် ငန်းစဉ် များနှင့်၊ ရရှိပြီးသော နိုင်ငံရေး ပြုပြင် ပြောင်လဲမှုများသည်၊ နောက် ပြန်သွားနိုင်သည်ကို အထူးသတိ ပြုကြရလိမ့်မည်။ နိုင်ငံ တိုင်းသည် မိမိတို့ ၏ အမျိုးသား အကျိုးစီးပွားကိုသာ ဦးစားပေးမြဲ ထုံးစံအရ ၊ လူ့ အခွင့် အရေးကဲ့သို့ သော စကားလုံး လှလှများ အောက်ဝယ်၊ မြန်မာပြည်၏ အမျိုးသား အကျိုးစီးပွား ပျောက်ကွယ် မသွားသင့်ပေ။ ထို့ ကြောင့် မြန်မာပြည်၏ အမျိုးသား အကျိုးစီပွားကို ကမ္ဘာတည် သရွေ့  ကာကွယ်နိုင်သွားနိုင်ရန် ပုဒ်မ (၅၉) (စ) ကို လုံးဝ မပြင်ရဟု ဆိုခြင်းဖြစ်၏။

၂။ ဘာသာ ယဉ်ကျေးမှု အမြင် (Religio-cultural Perspective)

မြန်မာ့ယဉ်ကျေးမှု၏ ပင်မ ရေသောက်မြစ်သည် ထေရ၀ါဒဗုဒ္ဓဘာသာ ဖြစ်၏။ ထို့ ကြောင့် မြန်မာတို့ ၏ နှလုံးသွေးသည် ပုံမှန် အားဖြင့် ဗုဒ္ဓတရားတော် အောက်တွင် စီးဆင်း လည်ပတ်လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီခဲ့ပေပြီ။ မြန်မာ့သမိုင်း ရေစီးချောင်း တစ် လျှောက်တွင် ဆိုရှယ်လစ်၊ကွန်မြူနစ်ကဲ့သို့ သော နိုင်ငံရေး သီအိုရီများ၊ မျောပါပျောက်ကွယ် သွားကြသော်လည်း ဗုဒ္ဓ၀ါဒ ပျောက် ကွယ် မသွားခဲ့ခြင်းသည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်ကို သမိုင်းက သက်သေပြနေသည်။ အမျိုးသား အကျိုးစီးပွားကို ဆန့် ကျင်သူများသာ သမိုင်း၏ တရားခံဖြစ်သွားကြရသည်။ ယနေ့  မြန်မာပြည်၏ သန်းခြောက်ဆယ်သော ပြည်သူ လူထု အများစုကြီးသည် ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုက သင်ပြထားသော အမျိုးသားရေး အမြင်ဖြင့် နိုင်ငံတော်နှင့် လူသားအကျိုးစီးပွား ကို ဆောင်ရွက်နေကြသည်မှာ သဘာဝကျပါ၏။ ဘုရားအလောင်း သူတော်ကောင်းတို့ သည်လည်း အမျိုးသား အကျိုးစီးပွားကို အသက် ပေးပြီး ကာကွယ်ခဲ့သည့်  သာဓကများစွာ၊ ငါးရာ ငါးဆယ် ဇာတ်တော်များတွင် လေ့လာဖတ်ရှုနိုင်ပါသည်။ တိရစ္ဆာန် ဘ၀၊ လူ့ ဘ၀၊ မည် သည့် ဘ၀မှာပင် ဖြစ်စေ၊ အဆွေအမျိုးတို့ ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းသည် မွေးရာပါ ဗီဇပင်ဖြစ်ပါသည်။ ဖြစ်လည်းဖြစ်သင့် ပါ သည်၊ ဖြစ်အောင်လည်း ဆောင်ရွက်ကြရပါမည်။ ထို့ ကြောင့်ပင် နိုင်ငံတိုင်းကလည်း မိမိတို့ နိုင်ငံ၏ အကျိုး စီးပွားကိုသာ ဦးစားပေး ဆောင်ရွက်နေကြပါသည်။

ဗုဒ္ဓ၀ါဒအရ အကျိုးစီးပွား သုံးမျိုးကို လူတိုင်း ဆောင်ရွက်ခွင့်ရှိပါသည်။ ထို အကျိုးစီးပွား သုံးမျိုးမှာ...

