ဓာတ်ပုံ- ကျွန်တော့်သား ယောင်ဝါးအား စောင့်ကြိုနေသည့် ဒဂုံတက္ကသိုလ် ဗကသများ
ကျွန်တော်၏ သားသည် ၁၀ တန်းကျောင်းသား တစ်ယောက်ဖြစ်သည်။ သားဖြစ်သူကို ကျောင်းစ ထားစဉ် က တစ်ချိန်တွင် ပညာတတ်ကြီး တစ်ယောက် ဖြစ်ရမည်ဟု ကြွေးကြော်ပြီး ထားခဲ့သော်လည်း မည်သည့် ပညာ တတ်ကြီး ဆိုသည်ကိုတော့ ကျွန်တော် မတွေးမိခဲ့ပါ။ ယခုတော့ ဆယ်တန်း စာမေးပွဲ ပြီးတော့မည့် ကျွန်ေ တာ့် သား အတွက် ကျွန်တော် ခေါင်းပူရလေပြီ။
မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးဟု ပြောသည့် ဆရာဝန် အလုပ် ဖြစ်စေရန် သားဖြစ်သူအား ကြိုးစားဖို့ တိုက် တွန်းချင်သည်။ အမေစု မှ ဘွားဘွားအောင် လုပ်ပြီး ကယ်မှ ချမ်းသာမည့် အလုပ်သင်ဆရာဝန်များ၏ လခ နည်း မှုကို ကြားပြီးသည့်နောက် ထိုအလုပ်သည် သားဖြစ်သူအတွက် ကောင်းမွန်သည့် အလုပ်မဟုတ် ဟုသာ ဆုံးဖြတ်မိတော့သည်။ အိုမင်းမစွမ်း ကျွန်တော်တို့ လင်မယားနှင့် သူ၏ ညီငယ်ညီမငယ်များ ကို ထောက်ပံ့ ရန် အ တွက် သူသည် ပိုက်ဆံရှာသည့် အလုပ်ကို လုပ်ရမည် ဖြစ်သဖြင့် ဆရာဝန် အလုပ် သည် ကျွန်တော် တို့လို မိသားစုအတွက် မျှော်လင့်ချက် မဟုတ်သဖြင့် ကျွန်တော် ပယ်ချလိုက်ပါသည်။ ထို ဆုံးဖြတ် ချက်ကို သားဖြစ်သူမှ အလွန် ၀မ်းသာခဲ့ပေသည်။
အင်ဂျင်နီယာ၊ ကွန်ပျူတာ ပညာရှင်ကြီး ဖြစ်စေရန်အတွက် သူ့ကျောင်းစရိတ်ကို ကျွန်တော် မထောက်နိုင် ပါ။ သူ ၏ သင်ထောက်ကူ ပစ္စည်းများ ၀ယ်ရန်အတွက် ကျွန်တော့်မှာ ငွေမရှိပါ။ နည်းပညာကို လေ့လာစေ ရန် အတွက်၊ နည်းပညာလေ့လာနိုင်သော ပတ်ဝန်းကျင်တွင် နေထိုင်သည့် မိသားစုလည်း မဟုတ်ပါ။ အိမ် တွင် တီဗွီ တစ်လုံး၊ ရေဒီယို တစ်လုံးရှိသည့် မိသားစုမှ ကျွန်တော့်သား နည်းပညာရှင်ကြီး ဖြစ်လာစေရန် အ တွက် လည်း ကျွန်တော် မမျှော်မှန်းပါ။ ကျွန်တော့်သား၏ ရည်မှန်းချက်သည်လည်း မှုံဝါးဝါးမို့ ကျွန်တော် ထပ်ပြီး ပယ်ချ လိုက်ပါသည်။
ဆယ်တန်းပြီးက စစ်ဗိုလ် လုပ်ခိုင်းရန်လည်း စဉ်းစားမိပါသည်။ သို့သော် ကျွန်တော့်သားမှ ၄ နှစ်တိုင်တိုင် မိဘနှင့် မခွဲလို၊ အမေ နေမကောင်းလျှင်ပင် ပြန်လာခွင့်မရှိ၊ မိဘသေရင်တောင် မှ မြေမကျ ခင် ရောက်ချင် မှ ရောက် မည့် အလုပ်ကို အဖေ တကယ်လုပ်စေချင်သလားဟု မေးခဲ့သည်။ စစ်ဗိုလ်အလုပ်က ကောင်းစား သည် ဟု ပြောရလျှင်လည်း သေလိုက်၊ ပြတ်လိုက် ဖြစ်နေသည့် အလုပ်အား