/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 19, 2013

.

ကမ္ဘာ့ငွေကြေး အဖွဲ့အစည်းမှ ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဆုနှစ်ဆု ကမ္ဘောဇဘဏ် ရရှိ၊ ဆုပေးရသည့် အချက်များထဲတွင် အခွန်အများဆုံး ပေးဆောင်ထားသည့် အချက်ပါဝင်

ကမ္ဘာ့ငွေကြေး အဖွဲ့အစည်း World Finance မှ ကမ္ဘောဇဘဏ် လီမိတက်အား ဘဏ်လုပ်ငန်းဆိုင်ရာ ဆုနှစ်ဆုကို ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


ကမ္ဘောဇဘဏ် လီမိတက်အား ဆုပေးရသည့် အချက်များထဲတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အခွန်အ များ ဆုံး ပေးဆောင်ထားသည့် အချက်ကိုလည်း ထည့်သွင်းတွက်ချက် ဆုပေးခဲ့ခြင်းဟုလည်း World Finance ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

လန်ဒန်အခြေစိုက် World Finance အဖွဲ့အစည်းမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက်အား Best Commercial Bank in Myanmar (2013) ဆုနှင့် Best Banking Group in Myanmar (2013) ဆုတို့ကို ချီးမြှင့်လိုက်ကြောင်း ဖော်ပြထား သည်။

Best Commercial Bank in Myanmar (2013) ဆုကို ချီးမြှင့်ရသည့် အချက်များမှာ ကမ္ဘောဇဘဏ် လီမိ တက်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်နိုင် မှူ ၊ ကျင့်ဝတ်ကောင်းမွန်မှုနှင့် လူမှုအကျိုးပြုဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့တွင် သာလွန်ခြင်း တို့ကြောင့် ရွေး ချယ်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Best Banking Group in Myanmar (2013) ဆုကို ချီးမြှင့်ရသည့် အချက်များအား ထုတ်ပြန်ရာတွင် ကမ္ဘောဇ ဘဏ် လီမိတက်သည် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲပေါင်း ၁၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ် ဖွဲ့စည်းနိုင်ခြင်း၊ ပြည်သူများ၏ အပ်နှံငွေ ပမာဏ အများဆုံး ရရှိခြင်းတို့အပြင် နိုင်ငံတကာ ဘဏ်လုပ်ငန်း တွင် အအောင်မြင်ဆုံးနှင့် အမြင့်မားဆုံး ၀န်ဆောင်မှု ပေးနိုင်ခြင်း၊ တစ်နိုင်ငံလုံးတွင် အခွန်ငွေ အမြင့်မား ဆုံး ပေးဆောင်သော အဖွဲ့အစည်းဖြစ်ခြင်း စသည့် အချက်များကြောင့် ချီးမြှင့်ရခြင်းဟု ထုတ်ပြန်ထား သည်။

World Finance အဖွဲ့အစည်းသည် ကမ္ဘောဇဘဏ် လီမိတက်အပြင် ကမ္ဘောဇဘဏ် အုပ်စုကုမ္ပဏီ လီမိ တက်ကိုလည်း ၂၀၁၃ ခုနှစ် မတ်လအတွင်းက Best Corporate Governance in Myanmar (2013) ဆုကို ရွေးချယ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ကမ္ဘောဇဘဏ် လီမိတက် အနေဖြင့် ၂၀၁၂ -၂၀၁၃ စည်းကြပ်နှစ်တွင် မြန်မာနိုင်ငံ၏ ၀င်ငွေခွန် အများဆုံး ပေးဆောင်သူ ဖြစ်လာခဲ့ပြီး ယခုလက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက်ပင် ကျပ် ၁၇ ဘီလျံကျော် အား ကြိုတင်ခွန် အဖြစ်ပင် ထပ်မံပေးဆောင်ထားပြီး ဖြစ်ကြောင်း အခွန်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင်လည်း ကမ္ဘောဇဘဏ် လီမိတက်က ကျပ် ၁၀ ဒသမ ၈၂၇ ဘီလျံကျော် ပေးဆောင်ထားပြီး ကမ္ဘောဇဘဏ် တစ်ခုတည်းမှ ငါးနှစ်အတွင်း ပေးဆောင်ထားသည့် အခွန်ပမာဏမှာ ကျပ် ၄၈ ဘီလျံ (ကျပ်သန်းပေါင်း ၄၈၀၀၀ ကျော်) အထိ ရှိကြောင်းလည်း ကမ္ဘောဇဘဏ် တာဝန်ရှိသူ များထံမှ သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။