(၁) လောကတ္ထ စရိယ (လောက ကောင်းကျိုး သည်ပိုး ဆောင်ရွက်ခြင်း)

(၂) ဥာတတ္ထ စရိယ (အမျိုးသား အကျိုးစီးပွား သည်ပိုး ဆောင်ရွက်ခြင်း) နှင့်

(၃) ဗုဒ္ဓတ္ထ စရိယ (သစ္စာဥာဏ်အလင်း ရရန်အကျိုး သည်ပိုး ဆောင်ရွက်ခြင်း) တို့ ပင်ဖြစ်ပါသည်။

နံပါတ်သုံး ကျင့်စဉ်သည် လောကီအမြင်အရ ပညာရည် မြင့်မားရေးဖြစ်ပြီး၊ လောကုတ္တရာအမြင်အရ သစ္စာဥာဏ်အလင်း ရရှိရေးပင် ဖြစ်ပါသည်။ ထိုမှ တစ်ဆင့်တက်၍ နံပါတ် (၂) ကျင့်စဉ်ဖြစ်သော အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို သည်ပိုး ဆောင်ရွက် ရမည် ဖြစ်ပါသည်။ နံပါတ် (၁) ကျင့်စဉ်သည် တစ်လောကလုံးအတွက် အဆင့်အမြင့်ဆုံးကျင့်စဉ် ဖြစ်သောကြောင့်၊ လောဘ၊ ဒေါသ၊ မောဟ စသည့် အနှုတ်လက္ခဏာ သဘောတရားများကို အမြစ်ပြတ် ပယ်သတ်ထားပြီးကြကုန်သော ဘုရား၊ ရဟန္တာများမှတစ်ပါး မည် သူမျှ မဆောင်ရွက်နိုင်ပါ။ 

တနည်းအားဖြင့် ပြောရလျှင် ဗုဒ္ဓ၀ါဒသည် ဖြစ်သင့်သည့်အရာများစွာတွင် ဖြစ်နိုင်ခြေက စ ပါသည်။ထို့ ကြောင့် လည်း ပညာရည် မြင့်မားပြီး အမျိုး၊ ဘာသာ၊ သာသနာ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းက စ ခြင်းသည် သဘာဝ အကျဆုံး၊ ဖြစ်နိုင် ခြေလည်း အများဆုံး၊ ဖြစ်အောင်လည်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်၊ အမျိုးသားရေး တာဝန်ပင်ဖြစ်ပါသည်။ တစ်နည်း အားဖြင့် အမျိုးကို စောင့်ခြင်းဟူသော ဘုရားဟော စောင့်လေ မျိုးနွယ်ပင် ဖြစ်ပါသည်။ 

ယခုအချိန်တွင် အမျိုးသား အင်အားစုများ ဖြစ်ကြသော တိုင်းနှင့် ပြည်နယ် အသီးသီးမှ စာချ စာသင် ဆရာတော်များ၊ သီတဂူ ဆရာတော်ကဲ့သို့ သော ဓမ္မကထိက ဆရာတော် အကျော် အမော်များ၊ တိပိဋက ဆရာတော်များသည် နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒကိုလည်း၊ မဆန့်  ကျင်စေပဲ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို အစဉ်၊ ရေရှည် ကြည့်တော်မူလျက်၊ မျိုးစောင့် ဥပဒေ ပေါ်ထွန်းရေးကို ကြိုးစား ဆောင် ရွက် တော်မူလျက် ရှိနေကြပေပြီ။ 

ဗိုလ်ချုပ်ကလည်း ဤသို့ ပြောသည် “ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာ အတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိယင် ၊ ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည် အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင်၊ ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။” 

