/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 13, 2014

.

ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်လာရောက်မည့် ကုလကိုယ်စားလှယ် ကင်တားနားအား ဆန္ဒပြကြမည်ဟုဆို


1185455_440067289440212_1622204031_n

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား သည် သူ၏ ခြောက်နှစ်ကြာ တာဝန် မပြီးဆုံးမီ တရားဝင် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာ နိုင်ငံကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာရုံးက ဖေဖော်ဝါရီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။ ၎င်း သတင်းထုတ်ပြန် ပြီးနောက် ကင်တားနားမြန်မာပြည်သို့ ရောက် လာပါက ဆန္ဒပြရန် စီစဉ်နေသည်ဟု မြန်မာ့အမျိုးသားရေးတက်ကြွသူများက ဆိုသည်။


ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေများကို အကဲဖြတ်ရန်နှင့် သူ၏ ယခင်က အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ နောက်ဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။သူ၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ၏ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် များအပြင် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်း ကြေးနီစီမံကိန်း နှင့် ရန်ကုန်အနီးရှိ သီလဝါ ရေနက်ဆိပ်ကမ်းတို့ကို သွားရောက်ရန် စီစဉ်ထားသည်။ 

ကင်တားနားသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က မိတ္ထီလာသို့လာရောက်ဖူးပြီး ဒေသခံ တစ်ထောင်ကျော်၏ ဆန္ဒပြခြင်းကို ခံခဲ့ရသည်။ အဆိုပါဆန္ဒပြမှုမှာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏ ဘင်္ဂါလီများအား အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်မှုပြုကာ တဖက်သတ် အစီရင် ခံစာများတင်၍ ရာထူးနှင့် တာဝန်အား အလွဲသုံးစားပြုသောကြောင့်ဟု ဆိုသည်။

ယခုလာရောက်မည့် ခရီးစဉ်အတွင်းတွင်လည်း အထူး ဆောင်ရွက်ရမည့် ရာထူးနှင့် တာဝန်အား အလွဲ သုံးစားပြု၍ ကမ္ဘာ့အဖွဲ့အစည်းအား သိက္ခာမဲ့စေသော ကင်တားနားအား ပြတ်ပြတ်သားသား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ဆန္ဒပြကြမည်ဟု သိရသည်။

ကင်တားနား၏ မြန်မာပြည်ခရီးစဉ်သည် ဖေဖော်ဝါရီ ၁၄ရက်မှ ၁၉ရက်ထိ ကြာမြင့်မည်ဖြစ်ကာ ဖေဖော်ဝါရီလ ၁၉ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။ 

2 comments:

  1. အဲဒီခွေးသားကြီးလာပြန်ပြီလား ဒို့ မြန်မာပြည်သူတွေဗုံးခွဲတဲ့ကောင်တွေဘယ်ရောက်သွားကြလဲ မင်းတို့ပါပါကြီးလာတော့မယ်

    ReplyDelete
  2. ကုလကိုယ်စားလှယ်မဟုတ်ပါဘူးကုလားကိုယ်စားလှယ်ပါ။:-/

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။