“နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေတာတွေ အတော်များများက သူတို့ထင်ရာတွေ ရေးသားဖော်ပြမှုတွေ ဖြစ်နေတယ်။ ဒါကို အထင်အမြင် လွဲတဲ့သူတွေလည်း ရှိလာသလို တချို့ကိစ္စတွေမှာဆိုရင် အများကြီးပဲ မမှန်သတင်းတွေ ရှိနေတယ်။ ဥပမာအားဖြင့် ဆိုလို့ရှိရင် မွတ်ဆလင်တွေ အများကြီးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေပါတယ် ဆိုတာမျိုးဆိုရင် တိဘက်မှာ ဆန္ဒပြတဲ့ မီးရှို့တဲ့ဟာတွေကို လိမ်ပြီးတင်တာတွေ ဖြစ်နေတယ်။ မသိတဲ့သူတွေအတွက် အထင်အမြင် လွဲစရာ ဖြစ်လာတယ်” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ “ဒါတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြေရှင်းသွားမှာပါ။
အခြေအနေမှန်ကို နိုင်ငံတကာသိအောင်လည်း လုပ်ဆောင်နေပါပြီ” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးမှာ တည်ငြိမ်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရပြီး နိုင်ငံတကာ မီဒီယာများကို ချပြမှုနှင့် ပတ်သက်သော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်းမှာပင် နိုင်ငံတကာ မီဒီယာများ ရှိနေပြီး ၎င်းတို့ကလည်း မှန်ကန်စွာ တင်ပြလိမ့်မည်ဟု ယူဆကြောင်း ပြောကြားထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။