ဤခံစားချက်၊ ယုံကြည်ချက်များမှာ ဘာသာယဉ်ကျေးမှုက ပေးသောအမြင် ဖြစ်ပါသည်။ထို ဘာသာ ယဉ်ကျေးမှု အမြင်ကို ဆန့် ကျင် တော်လှန်ပြီးလည်း ပုဒ်မ (၅၉) (စ) ကို ပြင်လို့  မရနိုင်ပါ။ ဆန့် ကျင်လာပါက နှစ်ပေါင်း (၂၀) ကျော် ကာလများဆီကနှင့် မတူသော တိပ်တိုက် ရင်ဆိုင်မှုများ တွေ့ ကြုံလာနိုင်ပါသည်။ အထူး သတိပြုရမည့်  အချက်တစ်ခု ဖြစ်ပါသည်။

၃။ အချုပ်အခြာ အာဏာ အမြင် (Sovereign Perspective)

အချုပ်အခြာ အာဏာသည် ကမ္ဘာ့နိုင်ငံတိုင်း၏ အသက်သွေးကြောပင်ဖြစ်၏။ နှစ်ပေါင်းထောင်ချီ၍ ကိုယ်ပိုင် စာပေ ယဉ်ကျေး မှု၊ ဘာသာစကားတို့ ဖြင့် ကမ္ဘာ့အလယ်တွင် ထည်ဝါ ခန့် ညားစွာ ရပ်တည်နေသော မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံရေး စီးပွားရေးစသည့် မုန်တိုင်း လေပွေ မွှေသော်ငြားလည်း ခိုင်ခိုင်မြဲမြဲ မယိုင်မလဲ ရပ်တည်နေနိုင်၏။ ဤသည်မှာ အင်အား တောင့်တင်းပြီး၊ ခိုင်မာသော၊ ခေတ်မီသော၊ မျိုးချစ်စိတ်အပြည့် အ၀ဖြင့် တည်ဆောက်ထားသော တပ်မတော်နှင့် ပြည်သူတို့ ၏ စွမ်းအားကြောင့်ပင် ဖြစ် ၏။ ထိုကြောင့်လည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူများမှ ပေါက်ဖွားလာသော တပ်မတော်နှင့် နိုင်ငံသား တိုင်းသည် ပြည်ထောင် စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဟူသော ဒို့ တာဝန် အရေးသုံးပါး ကို ဦးထိပ်ပန်ဆင်လျက် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ပေးနေကြပေသည်။ ပုဒ်မ (၅၉) (စ) ကို ပြင်လျှင် မြန်မာပြည်၏ အချုပ် အခြာအာဏာကို ထိခိုက်စေပြီး၊ နောင်လာနောက်သားများ အတွက်လည်း ဆိုးရွားသည့် စံနမူနာ(A Bad Precedent) ဖြစ်ကာ မြန်မာပြည် လည်း သူ့ ကျွန်ဘ၀ကို ရောက်သွားနိုင်ပေသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ ဖွဲ့ စည်းပုံ အခြခံပဒေသည် လူတစ်ဦး တစ်ယောက်ကိုသာ ရည်ရွယ် ရေးဆွဲထားခြင်း မဟုတ်ပေ။ ထို ကြောင့်ပင်လျင် လူတစ်ဦး တစ်ယောက်အတွက်လည်း အခြေခံဥပဒေကို ပြင်ဆင်ပေးရန် မလို အပ်ပါ၊ မလုပ်အပ်ပါ။

အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံများတွင်လည်း လူကိုကြည့်၍ မူကို ပြင်ရိုး မရှိခဲ့။ ရှိလိမ့်မည်လည်း မဟုတ်ပါ။ထို့ ကြောင့် လည်း It is about principles not about a person လို့ ပြောလေ့ရှိပါသည်။ အမေရိကန် ဖွဲ့ စည်းပုံတွင် နှစ်ပေါင်း (၂၂၇) နှစ်တာ ကာလ အတွင်း ပြင်ဆင်ချက်ပေါင်း (၂၇) ချက်သာရှိခဲ့၏။ ထိုပြင်ဆင်ချက်တိုင်းသည်လည်း ပုဂ္ဂိုလ်ရေးကို ဦးတည်၍ ပြင်ဆင်ပေးခဲ့ သော အချက် တစ်ချက်မျှ မပါဝင်ခဲ့ပါ။ လူကို ဗဟိုရ်ပြုသော နိုင်ငံရေး မဟုတ်၊ မူကို ဗဟိုရ်ပြုသော နိုင်ငံရေးသာဖြစ်ပါ၏။ တစ်နည်းအားဖြင့် လူ နောက်ကို "မူ" က မလိုက်ပဲ၊ "မူ" နောက်ကိုသာ လူက လိုက်ရသော နိုင်ငံရေးဖြစ်သည်ကို မြန်မာနိုင်ငံသားများ အားလုံး လက်ဆုပ်လက် ကိုင် အခိုင်အမာ ခံယူကျင့်သုံးကြရန် အထူးပင်လိုအပ်ပါသည်။ သို့ မှသာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို တိုင်းတစ်ပါး နှင့် တိုင်း တစ်ပါး သြဇာခံ၊ ကျေးဇူးခံ၊ ကျေးဇူးစားတို့ ၏ ဘေးရန်မှ ကင်းဝေးမည် ဖြစ်ပါသည်။ ထို့ ကြောင့်ပင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က လည်း (၆၈) နှစ်မြောက် တပ်မတော်နေ့ မိန့် ခွန်းတွင် အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် သွာမည့်အကြောင်း ထည့်သွင်း ပြော ကြား သွားခဲ့သည်ကို ကြားသိလိုက်ရ၏။ တကယ်တော့ တပ်မတော်နှင့် ပြည်သူသည်သာ အချုပ်အခြာအာဏာကို တည်မြဲအောင် စောင့် ရှောက်၊ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည် အထူးသဖြင့် တိုင်းတစ်ပါး သြဇာခံ၊လက်ဝေခံ နိုင်ရေးပါတီနှင့် အဖွဲ့  အ စည်း အချို့ သည် မြန်မာ့ အချုပ်အခြာအာဏာ၏ အဓိက ရန်သူများဖြစ်သည်ကို စစ်မှန်သော အမျိုးသားရေး အင်အားစုများက သိနေ ကြပြီဖြစ်ပါသည်။ ထို့ ကြောင့်လည်း အချုပ်အခြာ အာဏာကို မထိခိုက်ရလေအောင် အရှိန်မြှင့်၍ ကာကွယ်နိုင်ရန်အတွက် ပုဒ်မ (၅၉) (စ)ကို လုံးဝ မပြင်ဆင်ရဟု ဆိုခြင်းလည်းဖြစ်ပါသည်။ အမှန်စင်စစ် ကာကွယ်ရမည့် ပုဒ်မ (၅၉) (စ) သည် အမျိုးသားရေး အင်အားစု များ၏ အချုပ်အခြာ အာဏာကို ကာကွယ်ကြရာတွင် အစ ကနဦးမျှသာ ဖြစ်သည်ကို သတိထားသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရပါလျှင် ပုဒ်မ (၅၉) (စ)ကို ပြင်ဆင်လိုသူများသည် အထက်ဖော်ပြပါ အမြင် သုံးမျိုးဖြစ်သော အမျိုးသား ရေး အမြင်၊ ဘာသာယဉ်ကျေးမှု အမြင် နှင့် အချုပ်အခြာ အာဏာမြင် သုံမျိုးတည်းဟူသော သံမဏိ တံတိုင်းကို မိုက်ရူးရဲ ဆန်စွာ ဦး ခေါင်းနှင့် ၀င်တိုက်သကဲ့သို့ သာ ရှိပါလိမ့်မည်။ ထို့ ထက်မပိုပါ။

From: ပါရမီရှင် (U.S.A)

ကုလား မယားက အထက်၊ ဘုရားသားက အောက် မျောက်ဇာတ် ခင်းနေကြပြီပေါ့



ဒေါ်စုကြည် ခေါ် ကုလားမယားနှင့် အပေါင်းပါ များသည် မြန်မာ့ယဉ်ကျေးမှုကို အလေးမထား၊ မလေး စား ကြတော့ပါ။ အာဏာ ရရေးကိုသာ အလေး ထားသူများပီပီ ရတနာသုံးပါး၊ လူကြီး၊ မိဘ စသူတို့ အား ထိုက် တန်သည့်နေရာ ပေးရမှန်း လည်း မသိကြတော့ပါ။


