Friday, May 31, 2013

မွတ်ဒေါင်းတို့၏ အရှင်သခင် မေမေ



တို့မေမေ


==============

ကုလား ထိလျှင် ချက်ချင်းပင်
အသက်ဝင်လာပေ တို့မေမေ...

ကုလားအခေါ် တို့များပေါ်
ဝေဖန်တတ်ပေ တို့မေမေ...

ကုလားအခွင့်အရေး ဝင်တိုက်ပေး
လေးစားလောက်ပေ တို့မေမေ...

ငယ်စဉ်ကာလ ရူးနှမ်းစ
ကုလားနဲ့ ထသလေ တို့မေမေ...

ကုလားနဲ့ရော ပျက်စီးသော
မွတ်ဒေါင်းပိုင်ပေ တို့မေမေ...

ပါတီဝင်များ လွန်လေးစား
ခွေးစကားပြောနေ တို့မေမေ...

ပြည်သူ့သဘော မစောကြော
မောကြောတွေ့နေ တို့မေမေ...

နှစ်ထောင့် ဆယ့်ငါး အတွေးများ
ဝေးဝေးမှာနေ တို့မေမေ...

ပါတီပျက်သုန်း လူကျဆုံး
လောင်းကြေးထပ်မလေ တို့မေမေ...

ကုလားကိစ္စ အဝဝ
လွှတ်ချနိုင်စေ တို့မေမေ...

ကုလားနဲ့တွဲ ခွပ်ဒေါင်းလည်း
ရပ်တည်မှန်ပါစေ တို့မေမေ...

ပြည်သူ့အသည်း ချည်နှောင်တွဲ
(ပြန်ပြီးတော့လေ) ယူတတ်ပါစေ တို့မေမေ

သို့ပါမှပဲ မျိုးရိုးလည်း
မြတ်ဂုဏ်ရှိစေ တို့မေမေ...

မောင်ရစ်ရေးသည်။

From:မောင် ရစ်

ရှမ်းတွေလည်း လူရိုင်းတွေ ဖြစ်ကုန်တော့မယ်


ရခိုင်အရေးအခင်း ဖြစ်တုန်းက ပြဿနာရဲ့ ဇစ်မြစ်ကို အသေအချာ မလေလ့ာဘဲ ရခိုင် တွေကိုဘဲ တဘက်သတ် လူရိုင်းတွေ၊ မယဉ်ကျေး သူတွေ၊ ရန်လိုသူတွေ အဖြစ် သတင်းဌာနကြီး တချို့က ပုံဖေါ် ပြောဆိုခဲ့တာတွေ ရှိသလို၊ အဖွဲ့ အစည်း တချို့၊ လူပုဂ္ဂိုလ် တချို့ကလည်း ဒီလိုဘဲ ထပ်တူ ပြောဆိုမူတွေ ရှိခဲ့ပါတယ်။


အဲဒီတုန်းက ရခိုင်ဘက်မှာ ပြဿနာတွေနဲ့ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အတွက် ဘာမှ တုန့်ပြန် မပြောခဲ့ဘဲ တိတ်တိတ်ကလေးသာ နေခဲ့ပါတယ်။ ပြောချင်စရာတွေက ရင်ထဲ အပြည့်ပါ။ ပြန်ပြောရင်လည်း အင်အားနည်းနေတဲ့ ရခိုင်တွေကိုဘဲ အပြစ်တွေ ထပ်တင်လာကြမှာမို့ ဆိတ်ဆိတ် ကလေး နေခဲ့ပါတယ်။


ရခိုင်ပြဿနာပြီးတော့ မိတ္ထိလာမှာ ဖြစ်တယ်။ အဲဒီကတဆင့် နေရာ အတော်များများကို ကူးစက် ပျံ့နှံ့ပြီး ပဲခူး တိုင်းဒေသကြီး အနောက်ခြမ်း နေရာတချို့နဲ့ ဥက္ကံမြို့မှာ ထပ်ဖြစ်တယ်။ အခု တစ်ခါ ရှမ်းပြည်နယ် လားရှိုးမှာ ထပ်ဖြစ်တယ်။

ပြောချင်တာကတော့ ရခိုင်တွေကို ဘင်္ဂါလီ မွတ်ဆလင် ဘာသာဝင်တွေနဲ့ အဓိဂရုဏ်းတွေ ဖြစ်တဲ့ အတွက် အရိုင်းတွေ၊ မယဉ်ကျေးတဲ့သူတွေ၊ ရန်လိုသူတွေလို့ အဲသလိုမျိုး ပုံဖေါ် စွပ်စွဲ သတ်မှတ်ရင် ဗမာတွေကော ယဉ်ကျေးပါရဲ့လား။ အခုတော့ ရှမ်းပြည်နယ်မှာ ထပ်ဖြစ်တယ်။ ရှမ်းတွေကော ယဉ်ကျေးပါရဲ့လား။

ဒီအတိုင်းဆို ရှမ်းတွေလည်း လူရိုင်းတွေ ဖြစ်ကုန် ကြပါတော့မယ်။

တရုတ်မှာ ဟန်တရုတ်တွေနဲ့ ၀ိဂါ မူဆလင်တွေ ဖြစ်ကြတယ်။ သေကြတယ်။ မီးရှို့ ဖျက်ဆီး ခံကြရတယ်။ အများကြီးပါဘဲ။ တရုတ်တွေကို မယဉ်ကျေးတဲ့သူတွေ၊ အရိုင်းတွေလို့ သတ်မှတ်လို့ ရနိုင်ပါ့မလား။ အိန္ဒိယမှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ ဘာသာရေး အဓိဂရုဏ်းတွေ ဖြစ်နေကြတာ ခဏခဏ ပါဘဲ။ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာတောင် ဆိုနီနဲ့ ရှီယက် ကိုးကွယ်သူတွေ အကြားမှာ တိုက်ကြ၊ ခိုက်ကြ၊ သေနေကြတာ နေ့တိုင်းပါဘဲ။ သူတို့ကိုကော မယဉ်ကျေးတဲ့ သူတွေလို့ သတ်မှတ် ပြောဆိုလို့ရနိုင်ပါ့မလား။

လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဖြစ်တယ်ဆိုတာ လူမျိုး တစ်မျိုး ယဉ်ကျေးတယ်၊ မယဉ်ကျေးမူ ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဆိုတာ လူသား မျိုးနွယ် တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဖြစ်တိုင်း ပြဿနာရဲ့ အရင်းအမြစ်ကို အသေအချာ မလေ့လာ မဆန်းစစ်ဘဲ အရိုင်းအစိုင်းတွေ၊ လူ့ယဉ်ကျေးမူတွေကို နားမလည်တဲ့သူတွေလို့ ပုံဖေါ်စွပ်စွဲ ပြောဆိုမယ် ဆိုရင် မှားသွားနိုင်ပါတယ်။ အကယ်၍ စွပ်စွဲမယ်ဆိုရင်တော့ ဒါဟာ တရားနည်းလမ်း မကျဘူးလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။

အခု လားရှိုးမှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ကြည့်ပါ။ ဓါတ်ဆီရောင်းနေတဲ့ ဗုဒ္ဓဘာသာ ဗမာ အမျိုးသမီး တစ်ဦးကို မွတ်ဆလင် တစ်ဦးက ဓါတ်ဆီ သွန်ပြီး မီးရှို့တိုက်ခိုက်တယ်။ ဒဏ်ရာပြင်းထန်တဲ့ အတွက် ဆေးရုံကို အတွင်းလူနာ အဖြစ် တင်လိုက်ရတယ်။ ဒီလို ကျူးလွန် စော်ကားမူ အပေါ်မှာ ဘာသာ တူတွေက မခံရပ်နိုင် ဖြစ်ကြတယ်။ ဗလီတွေ ဈေးဆိုင်တွေကို လက်တုန့်ပြန်တိုက်ခိုက်ကြတယ်။ ခုလို ပြဿနာမျိုး အစ္စလာမ်ဘာသာဝင်တွေ အများစုနေတဲ့ တိုင်းပြည် တစ်ခုမှာ ဖြစ်ကြည့်ပါလား။ မွတ်ဆလင် အမျိုးသမီး တစ်ဦးကို ဗုဒ္ဓဘာသာ တစ်ဦးက ဓါတ်ဆီ သွန်ပြီး မီးရှို့ကြည့်ပါလား။ ဘာဖြစ်သွားမလဲ။ ( မယုံရင် စမ်းကြည့်ပါ)

ပဋိပက္ခ ဖြစ်စဉ်တိုင်းမှာ အကြောင်းနဲ့ အကျိုး အစဉ် အမြဲ ဆက်စပ် ဒွန်တွဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းဖြစ်တိုင်း လူရိုင်းတွေ၊ မယဉ်ကျေးတဲ့သူတွေ အဖြစ် စွပ်စွဲ လက်ညိုး ထိုးမယ်ဆိုရင်တော့ ကမ္ဘာကြီး တစ်ခုလုံးကို မယဉ်ကျေးသေးတဲ့ ကမ္ဘာအဖြစ် လက်ညိုး ထိုးကြရမှာ ဖြစ်ပါတယ်။ လူမျိုး တစ်မျိုး အပေါ်မှာသာ ခုလို စွပ်စွဲမူ ဝေဖန် ပြစ်တင်မူတွေ ရှိနေရင်တော့ ဒါဟာ လူမျိုးရေး အရ တမင်သက်သက် စော်ကား မူတစ်ခုလို့ဘဲ သတ်မှတ်ကြရမှာ ဖြစ်ပါတယ်။

Credit : Here

IDM မလိုဘဲ Youtube က Video တွေ အလွယ်ဒေါင်းနည်း (For Firefox)

Youtube က နေ ဗီဒီယိုတွေကို အလွယ်ဒေါင်းချင်လို့ပါ IDM မသုံးဘဲဒေါင်းရနည်းလေး ပြောပေးပါ ဆိုလို့ ကျွန်တော်လည်း အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခု တင်ပေး လိုက်တယ် ထွေထွေထူးထူးမဟုတ်ပါဘူး firefox addon တစ်ခုသုံးပြီး ဒေါင်းတာ ပါ မခဲယဉ်းပါ ကဲစလိုက်ကြစို့ဘော်ဒါတို့ရေ.....


အရင်ဆုံး ဒီလင့်လေးကို သွားလိုက်ပါ Link Click

ဒါဆိုရင် အောက်ပုံလေးအတိုင်း ပေါ်လာရင် Add to Firefox ဆိုတာကိုနှိပ်လိုက်ပါ Add-on ဆိုလို့ မကြောက်ကြပါနဲ့ User 1,215,098 လောက်ရှိပြီး 4Star ရထားတာပါ... ကျွန်တော်ဆို ဒါပဲသုံးတယ် 


အဲဒါဆိုရင် firefox မှာ add on လေးက ဒေါင်းလုတ်လုပ်နေပါလိမ့်မယ် သတိ-ဒေါင်းနေစဉ်အတွင်း ဘာမှ မလုပ်ပဲ ငြိမ်နေပါ... ခဏလေးပဲကြာမှာပါ 


ဒေါင်းလို့ အစိမ်းတန်းလေးပြည့်သွားရင် သူ့အလိုလိုအောက်ကပုံစံမျိုး တက်လာမှာပါ အဲဒီအခါကျရင် Flash Video downloader ဆိုတာလေးကို တစ်ချက်နှိပ်ပါ ပြီးတော့ Install Now ဆိုတာလေးကိုနှိပ်ပေးပါ 


ဒါဆိုရင် Firefox ကို restart လုပ်ဖို့တောင်းပါမယ် restart ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ


ပြီးတော့ Youtube ကနေ ဗီဒီယိုတစ်ခုကို ဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပဲ ဗီဒီယိုရဲ့ အောက်မှာ အပြာရောင်လေးနဲ့ Download ဆိုတာကိုနှိပ်လိုက်ပါ အဲဒီမှာ Down ဖို format မျိုးစုံကျလာပါလိမ့်မယ် ကိုကြိုက်တဲ့ format တစ်ခုခုကိုနှိပ်ပေးလိုက်ရင် ဒေါင်းလုတ် လုပ်ငန်း စပါလိမ့်မယ်။။


အားလုံး လုပ်တတ်ကြမယ်ထင်ပါတယ် လွယ်ကူစွာပဲဒေါင်းနိုင်မှာပါ တကယ်တော့ မသိရင်ခတ်တာပါ သိသွားရင် လွယ်ကူပါတယ်

မှတ်ချက် - firefox Browser အရမ်းနိမ့်လျှင် Add-on က အလုပ်မလုပ်ပါ

ဆန္ဒပြ စက်မှုဇုန်တွေကို သွားရောက်စစ်ဆေးတော့မည်

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အဓိကအကြောင်းရင်းတွေကို သိရှိဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ဥပဒေပညာရှင်တွေပါဝင်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး လေ့လာရေးကော်မရှင်က စက်မှုဇုန် ၃ ခုကို မကြာခင် သတင်းပတ် အတွင်း လိုက်လံစစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


အလုပ်သမားဥပဒေမှာ ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ကြားမှာ ပဋိပက္ခတွေဖြစ်နေရတဲ့ အခြေအနေတွေကို သွားရောက်လေ့လာပြီး ရရှိလာတဲ့အချက်တွေကို လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ တင်ပြသွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေများလာတယ်၊ အဲလို ပဋိပက္ခတွေများမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ စက်ရုံအလုပ်ရုံလုပ်ငန်းတွေ၊ ပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ ၂ဝ၁၅ နောက်ပိုင်းမှာဖြစ်ပေါ်လာမယ့် ကျနော်တို့နိုင်ငံရဲ့ဈေးကွက်ဟာ ပဋိပက္ခတွေရှိရင် သူများဈေးကွက် ဖြစ်သွားမှာတွေအတွက် ကြိုပြီးကာကွယ်တဲ့အနေနဲ့ အလုပ်ရှင် အလုပ်သမားတွေ အခွင့်အရေးရရှိရေး၊ ပဋိပက္ခတွေမဖြစ်ရေးအတွက် ရည်ရွယ်ပါတယ်၊ ဖြစ်ပေါ်တဲ့အကြောင်းပေါ် မူတည်ပြီးတော့ ဒီဟာကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကိုပေါ့"

ဒီကော်မရှင်ကို ပြီးခဲ့တဲ့ မေလ၂၀ ရက်နေ့က အထူးအစည်းအဝေးတစ်ရပ်အနေနဲ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင် ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးမြတ်ငြိမ်းက ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စက်မှုဇုန်တွေကို စစ်ဆေးနိုင်ဖို့ အဲဒီအဖွဲ့ဝင်တွေကြား အသေးစိတ် ဆွေးနွေး နေကြဆဲ ဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန် က စက်ရုံ ၁၅ ရုံ၊ လှိုင်သာယာစက်မှုဇုန်က စက်ရုံ ၂၅ ရုံနဲ့ တောင်ဒဂုံ စက်မှုဇုန်က စက်ရုံ ၁၀ ရုံတို့ကို စက်မှုလုပ်ငန်းအမျိုးအစား မခွဲခြားပဲ စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

Credit : http://www.rfa.org/burmese/news/commission-investigate-industries-zone-05282013132836.html

အစာငတ်ခံဆန္ဒပြပွဲက နောက်ထပ် အလုပ်သမားနှစ်ဦး ဆေးရုံတင်ရ


san-kaung-worker-305.jpg

2013-05-30

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန်မှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား ၁၆ ဦးထဲက နောက်ထပ် အမျိုးသမီးအလုပ်သမား ၂ ဦးကို ဒီကနေ့ အင်းစိန်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သတင်း ရရှိပါတယ်။


ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက အဲဒီအလုပ်သမား ၁၆ ဦး အစာငတ်ဆန္ဒပြနေရာမှာ မနေ့က အလုပ်သမ ၂ ဦး မူးလဲသွားတဲ့အတွက် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ဒီကနေ့မှာ နောက်ထပ် ၂ ဦးကို ဆေးရုံပို့ခဲ့ရတာပါ။

အခုလိုအလုပ်သမားတွေ အစာငတ်ခံဆန္ဒပြနေရတာဟာ လစာကိစ္စကြောင့်မဟုတ်ပဲ အထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြဖြစ်ပြီး၊ တောင်းဆိုချက်တွေ အောင်မြင်တဲ့အထိ ဆက်လက်ဆန္ဒပြသွားမယ်လို့ စံကောင်း ပီနံအိတ်စက်ရုံရဲ့ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုဝင်းထွန်းအောင်က RFA ကို ပြောပါတယ်။

"အစာငတ်ခံဆန္ဒပြတာဆိုရင်တော့ ဒီကနေ့ဆိုရင်တော့ ၃ ရက်ကျော်လာပြီပေါ့ခင်ဗျာ၊ နာရီနဲ့ပြောရင်တော့ နာရီ ၆၅ နာရီကျော်လာပြီပေါ့၊ ဒီကြားထဲမှာ ဆေးရုံပို့ရတာ ၃၊ ၄ ဦးလောက်ရှိသွားပြီခင်ဗျ၊ မနေ့က ၂ ဦး၊ ဒီနေ့ ၂ ဦး၊ ၄ ဦးပေါ့၊ ပို့လိုက်တဲ့သူကတော့ အဓိကကတော့ ဗိုက်ပေါ့ဗျာ၊ ဗိုက်အောင့်တယ်ဆိုတဲ့ပုံစံမျိုးပါပဲ၊ မူးတာပေါ့နော် ကောင်လေးတွေကတော့၊ ကြွက်တက်တာဘာညာပေါ့၊ ကျနော်တို့ဆီမှာတော့ ကျန်းမာ ရေးအရမပြည့်စုံတော့ ဆေးရုံကိုပဲပြည့်စုံ တဲ့နေရာကို ကားငှားပြီးတော့ပို့ခိုင်းတယ်ပေါ့ခင်ဗျ၊ ကျနော်တို့ တောင်းဆိုတာက ငွေရေးကြေးရေးကိစ္စ မပါဘူး၊ ဥပဒေမှာပါတဲ့ အခွင့်အရေးတောင်းဆိုတာ မရမချင်း ဆက်လက်ပြီးတော့ ဒီ့ထက်အရှိန်အဟုန်မြှင့် ပြီးတော့ ကျနော်တို့တောင်းဆိုမှု အောင်မြင်တဲ့အထိ လုပ်ဆောင်သွားမယ်ခင်ဗျ"

ဆန္ဒပြနေတဲ့ ရက်တွေအတွင်း အလုပ်ရှင်တွေဖက်ကရော၊ အာဏာပိုင်တွေဖက်ကပါ တောင်းဆိုချက်တွေ ကို လာရောက်ညှိနှိုင်းဖြေရှင်းပေးတာမျိုး မရှိသေးပေမယ့် မြို့နယ်အာဏာပိုင်တွေဖက်ကတော့ အစာငတ်ခံ ဆန္ဒပြတာကို ဆက်မလုပ်ဖို့ တားမြစ်တာတွေတော့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ


Credit : http://www.rfa.org/burmese/news/hunger-strike-sankaung-worker-hospital-05302013130454.html

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စားဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိချက် အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်း စိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့ အလွမ်းကို လျော့စေ တယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။


(၂) ကောင်းကျိုးစဉ်းစား

စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။

(၃) သွားခဏခဏတိုက်

ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။

(၄) အယ်လ်ကိုဟော ရှောင်

အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များ စွာရှိနေပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။

(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်

လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။

(၆) အကြောင်းပြချက် သတိရ

ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ် သတိရ။

(၇) နေ့စဉ် တက်ကြွလန်းဆန်း

နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။

(၈) ပြက္ခဒိန်မှာ မှတ်

ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွား လာစိတ် ဖြစ်လာလိမ့်မယ်။

(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား

ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်

(၁၀) အပေါင်းအသင်းလိုတယ်

ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။

(၁၁) ကဖိန်းကန့်သတ်

ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန် ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။

(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု

စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်

ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။

(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်း သည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ် တစ်ခြစ် ပဲ ခြားပါ တယ်။ ပြန် စသောက်မိရင် ပြန်ဖြတ်ပါ။

အောင်နိုင်မည်...မုချ။

ကိုးကား
ကျန်းမာရေး ဂျာနယ်

ကြံ့ခိုင်ရေးပါတီကိုဆန္ဒပြမည့်အစီအစဉ် အာဏာပိုင်များ ပိတ်ပင်



တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင်ပန်းခြံတခုကို ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီး ကွန်ဒိုအိမ်ရာ ဆောက် လုပ်မှု အပေါ် ကန့်ကွက်ဆန္ဒပြမည့် အစီ အစဉ်ကို အာဏာပိုင်များက လုံခြုံရေးအကြောင်းပြ ချက်ဖြင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြပွဲပြုလုပ်ခွင့်ပေးရန် အာဏာပိုင်များကို တင်ပြခဲ့ရာ ယခုအချိန်သည် အထူး လုံခြုံရေး ကာလဖြစ်မှုကြောင့်ဟုဆိုကာ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲ ပြုလုပ်ခွင့်မပြုဟု အကြောင်းပြန်ကြားလာခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးဦးဆောင်နေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ဆက်စပ်သတင်း

ကြံ့ခိုင်ရေးပါတီကို အရေးယူရန် တောင်ဥက္ကလာ ပြည်သူများ ဆန္ဒထုတ်ဖော်မည်



ဝန်ကြီး ဦးအောင်မင်းက လားရှိုးဖြစ်ရပ်နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိလို့ ပြော



ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ နောက်ကွယ်မှာ ကြိုး ကိုင်သူ ရှိနေတယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင် မင်းက ပြောဆိုလိုက်ပါတယ်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၉ ရက် နေ့က ကျင်းပပြုလုပ်တဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ အစ ဖွင့်ပွဲမိန့်ခွန်းမှာ ဦးအောင်မင်းက အဲဒီလို ပြောလိုက်တာပါ။ 

လားရှိုးပဋိပက္ခကို စတင်စေခဲ့တဲ့အဖြစ်မှာ အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံ နဲ့ တောင်ကြီးမြို့ တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပြီး လားရှိုးမြို့ကျမှ အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့လိုက်ရာမှာတော့ ပဋိပက္ခတွေ ပေါ်ခဲ့တာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။ 

“မွတ်စလင် ရှမ်းတစ်ယောက်က ကျိုင်းတုံမှာ ဆူပူမှုဖြစ်အောင် ဖန်တီးပါတယ်။ မဖြစ်ခဲ့ဘူး။ သူက မန္တလေး၊ တောင်ကြီးမှာ လည်း ဆူပူမှု ဖန်တီးတယ်။ မရခဲ့ပါဘူး။ လားရှိုးမှာ ဓာတ်ဆီပုလင်းနဲ့ လိုက်လောင်း မီးရှို့ပြီး ဒီလိုကိစ္စတွေ ထပ်ဖြစ်တာ ဖြစ်ပါတယ်။ သူ့ကိုလည်း ဖမ်းမိထားတယ်။ ဘယ်သူခိုင်းတယ်။ ဘာရည်ရွယ်ချက်ရှိလဲ ဆိုတာ စစ်ကြော ဖော်ထုတ်နေပါတယ်”ဟု ဦးအောင်မင်း ကပြောပါတယ်။ 

ရခိုင် ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခအပါအ၀င် နိုင်ငံတွင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေဖြစ်တိုင်း “နောက်ကွယ်တွင် ကြိုးကိုင်သူများရှိသည်”လို့ မကြာခဏဆိုသလို သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ အရာရှိများက ပြောဆိုလေ့ရှိပေမယ့် ဘယ်သူက ကြိုးကိုင်နေတယ်ဆိုတာတော့ အခြေအမြစ်ရှိရှိနဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တာ အခုထိ မရှိသေးပါဘူး။ 

ပြင်ပလေ့လာသူတွေကလည်း အလားတူ ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ဖန်တီးနေသူတွေ ရှိတယ်လို့ သုံးသပ်ကြပေမယ့် အစိုးရဘက်က ပြောတဲ့ ပုံစံနဲ့တော့ မတူပါဘူး။

သေချာတာကတော့ မိတ္တီလာ၊ ဥက္ကံနဲ့ မြို့တချို့နဲ့ အခု လားရှိုးက ဖြစ်စဉ်တွေကို သုံးသပ်တဲ့သူတွေက သေချာပေါက် နောက်ကွယ်မှာ အစီအစဉ်ရှိရှိ ဖန်တီးကြိုးကိုင်သူ ရှိတယ်လို့ ဆိုနေကြပါတယ်။ 

ဒီသတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ မေခ ရေးသား တင်ပြထားတဲ့ လားရှိုးပဋိပက္ခ ကြိုးကိုင်သူရှိဟု ၀န်ကြီး ဦးအောင်မင်း ပြော (http://burma.irrawaddy.org/ archives/40966) ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။ 

မြန်မာပို့စ် ဂျာနယ်ပါ ဦးရောဘတ်စန်းအောင် ရှင်းပါ

နိုင်ငံတော်အလံ ဇောက်ထိုးဖြစ်တာနဲ့ ပတ်သက်လို့ ယခုအပါတ်ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြထား တာ တစ်ခု တွေ့ရှိရပါတယ်။


ဖြစ်စဉ်က ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီအချိန်မှာ နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်မှာ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဌ မစ္စတာဖိလစ်ပိုလွန်ဘာဒီနဲ့ အဖွဲ့ကို လက်ခံတွေ့ဆုံတဲ့ သတင်းမှာ နိုင်ငံတော်အလံ ဇောက်ထိုး ဖြစ်နေတာနဲ့ ပတ်သက်ပြီး သဘောထား အမြင်တွေ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီနေ့က အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတွေက

(၁) ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်၊
(၂) အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဦးမြညိမ်း၊

အမျိုးသားလွှတ်တော်ကော်မတီဥက္ကဌများ ဖြစ်ကြတဲ့

(၃) ဦးဇော်မြင့်ဖေ၊
(၄) ဦးသိန်းဝင်း၊
(၅) ဦးအောင်ထွန်း၊
(၆) ဦးစံထွန်း၊
(၇) ဦးညွန့်တင်၊
(၈) ဦးအောင်ငြိမ်း၊
(၉) ဒေါ်ခင်ဝိုင်းကြည်၊
(၁၀) ဦးနေဝင်းထွန်း၊
(၁၁) ဗိုလ်မှူးကြီး မောင်မောင်ထူး၊
(၁၂) လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တရားလွှတ်တော် ရှေ့နေ၊ ဦးရောဘတ်စန်းအောင်ရဲ့ ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။

"အခုလို နိုင်ငံခြားသားတွေ လာတဲ့အချိန်မှာ နိုင်ငံတော်အလံကို ဇောက်ထိုး ထိုးပြတယ် ဆိုတာ ပြောရမယ် ဆိုရင် အစိုးရအဖွဲ့က ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေတာပဲ။ ကောင်းတာကတော့ သမ္မတကြီး ဦးသိန်းစိန်တို့ အစိုးရတစ်ဖွဲ့လုံး နှုက်ထွက်ပြီးတော့ တာဝန်ရှိတဲ့သူကို တရားစွဲပေးဖို့၊ အရေးယူဖို့ လိုတယ်။"

"အင်မတန်မှ တိုင်းပြည်အတွက် အရေးကြီးတဲ့အလံတစ်ခုကို ဂုဏ်ကျက်သရေ ညှိုးနွမ်းအောင် ပြုလုပ် တယ်ဆိုတဲ့အတွက် နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (စ)အရ ဂုဏ်ကျက်သရေ ပျက်ပြားစေရန် တမင်သက်သက်ပြုခြင်း၊ မပြုရလို့ တားမြစ်ချက်ကို ချိုးဖောက်တာ ဖြစ်တော့ နိုင်ငံတော်အလံဥပဒေ ပုဒ်မ (၁၆)အရ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမယ်လို့ ဆိုထားတယ်။"

ဦးရောဘတ်စန်းအောင်ခင်ဗျား-

တရားလွှတ်တော်ရှေ့နေလို့ ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်ပါသလား။ နိုင်ငံတော်သမ္မတဟာ အုပ်ချုပ်ရေးအကြီးအကဲပါ။ ပြည်ထောင်စုလွှတ်တော် နာယကဟာ ဥပဒေပြုရေးမဏ္ဍိုင်ကပါ။ မဏ္ဍိုင်ကြီး(၃)ရပ် တတ်နိုင်သမျှ ခွဲခြားကျင့်သုံးပြီး အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ကို ကျွန်တော်တို့နိုင်ငံက အခု သွားနေတာ ဖြစ်ပါတယ်။

လွှတ်တော်မှာ ဖြစ်တဲ့ကိစ္စ နိုင်ငံတော်သမ္မတနဲ့ အစိုးရတစ်ဖွဲ့လုံးနှုတ်ထွက်ပေးရမယ် ဆိုတဲ့ စကား ဟာ ဘာအဓိပ္ပါယ်နဲ့ ပြောကြားခဲ့ပါသလဲ။

နေပြည်တော်ကို ရောက်ဖူးပါသလား။ ဒါမှမဟုတ် ရောက်ဖူးတဲ့သူတွေရဲ့ စကားတွေကို နားထောင်ဖူး ပါသလား။ သမ္မတအိမ်တော်က သတ်သတ်၊ လွှတ်တော်ကသတ်သတ်၊ တစ်ခြားစီပါ။ လွှတ်တော်မှာ ဖြစ်တဲ့ ကိစ္စ နိုင်ငံတော်သမ္မတကြီးနဲ့ မဆီလေးရယ်တယ်မှ အို မဆိုင်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ ဖတ်ကြည့်ပါ။ ပုဒ်မ-၁၇ မှ "နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်"၊ ပုဒ်မ-၅၇ မှာ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်" ၊ ပုဒ်မ-၅၈ မှာ "နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်" လို့ အတိအလင်း ပြဌာန်းထားပါတယ်။ ရှေ့နေဖြစ်တဲ့ ဦးရောဘတ်စန်းအောင်အနေနဲ့ ဒီပြဌာန်းချက်တွေဟာ ဘာအဓိပ္ပါယ်လဲ ဆိုတာကို သေသေချာချာ နားလည်မယ် ထင်ပါတယ်။

နိုင်ငံတော်အလံလိုပါပဲ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ကို ကိုယ်စားပြုနေပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးကို ယခုလို မဆီမဆိုင် ကိုယ်ထင်မြင်ရာ ဆွဲပြီး ပြောကြားတာဟာ ဥပဒေ ကြောင်းအရ ဘယ်လိုဆိုတာကို လူကြီးမင်းတို့ ပိုပြီးနားလည်လိမ့်မယ် လို့ ယုံကြည်ပါတယ်။

လွှတ်တော်ဟာ အစိုးရလက်အောက်ခံ မဟုတ်ပါဘူး။ သီးခြားတည်ရှိနေတဲ့ မဏ္ဍိုင်တစ်ရပ် ဖြစ်ပါတယ်။

