/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 15, 2012

.

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း (ကာကွယ်ရေး ဦးစီးချုပ် - ရေ) ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်ထောင်စုလွတ်တော်အစည်းအဝေးကို ယနေ့နံနက်တွင်ကျင်းပခဲ့ရာ လစ်လပ်နေသည့် ဒုတိယသမ္မတ ရာထူးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ၏ အမည်စာရင်းကို ကြေညာမှုပြုလုပ်လိုက်ပြီဖြစ်သည်။

ယင်းသို့ရွေးချယ်တင်မြှောက်ခြင်း နှင့်အတူ အရွေးချယ်ခံ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ) (ညာဘက်) ကို ဒုတိယ သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် နာယကမှ ယနေ့နံနက် ၁၀နာရီ ၅ မိနစ်ခန့်တွင် ကြေညာလိုက်ကာ နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကို ပြုလုပ်ခဲ့ကြောင်း အစိုးရပိုင်သတင်းတွင်ဖော်ပြသွားခဲ့သည်။

ယနေ့ကျင်းပသောပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေး ဦးစီချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။







Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။