/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 15, 2012

.

မြောင်းမြ NLD ပြိုကွဲ ပြီး တစ်ပတ်အကြာ ကော့သောင်း NLD ပါတီဝင်များလည်း ၎င်း တို့ ပါတီ အား ပြန်လည် ဆန္ဒပြအုံးမည်


ပါတီအတွင်း ဒီမိုကရေစီ မရှိ ဆိုသည့် ထူးခြားသည့် ဒီမိုကရေစီ ပါတီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင် ပါတီအတွင်း အချင်းချင်း နှစ်ခြမ်းကွဲကာ ဆန္ဒပြမှု များ ဆက်တိုက်ဖြစ်ပေါ်နေရာမှ ယခု တခါ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ ပါတီဝင်များကလည်း ၎င်း တို့၏ NLD ပါတီအား ပြန်လည် ဆန္ဒပြ အုံးမယ်လို့ သတင်းရရှိပါတယ်။

လာမယ့် သြဂုတ်လ ၂၀ ရက်နေ့တွင် ပါတီဝင် ၂၀၀ ကျော်က ပါတီ ရုံးရှေ့ သွားပြီး ဟော်ဟစ် ဆန္ဒပြကြမှာဖြစ်ပြီး ဆန္ဒ ထုတ်ဖော်ရန် စာကို သြဂုတ်လ ၁၃ ရက်နေ့တွင် မြို့နယ်ကော်မရှင်နှင့် မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် NLD ပါတီ အတွင်း နှစ်ခြမ်းကွဲကာ ပါတီ အတွင်း စုန်းမ ရှိတယ် ဆိုပြီး ပါတီဝင် ၃၀၀ ကျော် က ဆန္ဒပြခဲ့ကြပါတယ်။

အခုလို ပါတီတွင်း မငြိမ်းမချမ်းဖြစ်နေတဲ့ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး နိုဘယ်ဆု တောင် ရထားသူဖြစ်ပြီး ၎င်း ရဲ့ လက်သုံးစကားကတော့ ရင်ကြားစေ့ ရေး ဆိုတဲ့ စကားဖြစ်ပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။