Thursday, August 30, 2012

FEC ရုပ်သိမ်းလျှင် ကိုင်ဆောင်သူများ မနစ်နာစေရေး ပေါက်ဈေးနှင့် လဲပေးမည့်အပြင် လုံလောက်သော အချိန်ပေးမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ အသုံးပြုနိုင်စေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ နိုင်ငံခြားငွေလဲနှုန်းစနစ်ကို ယခင်ကျင့်သုံးခဲ့သည့် SDR နှင့် ချိတ်ဆက်သည့် စနစ်အစား နှုန်းရှင်စနစ်သို့ ပြောင်းလဲကာ နေ့စဉ် နိုင်ငံခြားငွေလဲနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိသည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များအပြင် ပုဂ္ဂလိကဘဏ် များကိုလည်း နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်၍ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အထောက်အထား တင်ပြရန် မလိုဘဲ ရောင်းဝယ်လဲလှယ်ခွင့် ပြုခဲ့သည်။

နိုင်ငံသားများကိုလည်း တရားဝင်ရရှိသည့် နိုင်ငံခြားငွေအနက် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ လက်ဝယ်သုံးလ ကိုင်ဆောင်ခွင့်ပြုပြီးဖြစ်၍ FEC ကို ကြားခံငွေကြေးအဖြစ် သုံးစွဲရန် မလိုအပ်တော့၍ FEC ကို ဥပဒေနှင့်အညီ အဆင့်ဆင့် ရုပ်သိမ်းသွားတော့မည် ဖြစ်ကြောင်း သိရသည်။

FEC ရုပ်သိမ်းလျှင် လက်ဝယ်ကိုင်ဆောင်သူများ မနစ်နာစေရန် ညီမျှသည့် ဒေါ်လာတန်ဖိုးဖြစ်စေ၊ ယင်းနေ့တွင် ဖြစ်ပေါ်သည့် ငွေလဲနှုန်းအရ ညီမျှသည့် ငွေကျပ်ကိုဖြစ်စေ လဲပေးမည့်အပြင် လုံလောက်သော အချိန်ကာလကိုလည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ FEC ကို အစိုးရပေးဆောင်ရမည့် ဘေလ်များ၊ MFTB၊ MICB ဘဏ်တို့တွင် နိုင်ငံခြားက လွှဲပို့သော ငွေများ ပြန်ထုတ်ပေးသည့် နေရာမျိုးတွင်သာ သုံးစွဲလေ့ရှိသဖြင့် FEC ရုပ်သိမ်းပါကလည်း သက်ရောက်မှုရှိမည်မဟုတ် ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်း မှသိရကြောင်းသိရှိရသည်။

Myanmar Express

အာအက်ဖ်အေရေဒီယိုမြန်မာပိုင်းသတင်းဌာန အယ်ဒီတာကျင့်ဝတ်မညီသူတဦးအား အရေးယူခြင်းမရှိ

မိမိလက်အောက်မှာအမှုထမ်းနေသူအိမ်ထောင်ရှင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးနှင့်လူမှုရေးဖောက်ပြန် သည်ဟုသတင်းထွက်ပေါ်နေသည့် အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်အာအက်ဖ်အေမြန်မာပိုင်း ဌာန အယ်ဒီတာဦးခင်မောင်စိုးအားသက်ဆိုင်ရာကယနေ့အထိအရေးယူမူမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သောသတင်းပတ်ကအာအက်အေ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိနှင့်အယ်ဒီတာဦးခင်မောင်စိုးတို့၏ တယ်လီဖုံးမှတဆင့် ၎င်းတို့အတွင်းရေးများအချီအချပြောဆိုသည်ဟုယုံကြည်ရလောက်သည့်လှို့ဝှက် အသံဖိုင်နှစ်ခု ပြင်ပအင်တာနက်မီဒီယာလောကသို့ပေါက်ထွက်လာရာမှအစပြုပြီးအဆိုပါဋ္ဌာနအယ်ဒီတာ ဦးခင်မောင်စိုးနှင့်ဒေါ်ခင်ခင်အိအပြင် ဒေါ်သင်းသီရိတို့၏ လူမှုရေးဖောက်ပြန်မှုများပေါ်ထွက်လာခြင်းဖြစ်သည်။

အာအက်ဖ်အေနှင့်နီးစပ်သည့်သတင်းရပ်ကွက်၏အဆိုအရ လတ်တလောအချိန်အထိကာယကံရှင် အယ်ဒီတာနှင့်ဝန်ထမ်း များအပေါ် အရေးယူခြင်းမရှိသေးသော်လည်းဋ္ဌာနတွင်းစုံစမ်းစစ်ဆေးမှုများကိုမူ ဆောင်ရွက်နေသည်ဟုယူဆရကြောင်းသိရသည်။

အဆိုပါလေ့လာစုံစမ်းမှု၌အာအက်အေ မြန်မာပိုင်းဋ္ဌာနမှမဟုတ်သည့်အထက်လူကြီးများပါဝင်နိုင်သလို၊ ရုံးတွင်းလှို့ဝှက်ချက်များပြင်ပသို့ပေါက်ကြားခဲ့သည့်ဖြစ်စဉ်ကိုအဓိက ဦးစားပေးစစ်ဆေးနေသည်ဟုယူ ဆရကြောင်းလည်းအဆိုပါအာအက်အေနှင့် နီးစပ်သည့်သတင်းရပ်ကွက်အဆိုအရသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍၀ါရှင်တန်ဒီစီအခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာနသို့ ဆက်သွယ်မေးမြန်းကြည့် သောအခါထိုဋ္ဌာနမှအမည်မဖော်လိုသည့်အယ်ဒီတာတဦးက ယင်းကိစ္စရပ်များနှင့်ပတ်သက်၍မိမိတို့သတင်းဋ္ဌာ နမှမည်သူတဦးတယောက်မှပြောဆိုဖြေကြားခွင့်မရှိကြောင်း၊သို့သော်အရေးယူစုံစမ်းမှုများလုပ်ကောင်းလုပ် နိုင်ကြောင်း၊မိမိတို့အနေနှင့်ဤကိစ္စတစုံတရာမှမသိရှိသလို၊ထင်မြင်ချက်လည်းမပေးနိုင်ကြောင်း တုန့်ပြန်ဖြေကြားခဲ့သည်။

လွန်ခဲ့သောသတင်းပတ်ကပြင်ပသို့ပျံ့နှံ့ခဲ့သည့်အသံဖိုင်နှစ်ခုစလုံးတွင်ဒေါ်ခင်ခင်အိ၏အသံ တခုသာကြားရပြီး တဖက်မှအယ်ဒီတာဦးခင်မောင်စိုး၏အသံကိုသဲကွဲစွာမကြားရပါ။ သို့သော် အဆိုပါအသံဖိုင်ကိုသေချာလေ့လာ နားထောင်ပါက တဖက်အသံရှင်မှာဦးခင်မောင်စိုးဖြစ်နိုင်သလို၊သူတို့နှစ်ဦး၏ချစ်မှုရေးရာနှင့်ပတ်သက်သည့် မကြေနပ်ချက်များ၊ဖြေရှင်းချက်များ၊ပါဝင်နေပါသည်။အဆိုပါအသံဖိုင်အရအယ်ဒီတာဦးခင်မောင်စိုးသည်သူ၏ လက်အောက်ငယ်သားနှစ်ဦးဖြစ်သည့်အာအက်အေ၀ိုင်းတော်သားဒေါ်ခင်ခင်အိနှင့်ဒေါ်သင်းသီိရိတို့နှင့်ချစ်မှုရေး ရာငြိစွန်းမှုများရှိသလို၊သုံးပွင့်ဆိုင်မကြေလည်မှုများ လည်းရှိနေကြောင်းသိနိုင်သည်။

စိတ်ဝင်စားဘွယ်ကောင်းသည့်အချက်များတွင်ရုံးတွင်းလျှို့ဝှက်ချက်အသံဖိုင် ပြင်ပပေါက်ကြားမှုလည်းပါဝင်သည်။ အာအက်အေမြန်မာပိုင်းသတင်းဋ္ဌာနမှတစုံတယောက်မှမပို့ဘဲဤအသံဖိုင်များပြင်ပရောက်နိုင်မည်မဟုတ်ပါ။ အကဲခတ်သုံးသပ်သူတို့အဆိုအရ၊ဤအသံဖိုင်ပေါက်ကြားမှုတွင်ဦးခင်မောင်စိုးတို့သုံးပွင့်ဆိုင်ချစ်မှုရေးရာ သို့မဟုတ်အခြားအလုပ်ကိစ္စနှင့်ဖြစ်စေ အလိုမကျသူဝိုင်းတော်သားတဦးဦးကအသံဖိုင်မှတ်တမ်းကိုကူးယူဖြန့်ချိခြင်း၊သို့မဟုတ်ဒေါ်ခင်ခင်အိအလုပ်စားပွဲမှ တိတ်တဆိတ်အသံဖမ်းဖြန့်ချိခြင်း၊သို့မဟုတ်ကာရကံရှင်ဒေါ်ခင်ခင်အိကိုယ်တိုင်လည်းအသံဖိုင်သို့မဟုတ်အသံဖမ်း၍ဖြန့်ခြင်း ၊သို့မဟုတ်ပြင်ပမှတယ်လီဖုံးလိုင်းကှိုတဆင့်ခိုးယူအသံကူးခြင်းစသည်တို့ဖြစ်စေ၊အခြားနည်းလမ်းတမျိုးမျိုးနှင့်ဖြစ်စေဆောင် ရွက်ဟန်တူကြောင်းခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။

သို့သော်ယခုကိစ္စသည်အသံဖိုင်မည်သို့သောနည်းနှင့်အပြင်ရောက်သည်မှာအရေးကြီးသလို၊ မီဒီယာသတင်းဋ္ဌာနကြီးတခု ၏အကြီးအကဲအယ်ဒီတာတယောက်မှသတင်းသမား ကျင့်ဝတ်နှင့်မလျော်ညီသည့်၊လူမှုဖောက်ပြန်မှု၊အဂတိလိုက်စားမှု၊ အကျင့်ပျက်စာရိတ္တခြစားမှုတို့ကလည်းအထူးအရေးပါလှသည်။

ရန်ကုန်မြို့အခြေစိုက်သတင်းဂျာနယ်တခုမှဝါရင့်အယ်ဒီတာတဦးက “ကျနော်ကအယ်ဒီတာကိုခင်မောင်စိုးနဲ့လည်း ရင်းနှီးပါတယ်၊ပုဂ္ဂိုလ်ရေးအရဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့အထက်လူကြီးတယောက်စောင့်စည်းရမဲ့ကျင့်ဝတ်တွေတော့ ရှိရပါ့မယ်၊အာအက်အေဆိုတာ မြန်မာပြည်သူတွေတလေးတစားနားဆင်နေတဲ့မီဒီယာတခုပါ။

ပိုဆိုးတာက ဦးဝင်းတင်လို၊ရဟန်းရှင်လူတွေကလေးစားတဲ့နိုင်ငံရေးသမားကြီးတွေ၊ နိုဘယ်လ်ငြိမ်းရေးဆုရှင်လည်းဖြစ်၊ပြည်သူတွေလေး စားတဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တွေနဲ့လည်းကိုခင်မောင်စိုးကအင်တာဗျူးအစီအစဉ်တွေ လုပ်ပြီးလွှင့်နေတာဗျ။ဒီတော့ အဲဒီခေါင်းဆောင်တွေကို အားနာထောက်ထားဘို့ကောင်းပါတယ်၊ သူတို့ဂုဏ်သိက္ခာလည်း ရှိသေးတာကိုး၊ကျနော်တို့စာနယ်ဇင်းလောကထဲမှာတောင်ဒီကိစ္စတွေဆွေးနွေးဖြစ်ပါတယ်၊ဦးခင်မောင်စိုးအစီအစဉ်တွေကို လူပြောင်းပြီးလုပ်သင့်ပြီဗျ” ဦးခင်မောင်စိုးစီစဉ်သည့်၊ဦးဝင်းတင်၏ခေတ်ဝန်ကိုထမ်း၍ခေတ်လမ်းကိုလျှောက်ခြင်း၊ ဦးဝင်တင်နှင့်စကားပြောခြင်းအပြင်၊ဒေါ်အောင်ဆန်းစုကြည်နှင့်အစီအစဉ်တခုဖြစ်သည့် “ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်တို့သည်ပရိဿတ် နှစ်ခြိုက်သည့်အစီအစဉ်များလည်းဖြစ်သည်၊သို့သော်ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးအမေး အဖြေ၌ဦးခင်မောင်စိုး၏“အမ..အမ..ဟုသုံးနှုံးခေါ်ဝေါ်ခြင်းအပေါ် အများကဝေဖန်ထောက်ပြသည်များရှိခဲ့သည်။

လတ်တလော၌အာအက်ဖ်အေရုံးချုပ်တွင်ဝန်ထမ်းအားလုံးယခင်ကအတိုင်းပုံမှန် အလုပ်များလုပ်နေသကဲ့သို့ကာယ ကံရှင်များမှာလည်းပိုနေမြဲကျားနေမြဲအတိုင်း အဆက်အဆံမပျက်ရှိနေသည်ဟုစုံစမ်းသိရှိရသည်။

အယ်ဒီတာဦးခင်မောင်စိုးသည်မြန်မာပိုင်းဋ္ဌာနအကြီးအကဲညွှန်ကြားရေးမှုးဒေါ်ငြိမ်းရွှေနှင့် ရင်းနှီးသူဖြစ်သလို၊အထူးအလေးပေး အားကိုးယုံကြည်မှုခံရသူဟုလည်းသတင်းထွက် နေသူဖြစ်သည်။

“အာအက်ဖ်အေမှာကိုခင်မောင်စိုးကအတော်သြဇာကြီးတယ်လို့ကျနော်တို့သိရတယ်၊ သူနဲ့ပိုင်ရင်၊တည့်အောင်ပေါင်းနိုင်ရင်၊ သူဘာပြောပြောသီးညီးခံနိုင်ရင်ရာထူးတောင်တက်နိုင်တယ်လို့ကြားဖူးတယ်။သူကလည်းဋ္ဌာနမှုးဒေါ်ငြိမ်းရွှေကိုအတော်သြဇာ လွှမ်းတယ် ကြားတယ်၊သူနဲ့တည့်တဲ့ဒေါ်ခင်ခင်အိတို့၊ဦးဝင်းနိုင်တို့ကိုအရေးကြီးတဲ့NLDတို့၊ပြည်သူ့ လွှတ်တော်သတင်းတို့ကို လိုက်ခိုင်းပြီးသူကိုအာခံသူတွေဆိုရင် လုပ်ပိုင်ခွင့်မပေးတာတို့၊ နှိမ့်ချဆက်ဆံတာတို့လုပ်တယ်လို့တောင်ကြားတာပဲ”ဟု အမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးကဆိုသည်။

ပြင်ပသို့ပေါက်ကြားသည့်အသံဖိုင်အမှတ်နှစ်၌ဒေါ်ခင်ခင်အိက ဦးခင်မောင်စိုးအားဋ္ဌာနမှုး ဒေါ်ငြိမ်းရွှေနှင့်ပတ်သက်၍မည်သို့ မည်ပုံချည်းကပ်သင့်ကြောင်းအကြံပေးခဲ့သည့်နည်းတူ၊ သူမ၏အသံလွှင့်အစီအစဉ်နှင့်ပတ်သက်၍အလေးပေးဆောင်ရွက် ရန်တိုက်တွန်းသည့် အချက်များကဒေါ်ခင်ခင်အိသည်ဦးခင်မောင်စိုးအပေါ်သြဇာသက်ရောက်မှုရှိသည်ကို ပြသနေပါသည်။

အမည်မဖော်လိုသည့်အာအက်ဖ်အေ၀န်ထမ်းဟောင်းတဦးက“အရင်ဋ္ဌာနမှုးဦးစိုးသင်း လက်ထက်ကလည်းအာအက်ဖ် အေ၀န်ထမ်းတွေကြားမသင့်မြတ်မှုတွေနဲ့၊ အထက်လူကြီးတွေအထိတိုင်တာ၊တောတာတွေရှိခဲ့တာပါဘဲ၊ဒါပေမဲ့ဒီတခါတော့အတော့ ကိုအခြေအနေဆိုးပုံရတယ်၊ဋ္ဌာနတွင်းလျှို့ဝှက်လုံခြုံရေးနည်းစနစ်ပေါက်ကြားမှုရော၊ တရားမျှတမှုမရှိတဲ့အထက်အောက် ဆက်ဆံရေးတွေနဲ့အဂတိလိုက်စားမှု၊မျက်နှာလိုက်မှု တွေရောထွေးနေတဲ့၊အုပ်ချုပ်ရေးဖရိုဖရဲဖြစ်တာတွေရှိနေတယ်၊ ဟုတ်မဟုတ်တော့မသိဘူး ဦးခင်မောင်စိုးရဲ့ကိစ္စတင်မက၊ဋ္ဌာနတွင်းအကြီးအကဲတွေရဲ့ဆက်ဆံရေးတွေကိုပါဝန်ထမ်းတွေ လက်မှတ်ထိုးပြီးအထက်လူကြီးတွေကိုတိုင်တဲ့အထိတောင်ဖြစ်တယ်လို့ကြားတယ်”ဟုဆိုသည်။

