နော်ဝေးနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၀ ခန့်ဟာ ဒီနေ့ညနေ ၄ နာရီခွဲခန့်က သမ္မတတည်းခိုတဲ့ Continental ဟိုတယ်ရှေ့ကိုရောက်လာပြီး ဆန္ဒပြကြပါတယ်။
''သိန်းစိန်လူလိမ်''၊ ''သိန်းစိန်အစိုးရအလိုမရှိ၊ ကြံ့ဖွံ့အစိုးရအလိုမရှိ''၊ ''၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ပေးပါ'' စတဲ့ကြွေးကြော်သံတွေအော်၊ ပိုစတာတွေထောင်ပြီး တနာရီကျော် ဆန္ဒပြတာတွေ့ရပါ တယ်။
၅ နာရီခန့်မှာ သမ္မတနဲ့အဖွဲ့ ဟိုတယ်ကိုပြန်ရောက်လာချိန်မှာ ဆန္ဒပြပွဲရဲ့အရှိန် အထွတ်အထိပ်ကိုရောက် ရှိခဲ့ပြီး ကြွေးကြော်သံတွေ ဟိန်းထွက်သွားခဲ့ပါ တယ်။
Credit : ထက်အောင်ကျော် ( Facebook )
မိုက်ရိုင်းတဲ့လူတွေပဲ ကိုယ့်လူကြီးကို နဲနဲတော့လေးစားသင့်ပါတယ်။သူလည်းတက်နိုင်သလောက်တော့ပြောင်းလဲနေတာပဲလေ။ဝိုင်းပြီးတော့တောင်ကူညီရမှာ။အချင်းချင်းညီညွှတ်ဖို့တော့လိုပါတယ်။
ReplyDelete