သားဖြစ်သူ၏ အသက်ကို ရင်း ၍ လုပ်ခိုင်းမည့်အစား ရွှေမှော်၊ ကျောက်မှော်များတွင် သေမြေကြီး၊ ရှင် ရွှေထီး သွားတူးခိုင်း စေချင်ပါ သည်။ သို့သော် ကျွန်တော့်သားကို ထိုအလုပ်လုပ်ဖို့ ဆယ်တန်းထိ ပညာသင်ပေးစရာ မလိုပါ။ ဗလကောင်ြး ပီး ကျန်းမာ ကြံ့ခိုင်စေရန် ငါးပိရည်နှင့် ထမင်းအ၀ ကျွေးဖို့သာ လိုပါသည်။ ကျွန်တော် အကုန်အကျ ခံထား သည်များနှင့် မတန်သည့်အတွက် စစ်ဗိုလ်အလုပ်အားလည်း ပယ်ချလိုက်ပါသည်။ သားဖြစ်သူ ယောင်ဝါး အင်မတန် ၀မ်းသာ နေပါသည်။
အသက်မွေးဝမ်းကျောင်း ဖြစ်နိုင်သည့် တက္ကသိုလ်များအား ပယ်ချပြီးနောက် သာမန်အောင်ရုံဖြင့် တက်နို င်ေ သာ ၀ိဇာ၊သိပံ တက္ကသိုလ်များသို့ ကျွန်တော့်သားကို တက်စေရတော့မည် ဖြစ်ပါသည်။ သို့သော် သူ ဘာ တက် ရ မည်၊ ဘာကို ၀ါသနာ ပါသည်ကို သူကိုယ်တိုင် မသိပါ။ သို့သော် ဘွဲ့တစ်ခု ရသည်အ ထိတော့ ထား ရမည် မို့ ကျွန်တော် သူ့ကို တက္ကသိုလ် တစ်ခုခုတော့ ပို့ပေးရမည် ဖြစ်သည်။ ထို့ကြောင့် ငါ့သား ဆယ် တန်းအောင်ဖို့ပဲ အဓိကပါကွာဟု သက်ပြင်းချပြီး ပြောလိုက်သဖြင့် သားဖြစ်သူ ငမိုက်သား စာများကို စပြီး စပေါ့ရိုက် ပါတော့ သည်။
ငါ့သား တက္ကသိုလ်ကျောင်းသား ဖြစ်ပြီးရင် ဘာလုပ်မလဲ ဆိုသည့် အတွေးများ ၀င်လာပါသည်။ The Voice ဆောင်း ပါး တစ်ခုပါ ဆိုက္ကားနင်းသူ အမျိုးသမီးသည် တစ်နေ့ဝင်ငွေ ၄ ထောင်ကျော် ရှိပြီး တစ်လ တစ် သိန်း၂ သောင်းရပါသည်။ ရေခဲရေ ရောင်းသည့် ဆူးလေနားမှ ကလေးသည် တစ်နေ့ ၃ ထောင် ၀င်ငွေရှိပြီး တစ်လ ၉ သောင်း ၀င်ပါသည်။ ၀န်ထမ်းတစ်ယောက် အဖြစ် ပေးလုပ် မည်ဆိုပါ က ထောက် ပံ့ကြေးအပါ ၇ သောင်းကျော် လစာဖြင့် ကျွန်တော့်သား ရပ်တည်ရပါမည်။ ကံဆိုးစွာဖြင့် ဌာန မကောင်း ပါက ဂျာနယ်များ မှ ပြောကြသည့် အ သုံး မကျသည့် ၀န်ထမ်းများ စာရင်း ၀င်နိုင်ပါသည်။ ပိုပြီး ကံဆိုး စွာဖြင့် ကျွန်တော့်သား မိန်းမ ရပါက ကျွန်တော်တို့ အတွက် မျှော်လင့်ချက် မရှိတော့သည့်အပြင် ကိုယ်က ပါ လုပ်ကျွေးနေ ရမည့် ကိန်း ဆိုက်နိုင် ပါသည်။ လစာ မတိုးမချင်းတော့ ကျွန်တော့်သားကို ၀န်ထမ်းလုပ်ခိုင်းဖို့ စိတ်ကူး မရှိတော့ ပါ။