“ဒီကိစ္စအမြန်ဆုံးစုံစမ်းအရေးယူမှုမရှိရင်အခြေအနေကပိုဆိုးသွားလိမ့်မယ် အာအက်ဖ်အေနဲ့ဋ္ဌာနအကြီးအကဲတွေရဲ့ဂုဏ်သိက္ခာပါကျဆင်းနိုင်တယ်။ နောက်ဆက်တွဲပြဿနာအများကြီးဖြစ်လာနိုင်တယ်”ဟုအဆိုပါ အာအက်ဖ်အေ၀န်ထမ်းဟောင်းကမှတ်ချက်ချပြောဆိုပါသည်။

FNG

ဆန်ဈေးမတက်ရန် အရန်ဆန်တန် ၅၀၀၀ ကို လာမည့်လအတွင်း ထပ်မံထုတ်ရောင်းမည်


စက်တင်ဘာလအတွင်း အရန်ဆန်တန်ချိန် ၅၀၀၀ ဝန်းကျင်ကို ထပ်မံထုတ်ရောင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

ယင်းသို့ ရောင်းချရန် စီစဉ်ရခြင်းမှာလည်း ပြည်တွင်း၌ ရေလွှမ်းမိုး၍ သယ်ယူပို့ဆောင်မှုများ အဆင်မပြေဖြစ်နေချိန် ပြည်တွင်း ဆန်ဈေးနှုန်းများ ကြီးမြင့်လာမှု မဖြစ်ပေါ်စေရေးအတွက်ကို ရည်ရွယ်၍ ထုတ်ရောင်းချခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဈေးသိပ်မမြင့်ရန်အတွက် အရန်ဆန်ကို ထုတ်ရောင်းတာ ဖြစ်တယ်။ အဲလိုမျိုးပဲ ဆန်စပါးပေါ်ချိန်မှာ ဈေးသိပ်မကျသွားအောင် အတွက်ကိုလည်း အရန်ဆန် ထပ်ဝယ်မယ့် အစီအစဉ်တွေကို ဆောင်ရွက်နေတယ်” ဟု ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောကြားသည်။

ယခုရောင်းချမှုမှာ ဒုတိယအကြိမ် ရောင်းချမှုဖြစ်ပြီး သြဂုတ်လအတွင်း အရန်ဆန်တန်ချိန် ၄၆၀၀ ကျော်ကို ပထမအကြိမ်အဖြစ် ထုတ်ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

ရောင်းချမှုကို ဈေးနှုန်းအဆိုပြုလွှာဖြင့် ရောင်းချမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းသို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

ရောင်းချမည့် အရန်ဆန်များအား မြန်မာနိုင်ငံသားများအနေဖြင့် မည်သူမဆို တန် ၅၀ မှ တန် ၁၀၀၀ ထိကို ဝယ်ယူနိုင်ကြောင်းသိရှိရသည်။

Myanmar Express

ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်မံခင်းသွားမည်ဟုသိရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမကြီးမှ မကြာမီ နိုင်လွန်ကတ္တရာ ထပ်မံခင်းသွားမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတစ်လျောက် အသက်ကယ်တန်း(Guard Rail)များကိုလည်း နေရာအလိုက် ဦးစားပေးတပ်ဆင်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ ''ရန်ကုန်-မန္တလေးလမ်းမကြီးက ရှစ်လမ်းသွား လမ်းမကြီးပါ။ အခု အပြီးမသတ်သေးပါဘူး။ ဒါပေမယ့် လိုအပ်ချက်အရသာ ဖွင့်လှစ်အသုံးပြုခွင့် ပေးထားတာပါ။

ဒီအမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး ဆက်လုပ်စရာတွေ ရှိပါသေးတယ်။ လက်ရှိမှာ ကွန်ကရစ်ခင်းထားပေမယ့် နောက်ထပ်နိုင်လွန်ကတ္တရာ ထပ်ခင်းသွားမှာ ဖြစ်ပါတယ်။ ပြီးရင် အသက်ကယ်တန်းဖြစ်တဲ့ Guard Rail တွေကိုလည်း နေရာအလိုက် ဦးစားပေး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် CCTV တွေ တပ်ဆင်သွားမယ်။ residence တွေကိုလည်း မိုင် ၅၀ တိုင်းမှာ တစ်ခု ထားနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်''ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့သည်။ ယင်းနောက် နေပြည်တော်- မန္တလေးလမ်းပိုင်းကိုလည်း ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၅၂ မိုင်သာ ကွာဝေးပြီး ရန်ကုန်မှ နေပြည်တော်သို့ အချိန်လေးနာရီခန့်၊ ရန်ကုန်မှ မန္တလေးသို့ အချိန်ရှစ်နာရီခန့် မောင်းနှင်သွားလာလျက်ရှိကြောင်းလည်း သိရှိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီး ငါးခု၊ တိုးဂိတ်အလတ်နှစ်ခုနှင့် တိုးဂိတ်အသေးပေါင်း ၂၁ ခုရှိကြောင်းလည်း သိရှိရသည်။ အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လုံခြုံမှုရှိစေရန်အတွက် သံဆူးကြိုး၊ သံဆန်ခါနှင့် အကာအရံများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရှိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် လမ်းအကျယ်ပေ ၃၆၀ ရှိပြီး လမ်းလယ်ကျွန်းပေ ၃၀ ကျယ်ဝန်းကာ ခံနိုင်ဝန်တန် ၈၀ရှိသည့် ကွန်ကရစ် အမျိုးအစားလမ်းဖြစ်ကြောင်းလည်း သိရှိရသည်။

Ref: Weekly Eleven

လွှတ်တော်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက် ချက်များ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထား

လွှတ်တော်များအနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းနှင့် အဆို တင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားခဲ့ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခုံရုံး၏ အဆုံးအဖြတ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ်အတည်ဖြစ်သည်။ ထို့ပြင် ခုံရုံး ဥပဒေပုဒ်မ ၂၅ အရ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာန၊ ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

လွှတ်တော်များအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်း အဆိုတင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားကြောင်း သတင်းရရှိသည်။

ဖွဲစည်းပုံအခြေခံဥပဒေခုံရုံး အနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦးက လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်ခြင်းအဆိုကို သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပြီး အဆိုအတည်ဖြစ် မဖြစ် မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အများသုံး PCO ဖုန်း ၂၄ နာရီ ဖွင့်ပြီ

အများပြည်သူ အသုံးပြုနိုင်သည့် အခပေး PCO ဖုန်းဆိုင်များအား ၂၄ နာရီဖွင့်လှစ်သည့်အပြင် ဖက်(စ်)ဝန်ဆောင်မှုများကို ထည့်သွင်းပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခင်က PCO ဖုန်းဆိုင်များအား စတင်ဖွင့်လှစ်သည့် ကာလတွင် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ နှစ်ကုန်ခန့်တွင် ဆိုင်ဖွင့်လှစ်မှုအား နေ့စဉ် နံနက် ၇ နာရီမှ ည ၉ နာရီအထိ အပိုင်းခွဲ၍ ဖွင့်လှစ်ခဲ့သည်။ “ရန်ကုန်တစ်ခုပဲ လောလောဆယ် ထားရှိသွားမှာပါ။ အဓိကကတော့ ၂၄ နာရီမပြတ် ဖုန်းသုံးစွဲခွင့် ရရှိအောင် ဆောင်ရွက်ပေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ဝန်ဆောင်မှုပေးရာတွင် လက်ရှိ ကောက်ခံနေသည့် နှုန်းထားအတိုင်း ၁ မိနစ် ၅၀ ကျပ်နှုန်း ကောက်ခံလျက်ရှိပြီး ဖက်(စ်) ဝန်ဆောင်မှုကိုမူ A4 စာတစ်မျက်နှာလျှင် (အဝင်၊ အထွက်) ကျပ် ၂၀၀ နှုန်း၊ Legal တစ်မျက်နှာလျှင် ကျပ် ၄၀၀ နှင့် ထပ်တိုးတစ်မျက်နှာလျှင် ကျပ် ၅၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။

“လောလောဆယ် လူအရမ်းစည်ကားတဲ့ အချက်အချာကျတဲ့ နေရာနှစ်ခု၊ သုံးခုလောက်ပဲ ထားပါတယ်။ နောက်ပိုင်း တစ်မြို့လုံးနီးပါး ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်ပေးမှာပါ” ဟု ၄င်းကဆက်လက် ပြောသည်။

ယင်းဝန်ဆောင်မှုကို လက်ရှိတွင် မရမ်းကုန်းမြို့နယ်ရှိ Junction-8 စင်တာအနီးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့် အနီးတွင်ရှိသည့် PCO စခန်းများတွင် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ဆက်လက်၍ မြေနီကုန်းနှင့် မြို့တွင်းခြောက်မြို့နယ်တွင် ထားရှိပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

“PCO ဖုန်းဆိုင်တိုင်း ဒီလိုဝန်ဆောင်မှုပေးမှ အဆင်ပြေမှာပါ။ နောက်တိုး စာမျက်နှာ နှုန်းထားကတော့ များပါတယ်၊ ဒီထက်လျှော့ချပေးမယ် ဆိုရင်တော့ လူတိုင်းနီးပါး အသုံးပြုကြမှာပါ” ဟု တာမွေမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အများပြည်သူသုံး PCO ဖုန်းများမှာ ၂၀၀၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် မြို့နယ်တစ်မြို့နယ်တွင် PCO စခန်းပေါင်း ၂၀၀ နီးပါးရှိကြောင်း PCO ဝန်ထမ်းများထံမှ သိရှိရသည်။

Myanmar Express

NLD ပါတီ၏ဦးဆောင်သူအသုံးမကျမူကိုသိရှိသဖြင့် NLDပါတီဝင်အဖြစ်မှ ပြည်ခိုင်ဖြိုးပါတီသို့ ပြောင်းရွှေ့မှု

သြဂုတ်လ ၁၈ ရက် ၀၉၀၀ ချိန်မှ ၀၉၃၀ ချိန်ထိ ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုး ပါတီ ရုံးအစည်း အဝေး ခန်းမတွင် NLD ပါတီမှ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းရွှေ့ သူများ၏ ပါတီဝင်လျှောက်လွှာများ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် ခရိုင်/ မြို့နယ် အလုပ် အမှုဆောင်များ၊ NLD ပါတီမှ ကိုယ်စားလှယ် ဦးအောင်ခ ပါ(၂)ဦး၊ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်း အနားတွင် NLD ပါတီမှ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းရွှေ့ လာသည့် ပါတီဝင် (၆၇) ဦး၏ ပါတီဝင် လျှောက်လွှာများအား ဦးအောင်ခမှ ပေးအပ်ရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမှ လက်ခံ ရယူခဲ့ကြောင်း၊ ယင်းနောက် ဦးလှဆွေမှ အခမဲ့ ပညာဒါန ကျောင်းသို့ ငွေကျပ် (၃၅ဝ,ဝဝဝ)ကျပ် ပေးအပ်ရာ ဦးအောင်ခမှ လက်ခံရယူခဲ့ကြောင်း၊ အခမဲ့ပညာ ဒါနကျောင်းတွင် နဝမတန်းနှင့် ဒသမတန်း ကျောင်းသား/သူ စုစုပေါင်း (၅၇)ဦးခန့် ရှိပြီး ဆရာ/ဆရာမ (၉) ဦး တို့မှ ကျောင်းချိန် ပြင်ပတွင် ဘာသာရပ် ဆိုင်ရာများအား အခမဲ့ သင်ကြား ပေးခြင်း ဖြစ်ကြောင်း၊ ယနေ့ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းရွှေ့ လာသည့် NLD ပါတီမှ ဦးအောင်ခသည် ဂန့်ဂေါ မြို့နယ်တွင် NLD ပါတီ ဖွဲ့စည်း တည်ထောင်ရန် အတွက် စတင် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း၊ ဦးအောင်ခနှင့် ပါတီဝင် (၆၇) ဦးတို့သည် NLD ပါတီအပေါ် အယုံအကြည် မရှိသဖြင့် NLD ပါတီမှ နှုတ်ထွက်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Myanmar Express

ဒုသမ္မတသစ် ဦးဥာဏ်ထွန်း ပြည်သူ့လိုအပ်ချက်များ ဖြည့်ဆည်းခြင်းဖြင့် အလုပ် စတင်


ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကရင်ပြည်နယ်သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် လယ်သမား များအားတွေ့ဆုံ၊ ပျက်စီးလယ်မြေ များအတွက် မျိုးစပါး ဝယ်ယူနိုင်ရန်နှင့် ရေဘေးကြုံ ဒေသခံပြည်သူ များအား ကူညီဖြည့်ဆည်းပေး၊ သဘာဝဘေး တားဆီးမရ နိုင်သော်လည်း ဘေးဒုက္ခ လျော့ပါးရေး ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း သည် ယနေ့နံနက် ၁ဝ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည့် ကရင်ပြည် နယ် ရေဘေး ကယ်ဆယ်ရေး ထောက် ပံ့ငွေ ပေးအပ်ခြင်း နှင့် ရေနစ်မြုပ် ဆုံးရှုံးခဲ့သည့် လယ်မြေများ အတွက် စိုက်ပျိုး စရိတ် ထုတ်ပေးခြင်း အခမ်း အနားသို့ တက်ရောက်၍ အမှာ စကား ပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်သည်။

အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင် ကျော် မင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးမန်းလှမြိုင်၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေ၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟန်စိန်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရွှေ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ် နှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ရေဘေး သင့်ပြည်သူ များနှင့် တောင်သူ လယ်သမားများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ကရင် ပြည်နယ်၏ အုပ် ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ နှင့် ရေဘေး သင့်ချိန်တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် စောင့်ရှောက် ပေးမှု အခြေအနေများ၊ မြစ်ရေ ကြီးမှု ကြောင့် ပျက်စီး ဆုံးရှုံး ခဲ့သည့် လယ်ယာ မြေများ ပြန်လည် စိုက်ပျိုးရန် စီမံ ထားရှိမှု အခြေအနေ များကို အကျယ် တဝင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ကရင် ပြည်နယ်၏ စိုက်ပျိုးရေး အခြေအနေများ၊ ရေနစ်မြုပ် ပျက်စီးဆုံး ရှုံးခဲ့သည့် လယ်ယာ မြေများ ပြန်လည် အစားထိုး စိုက်ပျိုး နိုင်မည့် အခြေအနေ နှင့် နိုင်ငံတော် အစိုးရက စီမံ ဆောင်ရွက် လျက်ရှိသည့် လယ်ယာ မြေဆိုင်ရာ ဥပဒေ၊ မြေလွတ်၊ မြေလပ်ဆိုင်ရာ ဥပဒေများ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဒုတိယ သမ္မတ ဦးဥာဏ် ထွန်းက အမှာစကား ပြောကြားရာ၌ ကရင်ပြည်နယ် အတွင်း ရေကြီးနစ်မြုပ် မှုကြောင့် အခိုက်အတန့် ဒုက္ခကြုံ နေကြ ရသည့် ဒေသခံ ပြည်သူ များအား အား ပေးကူညီ ပံ့ပိုးမှုများ ပြုလုပ် နိုင်ရန် မိမိတို့ အဖွဲ့ လာရောက် ခဲ့ခြင်းဖြစ် ကြောင်း၊ ရေကြီး နစ်မြုပ်မှု ကာလ တာရှည် လာသည် နှင့်အမျှ စိုက်ရေး ပျိုးရေး ပျက်စီး ဆုံးရှုံး မှုများ များပြား လာနိုင်သည့် အတွက် ရေကျ သွားသည်နှင့် အချိန်မီ ပြန်လည်စိုက် ပျိုးနိုင်အောင် ကြိုးပမ်း သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု ခရီးစဉ် တွင် ဆုံးရှုံးပျက်စီး သွားသည့် လယ်ယာ မြေများ အတွက် မျိုးစပါးများ ပြန်လည် ဝယ်ယူနိုင်ရန် ငွေကြေး ထောက်ပံ့ပေးရန် နှင့် ရေဘေးကြောင့် အခိုက်အတန့် ဒုက္ခကြုံ ခဲ့ရသည့် ဒေသခံ ပြည်သူများ အတွက် နိုင်ငံတော် အပိုင်းက စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုး ကူညီဖြည့်ဆည်း ရန် အဓိက ရည်ရွယ် ပါကြောင်း။