လွှတ်တော်မှာ နိုင်ငံတော်အလံ ဇောက်ထိုးဖြစ်တဲ့ကိစ္စဟာ နိုင်ငံတော်သမ္မတနဲ့ အစိုးရတစ်ဖွဲ့လုံးမှာ တာဝန်ရှိတယ် လို့ ပြောကြားလိုက်ခြင်း၊ လွှတ်တော်ကို မပြောဘဲ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကို ပြောကြားလိုက်ခြင်းဟာ တော်တော်လေးကို လွဲမှားနေတယ်လို့ ယူဆပါတယ်။

လွှတ်တော်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်အလံဇောက်ထိုး ဖြစ်တဲ့ ကိစ္စမှာ တာဝန်ရှိသူက ဘယ်သူလဲ တရား လွှတ်တော်ရှေ့နေတစ်ယောက်အနေနဲ့ မသိစရာ အကြောင်း မရှိဘူးလို့လည်း ယုံကြည်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောကြားခွင့် ပေးထားပါတယ်။ အလားတူပဲ နိုင်ငံသားတွေ လိုက်နာရမယ့် တည်ဆဲဥပဒေတွေ ရှိပါတယ်။

ဘာဖြစ်ရင် ဘယ်လို ဆိုတာတွေကိုလည်း တရားလွှတ်တော်ရှေ့နေ တစ်ယောက်ဖြစ်တဲ့ လူကြီးမင်းအနေနဲ့ ပိုပြီး နားလည် ထားမယ်လို့လည်း အခိုင်အမာ ယုံကြည်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ တောင်းဆိုချက် (၂)ရပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(၁) ဆရာ ဦးရောဘတ်စန်းအောင်အနေနဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးကို ဒီလို မှားယွင်း ပြောကြားချက် အတွက် တာဝန်ယူပါ။ ဒီဂျာနယ်မှာပဲ ဖြေရှင်းချက် ပြန်ထည့်ပေးပါ။

(၂) မြန်မာပို့စ် ဂျာနယ်အနေနဲ့ ကျွန်တော့်ရဲ့ ဒီရေးသားဖော်ပြချက်ကို လာမယ့် အပါတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ အပြည့်အစုံ ဖော်ပြပေးပါ။

(ရည်ညွှန်း-မြန်မာပို့စ်ဂျာနယ်၊ Vol.5, No.21, Wednesday, May 29, 2013)

From:Hmuu Zaw'

ကုလားမ ဒေါ်စုဦးဆောင်သော ရခိုင်ပြည် အနှံ့ ရှိ NLD ရုံးများရုတ်သိမ်းပေးရန် ရခိုင်လူငယ်များ မှဆောင်ရွက်သွားမည်



ရခိုင်ပြည်အနံ ဖွင်လှမ်းထားသွာ အမျိုးသား NLD အား ရခိုင်ပြည်မှ အပြီးပိုင်ဖျက်သိမ်းသွား ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင်မျိုးချစ် လူငယ်များအသင်းမှသိရပါသည်။


ကျွန်တော်တို ကဗုဒ္ဓဘာ သာ လူ မျိုး ဗျာ ဘာသာ မပျောက်ရအောင် ငါတိုလူငယ်တွေမှာ တာဝန် ရှိတယ်..ဘင်္ဂလီ ကုလားတွေကို အားပေးနေ တယ် NLD ပါတိ ကို ကျွန်တော်တိုလူမျိုးတွေ လက်မခံ နှိင်ပါNLD ကခေါင်းဆောင် တွေ..ကုလား သားဖောက်နှုန်းတွေ ကိုမထိန်းချုပ်သင့်ဘူးဆိုတဲ့ ခေါင်းဆောင်တွေ ဘင်္ဂလီကုလားတွေကို မြန်မာနှိင်ငံ အနံသွားလာ ခွင် တားမြတ်ထားတာ လူအခွင်အရေး ချိုးဖေါက်မူဖြစ်တဲ့အတွက် တားမြတ်ခွင်ကိုပိုတ်ပင်ပေး ဖို့ (ကုလားတွေကိုမြန်မာအနံနေထိုင်ခွင်ပေးဖို့ )လိုပါတယ်…

ယခင်ကပင် ပြဋ္ဌာန်းထားခဲ့သည့် လူဦးရေ ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းအမိန့် ထုတ်ပြန် ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြား ရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ များ ပြောထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်မှ  nld ပါတီအား ဖျက်ဆီးခံထားရပုံ

From: ရခိုင်မျိုးချစ်လူငယ်များ

Share Arakan News

အတိုက်အခံအဖြစ် ပိုပြီး ပီပီပြင်ပြင် မြင်လာရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်



မကြာသေးခင် ကာလတုန်းကအထိ အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အားမလို အားမရ ဝေဖန်သံတွေ အတော်ထွက်ခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ပြီး လွှတ်တော်ထဲ ရောက်သွားပြီ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာလည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ရခိုင် အရေးနဲ့ ကချင်အရေးတွေမှာလည်း ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေတယ်၊ အာဏာရနေတဲ့ စစ်ဗိုလ် တွေနဲ့ပဲ ရင်းနှီးအောင် ပေါင်းနေလို့ တို့တိုင်းရင်း သားတွေအတွက် သူ့ကို မျှော်လင့်လို့ မရတော့ဘူး စတဲ့ အသံဗလံ ပေါင်းစုံ ဖြစ်ပါတယ်။


အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဆက်တိုက် ပြောလာတဲ့စကားတွေကို ကြည့်လိုက်ရင် အဲဒီ ဝေဖန်သံတွေ မမှန်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်အချိန်ကစပြီး အတိုက်အခံနိုင်ငံရေးသမား ပီပီသသ ပြန်မြင်ကြရတော့မယ်လို့ မှန်းဆနိုင်လောက်တဲ့ လှုပ်ရှားပြောဆိုမှုတွေ တွေ့လာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောခဲ့လဲ။ အဲဒါတွေအတွက် သူ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင် ရမလဲဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက်တုန်း ပြောတဲ့စကား၊ နိုင်ငံခြားသတင်းဌာနနဲ့ တွေ့တဲ့ အချိန် ပြောတဲ့စကား၊ ခုရက်ပိုင်း ကျင်းပနေတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီ အစည်းအဝေးမှာ ပြောတဲ့ စကားတခွန်းကတော့ အစိုးရအဖွဲ့သစ် တက်လာတာ ၃ နှစ်ထဲ ၀င်လာပြီ။ ပြည်သူလူထုတွေရဲ့ ဘ၀ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးဘူးလို့ ဆိုလိုက်တာပါပဲ။ ဒါက အစိုးရကို တိုက်ရိုက် ဝေဖန်လိုက်တဲ့ သဘောပါ။ နောက် မေ ၂၇ ရက်နေ့ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးနဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးဘက်မှာ သိပ်ပြီး အပြောင်းအလဲ မရှိဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ဘက်မှာလည်း တိုးတက်သင့်သလောက် တိုးတက်မှုမရှိသေးဘူးလို့ ထပ်ပြီး ဝေဖန်ပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်လာတယ် ဆိုတာ ပိုပြီး သေချာလာတယ်လို့ ထောက်ပြပါတယ်။

တဆက်တည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၃ နှစ်အတွင်း မူးယစ်ဆေးဝါးကိစ္စ ပိုပြီးဆိုး လာတဲ့အကြောင်း၊ သူသိသလောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက မူးယစ်ဆေးဝါး ပြဿနာကို သိပေမယ့် လျစ်လျူရှုထားပြီး အရေးမယူဘူးလို့ နားလည်တဲ့အကြောင်း၊ တချို့နေရာတွေမှာ မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းမှုတွေတောင် ရှိတယ်လို့ ကြားရတဲ့အကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ ပါသေးတယ်။

အခုရက်ပိုင်း အစိုးရလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တာ ဒီလောက် မကသေးပါဘူး။ ကျင်းပပြီးသွားတဲ့ လွှတ်တော် အထူးအစည်းအဝေးအတွင်း မိတ္ထီလာမှာ သမ္မတ အမိန့်နဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာ၊ အဲဒါကို အတည်ပြု သက်တမ်းတိုးပေးဖို့ တောင်းဆိုတာကိုလည်း ထိထိရောက်ရောက် ဝေဖန်ခဲ့ပါသေးတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြတာက အကြမ်းဖက်မှုတွေ ဖြစ်ပွားလာချိန် ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် အုပ်ချုပ်ရေးဆိုင်ရာအပိုင်းက အစွမ်းကုန် လုပ်စရာရှိတာတွေ လုပ်ခဲ့ရဲ့လား၊ လုပ်ခဲ့ပြီး မနိုင်တော့မှ စစ်တပ်ကို ခေါ်တာလား။ နောက် လက်ရှိ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားချိန်မှာလည်း အခြေအနေ ပြန်လည်တည်ငြိမ်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ပြီးပြီလဲ၊ ရက်ပေါင်း ၆၀ တိုင်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်လို့ မအောင်မမြင်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ လိုအပ်ရတာလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ စစ်ဘက် အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာလည်း ထင်သာမြင်သာ မရှိတဲ့အတွက် သူ့အနေနဲ့ ဝေဖန်ဆန်းစစ်စရာ ဘာအချက်အလက်မှ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လွှတ်တော်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အမတ်တွေ ပြောဆိုခဲ့တာတွေ ဘာမှ မထိရောက်ခဲ့ပါဘူး။

ဒါတင်မက ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေ အဓိက နေထိုင်တဲ့ မြို့ ၂ မြို့က အစ္စလာမ် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရဘူးဆိုပြီး အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်ထားတာဟာ ခွဲခြားမှုဖြစ်ပြီး လူအခွင့်အရေး ချိုးဖောက်တာလည်း ဖြစ်တဲ့အကြောင်း ရဲရဲတင်းတင်း ဝေဖန်ပါတယ်။

ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမတ် ၄၀ ကျော် လွှတ်တော်ထဲ ရောက်သွားပြီးနောက်ပိုင်း အစိုးရအဖွဲ့အပေါ် ဝေဖန်သုံးသပ်မှုတွေဟာ ခုတကြိမ်မှာ အပြင်းထန်ဆုံးနဲ့ အကြိမ်ရေအများဆုံး ကာလလို့လည်း ပြောနိုင်ပါတယ်။ ဒါတွေကြည့်ရင် ရှေ့လျှောက် ဒေါ်အောင် ဆန်းစုကြည် အကောင်အထည်ဖော်ရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးမှု ရှိလာအောင် လုပ်ရမယ့်ကိစ္စတွေမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ရမှာဖြစ်ပြီး အတိုက်အခံပီသတဲ့ ပုံသဏ္ဌာန်ကို ပြန်လည် မြင်တွေ့ကြရတော့မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

From:dvb

ဦးသိန်းစိန်၏ ဒီမိုကရေစီ ဦးဆောင်မှုကြောင့် မြန်မာ့ စီးပွားရေး ပမာဏ ဒေါ်လာ ဘီလီယံနှစ်ရာ အထိ တိုးလာဖွယ်ရှိ



ကမ္ဘာမှာ အလျင်အမြန်ဖွံ့ဖြိုးနေတဲ့ အာရှဒေသမှာ မြန်မာနိုင်ငံဟာ ပုံမှန်မဟုတ်ပေမဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက် အလားအလာကောင်းတွေရှိတယ်လို့ ကမ္ဘာတဝန်း တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေး အခြေ အနေတွေကို လေ့လာနေတဲ့ အဖွဲ့တခုက ပြော လိုက် ပါတယ်။


မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အစောပိုင်း အဆင့်မှာပဲရှိသေးတဲ့အတွက် စီးပွားရေးအစပြုလုပ်နိုင်ဖို့ အားသာချက်တွေရှိနေတယ်လို့ McKinsey Global Institute (MGI) ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေကို ကောင်းကောင်းစီမံခန့်ခွဲသွားမယ်ဆိုရင် ၂၀၁၀ ခုနှစ်တုန်းက ဒေါ်လာ ၄၅ ဘီလျံရှိတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၃၀ ခုနှစ်ရောက်ရင် ဒေါ်လာ ၂၀၀ ဘီလျံ ကျော်အထိ တိုးတက် သွားနိုင်တယ်လို့ MGI ရဲ့ လေ့လာချက်က ခန့်မှန်းပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍက မဟုတ်တဲ့ အလုပ်အကိုင် ၁၀ သန်းကျော်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လဲ မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ Unique opportunities, major challenges ဆိုတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာပဲ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မှီအောင် လုပ်တဲ့နေရာတွေမှာ တွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးမှုတိုးတက်အောင် လုပ်သင့်တဲ့ ကိစ္စတော်တော်များများကိုလဲ ထောက်ပြ ထားပါတယ်။

စီးပွားရေးတိုးတက်ရေးအတွက် လုပ်သင့်တဲ့ အစီအစဉ်တွေကို မချမှတ်နိုင်ဘူး၊ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘူးဆိုရင်တော့ လက်ရှိနာမည်ကောင်းရနေတာတွေ၊ သတိနဲ့ အကောင်းမြင်မှု တွေဟာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ် သွားလိမ့်မယ်လို့ McKinsey Global Institute ရဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

From:voa

မြန်မာနိုင်ငံ တဝှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူ အားလုံးဒေါ်စုအား ဒေါသ အမြက် ချောင်းချောင်းထွက်

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းမှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အဖြစ် လက်ခံလိုကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးပါက လက်ခံ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု VOA အင်္ဂလိပ်ပိုင်းအစီအစဉ် မှာ ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူ အားလုံး ဒေါသအမြတ် ချောင်းချောင်း ထွက်လျှက်ရှိပြီး နီးစပ်ရာ NLD ပါတီရုံးများသို့ ဆန္ဒပြဖို့ ပြင်ဆင်လျှက်ရှိကြောင်း သိရပါတယ်။

ဦးဥာဏ်ဝင်းက သူတို့က ရိုးဟင်းဂျာကို နိုင်ငံသာလက်ခံလိုပါတယ်တဲ့။ VOA မှာ အင်္ဂလိပ်ပိုင်းမှာ တင်ထား တာပါ။။


Her party spokesman Nyan Win said they would be willing to accept citizenship for the Rohingya, but only if the law is changed and they are called Bengalis, a term that implies illegal migration from Bangladesh.