ဝမ်းသာစရာ ကိစ္စ တစ်ခုတော့ တွေ့လာပါသည်။ ကျွန်တော့်သား ကျောင်းတက်တုန်း နိုင်ငံရေး ယောင်ေ ယာင် လုပ်ခိုင်းပြီး၊ ကျွန်တော့်၏ မဟုတ်ကဟုတ်က ဦးနှောက်ဖြင့် ပေါင်းစပ်ကာ ဆူပူခိုင်းရင်ဖြင့် ကျွန်တော့် သား နာမည်ကြီး နိုင်ပါသည်။ ကျောင်းတက်မည်လည်း မဟုတ်သဖြင့် ကျောင်းစာ ရိတ်လည်း မကုန်တော့ ပါ။ စာမေး ပွဲ ကျရင်လည်း ဗကသများက လိုက်လုပ်ပေးပါ လိမ့်မည်။ ထောင်ကျသွားရင်လည်း နိုင်ကျဉ်း အ ဖွဲ့ ၊ အန် အယ်လ်ဒီ၊ ဗကသများမှ စုပေါင်းထောက် ပံ့သဖြင့် ကျွန်တော်တို့ ၀န်ထမ်း တစ်ယောက် ထောက် ပံ့သ လောက် တော့ ရနိုင်ပါသည်။ နှစ်ရှည်ကျပါက စာအုပ်ရေး၊ စာဖတ် လုပ်နိုင်ေ သာကြောင့် ကျွန်တော့် သား ၄၊ ၅ နှစ် မသေမပျောက် လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ်ဖြစ်လာနိုင်ပါသည်။
သို့သော် ၈၈ ကျောင်းသားများ ရှေ့က ခံနေသည်မို့ ကျွန်တော့်သား ၂၀၁၃ မျိုးဆက် ကျောင်းသား လုပ်ရန် နောက် ထပ် နှစ် ၂၀ လောက် စောင့်ရအုံးမည် ဖြစ်သည်။ ဂျာနယ်များမှ ၀ိုင်းမရေးပါက ကျွန်တော် သား ဘာ ကောင် မှန်းမသိ ပျောက်နေရအုံးမည် ဖြစ်သည်။ လောလောဆယ်တော့ အနေအစားချောင်ပြီး လမ်းေ လျှာက် ယုံဖြင့် တစ်လစာ စားသောက်နေထိုင် စရိတ်မကုန်သဖြင့် ကချင်သို့ လမ်းလျှောက်ခရီးအား ကျွန်ေ တာ့် သား စိတ်ဝင်စားနေပါသည်။ ပြည်တွင်းစစ်သည် တော်ရုံရပ်မည့် အလားအလာ မမြင်သဖြင့် မြန်မာ တစ်နိုင် ငံလုံးပတ် မသေမချင်း မိသားစုလိုက် လမ်းလျှောက်ကြရန်လည်း သားဖြစ်သူမှ ကြံစည်နေပါသည်။
နဂိုကမှ ဘာရွေးရမှန်း မသိသည့်ကြားထဲ ယောင်ဝါးများမှ ဦးဆောင်လမ်းပြမှု ကောင်းကောင်း ပေးနေသည့် အတွက် ကျွန်တော်သား လူမိုက် မကြောက်တရားများ ကြီးစိုးနေပါသည်။ ကျွန်တော်တို့ ပညာတတ်ပြီး အ လုပ် ကောင်းကောင်း ရကာ လူတန်းစေ့ရန် အစိုးရကို အားကိုးရမည် ဖြစ်ပြီး၊ ပညာတတ်စရာမလို ထမင်းဝ နာမည်ကြီး ရန်အတွက် အတိုက်အခံကို အားကိုးရမည် ဖြစ်သည်။ မကြာခင် ဆယ်တန်း စာမေးပွဲ ဖြေ ပါတော့မည်။ ကျွန်တော့်သားကို ကျွန်တော် ဘာလုပ်ခိုင်းရမလဲ ကျွန်ေ တာ့် တွင် အဖြေမရှိပါ။
Opposite Eye

ခင်ဗျားသားကို....အဲဒီလောက်ထိမျှော်လင့်မထားပါနဲ့....ဆယ်တန်းလေးသာ...အောင်...အောင်ဖြေခိုင်းလိုက်ပါ။ ခင်ဗျားမှာ စိုးရိမ်စိတ်တွေအရမ်းများနေတယ်(သို့)သားသမီးရဲ့အလုပ်အကိုင်ကို အရမ်းမျှော်လင့်နေတဲ့...မိဘပုံဖြစ်နေပါတယ်.....ဘေးအမြင်ကို ပြောတာပါ......မကြိုက်ရင်လည်း..နောက်နောင် အကြံမတောင်းပါနဲ့ ကျွန်တော်တို့အမြင်ကိုတော့ ပွင့်ပွင့်လင်းလင်းပြောရမှာပါပဲ...
ReplyDelete