သဘာဝဘေး ဆိုသည်မှာ တားဆီး ၍မရ နိုင်သော်လည်း ဘေးဒုက္ခ သက်သာ လျော့ပါးရေး အတွက်မူ တတ်စွမ်းသ၍ ကြိုတင်ပြင်ဆင် ကာကွယ်မှုများ လုပ်ထားကြ ရမည်ဖြစ်ပါကြောင်း၊ ဘေးဒုက္ခ အမှန်တကယ် ကြုံလာခဲ့ပြီ ဆိုလျှင်လည်း အကောင်းဆုံး ရင်ဆိုင် ကျော်လွှား နိုင်ရန် ကြိုးစား သွားကြ ရမည်ဖြစ်ကြောင်း။

ယခု ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် လယ်ယာ မြေများ အမြန်ဆုံး အစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရန် ကာယကံရှင် လယ်သမားကြီး များရော အစိုးရဌာန ဆိုင်ရာများ ကပါ အားလုံး တက်ညီလက် ညီဝိုင်းဝန်း ကြိုးပမ်းပြီး မိမိဒေသ နှင့် အသင့်လျော်ဆုံး နည်းလမ်းများ ရှာဖွေ ကြံဆ အကောင်းဆုံး လုပ်သွားကြရန် လို ကြောင်း၊ ယနေ့ အစိုးရ၏ ပြုပြင်ပြောင်း လဲရေး မဟာဗျူဟာ အကောင် အထည် ဖော်နေမှုကို အကျဉ်းချုပ် တင်ပြရပါက မိမိတို့ အစိုးရသည် ပြည်သူ လူထုက ရွေးချယ် ထားသည့် အစိုးရဖြစ်၍ ပြည်သူ့ အကျိုးစီးပွား၊ ပြည်သူ့ မျှော်မှန်းချက်၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ အိပ်မက်များကို အကောင် အထည်ဖော် ပေး ရန် အစဉ် တစိုက်ကြိုးပမ်း လျက်ရှိကြောင်း၊ ပြည်သူ ကရွေးသည့် ပြည်သူ အတွက် ပြည်သူ့ အစိုးရဖြစ်၍ ပြည်သူ များ၏ လိုအင်များ တစ်လုံး တစ်ဝ တည်းပြည့် စေရန် အစဉ် ရှေးရှု လျက် ရှိကြောင်း၊ ပြည်သူသန်း ၆ဝ သည် တစ်ဦးချင်း လိုအင် အမျိုးမျိုး ရှိကြ မည်ဖြစ်သော် လည်း အများစု၏ တူညီ သည့် ဆန္ဒမှာ တိုင်းပြည် အေးချမ်းတည် ငြိမ်ရေးနှင့် တိုင်းရင်းသား အားလုံး လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ် ကြောင်း။

တိုင်းပြည် တည်ငြိမ် အေးချမ်းရေး နှင့် လူမှုစီးပွားဘဝ တိုးတက် ဖွံ့ဖြိုးရေးသည် တစ်ခုနှင့် တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီ အမှီသဟဲ ပြုနေကြ ကြောင်း၊ တည်ငြိမ် အေးချမ်းမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက် အောင် လုပ်နိုင်မည်ဖြစ် သကဲ့သို့ လူမှုစီး ပွားဘဝ ဖွံ့ဖြိုးတိုးတက် မှလည်း တည်ငြိမ် အေးချမ်းမှု ခိုင်မာ လာမည်ဖြစ်ကြောင်း။

နိုင်ငံရေး တည်ငြိမ်မှု ရရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်ခွင့် ရရှိအောင် ထိတွေ့ဆက်ဆံ ဆောင်ရွက် နေပြီဖြစ် ကြောင်း၊ အလားတူ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်လည်း ပြည်တွင်း လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းပြီး နှစ်ဖက် တူညီသည့် နိုင်ငံ ချစ်စိတ် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ် တို့ကို အခြေခံ၍ လက်တွဲ ပူး ပေါင်းဆောင်ရွက် နေပြီဖြစ် ကြောင်း၊ လူထု၏ ဒုတိယ ဆန္ဒမှာ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်ကြောင်း၊ လူမှု စီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး ဆိုသည်မှာ တစ်ဦးချင်း ဝင်ငွေ တိုးတက်ရုံဖြင့် မပြီးဘဲ ပညာရေး၊ ကျန်းမာရေး၊ ဘဝအရည် အသွေး မြင့်မားရေး၊ တရား ဥပဒေ အရိပ် အောက်၌ စိတ်ချ လုံခြုံစွာ နေထိုင်နိုင်ရေး တို့ပင်ဖြစ်ကြောင်း၊ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှု နိုင်ငံထူ ထောင်ရေး ရည်မှန်းကြိုးပမ်း အကောင် အထည်ဖော် နေကြောင်း၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ ကျင့်သုံး နေကြသည့် သမားရိုးကျစိုက် ပျိုးရေးနည်း စနစ်များဖြင့် မည်သို့မျှ မဖြစ် နိုင်ကြောင်း လယ်ယာ ကဏ္ဍပြုပြင် ပြောင်းလဲရေးကို စနစ်တကျ လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း။

နိုင်ငံတော် သမ္မတကြီးက (၁) စိတ် ဓာတ်၊ (၂) လယ်ကွင်းများ၏ ပုံသဏ္ဌာန်၊ (၃) မျိုးစပါး၊ (၄) စိုက်နည်းစနစ်၊ (၅) စက်မှုလယ်ယာစနစ် ဆိုသည့် အချက် (၅)ချက်ကို အခြေခံမှ စ၍ ပြောင်းလဲရန် လမ်းညွှန် ထားကြောင်း၊ ဤသည်ကို မိမိဒေသ အခြေအနေ နှင့်ကိုက်ညီစွာ လိုက်နာ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း။

ဤ အချက်များကို တောင်သူလယ် သမားများ အနေဖြင့် ယုံယုံ ကြည်ကြည် လိုက် နာဆောင်ရွက် နိုင်ရန် သက်ဆိုင် ရာဌာန များက အသိပညာ ပေးခြင်း၊ လက်တွေ့ စိုက်ပျိုးပြခြင်း၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ထုတ် လုပ်ပေးခြင်း၊ ငွေကြေး အရင်းအနှီး လိုအပ်ချက် ဖြည့်ဆည်း ပေးခြင်း၊ ထွက် လာသည့် လယ်ယာ ထွက်ကုန်များ အတွက် အကျိုးဖြစ်ထွန်း သည့် ဈေး ကွက် စီမံပေးခြင်း များကို မဖြစ်မနေ လုပ်ပေး သွားကြရန် လိုအပ် ပါကြောင်း။

စက်မှုနိုင်ငံ လုပ်ငန်းများ ထူထောင်ရာ တွင်လည်း ပြည်သူ လူထုအနေဖြင့် အကျိုး ကျေးဇူးခံစား ရစေရန် အတွက်(၁) ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်း များများ ရရှိစေမည့်လုပ်ငန်းများ၊ (၂) ပြည်တွင်း ထွက်ကုန်နှင့် ကုန်ကြမ်း များကို တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ် တင်ပို့ ရောင်းချ နိုင်မည့် လုပ်ငန်းများ၊ (၃) ပြည်တွင်း ထွက်သတ္တု ကုန်ကြမ်း များကိုအခြေ ခံသည့် အကြီးစား စက်မှုလုပ်ငန်းများ၊ (၄) သတင်း အချက်အလက် နည်းပညာ နှင့် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ ဆိုပြီး အဆင့်(၄) ဆင့်ဖြင့် ရင်းနှီးမြှုပ်နှံ မှု တိုးတက် လာအောင် ကြိုးပမ်း လျက်ရှိ နေကြောင်း။

ဤကဲ့သို့ ကြိုးပမ်းရာတွင် နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ လူ့စွမ်းအား အရင်း အမြစ် စသည့် အချက်များမှာ မိမိတို့နိုင်ငံ အနေဖြင့် လိုအပ်ချက် များရှိနေကြောင်း၊ ဤသည်ကို ကျော်လွှား နိုင်ရန် ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း။

ဤသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြု ဆောင်ရွက်ရာ၌ တိုင်းရင်းသား များ၏ အကျိုးစီးပွားကို မထိခိုက် စေရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာ မထိခိုက် စေရေး၊ နိုင်ငံ၏ အချုပ်အခြာ အာဏာကို မထိခိုက် စေရေး နှင့် မိမိတို့၏ သဘာဝ ပတ်ဝန်းကျင် မထိ ခိုက်စေရေး ဟူသည့် မူဝါဒ (၄)ရပ် ချမှတ် ပြီး စိစစ် ဆောင်ရွက် လျက်ရှိကြောင်း။

မိမိတင်ပြ ခဲ့သည့် လူထုအများ စုကြီး ၏ တူညီသော ဆန္ဒဖြစ်သည့် နိုင်ငံတည် ငြိမ်အေးချမ်းရေး နှင့် လူမှုစီးပွားရေး ဘဝ ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက် ပန်းတိုင် ကို မိမိတို့ တစ်တွေ အားလုံး တက်ညီ လက် ညီကြိုးပမ်း လျှောက်လှမ်း သွားကြပါစို့ဟု တိုက်တွန်း ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ကရင်ပြည်နယ် အတွင်းရေကြီး နစ်မြုပ်ပျက်စီး ခဲ့ရသည့် လယ်ယာမြေ များ ပြန်လည် စိုက်ပျိုးရန် မျိုးစပါး ၅၁၇ဝ တင်းအတွက် ထောက်ပံ့ငွေကျပ် ၂၅၈၅ဝဝဝဝ ကို ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းထံ ပေးအပ်သည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ က ကရင်ပြည်နယ် ရေဘေး ကယ်ဆယ် ရေးအတွက် ရန်ပုံငွေကျပ် သိန်း ၁ဝဝ နှင့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း များကို ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

ထို့နောက် ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရွှေက ကျောင်းသုံး စာအုပ်များ ကိုလည်းကောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာန ဆေးသိပ္ပံ ပညာဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန်းဇော်မြင့်က အရေးပေါ်သုံး ဆေးဝါး များကို လည်းကောင်း ပြည်နယ် လူမှုရေး ဝန်ကြီး ဦးချစ်လှိုင်ထံ ပေးအပ်ကြသည်။ ယင်းနောက် ရေဘေး သင့်ပြည်သူ များကိုယ်စား ဦးမိုးကျော်သူ နှင့် ရေဘေး သင့် တောင်သူများ ကိုယ်စား ဦးသန်းငြိမ်း တို့က ရေဘေး သင့်စဉ် ကူညီစောင့် ရှောက်မှုများ အတွက် ကျေးဇူးတင် စကား ပြောကြား ကြပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်သည်။ ထို့နောက် ဒုတိယ သမ္မတသည် အခမ်းအနား သို့ တက် ရောက်လာကြသူ များအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ဒုတိယ သမ္မတ နှင့်အဖွဲ့ဝင် များသည် မွန်းလွဲ ၁ နာရီခွဲတွင် ဘားအံမြို့နယ် တရုတ်လှ ကျေးရွာ အနီး၌ ကောက်စိုက် သမများအား နှုတ်ဆက် အားပေးပြီး ရေ ကြီးနစ်မြုပ် ခဲ့သည့် လယ်ယာ မြေများ၌ လက်တွန်း ထွန်စက်များဖြင့် ပြန်လည် ထွန်ယက် နေမှုများ၊ စပါးပြန်လည် စိုက်ပျိုးနေမှု များကို ကြည့်ရှုကာ ကောက် စိုက် သမများအား ထောက်ပံ့ငွေ များ ပေးအပ်သည်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် နံနက် ၈ နာရီက လည်း ဘားအံမြို့မှ (၇)မိုင်အကွာ ဘားအံ- လှိုင်းဘွဲ့ ကားလမ်း ဘေးရှိ ဘားအံ စက်မှုဇုန် သို့ သွားရောက် ကြည့်ရှု စစ် ဆေးရာ ရှေးဦးစွာ ရှင်းလင်း ဆောင်၌ ဘားအံ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် နှင့် စက်မှုဇုန် ဖော်ထုတ်ရေး တာဝန်ခံ သံလွင် ဧရာကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းထွန်း တို့က ဘားအံစက်မှုဇုန် တည်ဆောက်ရန် လျာထားမှု၊ ရေမီး အပါအဝင် လမ်းနှင့် အခြေခံအဆောက် အအုံများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်မင်းက ဖွံ့ဖြိုး တိုးတက်ရန် အခြေအနေ ကောင်း၊ အလားအလာ ကောင်းများ ရှိသည့် ဘားအံ စက်မှုဇုန်နှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြ သည်။

ရှင်းလင်း တင်ပြချက် များနှင့်စပ်လျဉ်း ၍ ဒုတိယ သမ္မတက ရင်းနှီး မြှုပ်နှံသူများ လာရောက် ရင်းနှီးမြှုပ်နှံ ချင်အောင် ဆွဲဆောင် စီစဉ် ဆောင်ရွက်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများကို အချိန် ဇယား ရေးဆွဲပြီး အချိန် ကိုက်ပြီးစီး အောင်ဆောင် ရွက်ရေး အပါအဝင် ဘားအံ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည် ဖော်ဆောင် ရွက်သွားသင့် သည်များကို ဆွေးနွေး မှာကြားသည်။

ယင်းနောက် ဒုတိယ သမ္မတသည် ဘားအံစက်မှုဇုန် တည်ဆောက် ပြီးစီးမှု နှင့် ဖွံ့ဖြိုး တိုးတက်မှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ဘားအံ စက်မှုဇုန်မှာ ၉၆၉ ဧက ကျယ်ဝန်းပြီး စုစုပေါင်း မြေကွက် ၆၄၃ ကွက်တွင် ၅၉၁ ကွက်ကို မြေနေ ရာချ ထား ပေးပြီးဖြစ်သည်။ ယခုအခါ အထည်ချုပ် စက်ရုံများ၊ သစ်အချော ထည် စက်ရုံ များ၊ စက်ဘီး ပြုပြင်တပ်ဆင် အလုပ်ရုံများ အပါအဝင် စက်ရုံ၊ အလုပ် ရုံများ တည်ဆောက် လျက်ရှိပြီး အချို့ စက်ရုံ၊ အလုပ်ရုံ များမှာ လာမည့်ပွင့် လင်းရာသီတွင် လုပ်ငန်းများ စတင်ရန် ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင် များသည် ဘားအံမြို့ ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော် ရင်ပြင်မှ သံလွင် မြစ်ရေ အခြေအနေကို ကြည့်ရှု ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

Myanmar Express

အခြေခံ ဥပဒေ ခုံရုံး ကို လွှတ်တော် က အရေးယူဖို့  ပြင်

ပြည်ထောင်စု လွှတ်တော် နဲ့  အမျိုးသား လွှတ်တော် က ဖွဲ့  စည်းထား တဲ့ လွှတ်တော် ရေးရာ ကော် မတီ တွေ ဟာ ပြည်ထောင်စု အဆင့် မဟုတ် ဘူး ဆို တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြောကြား ခဲ့ တာ နဲ့  ပတ် သက် ပြီး လွှတ်တော် က စုံစမ်း စစ်ဆေး အရေး ယူ ဖို့  ကော် မတီ တစ် ရပ် ကို ဖွဲ့  ခဲ့ ပါတယ်။

ဒီအဖွဲ့ မှာ လွှတ်တော် ဒုတိယ ဥက္ကဌ ဦး နန္ဓ ကျော် စွာ က အဖွဲ့  ခေါင်းဆောင် အဖြစ် ပါဝင် ဆောင် ရွက် မှာ ဖြစ် ပြီး အဖွဲ့  ၀င် ၁၅ ဦး ပါဝင် တယ် လို့  အမျိုး သား ဒီမို ကရေစီ အဖွဲ့  ချုပ် က လွှတ်တော် အမတ် တစ်ဦး က ပြော ပါတယ်။

အဆိုပါ အဖွဲ့  တပ်မတော် သား ကိုယ်စားလှယ် အစု အဖွဲ့  မှ ပါဝင် မှု မရှိသေး ဟု သိရသည်။

အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ ဥက္ကဌ ဦးသိန်းစိုး နှင့် အဖွဲ့  အား လွှတ် တော် မှ တောင်း ဆို ထား သော် လည်း ခုံးရုံး အဖွဲ့  ၀င် များ က နှုတ် ထွက် ပေး ခြင်း မရှိ ဟု သိရသည်။