ထို့ ကြောင့်လည်း အရှင် ဆန္ဒာဓိက ကဲ့သို့ သော နိုင်ငံကျော် ဆရာတော်တစ်ပါးကို နိမ့်သည့်နေရာ ပေးပြီး ကုလားမယား ဒေါ်စုကြည် က မြင့်သည့်နေရာက ထိုင်နေခြင်း ဖြစ် ပါသည်။ လူပုံ အလယ်မှာပင် ကုလားမယားက အထက်၊ ဘုရားသားက အောက်ရောက်နေပါပြီ။ မြန်မာပြည်မှာ သမ္မတဖြစ်ချင်သူကြီး ကတော့ မြန်မာ့ယဉ်ကျေးမှုကို ဥပေက္ခာပြုလာခဲ့သည်မှာ ယနေ့ ထက်တိုင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မျောက်ဇာတ် ခင်းနေပါပြီ။

ဆရာတော် အရှင် ဆန္ဒာဓိက အားလည်း လျှောက်ထားလိုပါသည် ဘုရား။

အရှင်ဘုရားသည် ပုဂ္ဂိုလ်စွဲ မရှိရန် တရားဓမ္မများကို ဟောကြားနေသူဖြစ်ပါသည်။ နာမည်လည်းရ၊ အလုပ်လည်းဖြစ်၊ လေးစား စရာလည်းဖြစ်ပါသည်။ သို့ သော် အရှင်ဘုရားသည် ဒေါ်စုကြည်ကို ပုဂ္ဂိုလ်ရေး ဆန်ဆန် ဆက်ဆံနေခြင်းဟာ အရှင်ဘုရား ဟောကြားနေသော တရားဓမ္မများနှင့် ဆန့်ကျင်ဘက် အသွင် ဆောင်နေပါသည်။ ထို ကြောင့်ပင် အရှင်ဘုရား၏ ဟောကြားချက်များတွင် စောင့်လေမျိုးနွယ် တရား ဟောကြားခြင်းကို ထင်ထင်ရှားရှား မတွေ့ ရပါဘုရား။ ပုဂ္ဂိုလ်ရေးထက် အမျိုးသားရေးကို ဦးစားပေးပြီး အမျိုး၊ ဘာသာ၊ သာသနာ အတွက် မားမားမတ်မတ် ရပ်တည် နိုင်လိမ့်မည် ဟု မျှော်လင့်မိပါသည် ဘုရား။

အရှင်ဘုရားနှင့် ကုလားမယား ဒေါ်စုကြည်တို့ ရဲ့ ချင်းပြည်နယ်က အဖြစ်အပျက်ဟာ မြန်မာ့ ယဉ်ကျေး မှုကို အရုပ်ဆိုး အကျည်းတန်စတာ အမှန်ပါပဲဘုရား။ ကာယကံရှင် ဆရာတော်က ဘာမှ မပြော လိုခဲ့ရင် တောင် မြန်မာပြည်သူများကတော့ အသဲနာ ကမ္ဘာမကြေ ဖြစ်နေရပါသည်ဘုရား။

ထို့ ကြောင့် အမျိုးသားရေး နိုးကြားတက်ကြွသူ တစ်ယောက်အနေဖြင့် လျှောက်ထားရလျင် နောက် နောင်များတွင် ဟားခါးမှာ၊ ကုလားမယား၊ မဟားဒယားဖြစ်ပြီး ဖလမ်းမှာ ဖလန်းလန်း ဖြစ်ရ တာမျိုး တွေကို ဝေးဝေးက ရှောင်တော်မူပါဘုရား။ မရှောင်နိုင်ခဲ့လျှင် ယခုလိုပဲ ကုလားမယားက အထက်၊ ဘုရားသား က အောက်ရောက်ပြီး သူတို့ က မျောက်ဇာတ်ခင်းကြပါလိမ့်မည် ဘုရား။

ရိုသေ လေးစား ကြည်ညိုစွာဖြင့်

From: ပါရမီရှင် (U.S.A)