From: Ko Kyi Win

http://www.mmdailystar.com/2013/05/blog-post_7696.html

ရန်ကုန်တွင် စည်းကမ်းမဲ့ ဂရပ်ဖစ်တီ ဆွဲသမား သမ္မတကြီး ပုံဆွဲမှုကြောင့် ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ

အင်တာနက်မှ တစ်ဆင့် ဂရပ်ဖစ်တီအနုပညာ (Graffiti) ကို လေ့လာခဲ့ပြီး အမေရိကန် သမ္မတ အိုဘားမား ၏ ဂရပ်ဖစ်တီ ပုံ ရေးဆွဲရာမှ လူသိများ လာသော ပညာရှင် ကိုအာကာကျော်မှာ သမ္မတကြီး ပုံရိပ်အား ရေး ဆွဲမှု ဖြင့် ဒဏ်ငွေ တစ်သိန်း ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။


၎င်း၏ အနုပညာမြောက် ဖန်တီးမှုများကို ညဘက် ၂ နာရီ၊ ၃ နာရီ လူခြေတိတ်ချိန်များတွင် လမ်းဘေး နံရံ များ၌ လိုက်လံရေးသားခဲ့ပြီး ရန်ကုန်မြို့တွင်း၌ အဆိုပါ ရေးဆွဲမှု အတွက် အကြိမ်ကြိမ် သတိပေးခြင်းများ ရှိ ခဲ့ သည်။ ၄င်း အကြိမ်ကြိမ် ရေးဆွဲခဲ့သော ပုံများကို စည်ပင် ၀န်ထမ်းများက လိုက်လံ ရှင်းလင်းရခဲ့ရသဖြင့် လည်း ဝေဖန်မှုများ ရှိခဲ့သည်။

သမ္မတကြီး၏ မွေးနေ့တွင် ၄င်းမှ ဂုဏ်ပြုရေးဆွဲသည် ဆိုသော်လည်း ခွင့်ပြုချက် တောင်းခံမှု မရှိကာ စည်း ကမ်းမဲ့ လမ်းဘေးတွင် ရေးဆွဲခဲ့သဖြင့် နိုင်ငံတော် သမ္မတကြီးမှ ပြန်လည်ရှင်းလင်း စေခဲ့ကြောင်း သတင်း များ ထွက်ပေါ်ခဲ့ဖူးသည်။

ဆေးကြောင့် ရောဂါ မဖောက်ဖို့လိုသည်



ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအတွက် လွှတ် တော်တွင်းကော်မတီ ဖွဲ့ခြင်း၊ နိုင်ငံရေး လေ့လာ သူများ၊ အ ရပ် ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီ အချို့ကပြောဆိုဆွေးနွေးလာခြင်းတို့ မရှေး မနှောင်းပင် မေ လ ၂၃ ရက် နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီက ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး နှင့်စပ်လျဉ်း၍ သဘော ထားတစ်ရပ် ထုတ်ပြန် လိုက်သည်။


လက်ရှိလွှတ်တော်တွင်း အမတ် ဦးရေလက်နှစ်ဖက်စာပင် မပြည့်သော (NDF) ပါတီသည် ၂ဝ၁၂ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲကြိုကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တွင်တွင် ပြော၍ လွှတ်တော်တွင်း ဝင် လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်၍ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက် ပွဲဝင် လာသော ပါတီတစ်ခုဖြစ်သည်။ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အချိန်ကာလအသုံးပြု၍ အခက်ခဲဆုံး ရေးဆွဲ ထားသော ဥပဒေတစ်ရပ်ဖြစ် သော အခန်း ၁၅ ခန်းရှိ ယင်းဥပဒေ၏ အခန်း ၁၃ ခန်းထဲမှ အရေးကြီးဥပဒေ များ ကိုပြင်ဆင်ပယ်ဖျက်ရန် သဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုမတိုင်မီကလည်း ပြည်ပအခြေ စိုက်လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ က အခြေခံဥပဒေတွင် ပြင် ဆင်စေ လို သည့်အချက်များကို အခန်းစဉ်လိုက် အကြံပြုရေးသား၍ ၎င်းတို့၏ အင်တာ နက်စာမျက်နှာ၌ ဖော်ပြ ခဲ့သည်။ ”အခြေခံဥပဒေဟာ ပြင်မယ်ဆို ပြင်သင့်တဲ့အချိန်ရောက်နေပြီ”ဟု NDF ပါတီခေါင်းဆောင် ဒေါက် တာသန်းငြိမ်း ကပြောသည်။ ခက်ခဲရှုပ်ထွေး၍ အစဆွဲထုတ်ရန် ခက်လှသော အဆိုပါ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အသစ်တစ်ဖန် ပြန် လည်ရေးဆွဲရန်ပင် ပြောကြားသူများ လည်းရှိကြသည်။ တိုင်း ရင်းသားလက်နက် ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး၊ အမျိုး သား ပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန် သော ဒီမို ကရေစီအရေးနှင့် ပြည်ထောင် စုစစ်စစ်ဖြစ်ပေါ်ရေးအတွက်လိုလားသူ တိုင်းက တစ်ဦးနှင့်တစ်ဦး ယုံကြ ည်မှု ထားရန် တိုက်တွန်းပြောကြားကြသည်။

”လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကပြင်ဆင်ဖို့ တော်တော်ခက်ခဲတဲ့အထဲ မှာပါတာလည်း မှန်တယ်ဗျ။ ပြင် ရ မှာ တော်တော်ခက်တယ်။ နောက်တစ်ခု ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်မှုက အပြည့်အဝ မရှိသေး ဘူး။ ပွင့်ပွင့်လင်း လင်းပြောရရင် အစိုးရနဲ့ ပြည်သူလူထု၊ တိတိကျကျပြောရရင် တပ်နဲ့ပြည်သူ ကြားမှာ ယုံကြည် မှုက ပျောက်နေတာ ကြာပြီ။ ဒီအနေအထားမှာ ကျွန်တော် တို့က လိုချင်တာကို တစ်ပြိုင်နက် တည်း တွန်းတင်လိုက်ရင် သံသယတွေဖြစ်ပြီး တော့ တိုင်းပြည်တည်ငြိမ်မှုအတွက် မ ကောင်းဘူး။ ရှု ပ်ရှုပ်ထွေးေ ထွး ဖြစ်ကုန် မယ်။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း ပဲသွားစေချင်တယ်။ မပြင်လို့တော့မရ ဘူးေ ပါ့။ ပြင်စရာရှိတာ ပြင်ရမှာပဲ။ လက်တွေ့ဖြစ်နိုင်တဲ့ကိစ္စ၊ လက်ရှိဖြစ်နေ တဲ့ သံသယတွေကို မကြီးထွားစေ ဘဲ နည်းစေမယ့် ကိစ္စမျိုးတွေရွေးပြင်စေချင် တယ်”ဟုလက်ရှိမြန်မာ့နိုင်ငံရေး ဝေဖန် အကြံပြုဆောင်းပါးများ အစဉ် မပြတ် ရေးသားနေသူ ဆရာကျော်ဝင်းက ပြော သည်။ စာရေးဆရာကျော်ဝင်း၏ အဆို အရ လက်တွေ့ အဖြစ်နိုင်ဆုံးနှင့် အလုပ် ဖြစ်ရေးဦးစားပေးရန် အရေးကြီးသည်ဟု ဆိုသည်။

ယင်းသည် ပြည်သူယုံကြည်သော နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်း၊ ရွေးကောက်ခံ တိုင်းပြု ပြည်ပြုလွှတ်တော်အမတ်များ၊ ပြည်သူ လူထုအခြေပြု အဖွဲ့အစည်းများ စသည့် သုံးဖက်မြင် အနာ ဂတ်မှ ဖြစ်နိုင်ခြေများ ရှာရမည်ဟု မြန်မာနိုင်ငံရေး လေ့လာ စောင့်ကြည့်သူတို့က သုံးသပ်ကြသည်။ ”လွှတ်ေ တ်ာပြင် ပမှာ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ရပ် ကျင်းပ မယ်ဆိုရင် ထွက်လာတဲ့ရလဒ်က လွှတ် တော်နဲ့ သဟဇာတဖြစ်မယ်လို့ ကျွန် တော်မြင်တယ်။ အဲဒါကို လွှတ်တော်က ပေပြီး ငြင်းမယ်ဆို ရင်ေ တာ့ ပြည်သူ့ဆန္ဒ ကို သွေဖီတာပဲလေ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး က ပြောသည်။

သို့သော် ၎င်းက အရပ်ဖက် အဖွဲ့ အစည်းရှိ ပြည်သူများအနေဖြင့် တစ် ယောက် တစ်ပေါက် မဖြစ်ဖို့ လိုကြောင်းပါ ထည့်ပြောသည်။ထို့အပြင် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကိစ္စ သည် လည်း ခက်ခဲသော အကြောင်း အရင်းတစ်ခုဖြစ်ကြောင်း၊ လွှတ်တော် တွင်းရှိ ၇၅ ရာခိုင်နှုန်းသော အရပ် ဝတ် လွှတ်တော်ကိုယ်စားလှယ်များ အပြည့် အဝရှိမနေခြင်းအပြင် ၇၅ ရာခိုင်နှုန်း အပေါင်းတစ်ဆိုသော အရာ မှာ အင်မ တန်ခက်ခဲကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြော သည်။

”နိုင်ငံရေး အကျပ်အတည်း ဆို တာက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တဲ့ အချိန်မှာ ဖြစ်လာလိမ့်မယ်။ ဘာဖြစ် လို့ လဲဆိုတော့ ကျွန်တော်မှန်းထားတာက အခြေခံဥပဒေကပြင်လို့မရအောင် လုပ် ထားတာကိုး”ဟု လွှတ်ေ တာ် တွင်းက အခြေခံဥပဒေပြင်ရေး အခက်အခဲကို ဒေါက်တာအေးမောင်က ထောက်ပြသည်။သမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကဲ့သို့ သော ပြည်သူလူထုယုံကြည်ရနိုင်ခြေရှိ သူ များ တံခါးပိတ် ဆွေးနွေးအဖြေရှာ ခြင်းကလည်း ကောင်းမွန်သော ရလဒ် တစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း ပြော ဆို ကြသူများ ရှိသည်။ယင်းသည် အဖြစ်နိုင် ဆုံးအခြေအနေတစ်ရပ် ဖြစ်သည်မှာ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုအပြီး အမျိုးသား ရင်ကြားစေ့ရေး လက်ရှိခြေလှမ်းများက သက်သေ ခံနေသည်။

”ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အဟန့်အတားဖြစ်နေ တဲ့ အချက်ပြင် လို့ရကောင်း ရနိုင် တယ်။ အစိုးရဘက်ကလည်း သိပ်တင်းတင်းမာ မာ ကန့်ကွက်ချင်တဲ့သဘောထားရှိချင် မှ ရှိလိမ့်မယ်။ဒါမျိုး ဆို ရကောင်းဆုံးရနိုင် တယ်။ နောက်တစ်ချက်က လူမျိုးစု ပြဿနာတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ။ ဒါတွေ ကပြည် တွင်းစစ်ရပ်စဲရေးအတွက် အဟန့်အတား ဖြစ်နိုင်တာတွေ။ အဲဒီ အထဲက အချို့အချက်တွေ ပြင်လို့ ရ ကောင်းရနိုင်တယ်။ ငြိမ်းချမ်းရေး လမ်း ပြမြေပုံအဆင့် ၃ နဲ့လွှတ်တော်နဲ့ ညှိ လုပ်ရမယ့်ကိစ္စတွေပေါ့ဗျာ။ ထင် ရာမြင် ရာလုပ်လို့တော့ မရဘူး။ ရနိုင်တဲ့ ကိစ္စ တွေရှိပါတယ်။ တော်တော်ခက်ခဲတဲ့ ကြားထဲက ကိုရနိုင် ပါတယ်” ဟု စာရေး ဆရာကျော်ဝင်းက သူ၏အမြင်ကို ပြော သည်။

ထို့အပြင် အခြားနည်းလမ်းတစ်ရပ် မှာလည်းဒေါ်အောင်ဆန်းစုကြည် ပြော ကြားခဲ့သည့် ၂၁ ရာစု ပင်လုံညီ လာခံ ပုံစံ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အဖွဲ့အစည်း များတွေ့ ဆုံညှိနှိုင်း အဖြေ ရှာသော နည်း လမ်းတစ်ရပ်ဖြင့်ချဉ်းကပ်ရန်လိုကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လှိုင်က ပြောသည်။ ”အခြေခံဥပဒေမှာ အာဏာရ (USDP) ပါတီ ကိုယ်တိုင်ပြင်လို့ မရတဲ့ အချက်တွေရှိတယ်။ ကြောက်တာ တော့ သူတို့လိုချင်တဲ့အချက်တွေကိုပဲ ကြည့် ပြီးပြင်သွားမှာကိုပဲ စိုးရိမ်တယ်။ နိုင်ငံ ရေးဆွေးနွေးမှုမှာ အကုန်လုံးရအောင် ညှိနှိုင်းဖို့ လိုတယ်။ တစ်ခါ တည်းတော့ အဆင်ပြေသွားဖို့ ဘယ်လွယ်ပါ့မလဲ။ ရအောင်ညှိနှိုင်းဖို့လိုတယ်။ အမျိုးသား ညီ ညွတ်ရေး ဆိုတာက ရှိသေးတယ်လေ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေအား လုံး လွှတ်တော်ပြင် ပမှာ ပဲလေ။ ကျွန် တော်တို့တိုင်းပြည်ရဲ့ အကျပ်အတည်းက နိုင်ငံရေး မပြေလည်လို့ ဖြစ်နေတာ။ နိုင်ငံရေး မပြေ လည် လို့ပဲ လက်နက်ကိုင် တော်လှန်နေကြတယ်။ နိုင်ငံရေးမပြေ လည်လို့ပဲ ၂ဝဝ၈ အခြေခံဥပဒေကို အတင်း အ ကျပ်ရေးပြီးတော့ ပြဋ္ဌာန်း သွားကြတယ်။ အဲဒါတွေ အားလုံးကို ပြန်ချုပ်လိုက်မယ်ဆိုရင် ကျွန်ေ တာ် တို့ဆီ မှာ နိုင်ငံရေးမပြေလည်မှုဟာ အကျပ် အတည်းတွေကို ဖြစ်စေတယ်။ ပြဿနာ အရင်းခံကတော့ နိုင် ငံရေးပြေ လည် အောင်လုပ်ရမယ်ပေါ့” ဟု ဦးစိုင်းညွန့် လှိုင်က ဆက်လက်ပြောသည်။

လက်ရှိ အာဏာရ ပါတီကြီးဖြစ် သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ တစ် ဦးဖြစ် သူ ဦးဌေးဦးက အခြေခံဥပဒေ ပြင်ဆင် ရေးသည် တို့တာဝန် အရေးသုံးပါး မထိ ခိုက်ပါက ပြင်ဆင် လို့ ရကြောင်း ပြည် တွင်းမီဒီယာတစ်ခု၌ဖြေကြားချက်အရ သိရသည်။ ယင်းသည် အကြီးမားဆုံး အခက် အခဲ မဟုတ်သည့်တိုင် စစ်အစိုးရ ခေတ်တစ်လျှောက်လုံး လက်သုံးတော် ဓားအဖြစ် အသုံးပြုကာ လုပ်သမျှ ပုဒ် မတပ်အရေးယူမှု ရှိခဲ့ခြင်းကြောင့် စိုးရိမ် ပူပန်မှုရှိကြသည်။ အထူးသဖြင့် အာ ဏာရပါတီခေါင်းဆောင် တစ်ဦး ၏ နှုတ် ထွက်စကားဖြစ်ခြင်းကြောင့် ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ကြောင်း နိုင်ငံ ရေး လေ့ လာ အကဲခတ်သူများက ပြော သည်။

အထက်ပါကဲ့သို့ အကျပ်အတည်း များစွာဖြစ်ပေါ်နေသော်လည်း လွှတ် တော်က အခြေခံဥပဒေ ပြင်ရေး မီး စိမ်း ပြပြီးချေပြီ။ ၁၉၉၃ ခုနှစ်မှစ၍ ဆယ်စု နှစ်တစ်ခုကျော်ကြာ အချိန်ပေးရေးဆွဲ ခဲ့သော ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေသည် ကမ္ဘာတွင် အချိန်အကြာဆုံး နှင့် ပြင်ဆင်ရန်အခက်ခဲဆုံး ဖြစ်နေ သည်မှာ လူ တိုင်းငြင်း မရ။ တကယ်ပြင်ရ မရ ဆိုခြင်းမှာ မဝေးတော့ဟု ဆိုသည်။