အခြေခံ ဥပဒေ ခုံ ရုံး ၏ တာဝန် မဲ့ မှု နှင့် လုပ် ပိုင် ခွင့် အလွဲ သုံးစား ပြု မှု ကို လွှတ်တော် က စစ်ဆေး သွား မည် ဖြစ်သည်။

အမေရိကန် နိုင်ငံ တွင် လွှတ်တော် ရေး ရာ ကော်မတီ များ သည် အစိုးရ ၀န်ကြီး ဌာန များ ထက် ပင် ပို ၍ သြဇာ အာဏာ ရှိ ပြီး ဘဏ္ဍာငွေ ခွဲ ဝေ ပေး မှု နှင့် စုံစမ်း စစ်ဆေး မှု များ ကို အဓိက ထား ပြု လုပ် သည်။

FNG

အာရှ၏သြဇာအကြီးဆုံးအမျိုးသမီး ၁၁ ဦးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

Forbes မဂ္ဂဇင်းက ရွေးချယ်သည့် အာရှ၏သြဇာအကြီးဆုံးအမျိုးသမီး ၁၁ ဦး စာရင်းကို ယမန်နေ့က ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်တို့ ပါဝင်ကြောင်း တွေ့ရှိရသည်။ယခင်တပတ်က ထုတ်ပြန်သည့် ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ထို ၁၁ ဦး ပါဝင်ပြီးဖြစ်သည်။ယမန်နေ့က ထို ၁၁ ဦးအကြောင်း သီးသန့် ရွေးချယ် ထုတ်ပြန်ခြင်း ဖြစ်သည်။

၁၁ ဦးတွင် စီးပွားရေး နှင့် နိုင်ငံရေးနယ်ပယ်မှ အမျိုးသမီးများ ပါဝင်နေပြီး ၎င်းတို့၏ ပြည်တွင်းပြည်ပ သြဇာသက်ရောက်မှုကို လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း Forbes မဂ္ဂဇင်းက မှတ်ချက်ချထားသည်။

စီးပွားရေးဦးစားပေး Forbes မဂ္ဂဇင်း ယခင်တပတ်က ထုတ်ပြန်သည့် အမျိုးသမီး ၁၀၀ စာရင်းတွင် အများစုမှာ စီးပွားရေးနယ်ပယ်မှ ဖြစ်ကြောင်း၊ နိုင်ငံရေးနယ်ပယ်မှ ၁၉ ဦးသာ ပါဝင်ကြောင်း တွေ့ရသည်။

ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မ၀င်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေတာပါ။

KIA ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီး လုပ်နေကြပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ၊ စစ်ပွဲတွေ အရှိန်ကတော့ ရပ်မသွားသေးပါဘူး။ အဓိကအားဖြင့် နယ်မြေသတ်မှတ်မှု စစ်ရေးကိစ္စတွေမှာ နှစ်ဘက် တင်းတင်း မာမာ ရှိနေကြပါတယ်။ အခုလို စစ်ပွဲတွေကြောင့် ဒေသခံ အရပ်သားတွေ မိမိတို့ကျေးရွာတွေကို စွန့်ခွာထွက်ပြေးကြရာမှာ နယ်ချင်းစပ် တရုတ်နိုင်ငံဘက်ကိုလည်း ကူးကြပါတယ်။

ကနဦးပိုင်းမှာ တရုတ်ဘက်က လက်ခံထားပေမယ့်လို့ နောက်ပိုင်းမှာ ကချင်အရပ်သား ဒုက္ခ သည်တွေ နေရပ်ကို ပြန်ဖို့ တရုတ်အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ရှိလာပါတယ်။ ဒုက္ခသည်သစ်တွေကိုလည်း လက်မခံဘဲ နယ်စပ်မျဉ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။ အခြားတဘက်မှာလည်း တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂဘက် က အကူအညီပေးဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ ဒီ ဒုက္ခသည်တွေအတွက် တရုတ်ဘက်က နယ်စပ်ဖွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတာပါ။

“အဲဒီဒေသတွေမှာ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေကို ကူညီနိုင်အောင် နယ်စပ်ဖွင့်ပေးထားဖို့ တရုတ်ကို တိုက်တွန်း နေပါတယ်။ အလားတူပဲ စစ်ပွဲတွေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ အရပ်သားတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီနိုင်အောင်လည်း မြန်မာအစိုးကို တိုက်တွန်းနေတာရှိပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland ပြောသွားတာပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်တန့်အောင် မြန်မာအစိုးရကိုရော အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ အမေရိကန်ဘက်က တိုက်တွန်းဆွေးနွေးထားတယ်လို့ သိရပါတယ်။

“အဲဒီနယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ပြီး သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။ တဘက်မှာလည်း မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဆွေးနွေးတဲ့ အခါမှာ တရုတ်အနေနဲ့ အရပ်သားဒုက္ခသည်တွေ အတွက် နယ်စပ်တံခါးတွေ ဖွင့်ထားပေးဖို့၊ နောက်.. အဲဒီမှာ ဖြစ်နေတဲ့ နှစ်ပေါင်းရှည်ကြာတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေ ကို ကူညီဖို့ ကျမတို့ အမြဲတမ်း တရုတ်ကို တိုက်တွန်းနေပါတယ်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရာမှာ တနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်း အကူတွေပါ ရှိခဲ့ပြီး အဲ့ဒီအနီးတ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။

ရခိုင်ပဋိပက္ခ ဒုက္ခသည်တွေကို အိန္ဒိယ ကူညီ

ရခိုင်ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာရသူတွေကို အကူအညီပေးဖို့ အိန္ဒိယနိုင်ငံကနေ ဒေါ်လာ နှစ်သိန်း ထောက်ပံ့ပေးလိုက်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွင်း ငြိမ်း ချမ်းရေးနဲ့ လူမှုသဟဇာတဖြစ်မှု ရှိလာဖို့လည်း ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံ အမတ်ကြီးက ပြောပါတယ်။

ရခိုင် ဒုက္ခသည်တွေအတွက်ပေးတဲ့ အိန္ဒိယနိုင်ငံရဲ့ အလှူငွေ ဒေါ်လာနှစ်သိန်းကိုတော့ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Villur Sundararajan Seshadri က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့မှာပဲ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။

အဲဒီပွဲကို ရခိုင်မှာရှိတဲ့ ရခိုင်လူမှုအသိုင်းအ၀ိုင်းရော မွတ်ဆလင်အသိုင်းအ၀ိုင်းပါ တက်ရောက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူတွေ အတွက် ထောက်ပံ့ကူညီမှုဖြစ်တယ်လို့ အိန္ဒိယသံအမတ်ကြီး Villur Sundararajan Seshadri က ပြောပါတယ်။

“အခုအချိန်ဟာ မြန်မာနိုင်ငံ အစိတ်အပိုင်းတခုမှာ ခက်ခဲတဲ့အခြေအနေအချို့ ရင်ဆိုင်နေရချိန်ဖြစ် ပါတယ်။ အကြမ်းဖက် နှောက်ယှက်မှုတွေကြောင့် လူ့အသက်တွေနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက် ဆုံးရှုံးနေကြရပါတယ်။ ဒီအတွက် အိန္ဒိယအစိုးရ အနေနဲ့ ဒေါ်လာနှစ်သိန်းဖိုး အကူအညီ ပေးတာပါ။ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ဆုံးရှုံးကြရတဲ့ ဒုက္ခသည်တွေ အတွက် မြန်မာအစိုးရက စီစဉ်ပေး ထားတဲ့ ယာယီနေအိမ်တွေမှာ အမိုးအကာတွေ ရအောင် ကူညီမှုဖြစ်ပါတယ်။ ပဋိပက္ခကြောင့် ထိခိုက် နစ်နာကြရတဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ခုစလုံးအတွက် အထောက်အပံ့အချို့ဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့ လူမျိုးရေး ဘာသာရေး သဟဇာတဖြစ်ဖို့ မျှော်လင့်ပြီး ကူညီတာပါ။”

အခု ပေးတဲ့အကူအညီတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အားပေး ထောက်ခံတဲ့ အကူအညီလည်းဖြစ်တယ်လို့ အိန္ဒိယသံအမတ်ကြီးက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းတွေနဲ့ ပဋိပက္ခတွေ မကြာမကြာ ကြုံရလေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မကြာခင်ကဆိုရင်လည်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်ဘက်မှာလည်း အိန္ဒိယ ဒေသခံတွေနဲ့ မွတ်ဆလင်ဘာသာဝင်တွေ အကြား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာလိုပဲ အဓိကရုဏ်းတွေဖြစ်ပြီး လူသေဆုံးမှုတွေ ပစ္စည်းဆုံးရှုံးမှုတွေ ရှိခဲ့တာပါ။

မနေ့တုန်းက အိန္ဒိယနိုင်ငံရဲ့ ရခိုင်ပြည်နယ်အတွက် အကူအညီပေးအပ်ပွဲကို ရခိုင်ဒေသ အစိုးရတင်က နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးလည်း တတ်ရောက်ပါတယ်။ ရခိုင်ပြည်နယ်အရေး ကယ်ဆယ် နေရာချထားရေးလုပ်နေတဲ့နေရာမှာ အဓိက လိုအပ်ချက်ဟာ ဒုက္ခသည်တွေ နေထိုင်ဖို့ အဆောက်အဦးတွေဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒုက္ခသည်တွေ နေထိုင်ဖို့ အဆောက်အဦးပေါင်း ၈၀၀ ကျော် တည်ဆောက်ပေးရမှာပါ။ အခုအချိန် မှာတော့ သက်ကယ် မိုးပဲ လုပ်ပေးနိုင်တာပါ။ ဒါက အခု ရာသီဥတုဒဏ်မျိုး မခံနိုင်ပါဘူး။ နှစ်စဉ် မိုးရေချိန် သုံးရာကျော်ရှိတဲ့ ဒီလို ပင်လယ်ပြင် ဒေသအတွက် သွပ်မိုးတွေ ၀ယ်သုံးရမှာပါ။”

အိန္ဒိယသံအမတ်ကြီးဟာ ပဋိပက္ခကြောင့် အိုးအိမ်မဲ့ဖြစ်နေရတဲ့သူတွေအတွက်ထားတဲ့ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီ ပဋိပက္ခကြောင့် လူပေါင်း ၈၀ ကျော်သေဆုံးပြီး သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ခဲ့ ပါတယ်။ ဒီ ပဋိပက္ခ ကိုင်တွယ်မှုနဲ့ပတ်သက်လို့လည်း မြန်မာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံတကာ ရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ဒီနောက်ပိုင်းမှာလည်း ပြည်တွင်းမှာ ဝေဖန်ခံရမှုအချို့ ခံရပါတယ်။ နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရပြီးနောက် ပထမဆုံး တက်လာတဲ့ အရပ်ဘက် အစိုးရသစ် အတွက် အခု ရခိုင်ပြဿနာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်ခဲ့ပါတယ်။

ရခိုင်အရေးအခင်းမှာ ဆူပူ လှုံ့ဆော်တယ်ဆိုပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ၀န်ထမ်း အချို့ကိုတော့ သမ္မတဦး သိန်းစိန်က သူ့အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့လည်း သမ္မတက လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းထားပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာကတည်းက ရခိုင်ဒေသမှာ တင်းမာမှုရှိခဲ့တဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ခုအကြား တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုရအောင်တော့ အချိန်ယူ တည်ဆောက်ရဦးမယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။

Wednesday, August 29, 2012

ရပ်ဆိုင်းထားသည့် KNU နှင့် အစိုးရုငြိမ်းချမ်းရေးဆွေးနွေးပွဲ စက်တင်ဘာ ကျင်းပမည်

အစိုးရဘက်မှ ရက်ရွှေ့ဆိုင်းခဲ့သည့် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂ရက်နှင့် ၃ ရက်တွင် ကျင်းပမည်ဟု သိရသည်။

KNU အဖွဲ့သည် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာငြိမ်းချမ်းရေးဆွေးနွေးပွဲကို မူလအစီအစဉ်အရ ယခုလ ၂၇-၂၈-၂၉ ရက်နေ့များတွင် ဘားအံမြို့၌တွေ့ဆုံမည်ဟု နှစ်ဖက်သဘောတူညီထားသော်လည်း အစိုးရကိုယ်စားလှယ်အဖွဲ့မှ အကြောင်းပြချက်မရှိဘဲ ရက်ရွေ့ဆိုင်းလိုက်သဖြင့် လာမည့်လဆန်းသို့ ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အစိုးရနှင့်KNU တို့ကြား ပဏာမသဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များကို အဓိကထား ဆွေးနွေးနိုင်ရန်အတွက် စက်တင်ဘာလ၂-၃ ရက်နေ့တွင် နှစ်ဖက်ကိုယ်စားလှယ်များ ဘားအံမြို့တွင်ဆွေးနွေး ကြမည်ဟု KNUဘက်မှခေါင်းဆောင်တဦးကပြောသည်။

Myanmar Express

ထမင်းစားပြီးပြီးချင်း ဒါတွေလုပ်ဖို့မလောပါနှင့်


၁။သစ်သီးစားရန်မလောပါနှင့်

ထမင်းစားပြီးနောက်သစ်သီးတစ်ခုခုကိုစားခြင်းသည်ကျန်းမာရေးကိုပိုကောင်းစေသည်ဆိုသောမှတ်ယူချက်သည်တကယ်တော့မှားယွင်းပေသည်။ အစာအိမ်ထဲသို့အစာရောက်ပြီးတစ်နာရီနှစ်နာရီအတွင်းအစာများသည်အစာခြေစနစ်ကိုဖြတ်သန်းရပေမည်။ထို့နောက်မလိုချင်သောအညစ်အကြေးများကိုစွ့န်မည်။ လိုအပ်သည်များကိုယူထားမည်။ထမင်းစားပြီးသစ်သီးစားလိုက်ပါကအရင်အစာများသည်အစာအိမ်ထဲတွင်စုပြူံနေပြီး စားလိုက်သောသစ်သီးကိုလည်းမစုပ်ယူနိုင်ဘဲအစာမကျေခြင်းဗိုက်တင်းခြင်းရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများဖြစ်တတ်ပါသည်။

၂။စားပြီးပြီးချင်းခါးပတ်မလျှော့ပါနှင့်

အချို့သူမျာများသည်စားနေချိန်တွင်ခါးပတ်ပတ်ထားမိတတ်သည်။ထို့အခါမျိုးတွင်စားပြီးပြီးချင်းခါးပတ်မလျှေုာ့လိုက်ပါနှင့်။ ခါးပတ်လျှော့လိုက်ပါကအစာအိမ်ထဲရှိအစာခြေမှုနေရာသည်ကျယ်လာမည်။စားနေချိန်တွင်ကျဉ်ုးပြီးစားပြီးမှကျယ်လာပါကအစာအိမ်အောက်သို့ကျလာမည်။ ထို့ကြောင့်အစာအိမ်နှင့်ပတ်သက်သောရောဂါများဖြစ်တတ်ပါသည်။

၃။ ဆေးလိပ်သောက်ရန်မလောပါနှင့်

ထမင်းစားပြီးနောက်ချက်ချင်းဆေးလိပ်မသောက်ပါနှင့်ခါတိုင်းအချိန်သောက်ခြင်းထက်ထမင်းစားပြီးသောက်ခြင်းသည် ကျန်းမာရေးကိုပိုမိုထိခိုက်စေနိုင်ပါသည်။ထမင်းစားပြီးနောက်အစောခြေလမ်းကြောင်းတွင်သွေးလည်ပတ်မှုပမာဏပိုများလာမည်။ အစာချေစနစ်သည်ချက်ချင်းလျင်မြန်စွာလှုပ်ရှားလာမည်။ထိုအချိန်တွင်ဆေးလိပ်သောက်ပါကအစာခြေစနစ်ကိုဟန့်တားပါမည်။ ဆေးလိပ်တွင်ပါဝင်သောအကျိုးမဲ့သည့်အရာများကအကျိုးရှိသည့်အရာများကိုစုပ်ယူသွားပါမည်။ထို့ကြောင့်အဆုတ်၊အသည်း၊နှလုံးနှင့်ဦးနှောက်သွေးကြောများကိုထိခိုက်စေပါမည်။

၎။လက်ဖက်ရည်သောက်ရန်မလောပါနှင့်

ထမင်းစားပြီးနောက်လက်ဖက်ရည်သောက်ခြင်းသည်အစာအိမ်ကိုပိုထိုခိုက်စေနိုင်ပါသည်။လက်ဖက်ရည်ထဲတွင်ပါဝင်သောတင်းနစ်အက်ဆစ်များသည် အစာထဲရှိသံဓာတ်ဇင့်ဓာတ်များကိုစုပ်ယူသွားပါမည်။ အစာစားပြီးနောက်လက်ဖက်ရည်သောက်ခြင်းသည် အစာအိမ်ထဲရှိအစာခြေအရည်ကိုကျဲသွားစေနိုင်သည်။ ထိုကြောင့်အစာအိမ်ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါသည်။

