ၾသစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်အတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေနဲ့ မြန်မာနိုင်ငံအရှေ့တောင်ဖက်ခြမ်း က
တောနယ်တွေမှာ မြေမြုပ်မိုင်းစတင် ရှင်းလင်းဖို့ အတွက် ဒေါ်လာ ၂့၅သန်း ထပ်ပြီး ပေးသွားဖို့ရှိတယ်လို့ ကြေညာလိုက်ပါတယ်။
ဒေါ်လာ ၁.၂၅ သန်းကို ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခကြောင့် လူပေါင်းတစ်သိန်းကျော် အိုးအိမ်မဲ့ တိန်းရှောင်နေရတဲ့ သူတွေအတွက် ရေသန့်ရရှိရေး၊ ယာယီတဲရရှိရေးနဲ့ သန့်ရှင်းမှုတွေ အတွက် အသုံးပြု မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Bob Carr ကပြောပါတယ်။
နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်း ထဲကခေါင်းဆောင် တွေကိုလည်း နှစ်ဖက်စလုံးက ဖြစ်နေတဲ့ ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက် ပေးသင့်ကြောင်းလည်း Bob Carr က တိုက်တွန်း လိုက်ပါ တယ်။
ဒေါ်လာ ၇သိန်း ၅သောင်းကိုတော့ ကချင်ပြည်နယ်မှာ သောက်ရေသန့်နဲ့ သန့်ရှင်းမှုရရှိရေးအတွက် ပေးသွားမှာ ဖြစ်သလို ဒေါ်လာ ၅သိန်းကိုတော့ မြန်မာနိုင်ငံ အရှေ့တောင်ဖက်ခြမ်းက မြေမြုပ်မိုင်း ရှင်းဖို့အတွက် ပေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံဟာ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့အရေးပေါ် အကူအညီတွေကို ဒေါ်လာ ၄.၂၅သန်းပေးခဲ့ပြီး နိုင်ငံခြားအကူအညီ ဒုတိယအများဆုံး ပေးနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါ တယ်။
တဆက်တည်းမှာပဲ ပဋိပက္ခကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ယာယီနေထိုင်ခွင့် ပြုတဲ့အတွက် ထိုင်းနိုင်ငံကိုလည်း အကူအညီ ပေးသွားဖို့ရှိတယ်လို့ နိုင် ငံခြားရေးဝန်ကြီး Bob Carr ကပြောပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ လမ်းခရီးမှာ မတော်တဆ လှေမှောက်ပြီး သေဆုံးခဲ့ရတာတွေရှိခဲ့ပြီး အခုနောက်ဆုံး သြစတြေးလျနိုင်ငံကိုဦးတည်လာတဲ့ လှေဟာ မြန်မာနိုင်ငံနဲ့ သီရိလ င်္ကာနိုင်ငံကြားမှာ နှစ်လလောက် ပင်လယ်ထဲမှာ မျောနေခဲ့တဲ့အတွက် လူပေါင်း ၉၈ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။