”အခြေခံဥပဒေ ပြင်ဆင်ရေးရဲ့ ရည်မှန်းချက်ကိုက ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှား ဖို့ပဲ ဖြစ် သင့်တယ်။ တော်ကြာနေ ဆေး ကြောင့်ေ ရာဂါတိုးတာမကောင်းဘူး” ဟု စာရေးဆရာ ကျော်ဝင်း က မှတ်ချက် ပြုသည်။

Credit : Here

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တပ်မတော်အပေါ် ဘယ်လိုသဘော ထားကြသလဲ(၂)



အပိုင်း(၁)ကို ဒီမှာ နှိပ်ပြီး ဖတ်နိုင်ပါသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ နိုင်ငံတော် အကြီးအကဲ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် မှ လည်း နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးဥပဒေတစ်ခုကို ပုဂ္ဂိုလ်ရေးဆိုင်ရာ များနှင့် ထည့်သွင်း မရေး ဆွဲ သင့်ကြောင်း၊ ပြင်ဆင် ၍မရအောင် တင်းကျပ်ထားသော အရာများကို အရင်ဆုံးပြင် ရမည်ဖြစ်ေ ကြာင်း ဝေဖန် ပြောကြား ခဲ့ပါသည်။ နိုင်ငံသားများအနေဖြင့် မည်သည့်ကိစ္စတိုင်း ကိုမဆို ဘောင်ခတ် အဖြေ မရှာ ဘဲ အမြင် ကျယ်စွာရှုမြင်ပြီး ဘက်လိုက်ခြင်းမရှိဘဲ ယထာဘူတကျစွာ ဆင်ခြင် သုံးသပ်ရ မည်ဖြစ် ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရည်အချင်းရှိကောင်းရှိပါမည်။ ပါတီခေါင်းဆောင်၊ ပြည်သူ့ လွှတ်ေ တာ် တစ်ဦးအနေဖြင့်လည်း နိုင်ငံ့ရေးရာကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စွမ်း ရှိသည် ကို လည်း တွေ့မြင်ကြရပြီးဖြစ်ပါသည်။


အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး မဟုတ်ခဲ့ဘဲ သာမန် လူတစ်ဦး အနေဖြင့် အဆိုပါ နိုင်ငံအကြီးအကဲလောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိဘဲ ငြိစွန်း မှုများ ရှိနေခဲ့ပါလျှင် နိုင်ငံသားပြည်သူများ အနေဖြင့် ၎င်းအား နိုင်ငံ့အကြီးအကဲ အဖြစ် လက် ခံပေးနိုင်၊ မပေးနိုင် ကို စဉ်းစား ဆုံးဖြတ်နိုင်ကြ ရန်ဖြစ်ပါသည်။ မြန်မာ့ အရေးသည် မြန်မာ နိုင်ငံသား များနှင့် သာ သက် ဆိုင် သည်ဆိုသော်လည်း ဒီမိုကရေစီလိုလားသည်ဟု အသံကောင်းဟစ် နေသော နိုင် ငံကြီး များက ၎င်းတို့ လို လားသော လူပုဂ္ဂိုလ်အား နိုင်ငံ့ခေါင်းဆောင်ဖြစ်လာစေရန်အတွက် လက်ရှိ အစိုးရ အား အကျပ်အတည်း အမျိုး မျိုး တွေ့ကြုံစေရန် နိုင်ငံရေးကစားမှုများ ပြုလုပ်နေသည် ကိုလည်း သိရှိ ထားရန် လိုအပ်ပါသည်။ မည် သို့ ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲ ဖြစ်သင့်၊ မဖြစ်သင့် ဆိုခြင်း မှာ လွှတ်တော်နှင့် ပြည်သူ များ၏ အဆုံးအဖြတ်သာဖြစ်ကြောင်း သမ္မတကြီး မှလည်း ပြောကြား ခဲ့ပြီးဖြစ် ပါသည်။

တိုင်းရင်းသားများ အတွက် အာဏာ ခွဲဝေမှု အပိုင်း တိတိကျကျဖြစ်အောင် ပြဋ္ဌာန်းရေးမှာ တပ်မတော်နှင့် မ သက် ဆိုင်ဘဲ လွှတ်တော်၏ ကိစ္စသာဖြစ်ပါသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များ လုပ်ပိုင်ခွင့် အာဏာ ခွဲဝေရာ တွင် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီ ကြသော်လည်း မည်သည့် ဒီမိုကရေစီ၊ မည်သည့် ဖက်ဒရယ်နိုင်ငံတွင်မှ ကာကွယ်ရေး ကိစ္စများအား ပြည်နယ်များ သို့ ခွဲဝေပေးခြင်း မရှိပါ။ ပြည်ထောင်စု တစ်ခု တွင် တပ်မတော် တစ်ခုတည်းသာ ထားရှိကြပါသည်။ ပြည်နယ်များ အနေဖြင့် သီးခြား ခါးပိုက်ဆောင် တပ် များ ထားရှိရန် မဖြစ်နိုင်ပါ။ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ေ နခြင်း မှာ ဖက်ဒရယ်စနစ်ကို သွားရန် မဖြစ်နိုင်ဟု တိုင်းရင်းသားခေါင်းဆောင် များက ပြော ဆိုနေခြင်းမှာ စဉ်းစား သင့်သော အချက်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အ ပစ်အခတ် ရပ်စဲငြိမ်းချမ်းရေးဆောင် ရွက်နေစဉ် ယခုကာလအတွင်း ပြည်နယ် များတွင် တိုင်းရင်းသား လက်နက် ကိုင်များအနေဖြင့် အပြစ်မဲ့ပြည်သူများ အပေါ် ဥပဒေမဲ့ ပစ်သတ်၊ ဆက်ကြေးကောက်၊ အတင်း အဓမ္မ လူသစ် စုဆောင်းနေမှုများကို ပြည်သူများနေ့စဉ်နှင့် အမျှ ကြားသိ နေကြ မည်ဖြစ်ပါသည်။ ငြိမ်း ချမ်းေ ရးဆွေးနွေး ရမည့်အချိန်တွင် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများကို အလေးမထားဘဲ တိုင်းရင်းသား လက် နက် ကိုင်များအနေဖြင့် နယ်မြေ တိုးချဲ့၍ အင်အားတည်ဆောက် ရန်ကြိုး စားနေခြင်းသည် “အပ်နှင့် ထွင်းရ မည့်နေ ရာပုဆိန်နှင့်ပေါက်” နေခြင်းဖြစ်ပါသည်။ နောင်တစ်ချိန် တွင် ထိန်းမနိုင်သိမ်းမ ရဖြစ်လာ ကာ ညှိနှိုင်းေ ဆွးနွေး ရန် မဖြစ်နိုင်တော့ဘဲ တပ်မတော်သားများ အပါအ၀င် တိုင်းရင်းသားပြည်သူများ၏ အ သက်၊ အိုးအိမ်၊ စည်းစိမ်များ ထပ်မံစတေးဆုံးရှုံးဒုက္ခ ရောက်ကြရမည့် အခြေအနေဆိုးများနှင့် ထပ်မံ ကြုံေ တွ့လာဦးမည်ဖြစ်ပါသည်။

နိုင်ငံတော်တည်ဆောက်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးရပ်သည် တစ် ခုနှင့် တစ်ခု အမှီသဟဲပြု ထိန်းကျောင်းပြင်ဆင်တည့်မတ်ပေးရန် တာဝန်ရှိပါသည်။ ထိန်းကျောင်းပြင် ဆင် တည့် မတ်ပေးခဲ့သည့် သာဓကများ လည်း ပြည်သူများ သိမြင်ပြီးဖြစ်ပါသည်။ ထို့အတူ ၎င်းအဖွဲ့ အ စည်း အသီးသီး အတွင်းတွင်လည်း ပြင်ဆင် တည့်မတ်ထိန်း သိမ်းပေးနိုင်မည့် လူပုဂ္ဂိုလ် အင်အားစုများ ရှိနေ ရန် လိုအပ်ပါသည်။ ဒီမိုကရေစီ အနှစ်သာရမှာ အများဆန္ဒကို ဖော်ဆောင် ခြင်းဟုဆိုသော်လည်း မဖြစ် သင့်၊ မဖြစ်ထိုက်သော ကိစ္စများကို အများအားဖြင့် ဒီမိုကရေစီ အနိုင်ကျင့် ခြင်းမျိုးကို ထိုအင် အားစု များ က ထိန်းကျောင်း တည့်မတ်ပေးကြရ မည်ဖြစ်ပါသည်။ လက်ပံတောင်း တောင်အစီရင်ခံစာကိုပင် ဒေ သ ခံ ရွာသား များက သေချာ ဖတ်ရှုခြင်း မရှိဘဲ နောက်ကွယ်မှ ကြိုးကိုင် သွေးထိုး လှုံ့ဆော်မှု များကြောင့် ဆန္ဒပြေ နကြ ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစအဆုံးဖတ်ရှုပြီး နားလည်သဘောပေါက် ကြ မည့် ပြည် သူ အရေ အတွက်မှာ အလွန့်အလွန်နည်းပါးမည် ဖြစ်ပါသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲ ရရှိရေး အတွက် ပုဂ္ဂိုလ်ရေး ယုံကြည်မှုကို အလွဲ သုံးစားပြု လုပ် ကာ ပါတီ အသီးသီးမှ နိုင်ငံရေးသမားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး ကို အားတက် သရော ပြောဆိုနေခြင်း များကို ဆင်ခြင်သင့်ပါသည်။ အမှန် တကယ်ပြင်ဆင်ရန် လိုအပ် သော အချက် များ ကို လည်း ပြင်ဆင် သင့်ပါက စိတ်ကောင်းစေ တနာမှန်ဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ကြိုးစားကြရ မည်ဖြစ် ပါသည်။ ဒီမိုကရေစီ သက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ကျန် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြဆုံးဖြတ် ချက်များကို ခက်ခဲအောင် လုပ်ေ ဆာင် ခဲ့ သည်၊ သို့မဟုတ် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည် ဆိုသည်ကို ကျန်လွှတ်တော် ကိုယ်စား လှယ် များနှင့် ပြည်သူ များ သိမြင်ပြီးဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အများစုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာ ခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်နိုင် ရန် အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ လက် ခံပြီးေ နာက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန မဲဖြင့်သာ ပြင်ဆင်နိုင် မည်ဖြစ်ပါသည်။ ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်များ အတွင်း တပ်မတော်သား ကိုယ် စား လှယ်များအနေဖြင့် ဖြစ်သင့်ဖြစ် ထိုက်သည့် အရေး ကိစ္စများကို ထောက်ခံ ဆွေးနွေးခဲ့ကြသကဲ့သို့ တပ်မတော် သား ကိုယ်စား လှယ်များ ကိုယ်တိုင် မတင်ပြခဲ့သော တပ်မတော်နှင့် ပတ်သက်သည့် ကိစ္စရပ် များ ကို အရပ်သား စစ်စစ် လွှတ်တော် ကိုယ်စားလှယ် အချို့က စိတ်ကောင်း စေတနာမှန်ဖြင့် အျပဳသေ ဘာေ ဆာင် တင်ပြဆွေးနွေးခဲ့ကြ သည်ကိုလည်း သတိပြုကြ ရမည်ဖြစ် ပါသည်။ သို့ဖြစ်၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင် နိုင်ရေး အတွက် အရေး ကြီး သည် မှာ မှန်သော်လည်း ကျန်လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ရာနှုန်းပြည့်ထောက် ခံမှုကို ရရှိနိုင် မည့် ပြင်ဆင်ပြဋ္ဌာန်း မှုမျိုးဖြစ်နိုင် ရန် ဦးစွာကြိုးစားသင့် ပါသည်။

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး တည်ဆောက်နေ ရချိန်ဖြစ်ပါသည်။ အနောက်ဘက်မှ လူဦးရေပေါက်ကွဲ ကျူးကျော် ၀င်ရောက် လာမှု များနှင့် အရှေ့မြောက်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏အကာအကွယ်ဖြင့် လူဦးရေ စိမ့်ဝင် လာမှု များကို ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်ပါသည်။ ဒီမိုကရေစီအကြောင်းပြလျက် နိုင်ငံ ကြီးအချို့က နိုင် ငံေ တ်ာနှ င့် နိုင်ငံတော်အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေချိန် ဖြစ်ပါသည်။ ဤသို့သော အ ချိန် တွင် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်နေသော၊ နိုင် ငံတော် အတွက် မရှိမဖြစ်လိုအပ်သော တပ်မတော်၏အခန်းကဏ္ဍကို ဖယ်ထုတ်ကာ အဂတိလေးပါးဖြင့် ဖွဲ့ စည်း ပုံ အခြေခံဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြင်ဆင်ရန် ကြိုးစား နေခြင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသား များအ တွက် အလွန်ပင် အန္တရာယ်ကြီးမား လှကြောင်း ရေးသားလိုက် ရပါသည်။

မောင်ပြည်သူ

Credit : http://www.oppositeyes.info/2013/05/blog-post_1335.html

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်အပေါ်ဘယ်လိုသဘောထားကြသလဲ(၁)



မြန်မာနိုင်ငံတွင်ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှုများနှင့် အမျိုးသား ပြန် လည် စည်း လုံး ညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်မှု ပြုပြင်ပြောင်းလဲမှုများနှင့် အတူ ဖွံ့ဖြိုးတိုးတက်မှု များရ ရှိနေ ပြီဖြစ် ပါသည်။ အစိုးရ သက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း ပြည်တွင်းနှင့် နိုင်ငံ တကာမှ ထင်မှတ်မ ထားေ သာ ပြုပြင်ပြောင်းလဲ မှုများကို အရှိန်အဟုန်ဖြင့် လျင်မြန်စွာဆောင်ရွက် နိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် ကာ လ များမှ ဒီမို ကရေစီအားနည်းမှုနှင့် ပွင့်လင်းလွတ်လပ်စွာ မဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သော လက် နက် ကိုင် ပဋိပက္ခများ၊ အခက်အခဲအကျပ်အတည်းများ၊ အချင်းချင်းမယုံကြည်မှု များ၊ စီးပွားရေး နိမ့် ကျမှု များနှင့် ဖွံ့ဖြိုး တိုးတက်မှုနောက် ကျခဲ့ရမှုများ စသည့်အားနည်းချက်များကို နိုင်ငံတော်သမ္မတကြီး အပါအ၀င် တာ ၀န် ရှိသူများမှ အလေးဂရုပြုပြင်ဆင်ဆောင်ရွက်လာခဲ့ကြပါသည်။


ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတော်၏ရည်မှန်းချက်များ အပြည့်အ၀အောင်မြင်စေရေးအတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်ပြင် ဆင်ခြင်း ပြုသင့်၊ မပြုသင့်ကိုပါ ထည့်သွင်းစဉ်းစား သုံးသပ် လာကြ ပါ သည်။ လွှတ်တော် တွင်လည်း တင်ပြဆွေးနွေး လာကြသည်။ လွှတ်တော်ပြင်ပတွင် လည်း ဆွေးနွေးပြော ဆိုလာကြ သည်။ သတင်းမီဒီယာများ တွင်လည်း အများအပြားရေး သားဖော်ပြ လာ ကြပါ သည်။ ထိုသို့ တင်ပြပြောဆိုလာသည့် အထဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေရေး ဆွဲ အတည်ပြုစဉ်က ပါဝင်ေ ဆာင် ရွက် ခဲ့သူများ ကိုယ် တိုင်လည်း ပါဝင်ပြောဆို လာကြသည်။ နိုင်ငံတော်၏ ရှေ့ဆက်သွား ရမည့် ပက တိ အခြေအနေ များပေါ်မူတည်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ဆွဲမလား၊ ဖျက်၍ အစ အဆုံး ရေးဆွဲကြ မည်လား။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ Sydney Law School နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံရုံးတို့မှ ကြီးမှူးပြီး ရန်ကုန်မြို့ မီဆာကာ ဟိုတယ် တွင် ၂၀၁၃ ခုနှစ် မေ လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေး ပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ေ အာင် ဆန်း စုကြည်တို့ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါ သည်။ မြန်မာနိုင်ငံ၏ အ သွင် ကူးပြောင်းရေး ကာလ အဆင်ပြေချောမွေ့စေရန်အတွက် အခြားနိုင်ငံများ ၏အသွင် ကူးပြောင်း မှု များဖြင့် နှိုင်း ယှဉ်ရန်နှင့် အခြေခံဥပဒေ၏အရေးပါမှုနှင့် မည်သည့်အချက်များ ပါဝင်ရန် လိုအပ်သည်တို့ကို ဆွေးနွေးနို င် ရန် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ဆွေးနွေးပွဲတွင် တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်း စုကြည်နှ င့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံတော် အကြီး အကဲလောင်း၏ အရည်အချင်း သတ်မှတ်ချက် များ၊ တိုင်းရင်း သားများ အတွက် အာဏာခွဲဝေမှု အပိုင်းများနှင့် လွှတ်တော် အတွင်းတွင် တပ်မတော်မှ ကိုယ် စား လှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကိုဖယ်ရှားနိုင်ရေးတို့မှာ ဆွေးနွေးမှု၏ အဓိက အချက် များဖြစ်ေ ကြာင်း သိရှိ ရပါ သည်။ တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြို ကွဲရေးနှ င့် အ ချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့် ဒို့တာဝန်အရေး သုံးပါးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကာ ကွယ်စောင့်ရှောက် ရမည့် တာဝန်ရှိပါသည်။ ထို့ကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင် ဆင်နိုင် ရန် အတွက် တပ်မတော်သည် အဟန့်အတား တစ်ခု ဖြစ်သည်ဟု အများစုက ယူဆသတ်မှတ် ထားကြ ပါသည်။

ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ လွှတ်တော်တွင်း/ပြင် နိုင်ငံရေးသမားများနှင့် ပြည်တွင်း၊ ပြည်ပ မီဒီ ယာ များ အနေဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇)တွင် တိကျရှင်းလင်းစွာ ဖော်ပြထား သည့် တပ် မတော်၏ အခန်းကဏ္ဍကို သဘောပေါက်နားလည်ရန် မကြိုးစားဘဲ လွှတ်တော် အတွင်းမှ တပ် မတော် သား ကိုယ်စားလှယ်များအား ဖယ်ထုတ်ရှင်းလင်းနိုင်ရေးကိုသာ အစဉ်ကြိုးစား အားထုတ်ပြော ဆိုရေး သား လျက် ရှိကြပါသည်။ “အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် သမ္မတ ထက် ပို၍ အာ ဏာ ရှိနေသည်။ တပ်မတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကသာ ထိန်း ချုပ် ထားသည်။ ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက်အဖြစ် ရွေးချယ်ရန် အချိန်ကာလနှင့် အရည် အချင်း သတ် မှတ် ချက် မရှိ” ဟုပြောဆိုဝေ ဖန်ရေးသားလျက် ရှိပါသည်။ ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ် အား ဖယ်ရှား ရန် အခြေခံ ဥပဒေ တွင် ထည့်သွင်းရေးဆွဲထားခြင်းမရှိသည်ကိုလည်း သဘော မကျ ဖြစ်နေကြ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၇)အရ “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျ ဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်” ဟု ဖော်ပြ ထားပါသည်။ နိုင်ငံတော်၏ ပကတိ အနေအထား အရ အမှန် ကန် ဆုံးဖော်ပြချက် လည်းဖြစ်ပါ သည်။ နိုင်ငံတော်၏ ကာကွယ်ရေး တပ်ဖွဲ့များကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က တာဝန်ယူ ကွပ်ကဲရမည် မှာလည်း သဘာဝကျသော အချက်ဖြစ်ပါ သည်။ အ မျိုး သား ကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုချက်ဖြင့် နိုင်ငံတော်သမ္မတက တပ်မတော် ကာ ကွယ်ေ ရး ဦး စီး ချုပ်ကို ခန့်အပ်တာဝန်ပေးအပ်ရခြင်းဖြစ်၍ ဦးစီးချုပ်သည် သမ္မတထက် ပို၍ အာဏာ ရှိနေ သည် ဟု ပြော ဆိုရေး သားနေခြင်းမှာလည်း လိုရာဆွဲ၍မှတ်ချက်ချနေခြင်းဖြစ်ပါသည်။ နိုင်ငံတော် လုံခြုံေ ရးနှင့် ကာ ကွယ်ရေး တို့နှင့် ဆက်စပ်ပတ်သက်လျက်ရှိသော ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ၀န်ကြီးနှ င့် နယ်စပ်ရေး ရာ ၀န်ကြီးတို့အား ခန့်အပ်ရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အကြံ ဉာဏ် ရယူရခြင်းမှာ လည်း ဖြစ်သင့်ဖြစ်ထိုက်သောကိစ္စတစ်ခုပင်ဖြစ်ပါသည်။

လွှတ်တော်သည် ကာကွယ်ရေးဦးစီးချုပ်မပါဝင်ဘဲ ဆုံးဖြတ်ခွင့်မရှိ၊ တပ်မတော်၏ တိုက်ရိုက် ပါဝင် ပတ် သက်နေ မှုသည် နိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်စေသည်ဆိုသည့်အချက်မှာလည်း ပူးပေါင်းေ ဆာင် ရွက်လိုစိတ် မရှိသော အတွေးအခေါ်များ သာဖြစ်ပါသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင် မှုအချိန်ကာလနှင့်ပတ်သက်၍ စစ်မှုထမ်း စည်းမျဉ်းစည်းကမ်းများရှိထားပြီး ဖြစ်ပါ သည်။ ဒီမို ကရေစီ အစိုးရ၏ ပထမငါးနှစ် သက်တမ်းအစမှာပင် မထင်မှတ်ထားခဲ့သော ပြုပြင် ပြောင်း လဲမှု များ၊ လွတ် လပ် စွာပြောဆိုရေးသားခွင့်များ အလျင်အမြန်ရရှိလာခဲ့ရာ ပါတီနိုင်ငံရေးနှင့် အတတ်နိုင်ဆုံး ကင်း ရှင်းေ အာင်ေ နကာ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကိုသာ အဓိက တာဝန် ယူကြီး ကြပ်ကွပ်ကဲဆောင်ရွက်နေသော ကာကွယ်ရေးဦးစီးချုပ်အား ဖယ်ရှားရန် အတွေး အခေါ် ဆိုးများ ကိန်းအောင်းနေခြင်းမှာလည်း နိုင်ငံတော်အတွက် ကြီးမားလှသော အန္တရာယ် တစ်ခု ပင်ဖြစ် ပါ သည်။

ဆက်ရန်-

Credit : http://www.oppositeyes.info/2013/05/blog-post_4612.html

ပဲခူးတိုင်း မုန်းမြို့တွင် မေလ ၂၉ ရက်နေ့၌ ဗလီဖျက်မှုဖြစ်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ အရပ်သား အချင်းချင်းစကားများရာကနေ မေ ၂၉ ရက်နေ့ ညနေ ပိုင်းမှာ ဗလီတလုံးနဲ့ နေအိမ်တလုံး ဖျက်ဆီးခံရပါတယ်။

နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီကတည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ်သာသာဝင် ၂ ဦး အချင်း များရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။


ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် မြို့ခံဘုန်းကြီး ၁၅ ပါးခန့်ဟာ ဆောက်လုပ်ဆဲ ဗလီတလုံးနဲ့ နေအိမ် တလုံး ကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကျောက်ကြီးနဲ့ ၂၂ မိုင်အကွာ တောင်ငူနဲ့ မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ မုန်းမြို့က ဒီဖျက်ဆီးမှုကို ခရိုင်အဆင့် အာ ဏာ ပိုင်တွေ လာရောက်ဖြေရှင်းလို့ အေးချမ်းသွားတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီဘက်က အားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါပြီ။ ဌာနဆိုင်ရာတွေလည်း လာတယ်။ ခရိုင်ရဲ မှူးတွေ ဘာတွေ အားလုံးလည်း ရောက်ချလာပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့မှာလည်း ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရရှိခဲ့ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မနှစ် မေ ၂၉ ရက်မှာ ရခိုင်ပြည်နယ်မှာ အစပြုခဲ့တဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေဟာ မန္တလေးတိုင်း မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်တွေမှာလည်း ကူးစက်ဖြစ်ပွားခဲ့ပါတယ်။

Credit : http://burmese.dvb.no/archives/40072

SEA Games ကို ဖိလစ်ပိုင် သပိတ်မှောက်မည်ဟုဆို

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ကို သပိတ်မှောက်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌ ရစ်ချီဂါစီယာ(Richie Garcia) က ဖိလစ်ပိုင် သတင်းစာ The Philippine Star သို့ မေလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။


အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံက ဆုတံဆိပ်ရနိုင်သည့် အားကစားနည်း များကို ဦးစားပေး ရွေးချယ်ထားခြင်းကြောင့် သပိတ်မှောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မြန်မာနိုင်ငံက (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား SEA Games တွင် နိုင်ငံအလိုက် ရပ်တည်မှု၌ အဆင့်ခုနစ်သာ ရခဲ့သည်ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရချိန်၌ အဆင့်တက်ရန် နည်းမျိုးစုံ ကြိုးစားခဲ့ပြီး အိုလံပစ် အားကစား အချို့နေရာတွင် ရိုးရာ အားကစားနည်းများကို အစားထိုး ခဲ့ကြောင်း ၄င်းက စွပ်စွဲပြောဆိုခဲ့သည်။

အင်ဒိုနီးရှားတွင်ကျင်းပသည့် (၂၆) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးအနက် ဖိလစ်ပိုင် နိုင်ငံက ဆုရခဲ့သည့် အားကစားနည်း ၁၆ မျိုးကို မြန်မာနိုင်ငံက ထည့်သွင်းကျင်းပမှု မရှိသည့်အချက်က သပိတ်မှောက်ရသည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး တွင် ထည့်သွင်းဆွေးနွေးရန် အကြုံပြု ထားသည်ဟု ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် ဖိလစ်ပိုင် အားကစားသမားများကို ထောက်ပံ့မှုများ ရပ်ဆိုင်းမည် မဟုတ်သော်လည်း ဆုရနိုင်ခြင်း မရှိသည့် အားကစားနည်း များက အားကစားသမား များကိုမူ ထောက်ပံ့မှုများ လျှော့ချသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းကြောင့် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၂၈)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အငြင်းပွားမှု မဖြစ်ရန် အားကစားဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ ရေးဆွဲရန် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ တောင်းဆိုမည် ဖြစ်ကြောင်း The Philippine Star ကို ပြောဆိုခဲ့သည်။

ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ ဗိုဗီနမ်၊ ကမ္ဘောဒီးယားရိုးရာ အားကစား ကမ်ပိုနှင့် မြန်မာရိုးရာ ခြင်းလုံး အားကစားနည်း သုံးမျိုးမှ ရွှေတံဆိပ်ဆု ၄၄ မျိုးကို မြန်မာနိုင်ငံက အများဆုံရနိုင်သည့် အတွက် နိုင်ငံ အလိုက် ရပ်တည်မှုအဆင့် ဖော်ပြချက်တွင် ထည့်မတွက်ရန် မြန်မာနိုင်ငံအားကစား ဝန်ကြီးဌာနကို တောင်းဆိုမည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင်ဥက္ကဋ္ဌ က ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အားကစားနည်း ၃၃ မျိုးထည့်သွင်း ကျင်းပ မည် ဖြစ်ကြောင်း တရားဝင်ကြေညာ ခဲ့ရာတွင် ဖိလစ်ပိုင်နိုင်ငံ အားကစားဝန်ကြီး နှင့်အဖွဲ့က သဘော တူကြောင်း ပြောကြားခဲ့သည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ အဖွဲ့တို့နှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူ ဝေဖန်ပြောဆို



ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဘက်မှ ရပ်တည်ခြင်း မရှိဘဲ အစ္စလာမ်ဘာသာဝင်များဘက်မှသာ ရပ်တည်နေ ကြောင်း မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်မှ ဆရာတော် အရှင်ဝီရသူမှ ဝေဖန်ပြောကြားခဲ့သည်။


ယခုလ ၂၂ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်တွင် ပြုလုပ် သည့် တိုင်းမဂ္ဂဇင်းမှ သတင်းထောက်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုသွားကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဆရာတော် ၀ီရသူမှ “ဒေါ်စု သည် လုံးဝအားကိုး၍ မရကြောင်း၊ ကုလားများနှင့် ပတ်သက်၍ စကားတစ်လုံးမှ ၀င်မပြော ကြောင်း၊ မွတ်ဆလင်များ ငိုပြသည်ကို အဟုတ်ထင်ပြီး မွတ်ဆလင်ဘက်သို့ ယိမ်းယိုင်နေကြောင်း၊ ကျောက်နီမှော်တွင် ရခိုင်အမျိုးသမီးအား အနိုင်ကျင့်စော်ကားပြီး သတ်ဖြတ်ချိန်တွင် ဘာမှမပြောဘဲ ရခိုင်များ ကုလားကို သတ်မှ မလုပ်သင့်ကြောင်းဖြင့် ၀င်ရောက်ပြောဆို ကြောင်း၊ ၎င်းတို့ NLD ပါတီ အတွင်း၌ ကုလားအများစုရှိကြောင်း၊ ၎င်းတို့မှ နေရာယူထားသည့်အတွက် ဒေါ်စု အနေဖြင့် ကုလားများ၏ စကားကိုသာ နားယောင်နေကြောင်း” ဟု ပြောကြားသွားသည်။ 

၎င်းနောက် သတင်းထောက်က ၈၈ ကျောင်းသားအဖွဲ့နှင့် ပတ်သက်၍ မေးမြန်းရာ “ NLD ပါတီပြီးလျင် ၎င်းတို့ကို အားကိုး ရသည်ဟု ယခင်က ထင်မြင်ခဲ့ကြောင်း၊ သို့သော် အထင်နှင့်အမြင် အားလုံးလွဲမှား ခဲ့ကြောင်း၊ ရခိုင်ပဋိပက္ခတွင် ဘာမှလုပ်မပေးခဲ့ကြောင်း၊ ပါးစပ်က ဟောင်ဖွာဟောင်ဖွာနှင့် လျှောက်ပြော နေပြီး လက်တွေ့တွင် ဘာမှ လုပ်မပေးကြောင်း၊ နည်းနည်းမှ သုံးမရကြောင်း” ဟု ပြောကြားသွားသည်။ 

၎င်းတွေ့ဆုံမေးမြန်းခန်းတွင် ဆရာတော် ၀ီရသူမှ ၎င်းအနေဖြင့် အစ္စလာမ်ဘာသာဝင်များကို မမုန်း ကြောင်း၊ ဗုဒ္ဓဘာသာဝင်များအား အနိုင်ကျင့်စော်ကားနေမှုများကို ကာကွယ်ခြင်းသာဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင်များသည် ရည်ရွယ်ချက် ရှိရှိဖြင့် မြန်မာနိုင်ငံအား အစ္စလာမ်နိုင်ငံဖြစ်ရန် ကြံစည်နေကြောင်း ပြောကြားသွားသည်။