၅။ ရေချိုးရန်မလောပါနှင့်

ရှေးယခင်ကဆိုရိုးစကားတစ်ခုရှိခဲ့ပါသည်.ဗိုက်ဝလျှင်ခေါင်းမရိတ်နှင့် ဗိုက်ဆာလျှင်ရေမချိုးရထိုဆိုရိုးစကားကြောင့် အယူအဆများလွဲပြီးလုပ်ဆောင်မိတတ်သည်.ထို့ကြောင့်ထမင်းစားပြီးပြီးချင်းရေချိုးတတ်ကြသည်။ ထမင်းစားပြီးချိန်တွင်အစာအိမ်ထဲတွင်သွေးများစုနေတတ်သည်။အစာအိမ်ထဲတွင်သွေးများစုနေသောကြောင့်တစ်ခြားအစိတ်အပိုင်းများ တွင်သွေးများလျော့နည်းနေမည်။ ထိုအချိန်တွင်ရေချိုးလိုက်ပါကတစ်ကိုယ်လုံးရှိအရေပြားနှင့်အသားများရှိသွေးကြောများပွင့်သွားကာ သွေးပြန်ကြောများပြန်ကျယ်သွားမည်။ထို့ကြောင့်အစာခြေဖျက်မှုကိုထိခိုက်စေနိုင်သည်။ထို့ကြောင့်ထမင်းစားပြီးပြီးချင်းရေမချိုးဘဲတစ်နာရီနှစ်နာရီလောက်ကြာမှချိုးသင့်ပေသည်။

၆။အိပ်စက်ရန်မလောပါနှင့်

အချို့သောသူများသည်ထမင်းစားပြီးနောက်ချက်ချင်းအိပ်တတ်သည့်အကျင့်များရှိသည်။ချက်ချင်းအိပ်ပါက ကိုယ်ခန္ဒာဝလာဖို့အခြေအနေအလွန်များသည်။ထို့ကြောင့်Dietလုပ်ချင်သူများထမင်းစားပြီးချက်ချင်းအိပ်စက်ခြင်းကိုရှောင်ကျဉ်ပါ။ အိပ်ချင်ပါက မိနစ်၂၀လောက်ခနနားပြီးမှအိပ်စက်ပါ။

၇။လမ်းလျှောက်ရန်မလောပါနှင့်

ထမင်းစားပြီးနောက်ချက်ချင်းလမ်းလျှောက်ထွက်တတ်သူများလည်းရှိပါသည်။ထမင်းစားပြီးပြီးချက်းခြေလှမ်းတစ်ရာလောက်မလျောက် မိပါစေနှင့်။ထိုသို့လုပ်ဆောင်ပါကအစာအိမ်ထဲရှိအာဟာရစုပ်ယူခြင်းကိုသွားထိခိုက်စေမည်။အစာစားပြီးနောက်သွေးဖိအားသည်ကျဆင်းနေ ချိန်ဖြစ်သည်။အထူးသဖြင့်အသက်ကြီးသူများတွင်နှလုံးစွမ်းရည်လျော့နည်းသွားမည်။သွေးကြောများမာသွားမည်။ ထို့ကြောင့်ထမင်းစားပြီးမိနစ်၃၀အကြာမှလမ်းလျောက်ပါကအစာခြေစနစ်ကိုထိခိုက်မှုနည်းမည်ဖြစ်သည်။

၈။ကားမောင်းရန်မလောပါနှင့်

ထမင်းစားပြီးပြီးချင်းကားထမောင်းပါကယဉ်တိုက်မှုကိုအလွယ်တကူဖြစ်စေနိုင်သည်။ထမင်းစားပြီးနောက်အစာအိမ်ရှိအူများကအစာကိုခြေဖျက်နိုင်ရန်သွေးအများကြီးလိုသည်။ ကားမောင်းသည့်အခါထိုအစာအိမ်ထဲသို့သွေးရောက်မှုနည်းသောကြောင့်ချက်ချင်းအစာမကျေဖြစ်ကာ မူးမော်လာပြီးနေမကောင်းဖြစ်လာနိုင်ချေပိုများမည်။

Myanmar Express

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း အကြောင်း


ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြောက် ခံရသူ ဦးဥာဏ်ထွန်းမှာ စစ်တက္ကသိုလ် အမှတ်စဉ် ( ၁၆ ) ကျောင်းဆင်း တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင် အမှတ်စဉ်မှာ (ရေ - ၁၁၉၆ )ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ( ရေ ) ရာထူး၌ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

တပ်မတော်(ရေ)တွင်ဒုဗိုလ်မှဗိုလ် ချုပ်ကြီး အထိတာဝန်ထမ်းဆောင်ခဲ့သည်။ အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ) သင်တန်းတွင် မြန်မာ တပြည်လုံး ပထမ ရရှိခဲ့ပါတယ်။

ဖခင် ဒုတိယတောအုပ် (သစ်တော) ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ ဒေါ်သိန်းတင်တို့က ၁၉၅၄ ခုနှစ်၊ ဇန်န၀ါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း (သံပုရာကုန် လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပါသည်။ ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတက္ကဆပ်ပြည် နယ် Lackland Ariforce Base & Sd Defence Language Institute တွင် English Language Course ကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and Training Center (NETC) တွင် International Officer Candidate Couse ကိုလည်းကောင်း တက်ရောက်အောင်မြင်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာ ကွယ်ရေးတက်္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) M.A (Defence Studies) ရရှိခဲ့ပါသည်။

၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေ ယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ်လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိ အဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက် တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့် ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊ ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့သည်။

တပ်မတော်ရေအမှတ် (၁ ) ထောက်လှမ်းရေးတပ်မူး၊ကကလှမ်းရုံးချုပ် စစ်ဦးစီးဒုတိယတန်းထိုမှတပ်မတော် ( ရေ ) တွင်စစ်ဦးစီးဗိုလ်မူးကြီးမှစစ်ဦးစီးအရာရှိချုပ် မှ ရေချုပ်ဖြစ်လာခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရး ဦးစီးချုပ်ရုံး (ရေ) တွင် စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့ သည်။

ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း စားယူခဲ့ပါသည်။ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့ပါသည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော် (M.B.B.S) နှင့် သမီးဖြစ်သူဒေါက်တာ သွယ်နီဉဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ် မောင်လင်းထက်ဉာဏ်ထွန်းသည်အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ် (National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့ပါသည်။




ဦးဥာဏ်ထွန်းတွင် ပြည်ထောင်စုလွှတ်တော်တွင်

"ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကို အပ်နှင်းသည် ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟု မာန်ပါပါ ဖြင့် သစ္စာဆိုခဲ့သည်။

Myanmar Express

မိုဘိုင်းဖုန်း၏ တည်နေရာအား ရှာဖွေသိရှိနိုင်ခြင်းနှင့် စွယ်စုံသုံးလမ်းညွှန် ပါဝင်သည့် ဆော့ဖ်ဝဲလ်အခမဲ့ဖြန့်ချိ

မိုဘိုင်းဖုန်းတစ်လုံး၏ တည်နေရာအား ရှာဖွေသိရှိနိုင်သည့် Phone Finder နှင့် စွယ်စုံသုံးလမ်းညွှန် (Multi-Directories) ပါဝင်သည့် GOthere Myanmar မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အား Giga Gates Co.,LTD မှ အခမဲ့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေ့စဉ်အသုံးဝင်သည့် လမ်းညွှန်များ၊ တည်နေရာ အချက်အလက်များ၊ ဖတ်ရှုသင့်သော သတင်းများနှင့် ဖုန်းတစ်လုံး၏ တည်နေရာကို ရှာဖွေသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး Android OS စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

'' Android OS 2.2 နဲ့အထက်မှာ သုံးလို့ရပါတယ်။ Version အနေနဲ့ Beta 1.0 ပေးထားပါတယ်။ မကြာခင် နီးစပ်ရာ နေရာတိုင်းမှာ အခမဲ့ ရယူနိုင်အောင် လုပ်ပေးသွားမှာပါ။

အခု လတ်တလောအနေနဲ့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.go-there-myanmar.com မှာ အခမဲ့ Download လုပ်လို့ရပါတယ်'' ဟု Giga Gates မှ Projector Director ကိုမိုးသန့်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

ဒေါ်အောင်ဆန်းစုကြည်ကို "ကုလား မယား စုကြည်" ဟု ဆိုင်းဘုတ် ထောင် ဆန္ဒပြခဲ့သည့် ရခိုင်တိုင်းရင်းသား ဒေါ်စောမြရာဇာလင်း ကို တော့ သောင်းသောင်းဖျဖျကြိုဆို


ဒေါ်အောင်ဆန်းစုကြည်ကို "ကုလား မယား စုကြည်" ဟု ဆိုင်းဘုတ် ထောင် ဆန္ဒပြခဲ့သည့် ရခိုင်တိုင်းရင်းသား ဒေါ်စောမြရာဇာလင်း ကို တော့ သောင်းသောင်းဖျဖျကြိုဆို ခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဌနှင့် ALP(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) ၏ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သူ ဒေါ်စောမြရာဇာလင်းသည် ၂၇ သြဂုတ် နေ့လည် ဆယ့်နှစ်နာရီကျော်ကျော် ခန့်တွင် စစ်တွေ ဘုတ်ဆိပ်သို့ ရွှေနဒီ အမြန်ယာဉ်ဖြင့် ဆိုက်ရောက်လာရာ စုစုပေါင်းအရေအတွက် ခြောက်ရာခန့်ရှိသော ရခိုင်အမျိုးသား အမျိုးသမီးများ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက စစ်တွေဘုတ်ဆိပ်တွင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။



မြန်မာနိုင်ငံတွင် ကားပေါ်တွင် အမျိုးသမီး ပါလာပြီး မိုက်ကရိုဖုန်းကိုင်ကာ စကားပြောတတ်၊ လူအများက ဝိုင်းကြည့်တတ်တာ ယခင်က ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာ ရှိခဲ့ပေမယ့် အခုတော့ ဒေါ်စောမြရာဇာလင်းက ဒေါ်အောင်ဆန်းစုကြည်ထက် သာသွားပြီဖြစ်သည်။



ဒေါ် စောမြရာဇာလင်းကို သောင်းသောင်ဖျဖျကြိုဆိုခဲ့ကြသော ရခိုင်တိုင်းရင်းသားများသည် ဒေါ်အောင်ဆန်းစုကြည် ဥရောပမှ ပြန်လာချိန်တုန်းကတော့ "ကုလား မယား စုကြည်" ဟု ဆိုင်းဘုတ်တွင် ရေးသားကာ ဆန္ဒပြခဲ့ကြသည်။

အစိုးရ ပြုပြင်ပြောင်းလဲမှုကို အကောင်းလက္ခဏာအဖြစ် ရှုမြင်

ယခုနှစ် မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့်
အမြင်ရှိသူများကို ချန်ထားခဲ့မည်ဟု ပြောဆိုခဲ့သည်
(ဓာတ်ပုံ – သမ္မတရုံး)

သမ္မတ ဦးသိန်းစိန် အနေဖြင့် သက်တမ်း ၂ နှစ်ခန့်ရှိပြီဖြစ်သော အစိုးရအဖွဲ့အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လိုက်ခြင်းသည် အကောင်းဘက်သို့ ဦးတည်နေသည့် လက္ခဏာများဟု လေ့လာသူများက ရှုမြင်ကြသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “သမ္မတရုံး ၀န်ကြီး ၄ ဦး ထပ်တိုးတာကိုက ပြုပြင်ပြောင်းလဲရေးကို အားစိုက်လုပ်ဖို့ဆိုတာ သိသာပါတယ်၊ အကောင်းဘက်ကို ဦးတည်တယ်၊ ပြုပြင်ပြောင်းလဲရေးကို အကောင် အထည်ဖော်နေ တယ်ဆိုတာ ကတော့ မြင်နေ ရတယ်၊ စောင့်ကြည့် ရမယ်” ဟု ဆိုသည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတ ဦးသိန်းစိန်၏ ယခု ပြုပြင်ပြောင်းလဲမှုသည် ပြည်သူဆန္ဒကို အခြေခံကာ ဆောင်ရွက်ခြင်းဖြစ်ပြီး အစပထမဟု ပြောနိုင်ကြောင်း၊ မကြာမီတွင် ဆက်လက်ပြီး အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြုပြင်ပြောင်းလဲရေးများ စတင်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

အစိုးရ သက်တမ်း ၂ နှစ်အတွင်း အားနည်းချက်၊ အားသာ ချက်များကို လေ့လာကာ ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်သူများ၏ အားမလို အားမရ ဖြစ်နေခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက် မလာခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးခြင်းကိုလည်း သမ္မတ ဦးသိန်းစိန် အနေဖြင့် သိရှိထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်ကမူ “အစောကြီးကတည်းက လုပ်ရမှာ၊ အလာကောင်းပေမယ့် အခါနှောင်းတယ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။

ဝန်ကြီးအများစုမှာ စစ်အစိုးရလက်ထက်ကတည်းက ပါဝင်ခဲ့သည့် သဘောထား တင်းမာသူများဖြစ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်နှင့် မကိုက်ညီကြောင်း၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းဆိုလျှင် စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပိတ်ပင်ချုပ်ချယ်သူဟု နာမည်ကြီးပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတို့၏ မိန့်ခွန်းများကိုပင် ဖြတ်တောက်စိစစ်မှု ပြုလုပ်ကြောင်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဟောင်း ဦးဇော်မင်းဆိုလျှင်လည်း မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး ပြောဆိုမှုများ ပြုလုပ်စဉ်ကတည်းက ရာထူးမှ ဖယ်ရှားသင့်သူဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ကာ ပြုလုပ်သည့် ၀န်ကြီးရာထူး အပြောင်းအရွှေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်နေသူ မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း အပါအ၀င် ၀န်ကြီး ၉ ဦးကို ရာထူးအပြောင်းအရွှေ့ ပြုလုပ်ခဲ့ပြီး၊ အရပ်သားပညာရှင်ရှင်များနှင့် အမျိုးသမီးများ ပါဝင်သည့် ဒုဝန်ကြီး ၁၅ ဦးကိုလည်း ထပ်မံခန့်ခဲ့သည်။

ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့အား သမ္မတ ဦးသိန်းစိန်က ရာထူးမှ နှုတ်ထွက်ခွင့်ပြုခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးအသစ်ဖြစ်သူ ဦးအောင်ကြည်မှာ သဘောထား ပျော့ပြောင်းသူတဦးဟု လူသိများသော်လည်း စာပေမူဝါဒများအပေါ်တွင် မည်သို့သဘောထားမည်ကို မသိရသေးကြောင်း၊ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ လစ်လပ်သွားသည့် ၀န်ကြီးဌာနများ အားခန့်အပ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်သူ၊ ဆုံးဖြတ်ချက် ပေးနိုင်သူများကိုသာ ခန့်အပ်သင့်ကြောင်း၊ အရပ်သားပညာရှင်များကို ခန့်အပ်ခြင်းသည် ကောင်းသော လက္ခဏာတခုဟု ပြောဆိုနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဆိုသည်။

အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် မေလတွင်တကြိမ်၊ ယခုလလယ်တွင် တကြိမ် သတိပေး ပြောဆိုခဲ့သည်။

အစိုးရနှင့် နီးစပ်သူများ အဆိုအရ ယခု အပြောင်းအလဲမှာ အစသာဖြစ်ပြီး ၀န်ကြီးအပြောင်းအလဲများကို ဆက်လက် လုပ်ဆောင်ဦးမည် ဖြစ်ကြောင်း၊ လစ်လပ်နေသည့်ဝန်ကြီးများ ခန့်အပ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်များပင် ပါဝင်နိုင်ကြောင်း သိရသည်။

မိမိသုံးနေတဲ့ social network အကောင့်တွေ အခိုးမခံရအောင် ဘယ်လိုကာကွယ်မလဲ?

အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။ ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။ မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။

ဘာလို့ Account တွေ အခိုးခံရ သလဲ?

အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။

ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။

Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.

နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။

၁။ Userရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ

အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်းတယ်ဆိုတာ ကြိမ်းသေ နေပါပြီ။

စာရေးသူ ကြုံဖူးပါတယ်။ မိတ်ဆွေသူငယ်ချင်းအကောင့်ကို အားအားယားယားဆိုပြီး Password မှာ သူ့နာမည် ရိုက်ထည့်လိုက်တာ အကောင့်က ပွင့်ပါလေရော။ နာမည်ရင်းအတိုင်း အပြည့်အစုံထား တာမျိုးကတော့ တကယ်ကို အလွယ်လမ်းလိုက် လွန်းပါတယ်။

ဒါကြောင့် Password ဘယ်လို ရွေးရမလဲ။

အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်

၁။ Password ကိုပေးရာမှာ မိမိ နာမည်က “အောင် “ ပါမယ်ဆိုရင် အဲဒါကို control-shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

၃။ Password က အနည်းဆုံး ၈လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံးများလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။ သို့ပေမယ့် ၁၀လုံးထည့်တော့ မနည်းသင့်ပါဘူး။

ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း Password တစ်ခု ဥပမာ ပြပါမယ်။---- csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။

ဒီထက် ပိုကောင်းတဲ့ Password ပေးနည်းပေါင်းမြောက်များစွာ ရှိပါတယ်။ စာဖတ်သူများ သိရှိပြီ ဖြစ်ပါစေ မျှဝေ ပေးကြစေချင်ပါတယ်။ Password ကို ကိုယ်တစ်ယောက်တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေးထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့ အခိုးခံရဖို့ ပိုနီးပါတယ်။ ဒါဆို ဘယ်နေရာမှာ သိမ်းမလဲ။ အကောင်းဆုံးကတော့ မှတ်ဥာဏ်သာ ဖြစ်ပါတယ်။ မေ့တတ်တယ်၊ Password အရမ်းများတယ်ဆိုမှ ကိုယ်တစ်ယောက်တည်း နားလည်နိုင်တဲ့ လက္ခဏာ၊ အမှတ်အသား နဲ့ ရေးမှတ်ထားသင့်ပါတယ်။

Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေးတတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင် အားလုံး အခိုးရမှာ ဖြစ်ပါတယ်။ တစ်မျိုးဆီ ခွဲပေးသင့်ပါတယ်။

အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ

အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့  တာဝန်ဖြစ်ပါတယ်။

မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံးပြုတဲ့အခါကြရင် မိမိအသုံးပြုတဲ့ Browser ရဲ့ Setting ကိုဝင်ကြည့်ပါ။ History တွေကို Delete လုပ်ပေးပါ။ ပြီးတော့ အသုံးမပြုခင်မှာ ကွန်ပျူတာရဲ့ Password ကို မှတ်သား တဲ့ Locker Keyboard software တွေရှိနေသလားဆိုတာကို Control Panel မှာ ဝင်စစ်ပါ။ အသုံးပြုပြီးတဲ့အခါမှာလည်း clear recent history, clear recent browser ဝင်ပြီး History, save password, Site preference စသည်ဖြင့် အားလုံးကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။

Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။ ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။

ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းကစားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။ ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။

စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသလား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။ အနောက်တိုင်းတွေမှာဆိုရင် သုံးပြီးသား တစ်ပတ်ရစ် ကွန်ပျူတာတွေ မှာ ဆော့ဖ်ဝဲတွေ၊ Application တွေ ထည့်ထည့်ထားပြီး တစ်ဆင့်ဝယ် သူတွေရဲ့  အချက်အလက်တွေကို ခိုးယူတတ်ပါတယ်။

ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်ပါတယ်။

ဒီလောက် သိထားရင် စာဖတ်သူတို့ Account လုံခြုံရေး အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ အမှန်တော့ ဒီထက်နက်နဲစွာ ဖော်ပြသင့်ပေမယ့် အကြမ်းဖျင်းလေး သိလည်း အဆင်ပြေတာမို့ အနှစ်ချုပ်ဖော်ပြ လိုက်ရ ပါတယ်။

Myanmar Express

သမ္မတကြီး၏ Political Reform နှင့် ယနေ့ မြန်မာ့ပညာရေးစနစ်အပေါ် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ အမြင်


သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော ပြည်ထောင်စုအစိုးရ သစ်တက်လာပြီးသည့်နောက်ပိုင်း သမ္မတကြီးအနေဖြင့်ပြည်တွင်း ငြိမ်းချမ်းရေး၊တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအားရှေးရှု၍ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊အခြားသော အင်အားစုများနှင့်လက်တွဲကာ ပွင့်လင်းမြင်သာမှုရှိသောဆောင် ရွက်ချက်များပြုလုပ်ခဲ့ပြီး အဆိုပါ သမ္မတကြီး၏ ဆောင်ရွက်ချက် များအပေါ် ပြည်သူများအပြင် ကမ္ဘာ့နိုင်ငံများမှလည်း ထောက်ခံ ကြိုဆိုကြလျက်ရှိသည့်အတွက် သမ္မတကြီး၏ Political Reform အပေါ် ယခင်နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးဦးခင်ညွှန့်အား Hot News သတင်းထောက်မှ တွေ့ဆုံ၍ အမြင်သုံးသပ်ချက် အချို့အားမေးမြန်းဖြစ်ခဲ့ရာ-

ဘဘအနေနဲ့သမ္မတကြီး ဦးသိန်းစိန်ရဲ့ စိတ်နေသဘော ထားနဲ့ သမ္မတကြီးရဲ့ Political Reform အပေါ်ဘယ်လိုမြင်မိပါ သလဲ။

ဘဘနဲ့သမ္မတကြီးဦးသိန်း စိန်တို့ဆိုတာ နှစ်တွေအကြာကြီး တပ်မတော်မှာလက်တွဲပြီး တာဝန် ထမ်းဆောင်ခဲ့ကြတာလေ ဒီတော့ သမ္မတကြီးရဲ့စိတ်နေစိတ်ထား သ ဘောထားတွေအပေါ် ဘဘအနေ နဲ့သုံးသပ်ရမယ်ဆိုရင် ဘဘမြင် တာတော့ သမ်္မတကြီးဟာ အင် မတန်ကို ရိုးသားပါတယ်။အတော့် ကိုလည်းပွင့်လင်းမှုရှိပါတယ်။ပြီး တော့ သူ့ရဲ့စိတ်ကိုက တိုင်းပြည် ကြီးကို တော်တော့်ကို ဖွံ့ဖြိုးတိုး တက်စေချင်တယ်။ကောင်းစားစေ ချင်တယ်။ဘဘကတော့ အဲ့သလို မြင်တယ်။

သမ္မတကြီးရဲ့မိန့်ခွန်းတွေအ ပေါ်မှာရော ဘဘ အနေနဲ့ဘယ် လိုသုံးသပ်မိပါသလဲ။

သူပြောတဲ့မိန့်ခွန်းတွေကို ဘဘကြားတယ်။ နားလည်းထောင် ဖူးတယ်။ အဲ့ဒီသူ့ရဲ့မိန့်ခွန်းတွေမှာ ဘာတွေ့သလဲဆိုတော့ သူ့ရင်ထဲ စိတ်ထဲကလာတဲ့ စကားတွေကို ပြောတယ်လို့ပဲ ဘဘမြင်တယ်။ သူ့မိန့်ခွန်းတွေကို ကြည့်ခြင်းအား ဖြင့်သူ့အနေနဲ့ ရိုးရိုးသားသားပြော တယ်ဆိုတာ၊မှန်မှန်ကန်ကန်ပွင့် ပွင့်လင်းလင်းပြောတယ်ဆိုတာ အရမ်းကို ထင်ရှားနေပါတယ်။ တိုင်းပြည်အတွက် သူဖြစ်ချင်တာ တွေကို အရိုးသားဆုံးပြောတယ် လို့ပဲ ဘဘက မြင်ပါတယ်။သူ့ကို လည်း ဘဘအနေနဲ့ယုံကြည်ပါ တယ်။

သမ္မတကြီးရဲ့ဆောင်ရွက် ချက်တွေအပေါ် ဘဘအနေနဲ့ဘာ များပြောချင်တာရှိပါသလဲ။

ခုနက သူ့အနေနဲ့မိန့်ခွန်း တွေမှာပြောသလို သူ့အနေနဲ့ပြော တဲ့အတိုင်းဆက်ပြီးတော့ အကောင် အထည်ဖော်သွားဖို့တော့လိုမယ် ပြီးတော့ သမ္မတကြီးနဲ့မိန့်ခွန်းတွေ၊ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တော့အောင်အဆင့်ဌာနဆိုင်ရာ အကုန်လုံးက သမ္မတကြီးပြောတဲ့ အတိုင်းအပြည့်အ၀ပူးပေါင်း အ ကောင်အထည်ဖော်သွားဖို့လိုမယ် တိတိကျကျ ဆောင်ရွက်သွားဖို့ လည်းလိုမယ် အဲ့သလိုလုပ်လို့ တကယ်အကောင်အထည်ပေါ် လာရင် ဘဘတို့ တိုင်းပြည်အရမ်း ကို ကောင်းသွားမယ် အရမ်းတိုး တက်သွားမယ် အဲ့သလိုအကောင် အထည်ဖော်ဖို့အတွက်လည်း သမ္မတကြီးအနေနဲ့လုပ်ဆောင် သွားနိုင်လိမ့်မယ်လို့ ဘဘအနေနဲ့ အပြည့်အ၀ယုံကြည်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့အရေး ကိစ္စတွေထဲကနေ အားနည်းနေ တယ်လို့ ဘဘမြင်တာလေးများ ရှိရင် ပြောပြပေးပါလား။

ဘဘတို့တိုင်းပြည်မှာ သမ္မတကြီးဦးသိန်းစိန်တို့ဦးဆောင်ပြီး တိုင်းပြည်အတွက်လုပ်နေကြပြီ လေ။တစ်ခုပြောချင်တာက ဘဘ တို့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို ဘဘ သိပ်အားမရဘူး။တိုင်းပြည် မှာ ယနေ့ကျင့်သုံးနေတာက ကျောင်းသားဗဟိုပြုသင်ကြားရေး စနစ်မဟုတ်ဘူး။ဆရာဗဟိုပြုသင် ကြားရေးစနစ် ဖြစ်နေတယ်။ဒီ တော့ ကျောင်းသားဗဟိုပြုတဲ့အခါ ကြတော့ ကလေးတွေရဲ့ပညာရေး လျော့ရွဲမှုတွေဖြစ်လာတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမဲ့လာ တယ်။တိုင်းပြည်တစ်ပြာ်အတွက် ပညာရေးစနစ်ကောင်းဖို့အရမ်း အရေးကြီးတယ်။ဒါမှပဲတိုင်းပြည် ကောင်းစားမှာလေ ဒါကြောင့် ဘဘတို့တိုင်းပြည်ရဲ့ပညာရေးစနစ် ကို ဆရာဗဟိုပြုသင်ကြားရေး စနစ်နဲ့သွားလို့မရတော့ဘူး။ကျောင်း သားဗဟိုပြုသင်ကြားရေးနဲ့သွားရ မယ် အဲ့သလိုကျောင်းသားဗဟို ပြုသင်ကြားရေးစနစ်နဲ့သွားတဲ့အခါ မှာလည်းသင်ကြားမယ့်ဆရာ၊ဆ ရာမတွေအနေနဲ့အရည်အချင်း ပြည့်ဝဖို့အရမ်းကိုလိုမယ် သူတို့ အရည်အချင်းရှိမှ သူတို့သင်ကြား ပေးမယ့် ကလေးတွေကလည်း အရည်အချင်းရှိတဲ့ကလေးတွေဖြစ် လာမှာပေါ့ ဘဘ ကတော့ ဒီလို ပဲမြင်တယ်။

ဘဘအနေနဲ့တိုင်းပြည်မှာ တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ တဲ့ပုဂ်္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့အတွက် ဘဘ ရဲ့ဖြတ်သန်းမှု့အတွေ့အကြုံ တွေနဲ့ပတ်သက်ပြီး နောင်လာ နောင်သားတွေလေ့လာနိုင်ဖို့ စာအုပ်တွေရေးသားဖို့ အစီအစဉ် ရောရှိလား။

ဘဘမှာ စာရေးဖို့တော့ အချိန်သိပ်မရှိဘူး။ရေးရင်လည်း ရေးစရာတွေက အများကြီးပဲလေ ခုချိန်မှာတော့ မရေးနိုင်သေးဘူး ခု ဘဘ ဘာသာရေး၊လူမှု့ရေး လုပ်နေတာတွေနဲ့ပဲ ပီတိဖြစ်ကျေ နပ်နေပါပြီ လတ်တလောအနေ အထားအရတော့ စာအုပ်ရေး သားဖို့တော့မရှိသေးပါဘူး။ဘာလို့ ဆိုတော့ အချိန်မပေးနိုင်သေးလို့ ပါ

ဟု ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ယခင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်သည် နေအိမ် အကျယ်ချုပ်မှပြန်လည်လွတ်မြောက် လာပြီးသည့်နောက်ပိုင်းတစ်လျှောက် လုံး ယခုအချိန်ထိလူမှု့ရေးလုပ် ငန်းများ၊ဘာသာရေးအလုပ်များ၊ အလှူအတန်းကိစ္စများနှင့်သစ်ပင် ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းများကို သာ အထူးအလေးပေးဆောင် ရွက်နေလျက်ရှိပြီး ယခင်အတွင်း ရေးမှူး(၁)/နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်များထမ်းဆောင်ခဲ့စဉ်က တည်းက ကလေးငယ်များ၏ ပညာရေးအား အထူးအလေးပေး ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ် သည်နှင့်ညီစွာ ယခုအခါတွင် လည်းနွမ်းပါး၍ ပညာသင်ကြား ရန်မတက်နိုင်သော ကလေးသူငယ် များ၏ ပညာဆက်လက်သင်ကြား နိုင်ရေးအတွက် ရွှေမှော်ဝန်း ပရ ဟိတအသင်း၌ နာယကကြီး အဖြစ် တာဝန်ယူကာ ဆောင် ရွက်ပေးနေလျက်ရှိသည်။

Myanmar Express

မိုဘိုင်းတာဝါတိုင်မှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်မှာ ကျန်းမာရေး ထိခိုက်စေသည်ဟု လူထုက ယူဆသည့်အတွက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါများ တိုးချဲ့ရန် အခက်တွေ့


မိုဘိုင်း တာဝါတိုင်များမှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်သည် ကျန်းမာရေးကို ထိခိုက်သည်ဟု လူထုအနေဖြင့် ယူဆလာသည့်နောက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါတိုင်များ ဆက်လက်တိုးချဲ့တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အခက်တွေ့လာခဲ့သည်ဟု အဆိုပါလုပ်ငန်းဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။

ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ တာဝါတိုင်ပြန်ဖြုတ်ခိုင်းတာမျိုးများလည်း ရှိကြောင်း ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းကွန်ရက်များ ချဲ့ထွင်ရန် စက်ပစ္စည်း အလုံအလောက်ကို လက်ဝယ်၌ ပိုင်ဆိုင်ထားရှိသော်လည်း မြေနေရာ အခက်အခဲကြောင့် တာဝါတိုင်များ တိုးချဲ့တပ်ဆင်ရန် အကန့်အသတ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

“တကယ်ကို ကျန်းမာရေး လိုက်စားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ဆက်သွယ်ရေး တာဝါတိုင်တွေကို သူတို့ရဲ့ ခေါင်မိုး ထိပ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးနဲ့ စင်ကာပူမျာဆိုရင် အထပ်မြင့် အဆောက်အဦတွေရဲ့ အမိုးပေါ်မှာ ဆက်သွယ်ရေး အင်တာနာတွေ တပ်ဆင်ခွင့် ပြုရမည်ဖြစ်တဲ့အကြောင်းကို ဥပဒေနဲ့ အခိုင်အမာ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးထားတာ တွေ့ရတယ်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းပြီး အဆောက်အဦ ခေါင်မိုးတွေပေါ်မှာ မိုဘိုင်းအင်တာနာ တပ်ဆင်ခွင့်ပြုမယ်ဆိုရင် မြို့နေလူထုအနေနဲ့ မိုးဘိုင်းဖုန်းနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ ပြတ်တောက်ခြင်း ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး” ဟု ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားခဲ့သည်။

Myanmar Express

ဦးသိန်းစိန်ရဲ့ “အလှည့်” နဲ့“အပြောင်း”

ပြည်ထောင်စုဝန်ကြီး ၉ ဦး “ပြောင်းလဲ တာဝန်ပေး” တယ်ဆိုတာ တကယ်တော့ သမ္မတဦးသိန်းစိန်ဟာ သူ့ရုံးခန်းထဲမှာရှိတဲ့ အဆင့်ဆင့်သော အံဆွဲတွေကို ဟိုဆင့်ကနေ ဒီအဆင့်၊ ဒီအဆင့်ကနေ ဟိုအဆင့်၊ အဆင့်နေရာပြောင်းတာသာဖြစ်ပါတယ်။

