/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Wednesday, August 8, 2012
.
လွှတ်တော်ဂျာနယ် ယခုလအတွင်း ထွက်မည်
လွှတ်တော်မှ ထုတ်ဝေမည့် လွှတ်တော်ဂျာနယ်အား ယခုသြဂုတ်လအတွင်း ထွက်ရှိတော့မည်ဟု ဂျာနယ်ထုတ်ဝေရေး ကော်မတီအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “လွှတ်တော် ဂျာနယ်ကို အခု ရှစ်လပိုင်း ၂၀ ရက်ကျာ်ရင် ထုတ်ဝေသွားမှာပါ။ ပထမအကြိမ်မှာတော့ အုပ်ရေ ၁၀၀၀ ထုတ်ဝေပြီး လွှတ်တော်အတွင်းက ကိုယ်စားလှယ်တွေကို အရင်ဖြန့်မှာဖြစ်တယ်။ ဂျာနယ်ကိုတော့ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသွားမှာပါ။ ဂျာနယ်ဆိုဒ်က (၂၂x၁၅) လက်မပါ။ ဂျာနယ်မှာ လွှတ်တော်အကြောင်း၊ နိုင်ငံတကာ လွှတ်တော်အကြောင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေရဲ့ အဆိုတွေ၊ မေးမြန်းမှုတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်းပါးတွေ ပါဝင်မှာပါ” ဟု ယင်းကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။