Credit : https://www.facebook.com/koye.yeye2013

ပျော်ဘွယ်တွင် မိုးမရွာ၍ ရပ်ကွက်အချို့ သောက်ရေပြတ်လပ်

မန္တလေးတိုင်း၊ ရမည်သင်းမြို့၊ ပျော်ဘွယ်မြို့နယ်တွင် ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရပ်ကွက်တချို့တွင် သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက မဇ္ဈိမ ကို ပြော သည်။

ပျော်ဘွယ်မြို့နယ် ရန်အောင်(ရနောင်) မြို့မှ ဒေသခံ ဦးမောင်ဝင်းက ''မိုးကောင်းကောင်း မရွာသေးဘူး။

သောက်ရေတွင်းတွေ ကလည်း တော်တော်ခန်းနေပြီ''ဟု မဇ္ဈိမကို ပြောသည်။


ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့တွင် သောက်ရေတွင်း သုံးတွင်းရှိသော်လည်း နှစ်တွင်းမှာ ခမ်းခြောက် နေပြီ ဖြစ်၍ မြို့တောင်ဘက်မှ အနက်ပေ ၄ဝ ခန့်ရှိသော သောက်ရေတွင်းကိုသာ အားထားရခြင်းဖြစ် သည်။ ထို တွင်းတစ်တွင်းကို ပျော်ဘွယ်မြို့ ဈေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ကန်တော်လေးရပ်ကွက်၊ သီရိမြိုင် ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယုရပ်ကွက်နှင့် ရန်အောင်မြို့အပါအဝင် အခြားရွာသုံးရွာရှိ လူဦးရေ သုံးထောင့်ငါးရာကျော်က အားထားနေရခြင်းဖြစ်သည်။

ဒေသခံတို့၏ ရေခပ်အတွေ့အကြုံ

''ရေက မကျန်သလောက်ကိုဖြစ်နေပြီ။ ရေတွင်းထဲ ရေနည်းနည်းရောက်လာလိုက် နှစ်ယောက်လောက် ခပ်လိုက်နဲ့ ရေကကုန်သွားလိုက်နဲ့။ အခု မနက်ဆိုလေးနာရီလောက်တည်းက ထခပ်ရတယ်။ ညဆိုလည်း ညည့်နက်တဲ့အထိပဲ'' ဟု ထိုသောက် ရေတွင်းမှရေကို ဂါလံပုံးဖြင့်ထည့်ကာ လိုက်ရောင်းသည့် ရန်အောင် မြို့ က ကိုထွန်းထွန်းနောင် က ပြောသည်။

ယင်းဒေသများတွင် ဧပြီလမှစကာ သောက်ရေတွင်းများ ရေခမ်းလာပြီး မေလတွင် ပိုမိုဆိုးရွား လာခြင်းဖြစ်သည်။ ဒေသခံတချို့က လက်နှိပ်တုံကင်မှရေကို သောက်ရေ အဖြစ် အသုံးပြုကြရသည်။ လက်နှိပ်တုံကင်မှ ထွက်သောရေသည် ပုံမှန်အချိန်တွင်ရေချိုမဟုတ်သဖြင့် သုံးရေအဖြစ်သာ အသုံးပြုကြသည်။

ရန်အောင်မြို့ရှိ မဇ္ဈိမလမ်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုသက်က ''နှစ်လလောက်တော့ ကောင်းကောင်း အခက်တွေ့နိုင်သေး တယ်။ မိုးကလည်းမရွာဘူး။ သုံးရေကလည်းရှားလာတယ်။ ကျွန်တော် တို့ဆို မော်တာနဲ့ ဆွဲတာတောင် သံပုံးတစ်ပုံးထွက်ဖို့ကိုမလွယ်ဘူး'' ဟု ဆိုသည်။

၎င်းက ဆက်ပြီး ''သောက်ရေတွင်းကို ပြင်ဖို့ အလှူရှင်တွေကိုသွားပြောဖို့ရှိတယ်။ အစောပိုင်းတည်းက ပြင်ဖို့ စိတ်ကူးရှိပေမယ့် မိုးရွာတာစောင့်နေတာ။ မိုးမရွာတော့ ပိုဆိုသွားတယ်'' ဟု ပြောသည်။

၂ဝ၁ဝ နောက်ပိုင်း အခြေအနေ

ပျော်ဘွယ်မြို့သည် မိုးနည်းဒေသဖြစ်သကဲ့သို့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင်ရနောင်မြို့၏ ရေအတွက် အားထားရသော ဧက ၅ဝဝ ခန့်ကျယ်ဝန်းသည့် ရနောင်ကန်ကြီးပျက်စီးပြီးနောက်ပိုင်း ရေရှားပါးမှု ပိုမိုဖြစ်လာပြီး ယခုနှစ်သည် အဆိုးဝါးဆုံးနှစ်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် မိုးရွာသီတွင် ခြောက်ခမ်းနေသော ရေကန်ထဲတွင် ကြက်သွန်ခင်းများနှင့် စပျစ်ခြံများ ဝင်ရောက် စိုက်ပျိုးမှုကလည်း မြေအောက်ရေနည်းပါးမှုကို ပိုဖြစ်စေကြောင်း ဒေသခံများကပြောကြသည်။

ဒေသခံများက ရနောင်ကန်ကို ပြန်လည်ပြုပြင်လိုပြီး ပြုပြင်ရန် မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်း လွှတ်တော်နှင့် ပျော်ဘွယ်မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် အမတ် များအား တင်ပြထားသော်လည်း အကြောင်းထူးခြားခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

မန်တုံမြို့နယ်မှ ရဲဝန်ထမ်းသုံးဦး လုပ်ကြံခံရ

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ လျှပ်စစ် တာဝါတိုစောင့် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး မေ ၂၉ ရက်တွင် လုပ်ကြံခံရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ကြေ ညာချက်ထုတ်ပြန်သည်။


လုပ်ကြံခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အစည်းအရုံး၏ သတင်းနှင့် လူ့အခွင့်အရေး ဌာန၏ မေ ၃ဝ ထုတ်ပြန်ချက်တွင် ပါရှိသည်။

''အဲဒီရဲသုံးယောက်ကို မန်တုံ ဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလားမသိဘူး၊ ဒီနေ့ မနက် မန်တုံ ပြည်သူ့စစ်တွေရော ရဲတွေရောသွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့ သေဆုံးခဲ့တယ်'' ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၁ မိုင်းမျိုးအောင်က ပြောသည်။

''သူတို့ မိဘတွေက ပြောတာတော့ သူတို့ကိုလမ်းပေါ်မှာစောင့်ပြီး သေနတ်နဲ့ ပစ်တယ်လို့ပြောတယ်၊ သူတို့ သေနတ်တွေနဲ့ပဲလား အခြား သေနတ် တွေနဲ့လားတော့ မပြောတတ်သေးဘူး'' ဟုလည်း တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး မလိုည်းလှားရိုင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသည့် တရား ခံကိုမူ မသိရသေးဘဲ မန်တုံရဲစခန်းမှ စုံစမ်းနေဆဲဖြစ်သည်ဟု တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။ ရဲသားတို့၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မန်တုံမြို့နယ် ''မိုးသောက်ကြယ်'' နာရေးကူညီရေးအသင်းက အကူအညီပေးမည်ဖြစ်သည်။ အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခံရခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး ဖြစ်သည်။

Ref: မဇ္ဈိမ

မုံရွာမြို့ ကန်သာယာကန်အနီးမှ လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆံများတွေ့ရှိ

ယနေ့နံနက်ပိုင်းက မုံရွာမြို့ကွေ့ကြီးရပ်ရှိ ရေကန်ထဲမှ အထုပ်တစ်ထုပ်ထဲတွင် ပေါက်ကွဲစေနိုင်သည့် လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန်များကို တွေ့ရှိကြောင်း မုံရွာခရိုင်ရဲ သတင်းရပ်ကွက်မှ သိရှိရသည်။


ဖြစ်ပွားပုံမှာ ယနေ့နံနက်၇နာရီခွဲက မုံရွာမြို့နေ ကိုကျော်ဆန်းဦးသည် ကွေ့ကြီးရပ်ကွက် အနောက်ဘက် ရေကန်အစပ်တွင် ကန်စွန်းရွက်ဆင်းခူးစဉ် အထုပ်တစ်ထုပ်ကို ခြေထောက်ဖြင့် နင်းမိသဖြင့် ကုန်းပေါ်သို့ ယူဆောင်ပြီး ဖွင့်ကြည့်ရာတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များကို တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

အဆိုပါနေရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ အပါအဝင် ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ် ဆေးရာတွင် အထုပ်ထဲမှ တရုတ်နိုင်ငံလုပ် ၉၁ ဗုံးသီး ၂ လုံး၊ ၅.၅၇ကျည် ၁၇ တောင့်နှင့် နိုကီယာအမျိုးအစား ဓာတ်ခဲနှင့် ဆင်းကတ်မပါသည့် ဖုန်းဟန်းဆက်တစ်လုံးတို့ကို တွေ့ရှိခဲ့သည်။

မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ထားရှိထားသည် အစရှိသည့် အချက်အလက်များကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ဗုံးသီးနှင့် ကျည်တို့ကို ခမရ ၁၆ မှ တာဝန်ရှိသူတို့က သိမ်းဆည်းထားကြောင်း သိရှိရသည်။

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11809-2013-05-31-00-25-23.html

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား


Lar-Shoe-Islamic-5-1s

မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင် သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။


“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။

သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီး မှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။

ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။

“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။

ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။

ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။

“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

Credit : http://www.mizzimaburmese.com/news/inside-burma/11802-2013-05-30-12-58-17.html

၁၅၀၀ တန်ဖုန်း ကဒ်ပျက်လျှောက်သည့် အရေအတွက်များလာ၍ တစ်ပတ်ကြာမှ ကတ်ပြန်ရမည်


1500-Ks-CDMA-800-SIM-Card-3

ပီးခဲ့သည့် ဧပြီလအတွင်းက ချထားပေးခဲ့သော MEC အမှတ်တံဆိပ် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဖုန်းများ ကဒ်ပျောက်၊ ကဒ်ပျက်သည့် အရေအတွက် များလာ၍ ကဒ်အသစ် ပြန်လည် လျှောက်ထား ရာတွင် တစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ စာတိုက်ကြီး၊ ဆက်သွယ်ရေး မန်နေဂျာ ရုံးရှိ ဖုန်းကဒ်ပျက်၊ ပျောက်မှုများကို ကတ်အသစ် ပြန်လည် ထုတ်ပေးရန် တာဝန်ယူထားသော ဆက်သွယ်ရေးဝန်ထမ်း တစ်ဦးက ပြောသည်။


ယင်းကဒ်များကို ကဒ်ပျက် လျှောက်ထားရာတွင် ယခင်က နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သော်လည်း ယခုလ အတွင်းတွင် ယင်းကဒ်ပျက်အတွက် လျှောက်ထားခြင်း တစ်ပတ်အတွင်း ကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် ပျက်ဆီးသွားသော ဖုန်းကတ်များကို MEC ကုမ္မဏီမှ ပြန်လည်စိစစ်သောအခါ အမှန်တကယ် ဖုန်းကဒ်မပျက်ဘဲ လျှောက်ထားခြင်းများလည်း ရှိနေသည်ဟု အဆိုပါ ဆက်သွယ်ရေး ၀န်ထမ်းက ဆိုသည်။

စာတိုက်ကြီး၊ ဆက်သွယ်ရေးမန်နေဂျာရုံးရှိ အဆိုပါ ၀န်ထမ်းက `အရင်က ဖုန်းကဒ်ပျက်တာတွေကို နေ့ချင်းပြီး ထုတ်ပေးတယ်။ ဒါပေမယ့်ခုနောက်ပိုင်းမှာ ဖုန်းကဒ်ပျက်လို့ဆိုပြီး လာလျှောက်တဲ့ သူတွေက အရမ်းများလာတယ်။ အဲဒါနဲ့ MEC ကုမ္မဏီဘက်ကနေ စစ်ဆေး ကြည့်တဲ့ အခါ အမှတ်တကယ် ဖုန်းကဒ်မပျက်ဘဲ လာလျှောက်တာတွေ တွေ့နေရတယ်။ အဲဒါကြောင့်ဖုန်းကဒ်ပျက် လာလျှောက်တဲ့ ကဒ်တွေကို MEC ဘက်ကနေ သေချာပြန်လည် စိစစ်ပေးပြီး အမှန်တကယ်ပျက်မှ ပြန်လည် ထုတ်ပေးမယ်ဆိုပြီး စစ်ဆေးနေလို့ တစ်ပါတ်ကြာမြင့်ရတာပါ´ဟု ပြောသည်။

လက်ရှိတွင် ကျပ် ၁၅၀၀ တန် ဖုန်းကဒ် ပျောက်ခြင်းကို ကျပ်နှစ်သောင်းဖြင့် အသစ်ပြန်လည် လျှောက်ထားနိုင်ကာ သုံးရက်ခန့်သာ ကြာမြင့်ပြီး ဖုန်းကဒ်ပျက်မှုကိုမှု အခကြေးငွေ ပြန်လည်ကောက်ခံခြင်း မရှိဘဲ ဖုန်းကဒ်သစ် ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။

MEC အမှတ်တံဆိပ် ဖုန်းကဒ်ပျောက်မှု၊ ဖုန်းကဒ်ပျက်မှုများကို ဖုန်းကဒ်သစ်ဖြင့် ပြန်လည်လှဲလှယ် ပေးရာတွင် တစ်ရက်လျှင် ဖုန်းကဒ်ပေါင်း ၁၅ ခုမှ ၂၀ ခု အထိ နေ့စဉ် ထုတ်ပေးနေရကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။

MEC CDMA ဖုန်းကဒ်ပျောက်ခြင်း ၊ပျက်ခြင်းများကို ဖုန်းကဒ်ပြန်လည်ရရှိရန် လျှောက်ထားရာတွင် ဖုန်းကဒ် ပိုင်ဆိုင်ကြောင်း စာချုပ်မရှိပါက ဖုန်းပိုင်ဆိုင်ကြောင်း ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ဖုန်းကဒ် ချိုးထားသည့် uim Card နှင့် ဖုန်းပိုင်ရှင်၏ မှတ်ပုံတင် မိတ္တူ (သို့) လာရောက် လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ၁၅၀၀ တန်ဖုန်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဧပြီလ ၂၄ ရက်နေ့က စတင် ချထားပေးခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်လလျှင် အလုံးရေ ၃၅၀၀၀၀ ချထား ပေးခြင်းဖြစ်သည်။

မေလအတွက် ယင်းဖုန်းကဒ်များကို မေလ ၂၀ ရက်နေ့တွင် ချထားပေးမည်ဟု တရားဝင်ပြောကြား ထားသော် လည်း အချို့ရပ်ကွက်များတွင် ချထားပေးခြင်း မရှိခဲ့ပေ။ ယင်းဖုန်းများကို တိုင်းဒေသကြီး အစိုးရ များ၏ အစီအစဉ်ဖြင့် ချထားပေးခြင်းဖြစ်သည်။

ပြည်တွင်းတွင် မိုဘိုင်းဖုန်းကဒ်များကို ယခင်က ကျပ် သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူရပြီး ပြီးခဲ့သည့် နှစ် အတွင်းက ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲတန်ဖိုးများဖြင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။