ဒါကြောင့် မူလကပြည်ထောင်စုဝန်ကြီး ၂ ဦးသာရှိတဲ့ သမ္မတရုံးဝန်ကြီးဌာနဟာ ပြည်ထောင်စုဝန်ကြီး ၆ ဦးရှိတဲ့ ဝန်ကြီး ဌာနကြီးဖြစ်လာပါတယ်။ သမ္မတရုံးဝန်ကြီးဌာန ရဲ့လုပ်ငန်းတာဝန်တွေကဘာတွေလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေမေးပေးကြပါဦး။ မပြီးဆုံးသေးတဲ့ “ပြည်ထောင်စုအဆင့်အငြင်းပွားမှုပြဿနာ” နောက်မှာ “ပြည်ထောင်စုဝန်ကြီးဖောင်းပွမှုပြဿနာ” ပါထပ်တက်လာပါပြီ။

ပြန်ကြားရေးဝန်ကြီးက သမဝါယမဝန်ကြီးဌာနကို စီမံကိုင်တွယ်နိုင်သလို၊ အလုပ်သမားဝန်ကြီးကလည်း ပြန်ကြားရေး ဝန်ကြီး ဌာနကိုထိန်းချုပ်ကွပ်ကဲနိုင်ပါတယ်။ ဒါကလည်းကျနော်တို့ဝန်ကြီးများရဲ့ပြိုင်စံမပေါ်တဲ့တတ်ပွန်လိမ်မာမှုတွေလို့ပြောရမှလား။ အထွေထွေ ကျွမ်းကျင်သူတွေလို့ပဲဆိုရမှာလား။ နိုင်ငံတကာကို ခေါင်းမော့ဝင့်ကြွားရမယ်အချက်များလား။

“ခရီးမတွင်တဲ့လူတွေ ကျနော်တို့အစိုးရအဖွဲ့ထဲမှာလည်းရှိပါတယ်၊ လွှတ်တော်ထဲမှာလည်းရှိပါတယ် — လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန်ထားခဲ့ရမှာပဲ” လို့ ဦးသိန်းစိန်က ဗွီအိုအေနဲ့ဗျူးရာမှာပြောခဲ့ဖူးတယ်။ လေးလေးပင်ပင် လုပ်နေသူ တွေ က အစိုးရအဖွဲ့ထဲမှာ “လေးလေးပင်ပင်စာရင်းဝင်” ဘယ်နှယောက်ရှိသလဲ။ဘယ်သူတွေလဲ။

ဦးသိန်းစိန်ဟာ သူပြောသလို တကယ်ပဲ နောက်ချန်ထားခဲ့သလား။

ဒါတွေကိုသိဖို့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဝန်ကြီးတာဝန်အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်ကြည့်ကြရအောင်။

ပြောလုံးကလေးတွေနဲ့စမယ်။ “လေးလေးပင်ပင်လုပ်နေသူတွေ”တဲ့ ဒါကဦးသိန်းစိန်စကား။ သဘောထားတင်းမာသူတွေလို့ သူ့ရဲဘော်တွေကိုပစ်ပစ်ခါခါ မသုံးရှာဘူး။ ဖယ်ရှားပစ်မယ်လို့လည်း ရက်ရက်စက်စက်မပြောဘူး။ “နောက်ချန်ထားခဲ့ရမှာပဲ”တဲ့။ သိပ်ပျော့ ပျောင်းတဲ့သမ္မတကြီး။ စစ်ဗိုလ်ချင်းဝံသာနုတဲ့ စစ်ဗိုလ်သမ္မတကြီး။ အတိုက်အခံတွေလေ့လာအတုယူစရာပေါ့။

“ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲတာဝန်” ပေးတာမှာ ၉ ဦးစလုံး “လေးလေးပင်ပင်စာရင်းဝင်” သမားတွေ ဟုတ် မယ်မထင်ပါဘူး။

အဲဒီအထဲမှာ မြို့မေတ္တာခံယူမယ့်သား ဦးကျော်ဆန်း တစ်ယောက်ကိုတော့အထင်းသားမြင်သည်လို့ ဆိုရမှာပဲ။ သူဟာ အစိုးရ ပြောရေးဆိုခွင့်ရအာဏာပိုင်၊ ဝန်ကြီးဌာန ၂ ခုကိုကိုင်ထားသူဖြစ်ပါတယ်။ အခုတော့သူ့ကို သမဝါယမဝန်ကြီးဌာနသို့ “ပြောင်းလဲ” ပေး လိုက်တယ်။ အစိုးရအဖွဲ့ တန်းစီဇယားအမှတ်စဉ်အရ ဆိုရင် သူဟာယခင်က အမှတ်စဉ်(၈)။ အခုတော့ အမှတ်စဉ်(၁၈)နေရာ ရောက်သွားတယ်။ အစိုးရအဖွဲ့ တန်းစီဇယားအရဆိုရင် “အောက်ရောက်သွားတယ်”လို့ သုံးသပ်ရမှာလား။ “ကျ”သွားတယ်လို့ပြောရမလား။ မီဒီယာ သမားတွေအတွက်တော့ “အဘကျော်”ရန်က လွတ်ပြီလို့ဆိုရမလား။ “အဘကျော်”ကို နေရာရွှေ့ပြီး မီဒီယာသမားတွေကို ကျောသပ်ချွေး သိပ်လိုက်တာများလား။ ဒါမှမဟုတ်နောက်လာတဲ့ “အဘကြည်”က သွားလေသူ “အဘကျော်” ထက်ကဲနေမလား။ တခြားကွဲပြားမှုတော့ မသိပါဘူး။ “အဘကျော်”နဲ့ မတူတာတော့ “အဘကြည်”က “အမေစု” နဲ့ စိမ်းလဲ့ကန်သာမှာ အကြိမ်ကြိမ်ထိတွေဆက်ဆံဖူးသူဖြစ်တယ်။ မေးဖို့လိုတာတော့ ဦးကျော်ဆန်းဟာ အစိုးရပြောရေးဆိုခွင့်အာဏာပိုင် တာဝန်ကနေရောပြောင်းလဲလိုက်ပြီလား။ အရင် တိုင်း ပဲလား။ ဦးအောင်ကြည်။ သူလည်း ဝန်ကြီးဌာန ၂ ခုကိုင်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်ဆံရတဲ့ စိမ်းလဲ့ကန်သာ“ဆက်ဆံရေးဝန်ကြီး”လည်းဖြစ်တယ်။ (နအဖ) စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ (၉) ကြိမ်တွေ့ဆုံခဲ့ ဖူးပြီး ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလက်ထက်မှာ (၄) ကြိမ် ထိတွေ့ဆက်ဆံဖူးတယ်။ သူဟာ အစိုးရအဖွဲ့တန်းစီဇယားအမှတ်စဉ်အရဆိုရင် ယခင်ကအမှတ်စဉ်(၁၆) ကနေ ယခုအမှတ်စဉ် (၈)ဦးကျော်ဆန်းနေရာကို ရောက်လာတာဖြစ်တယ်။ဒါကြောင့်“အထက်တက်သွားတယ်” လို့သုံးသပ်ရမှာလား။ ဦးသိန်းစိန်စကားနဲ့ဆိုရင် ဦးကျော်ဆန်းကို “နောက်ချန်ထားခဲ့”တာမဟုတ်ဘဲ။ “နောက်ကိုပို့လိုက်တာ” လို့ ပြောရ မယ်ထင်ပါတယ်။ ဦးအောင်ကြည်ကိုရော စိမ်းလဲ့ကန်သာ “ဆက်ဆံရေးဝန်ကြီး” တာဝန်ကနေ အနားပေးလိုက်ပြီလား။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကနေ ဇူလိုင် ၁ ရက်နေ့အတွင်း “ကျန်းမာရေးအကြောင်းပြပြီး နှုတ်ထွက်ကြသူ” ၆ ဦးရှိပါတယ်။ နုတ်ထွက်ကြသူတွေထဲမှာ ဒုတိယသမ္မတ (၁) ဦး၊ ပြည်ထောင်စုဝန်ကြီး (၁)ဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် (၁) ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (၁) ဦး နဲ့ ဒုတိယဝန်ကြီး (၂) ဦး တို့ပါဝင်ပါတယ်။ သူတို့ဟာ ထုတ်ပယ်ခံရသူတွေမဟုတ်ပါဘူး။ သူတို့ ဟာ ဦးသိန်းစိန်ရဲ့“လေးလေးပင်ပင်စာရင်းဝင်”တွေလား။

နေမြဲအတိုင်းအပြောင်းအလဲ မရှိ၊ ထူးခြားသူတစ်ဦးတော့ရှိပါတယ်။ သူက ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းဖြစ်ပါတယ်။ သူဟာ ဧရာဝတီမြစ်ဆုံအရေးမှာ “ကျွန်တော်တို့ဘယ်တော့မှနောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့နောက်ဆုတ်မှာလားလို့မေးခွန်းတစ်ခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ဆက်လုပ်မှာဖြစ်ပါတယ်” ဆိုပြီး ကြမ်းခဲ့ ရမ်းခဲ့သူပါ။ သူဟာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် နေမြဲပါပဲ။ ဦးသိန်းစိန်ရဲ့“လေးလေးပင်ပင်စာရင်း”ထဲ ဦးဇော်မင်း မပါဘူးလား။

သမ္မတဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ထဲမှာပါတဲ့ (ကာလုံ)အဖွဲ့ဝင်တွေကိုတော့ အခုလို “ပြောင်းလဲတာဝန်ပေး”လို့မရနိုင်ပါဘူး။ အစိုးရအဖွဲ့ထဲက(ကာလုံ)အဖွဲ့ဝင်တွေဆိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီကနေ စာရင်းပေးလို့ခန့်ထားရသူတွေမဟုတ်လား။ ဦးသိန်းစိန်ရဲ့ “လေးလေးပင်ပင်စာရင်း”ထဲ (ကာလုံ)အဖွဲ့ဝင်တွေ မပါနိုင်ဘူးလား။ ပါဝင်နေတယ်ဆိုရင် ဦးသိန်းစိန် ဘယ်လိုများ ပြောင်းလဲ မှာပါလိမ့်။

ဦးသိန်းစိန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ လှည့်စရာ ပြောင်းစရာတွေ အများကြီးရှိပါတယ်။ ဦးသိန်းစိန်ရဲ့ “အလှည့်”၊ “အပြောင်း” မှာ နစ်ပြီး မျောမသွားကြဖို့သတိပေးချင်ပါတယ်။

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု

မြန်မာအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ်လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မယ်လို့ မြင်ကြတာပါ။ ၀န်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့ဆက်တိုးပြီး လုပ်နိုင်တော့မယ့် အလားအလာအဖြစ် လေ့လာသူတွေက မြင်ကြပါတယ်။

အပြောင်းအလဲတွေထဲမှာ အထင်ရှားဆုံးတခုကတော့ သဘောထားတင်းမာသူအဖြစ် အများကမြင်ကြ တဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြောင်းရွှေ့လိုက်တာပါပဲ။ သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်သူက တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအောင်ကြည်ပါ။

အခုအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အရင် စစ်ကောင်စီထံ ကနေ သမ္မတဦးသိန်းစိန် အစိုးရ အာဏာလွှဲပြောင်းယူခဲ့ကတည်းကဆိုရင် အကြီးမားဆုံးလို့ဆိုရမှာပါ။ အဲဒီအချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးတွေ ကို အရှိန်အဟုန်နဲ့ ဆက်တိုက်လိုလုပ်ခဲ့တာကြောင့် တကမ္ဘာလုံးက အံ့အားသင့်ခဲ့ရသလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနောက်နိုင်ငံတွေက ရုပ်သိမ်း ဆိုင်းငံ့ပေးခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို အထူးသဖြင့် ဒီ အစိုးရအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာမရှိပါဘူး လို့ မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီ ယေဂင် (Larry Jagan) က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြန်နိုင်သမျှမြန်မြန် အတော်လေး အပြင်းအထန်လုပ်ဖို့ သူဟာ သိပ်ကို စိတ်အား ထက်သန်နေပါတယ်။ ဒါပေမဲ့လည်း အရည်အချင်းမရှိတာ၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ၀န်ကြီးတွေမရှိတာ၊ အရည်အချင်း ပြည့်ဝတဲ့ အရပ်ဘက်ဝန်ထမ်းတွေမရှိတာတွေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ သဘောထား တင်းမာ သူတွေကြောင့် သူ့ရဲ့ လုပ်ငန်းတွေ အဟန့်အတားဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ ရှေ့ဆက်သွားနိုင်တဲ့ အနေအထား မှာ ရောက်နေပြီလို့ ကျနော်ထင်တယ်။ ရှေ့ဆက် မြင်ရလိမ့်မယ်လို့ ကျနော်ထင်တာကတော့ အစိုးရ အဖွဲ့ထဲမှာ မျက်နှာသစ်တွေ အများကြီး ပါလာမယ်၊ ဒုတိယ၀န်ကြီးတွေလိုမျိုး နည်းနည်း နိမ့်တဲ့နေရာတွေမှာပေါ့၊ အဲဒီလူတွေဟာ အသိပညာရှင် အတတ် ပညာရှင်တွေ၊ စီးပွားရေးသမားတွေဖြစ်ပါလိမ့်မယ်။”

တနင်္လာနဲ့အင်္ဂါနေ့တွေက အပြောင်းအလဲတွေမှာ ၀န်ကြီးကိုးဦးကို ၀န်ကြီးဌာန ပြောင်းရွှေ့ ခန့်ထား တာ၊ ဒုတိယ၀န်ကြီး ၁၅ ဦး ခန့်အပ်တာ၊ ၀န်ကြီးနှစ်ဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ကို ရာထူး ကနုတ်ထွက်ခွင့်ပြုတာတွေပါဝင်ပါတယ်။ အခု ၀န်ကြီးအပြောင်းအလဲတွေအပေါ် အကောင်းမြင်ကြ သူများပေမဲ့လည်း သမ္မတကိုသာ ယုံကြည်ကိုးစားပြီး ၀န်ကြီးတွေ အပေါ် သိပ်ကြီးမျှော်လင့်ချက် မထားသူမျိုးလည်းရှိပါတယ်။

“သိပ်ပြီး မျှော်လင့်ချက်ကြီးရယ်လို့လည်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကတော့ ကိုယ့်အပေါ် ကို ကောင်းအောင် လုပ်ပေးမှာပဲလေ။ နိုင်ငံတော် သမ္မတကိုတော့ မျှော်လင့်တာပေါ့။ ဒီဝန်ကြီးတွေ အနေနဲ့တော့ ပြောသလောက်ကြီး မျှော်လင့်ချက် မထားပါဘူး။”

ရန်ကုန်မြို့ခံတဦးပါ။

ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ဂီတနယ်ပယ်တွေကို ကြိကြပ်တဲ့အပြင် ပြည်ပ သတင်းထောက်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို စိစစ်ခွင့်ပြုတဲ့ အလုပ်ကို လည်း လုပ်ပါတယ်။ နောက် ရန်ကုန်မြို့ခံတဦး ကတော့ သမ္မတရဲ့ အခုလုပ်ရပ်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသလို အခု ပြောင်းရွှေ့ ခန့်ထားလိုက်တဲ့ ၀န်ကြီးတွေအပေါ် မျှော်လင့်ချက် ထားသူလည်းဖြစ် ပါတယ်။

“ကျနော့်အမြင်ကတော့ လူမှန် နေရာမှန်တွေလို့ မြင်လိုက်တယ်။ ဦးကျော်ဆန်းနေရာကိုဝင်သွားတဲ့ ဦးအောင်ကြည်ကို ပိုစိတ်ဝင်စားတယ်ပေါ့နော်။ ဦးအောင်ကြည်အနေနဲ့ကတော့ flexible ဖြစ်အောင် လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်လိုက်တယ်။ အခု နေရာပြောင်းလဲတဲ့ ဝန်ကြီးတွေပေါ့နော်-မဆိုးပါဘူး။ အားလုံး တော်တယ်၊ ကောင်းတယ်လို့ ကျနော်တော့ မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သမ္မတကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ပဲ ကျေးဇူးတင်လိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီဝန်ကြီးတွေက တိုင်းပြည်အတွက် အလွန် အရေးကြီးပါတယ်။ တိုင်းပြည် အတွက် ဆိုတာထက် ပြည်သူအတွက်လို့ ကျနော်တို့က ပိုပြီး ပြောချင်ပါတယ်။

အရေးကြီးတာ ပြည်သူ့ အတွက်ပါပဲ။ အဲဒီအတွက်တော့ ကျနော် တိုတိုနဲ့လိုရင် ပြောလိုက်မယ်ပေါ့- အခုလုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတကြီးကို ကျနော်တို့က ဝမ်းမြောက် ဝမ်းသာ ထောက်လည်း ထောက် ခံ လိုက်ပါတယ်။ ကြိုလည်း ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးတွေကိုလည်း ထို့အတူပဲ- ကြိုဆိုပါ တယ်။ ထောက်လည်း ထောက်ခံပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့- ဒီတာဝန်ယူ လိုက်တဲ့ ဝန်ကြီးတွေက ပြည်သူအတွက် တကယ်ပဲ လေးလေးနက်နက် အလုပ် လုပ်ပေးကြပါလို့- ဒါလေးပဲ ပြောချင်ပါတယ်။”