Credit : မဇ္ဈိမ

မိဘသဘောမတူဘဲခိုးယူပေါင်းသင်း၍အောင်မျိုးလင်းအား အရေးယူမှု

၂၆.၅.၂၀၁၃ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင်ဆိပ်ကြီးခနောင်တိုမြို့ နယ်နေ ဒေါ်----- သည်နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ -----သည် မိုးချုပ်သည်အထိ နေအိမ်သို့ပြန်မလာ၍ သမီးဖြစ်သူအလုပ်လုပ်သည့် လမ်းမတော်မြို့နယ်၊ ၄ရပ်ကွက်ရှိကုန်စုံဆိုင်သို့ သွားရောက်စုံစမ်းရာ ပိုင်ရှင်၏ညီဖြစ်သူ အောင်မျိုးလင်း၊ (ဘ)ဦးဟာအစ်၊ မွတ်ဆလင်/အစ္စလာမ် ကျောက်တံတားမြို့နယ် နေသူမှ သွေးဆောင်ခေါ်ယူပြီး ဒဂုံ တောင်မြို့နယ် ၂၆ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အောင်သပြေတည်းခိုခန်းသို့ ၂၈.၅.၂၀၁၃ ရက်နေ့ အထိခေါ်ယူတည်းခိုပေါင်းသင်းခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့၍ လမ်းမတော်မြို့မရဲစခန်း တွင် အရေးယူထားရှိပြီး တရားခံ အောင်မျိုးလင်းအားဖမ်းဆီး ရမိရေးဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိ ပါသည်။

Yangon Police

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်

Photo: အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်

မေလ ၃၀ ရက် ၂၀၁၃

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘော တူသည်။

၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်း ခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။


၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘော တူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူ ထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘော တူသည်။

၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက် သွားရန် သဘောတူညီသည်။ 

တစ်အိမ်ထောင်တည်းကလေး၈၂ဦးရှိ

မေလ(၂၉)ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ အတွဲ (၁)၊ အမှတ် (၀၅၄)

ကမ္ဘာ့ စီးပွားရေးနှင့် မြန်မာ့ငွေကြေး အဆက်အစပ် - ခင်မောင်ညို (ဘောဂဗေဒ)

နောက်ခံ အခင်းအကျင်း

လွန်ခဲ့သော နှစ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အ၀န်းအ၀ိုင်းအတွင်း၊ ကမ္ဘာ့ စီးပွားရေး အ၀န်းအ၀ိုင်း အတွင်း ပြန်လည် ရောက်ရှိလာပြီ ဟူသော စကားကို အများဆုံး ကြားရပါသည်။ ထိုစကား၏ အဓိပ္ပါယ် သက်ရောက်မှုကိုလည်း စဉ်းစားကြည့်သင့်ပါသည်။ အနည်းဆုံး အဓိပ္ပါယ်နှစ်ခု ကောက်ယူနိုင်ပါသည်။ ပထမ တစ်ခုမှာ ကမ္ဘာတစ်ဝှမ်း ယေဘုယျအားဖြင့် လက်ခံထားသည့် စံချိန်စံညွှန်းများကို အတိုင်းအတာ တစ်ခုအထိ မြန်မာနိုင်ငံက လက်ခံကျင့်သုံးလာခြင်းဟူသည့် အဓိပ္ပါယ် သက်ရောက်ပါသည်။ ဒုတိယတစ်ခုမှာ ကမ္ဘာ့ စီးပွားရေး အတက်အကျ၊ အပြောင်းအလဲ၊ အကောင်းအဆိုးတို့၏ အကျိုးသက်ရောက်မှုကို မြန်မာနိုင်ငံက ပိုမို ခံစားရမည်ဆိုသည့် အဓိပ္ပါယ် ထွက်ပါသည်။


မျှော်လင့်ချက်များ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာသည်နှင့်အမျှ မြန်မာငွေ တန်ဖိုး ပို၍ ခိုင်မာလာမည်ဟု တွက်ဆကြပြီး အစိုးရိမ် အကြီးဆုံးသူများမှာ နိုင်ငံတကာဈေးကွက်တွင် ပြိုင်ဆိုင်နိုင်စွမ်း လျော့ပါးမည်ကို ပူပင်ကြသော ပို့ကုန်လုပ်ငန်းရှင်များ ဖြစ်ပါသည်။ တစ်ဖက်တွင် သွင်းကုန်လုပ်ငန်းများ၊ သွင်းကုန်များကမူ ဒေါ်လာဈေးတက်သွားလျှင် (မြန်မာငွေတန်ဖိုး ကျဆင်းသွားလျှင်) သွင်းကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။

အချို့သော စီးပွားရေးပညာရှင်များက မြန်မာကျပ်ငွေဈေးနှုန်း ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း (အများအားဖြင့်) တက်လာခဲ့သည်ကို သဘောမကျပါ။ မြန်မာကျပ်ငွေသည် ဖြစ်သင့် ဖြစ်ထိုက်သည်ထက် တန်ဖိုးမြင့်နေသည်။ ထို့ကြောင့် ပို့ကုန် ထုတ်လုပ်သူ တောင်သူလယ်သမားများ ဈေးကောင်းကောင်း မရ၍ ထိခိုက်ရသည်ဟု တွက်ဆကြပါသည်။ သို့သော လယ်သမားများ ရင်ဆိုင်နေရသော ကိစ္စများမှာ မြေယာပိုင်ဆိုင်မှု ကိစ္စ၊ ချေးငွေ ကိစ္စ အစရှိသဖြင့် တစ်ခုမက များပြားပါသည်။

မြန်မာငွေကြေးမူဝါဒ?

အစိုးရသစ်၊ အခင်းအကျင်းသစ်အောက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ နည်းပညာ အကြံဥာဏ်များ ရယူ၍ ဘတ်ဂျက်လိုငွေ လျော့ချရန် ရည်ရွယ်ခြင်း၊ လိုငွေကို ငွေစက္ကူ ရိုက်သည့်နည်းထက် ငွေချေးစာချုပ် ထုတ်ဝေရောင်းချသည့် နည်းကို ပိုမိုအားကိုးခြင်း၊ ငွေလဲလှယ်နှုန်းကို လွှတ်ပေးလိုက်ပြီးနောက် အနီးကပ် စောင့်ကြည့်ခြင်းတို့ ပြုလုပ်လျှက် ရှိသည်ဟု သိရပါသည်။ ဈေးနှုန်း တည်ငြိမ်ရေး၊ ငွေဖောင်းပွမှု ဆန့်ကျင်ရေး မူဝါဒ ရှိသည်ဟု တွက်ဆရပါသည်။ သို့သော် လွှတ်တော် ဘက်တွင် မြန်မာငွေဈေးနှုန်း ကျဆင်း၊ ဒေါ်လာဈေးနှုန်း တက်စေလိုသော မူဝါဒ ရှိသည်ဟု မှန်းဆ ရပါသည်။

အနီးကပ် မြင်ကွင်းများ

နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းတွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ငါးဆတိုးလာသည်ဟု ပြောကြား သွားခဲ့ပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ငွေသား အဖြစ် မြင်လျှင် မြန်မာနိုင်ငံအတွင်း ဒေါ်လာ အမြောက်အများ ၀င်ရောက်နေခြင်းကြောင့် ဒေါ်လာဈေး ကျဆင်းသင့်ပါသည်။ သို့သော် ငွေသားစီးဝင်မှု အဖြစ် မမြင်ဘဲ အရင်းအနှီး စက်ကိရိယာ ပစ္စည်းများ၊ အသုံးအဆောင်များ ၀င်ရောက်ခြင်း အဖြစ် ရှုမြင်လျှင် ဒေါ်လာဈေး ကျဆင်းစရာ အကြောင်း မရှိပါ။

သင်္ကြန်အနီးတ၀ိုက်တွင် မြန်မာ ပုဂ္ဂလိကဘဏ်များ ATM ငွေထုတ်စက်ကို Visa, Mastercard များ သုံး၍ နိုင်ငံခြားငွေလဲလှယ်နိုင်စေရန် စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တိုးပွားလာနေသော ကမ္ဘာလှည့် ခရီးသည်များသည် ပြင်ပဈေးကွက်ကို အားမကိုးပဲ ဘဏ်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများတွင် မြန်မာငွေ တရားဝင် ထုတ်ယူနိုင်သည်။ တရားဝင်လမ်းကြောင်းမှ ဒေါ်လာ စီးဝင်မှု များပြားမည် ဖြစ်၍ ဒေါ်လာဈေး တက်စရာ အကြောင်း မရှိပါ။

သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံတွင် ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ အမေရိကန်၏ စီးပွားရေး အပေါ် ယုံကြည်မှု တိုးပွားလာသဖြင့်လည်းကောင်း၊ ဥရောပနှင့် အခြားနိုင်ငံ၏ စီးပွားရေးမှာ မရေမရာ ဖြစ်နေသေးသဖြင့်လည်းကောင်း ရွှေဈေးကျဆင်းကာ ဒေါ်လာဈေးတက်လာခဲ့ပါသည်။ ရွှေဈေး ဆက်တိုက် ကျဆင်းမည်ဟု တွက်ဆမှုများလည်း ရှိနေပါသည်။

မသေချာ မရေရာသော ခန့်မှန်းချက် တစ်ခုမှာ ပြည်တွင်းတွင် ဒေါ်လာဝယ်ယူမှု တိုးပွားလာခြင်း၊ သွင်းကုန်များ အတွက် ဒေါ်လာဝယ်ယူမှု များပြားခြင်း ဟူသော ကိစ္စ ဖြစ်ပါသည်။ အနာဂတ်တွင် အနည်းဆုံး ရေ၊ မီး၊ လမ်း၊ တံတား အစရှိသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် အရင်းအနှီး အသုံးစရိတ်များ၊ မြင့်မားလာသော နေထိုင်မှု ပုံစံများ အတွက် သာမန် အသုံးစရိတ်များ ဟူ၍ နိုင်ငံခြားငွေ သုံးစွဲမှု (သို့မဟုတ်) သွင်းကုန် တင်သွင်းမှု ဆက်လက် များပြားနေဖွယ်ရာ ရှိပါသည်။ ကုန်သွယ်မှု လိုငွေကို ဖြည့်ဆည်းရန် အတွက် အမေရိကန် ဒေါ်လာ ၀ယ်ယူရန် လိုအပ်ပါသည်။

ပြည်တွင်း အကြောင်းတရား အနေဖြင့် ဒေါ်လာ ၀ယ်ယူမှုက ရောင်းအားထက် များပြားလျှင် ဒေါ်လာငွေ၏ တန်ဖိုး (ယခု ကြုံတွေ့နေရသကဲ့သို့) တက်လာနိုင်ပါသည်။ သို့သော် ဤသို့ တက်ခြင်းသည် ပြည်တွင်း အကြောင်းတရား၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်၊ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာ တန်ဖိုးတက်ခြင်း၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်ကို ခွဲခြားရန် ခက်ပါသည်။ ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု ကြီးမားလာနေသော အချိန်တွင် ကမ္ဘာ့ စီးပွားရေး အလားအလာကို မြန်မာ့ စီးပွားရေးက ဆန့်ကျင်နိုင်မည့် အလားအလာ ရှိသည်ဟု မယူဆပါ။ (ကမ္ဘာတွင် ဒေါ်လာဈေးတက်နေသည်ကို မြန်မာနိုင်ငံတွင် ဒေါ်လာဈေးကျအောင် လုပ်နိုင်မည် မထင်ပါ။)

မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို ကြည့်ရာတွင် ညွှန်းကိန်းတစ်ခု အနေဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အရေးပါမှုကို ကြည့်ရန် လိုအပ်ပါသည်။ ဤညွှန်းကိန်းအရ ကြည့်လျှင် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး အချိုးအစား အလွန်နိမ့်ကျနေပါသေးသည်။ သို့သော် အမှန်တကယ် ကုန်သွယ်မှုသည် တရားဝင် ကိန်းဂဏန်းများက ဖော်ပြသည်ထက် သိသိသာသာ များပြားနိုင်ပါသည်။ သို့ဖြစ်ရာ ယခင့် ယခင် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ကုန်သွယ်မှု အချိုးအစား ကြီးမားလာပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည်ဟု သေချာပေါက် ဆိုနိုင်ပါသည်။

တဖန် ဗဟိုဘဏ်တွင် အခြေခံငွေလဲလှယ်နှုန်း သတ်မှတ်ရာတွင် နှစ်နှင့်ချီ၍ အတော်အတန် တည်ငြိမ်မှု ရှိခဲ့သော်လည်း ယခုရက်ပိုင်း (မေလလယ်)တွင် သိသိသာသာ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းသည်လည်း ကမ္ဘာ့စီးပွားရေးနှင့် ဈေးကွက်ကို တုံ့ပြန်ဆောင်ရွက်မှုဟု ယူဆပြီး ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည့် သာဓက တစ်ခု အဖြစ် ရှုမြင်နိုင်ပါသည်။

ရှေ့အလားအလာ

မြန်မာ့စီးပွားရေး အလားအလာကို တွက်ဆရာ၌ ကိုယ်ရရှိထားသော အချက်အလက်များ၊ အခြေ အနေများထက် မိမိ လက်လှမ်းမမီသော အချက်အလက်များ၊ အခြေအနေများကို လျော့တွက်၍ မရကြောင်း သင်ခန်းစာ အထပ်ထပ် ရရှိခဲ့ပြီး ဖြစ်ပါသည်။ သာဓက တစ်ခု အနေဖြင့် ဘဏ်အတိုးနှုန်း လျှော့ချ၍ အပ်ငွေ လျော့ကျမည်ဟု တွက်ဆရသော်လည်း အခြား ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်း မရှိသော အခြေအနေတွင် ဘဏ်အပ်ငွေ လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရပါသည်။

မြန်မာ့ဈေးကွက် အတွင်း၌လည်း အပြောင်းအလဲများ ဖြစ်ပေါ်လျှက် ရှိရာ ကားဈေးကွက်သည် ဈေးကစားစရာ နယ်ပယ်တစ်ခု မဟုတ်တော့ဘဲ အိမ်ခြံမြေဘက် လှည့်လာခဲ့သကဲ့သို့ ယခုနှစ်အတွင်းတွင် အိမ်ခြံမြေလည်း အတက်ဈေး၌ အရောင်းအ၀ယ် အေးနေသည်ကို တွေ့ရပါသည်။ ယခင် တစ်နှစ်ခန့် အတွင်း ဒေါ်လာဈေးကွက်သည်လည်း ဈေးကစား၍ ကောင်းသော နယ်ပယ်တစ်ခု ဖြစ်ခဲ့ပုံ မရပါ။

နိုင်ငံခြား ငွေလဲလှယ်နှုန်း အလားအလာသည် အဓိကအားဖြင့် နိုင်ငံတကာ ဈေးကွက်၏ အပြောင်းအလဲ အပေါ် မူတည်မည်ဟု ယူဆပါသည်။ ရွှေဈေး ဆက်လက် ကျဆင်းနိုင်မည်ဟု တွက်ဆကြရာ ကမ္ဘာတစ်ဝှမ်းတွင် (အခြား ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာ မရှိပါက) ဒေါ်လာဈေး ဆက်လက် အားကောင်းနေနိုင်ပါသည်။

ပြည်တွင်း စီးပွားရေး အကြောင်းတရားများသည် နိုင်ငံတကာ စီးပွားရေး ရေစီးကြောင်းကို ဆန့်ကျင်နိုင်စွမ်း မရှိဘဲ အားဖြည့်ပေးသည့် အကြောင်းတရားများ အဖြစ်သာ ရပ်တည်နိုင်မည်ဟု တွက်ဆပါသည်။

၁၆.၅.၂၀၁၃