ဝန်ကြီးနေရာ အပြောင်းအလဲတွေဟာ မပြီးဆုံးသေးဘဲ နောက်ထပ် လာလိမ့်ဦးမယ်လို့ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ခြေလှမ်း မှန်မှန်နဲ့ မြန်မြန် ဆက်လုပ်နိုင်ရင်ဖြင့် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်နေခဲ့တဲ့ အခြေအနေ ကနေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် နိုင်ငံ တခု ဖြစ်လာလိမ့်မယ်လို့ အများက ယုံကြည် မျှော်လင့်ထားကြပါတယ်ခင်ဗျား။

Tuesday, August 28, 2012

ပြည်သူ့စစ်များ၏ ထူးချွန်မှူကြောင့် ၅ ထောင်တန် အတု ၃၁၇၈ ရွက် ဖမ်းမိ

ပြည်သူ့စစ်များ၏ ထူးချွန်မှုကြောင့် မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင် ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူနန်းနု နှင့် ကျပ်ငါးထောင်တန်အတုများ “ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။ အသက်က ၄၀ ကျော်ကျော်လောက်ရှိတယ်” ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး ကပြောသည်။

အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။

“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။ ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊ ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။

ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊ စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။

နန်းနု၏ (ထိုင်းနိုင်ငံ) တောင်ပေါ်သားမှတ်ပုံတင်ကတ်ပြား အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင်မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပံျ့လာခြင်း ရှိနေသည်ဟု ငွေရှင်များက သုံးသပ်ပြောဆိုသည်။နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။



ငွေတု နန်းနု (ခ) နန်းပေါ့တ် ဟာ နားကုန်းကျေးရွာ၊ လန်းခရူးယားကျေးရွာအုပ်စု၊ ရှမ်းပြည်တောင်ပိုင်း ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်မှာ အခြေချနေထိုင်နေတာ နှစ် 20 ကျော်ရှိပြီဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း သတင်းရရှိသည်။

Myanmar Express

ပြည်ပရောက် ဒီမိုလုပ်စား နာမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးကို ပယ်ဖျက်ပြီး


နိုင်ငံတော် အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင် လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများကိုလည်း အလေးထား အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ယခင်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင် ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများအပါအဝင် အချို့အား အကြောင်း အမျိုးမျိုး ကြောင့် အမည်မည်း စာရင်း (Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထားရှိခဲ့ သော်လည်း ယခုအခါ ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ပေး မှုများ ဆောင်ရွက် ပေးလျက် ရှိသည်။

ယခင် သတ်မှတ်ထားသည့် အမည်မည်း စာရင်းဝင် စုစုပေါင်း (၆၁၆၅)ဦး ရှိသည့် အနက် ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း (၂ဝ၈၂)ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်၍ ဖြေလျော့ပေး လိုက်ကြောင်းနှင့် အမည်မည်း စာရင်းမှပယ်ဖျက် ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက် ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Express

ဒုတိယ သမ္မတ မှ ဒုတိယ ဝန်ကြီးထိ ရာထူးပြောင်းလဲခြင်း၊ အသစ်ခန့်ခြင်းများ ရှိခဲ့သော်လည်း ဒုတိယ ဘုရားသခင် တစ်နေရာမှ မရ


နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး (၉) ဦးနှင့် ဒုတိယ၀န်ကြီး (၁၅) ဦးတာဝန်ပေး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ရာ ဒုဝန်ကြီး (၁၅) ဦးထဲတွင် အရပ်သား ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဒုတိယ ဘုရား သခင်ကဲ့သလို့ ထူးချွန်သည့် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခန့်အပ်ခြင်း မခံရကြောင်း သတင်းရရှိသည်။ ထိုသတင်းကို ကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖျားချင်သလိုလိုဖြစ်နေပြီး ညနေစာ လုံးဝ မစားတော့ကြောင်း သိရသည်။

ထို့ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာအခွန်ဝန်ကြီးဋ္ဌာန၊ ကျန်းမာရေး ၀န်ကြီးဋ္ဌာန တို့တွင်လည်း ဒေါက်တာဘွဲ့ရ ပညာရှင်များအား ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ် လိုက်သည်ကိုတွေ့ရသည်။

ကွန်ပျူတာ လုပ်ငန်းရှင် ဦးသောင်းတင်မှာ ဆက်သွယ်ရေး ဒုဝန်ကြီး အဖြစ်၎င်း၊ စီးပွားရေးပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီ၊ နိုင်ငံသမ္မတ စီးပွားရေး အကြံပေး ဦးဆက်အောင်တို့မှာ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီးအဖြစ်၎င်း အသီးသီးပါဝင် လာသည်ကို တွေ့ရသည်။

ယခင် စစ်အစိုးရလက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးမှာ တပ်မတော်အရာရှိကြီးများ ဖြစ်ခဲ့ကြရာမှ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဖြင့် အာဏာရလာသည့် ဦးသိန်းစိန် အစိုးရသစ်လက်ထက်၌ ပြည်ထောင်စု ၀န်ကြီးတာဝန်ပေးအပ်ရာတွင် အရပ်သားများပါဝင်လာခဲ့သည်။

ထို့နောက် တနှစ်ကျော်အကြာတွင် ယခုကဲ့သို့ ဒုဝန်ကြီး များ ခန့်အပ်တာဝန်ပေးအပ်ရာ၌ သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူ ပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်လာခြင်းဖြစ်သည်။

သို့သော် ၀န်ကြီးဋ္ဌာန အချို့၏ ပြည်ထောင်စု ၀န်ကြီးများ ရွှေ့ပြောင်းတာဝန်ပေးအပ်ခြင်းသာ ပါဝင်၍ ၎င်းတို့ရွှေ့ပြောင်းသွားသည့် နေရာများတွင် တာဝန်ပေးအပ်ခြင်း ခံရသူအချို့အား ကြေညာရန် ကျန်ရှိနေသေးသည်ကို တွေ့ရသေးသဖြင့် ဒုတိယ ဘုရားသခင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒုတိယ ဝန်ကြီး တစ်နေရာတော့ မှန်းလို့ ရသေးသည်။ ဥပမာအားဖြင့် ရထားပို့ဆောင်ရေး ၀န်ကြီးဋ္ဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဋ္ဌာန တို့တွင် လစ်လပ်သွားသည့် ၀န်ကြီးနေရာတွင် မည်သူ့အား တာဝန်ပေးအပ်မည်ကို ကြေညာခြင်း မပြုသေးပေ။



ယခုလက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ ၀င်များစာရင်းမှာ

နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်
ဒုတိယသမ္မတ - ဦးညဏ်ထွန်း
ဒုတိယသမ္မတ - ဒေါက်တာစိုးမောက်ခမ်း(ခ)မောင်အုန်း
ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချူပ်လှမင်း
ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယဗိုလ်ချူပ်ကြီးကိုကို
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်စက်မှုဖွံ့ဖြိုးရေး ၀န်ကြီး - ဗိုလ်ချူပ်သိန်းဋ္ဌေး
နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး- (လစ်လပ်)
ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး- (လစ်လပ်)
လယ်ရာစိုးပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး - ဦးမြင့်လှိုင်
သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - (လစ်လပ်)
ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်မြင့်
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး- (လစ်လပ်)
မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်
ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- (လစ်လပ်)
သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီး - ဦးသိန်းထောက်
သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း
ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- (လစ်လပ်)
အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း
စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - (လစ်လပ်)
စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးဇော်မင်း
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး
ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး
ကျမ်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်
သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - (လစ်လပ်)
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး-ဦးစိုးသိန်း
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်မင်း
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး- ဦးလှထွန်း
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး- ဦးတင်နိုင်သိန်း
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းညွန့်
သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး - ဦးစိုးမောင်
ပြည်ထောင်စုရှေ့နေချူပ် - ဒေါက်တာထွန်းရှင်


Myanmar Express

Monday, August 27, 2012

မြောင်းမြ၊ ဂန့်ဂေါ်ပြီးတော့ ကော့ကရိတ် NLD ပါတီဝင်တွေ နှုတ်ထွက်ကြ


၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် ကိုယ်စား လှယ် (၄၄)နေရာ ရရှိသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းအပြင် ပြည်သူ့လွှတ်တော်တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဌ ဖြစ်သွားသောအခါ ပါတီအနေဖြင့် နိုင်ငံရေးစင်မြင့် တွင် အတိုင်းအတာ တစ်ခုအထိ နေရာရှိလာပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုအသက်အရွယ် (၆၇)နှစ်တွင် မြန်မာ့နိုင်ငံရေးလောကတွင် နေရာတစ်ခုရရှိလာသောအခါ အတိုင်းအတာ တစ်ခု အထိ ကျေနပ်သွားဟန်တူပါသည်။ ဆန့်ကျင်ဖက်အသွင်ဆောင်သော အပြုအမှု(Confrontation) လုပ်ဆောင်မှုကို လက်ရှိအစိုးရအပေါ် မရှိတော့ကြောင်း တွေ့ရှိလာရပါသည်။

ပါတီဌာနချုပ်တွင်လည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးများဆောင်ရွက်လာပြီး အသက်အရွယ်ကြီးရင့်သူများကို ပါတီ နာယက အဖြစ်တာဝန်ပေးကာ လွှတ်တော်ကိုယ်စားလှယ် ပါတီဝင်များကို နေရာပေးလာမှု များရှိလာ ပါသည်။ဟိုးယခင် (၁၉၈၈)ခုနှစ်ကတည်းက NLD ပါတီအကျိုးကို ရှေ့တန်းတင်လုပ်ဆောင်လာပြီး 2012 ခုနှစ် နောက်ပိုင်းနေရာမရလာသောပါတီဝင်များနှင့် နေရာရသော ပါတီဝင်များကြား သဘောထား ကွဲလွဲမှုများ ရှိလာပါသည်။

ပါတီတွင်း အာဏာရှင်ဆန်ဆန်ပြုမူလာခြင်း

တိုင်း/ပြည်နယ်အဆင့် NLD ပါတီကော်မတီဝင်များသည် လွှတ်တော်ကိုယ်စားလှယ်မဖြစ်သောလည်း တိုင်းအဆင့် ပြည်နယ်အဆင့်များတွင် နေရာရရှိလာခြင်း။ ပါတီသည်လည်း နိုင်ငံတော်မှ အသိအမှတ်ပြုလာပြီး တရားဝင် နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်လှမ်းလာသောအခါ အာဏာခုံမင်မှုများဖြစ်ပေါ်လာပြီး ၊ အာဏာမက် မော တွယ်တာမှုများရှိလာကာ အာဏာရှင်ဆန်ဆန် ပြောဆိုခိုင်းစေမှုများကြောင့် မြို့နယ် အောက်ခြေ အဆင့်ပါတီဝင်များနှင့် သဘောထားတင်းမာလာပါသည်။ “လက်ညှိုးညွှန် ခိုင်းစေသည့် အတိုင်း လုပ်၊ စောဒက မတက်နှင့်၊ ရဲရဲသာလုပ်၊ မင်းတို့နောက်မှ ငါ့ရှိတယ်။ ငါ့နောက်မှ NLD (ဗဟို)ဥက္ကဌနှင့် အတွင်းရေးမှူးရှိတယ်။ မကြောက်နဲ့ ” စသည့်ဖြင့် ပြောဆိုမှုများအပြင် အာဏာလက်ကိုင်မရသေးသော်လည်း အခွင့်အာဏာကို အစွမ်းကုန်အသုံးချလွန်မှုများကြောင့် အောက်ခြေပါတီဝင်များနှင့် အခြေအတင်အငြင်းပွား မှုများ ဖြစ်ပေါ်လာပါသည်။

အများထင်ထားသည့် NLD ခေါင်းဆောင်ဆိုသည်မှာ

NLDခေါင်းဆောင်ဆိုသည်အီာ သဘောထားကြီးခြင်း၊ အဖွဲ့အစည်းတိုးတက်ရာ တိုးတက်ကြောင်း ကို ရှေ့ရှု့ခြင်း၊ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခြင်း၊ပွင့်လင်းရိုးသားခြင်း ထင်သာမြင်သာရှိခြင်း၊ အပြန်အလှန်တန်းတူရှိခြင်း၊ နိုင်ငံရေးကို အခြေပြု၍ မိမိ တစ်ကိုယ်ရေ ကျော်ကြားခြင်းအပြင် စီးပွားရေးအမြင့် ကိုယ်ကျိုးစီးပွားကိုရှေ့တန်းမတင်ခြင်း။ ပါတီဝင်ထုနှင့် ပြည်သူလူထုအား တစ်လေးတစ်စား ထောက်ရှု့ခြင်း၊ စည်းမျဉ်း စည်းကမ်းများကို လိုတစ်မျိုး မလိုတစ်မျိုး ဖေါက်ဖျက်ကျုးလွန်ခြင်းကို လွဲမှားစွာ အကာအကွယ် မေးပခြင်း၊ အဖွဲ့ချုပ် အပေါ် သစ္စာမမဲ့ခြင်း၊ သတင်းတပ်ဖွဲ့၊ အာဏာပိုင်များနှင့် ပေါင်းကာ ပါတီအတွင်း မိမိမကြိုက်နှစ်သက်သော အစုအဖွဲ့များကို ဖြိုခွဲရန် မကြိုးစားခြင်း စသည့် အချက်အလတ်ဂုဏ်ပုဒ်များနှင့်ပြည်စုံ သည် ဟု မှတ်ယူထားသောလည်း တစ်စ တစ်စ ပြိုကွဲလာသော အာဏာပြလာသော ဗဟို ဦးစီးစနစ် ချုပ်ကိုင်မှု လွန်ကဲသော NLD ဗဟို ကော်မတီဝင်များနှင့် တိုင်း/ပြည်နယ် NLD ကော်မတီဝင်များကြောင့် အောက်ခြေမြို့နယ် NLD ပါတီ များနှုတ်ထွက်မှုများရှိလာပြီး ကျန်ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ NLD ပါတီဝင်များကို ၄င်းတို့နည်းတူနှုတ်ထွက်လာစေရေးလှုံဆော်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မြောင်းမြ၊ ဂန့်ဂေါ်မြို့နယ် NLD ပါတီဝင်များပြီးနောက် ဆက်လက်နှုတ်ထွက်မည့် ကော့ကရိတ်မြို့နယ်၊ ခရိုင်အတွင်းမှ NLD ပါတီ ၀င်များမှာ-

(၁) မြို့နယ် NLD ပါတီ နာယက ဦးစိုးပန်းညွှန့် (ခရိုင် NLD ပါတီကော်မတီဝင်)
(၂) မြို့နယ် NLD ပါတီနာယက ဦးစောမြင့်
(၃) ဦးစိန်ထွန်း ကော့ကရိတ်မြို့နယ် NLD ပါတီ ဥက္ကဌ
(၄) ဦးမိုးနိုင် ကော့ကရိတ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ
(၅) ဦးမျိုးတင်အောင် အတွင်းရေးမှူး
(၆) ဦးသန့်စင်အောင် တွဲဖက်အတွင်းရေးမှူး
(၇) ဦးမန်းထွန်းဝေ ဘဏ္ဍာရေးမှူး
(၈) ဦင်္းအောင်မြင့်ဦး သတင်းနှင့်ပြန်ကြားရေး
(၉) ဦးစန်းအောင် အလုပ်အမှုဆောင်
(၁၀) ဦးဇေယျာထွန်း ။
(၁၁) ဦးအောင်အောင် ။
(၁၂) ဦးထွန်းနိုင် ။
(၁၃) ဦးလှမြင့် ။
(၁၄) ဒေါ်ခိုင်ချယ်ရီမော် ။
(၁၅) ဒေါ်ခင်မိမိခိုင် ။ တို့ဖြစ်ကြပါသည်။

၎င်းတို့သည် နှုတ်ထွက်စာတင်သွင်းခြင်းကို ဗဟိုသို့ ပေးပို့ပြီးဖြစ်၍ ဗဟိုတွင်လည်း ဒေါ်အောင်ဆန်းစုကြည် မှ (၂၄-၈-၁၂)ရက်နေ့တွင်ပြည်သူ့လွှတ်တော်မှ ခွင့်ယူကာ ရန်ကုန်မြို့သို့ပြန်လာပြီး အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို နေ့ခြင်း ကျင်းပနေကြောင်း သိရှိရပါသည်။

ယခင် နှုတ်ထွက်သွားသူများ၏ ဖွင့်ချ ပြောဆိုမှုများကို ဒီနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

Myanmar Express