
မတ်လမှ စတင်၍ အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ထားသော AGD Bank ၏ ရှယ်ယာများကို ယခုနှစ်
အတွင်း ရောင်းချရန် စီစဉ်နေကြောင်း အဆိုပါ ဘဏ်မှ Managing Director ဦးရဲမင်းဦး၏ ပြောကြား ချက်အရ သိရသည်။
"မတ်လကတည်းက အများပိုင်ဘဏ်အဖြစ် ပြောင်းလဲပြီးပါပြီ။ စက်တင်ဘာလအတွင်းလုပ်မယ့် အစည်းအဝေးမှာ ကျွန်တော်တို့ အများပိုင် ကုမ္ပဏီ ဖြစ်ကြောင်း၊ စာရင်းဇယား၊ လုပ်ဆောင်ချက်တွေကို အစည်းအဝေးမှာ တရားဝင် ကြေညာမှာပါ။ ရှယ်ယာ တွေကို အခုနှစ်မကုန်ခင် ရောင်းချဖို့ စီစဉ်နေပါတယ်။ လက်ရှိ ရှယ်ယာတန်ဖိုးကို မသတ်မှတ် ရသေးပါဘူး။ BOD အစည်းအဝေးကနေ တန်ဖိုးကြေညာပေးမှာပါ" ဟု ပြောကြားပါသည်။
ဆက်လက်၍ အများပိုင်ဘဏ်ပြောင်းရန် သက်ဆိုင်ရာ ဘဏ်တစ်ခုမှ ဗဟိုဘဏ်ကို ခွင့်ပြုချက် တောင်း ရကြောင်း၊ မိမိတို့ဘဏ် အနေဖြင့် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိကြောင်း၊ ဒုတိယအဆင့် အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ဌာနတွင် တစ်ဦးပိုင် ကုမ္ပဏီမှ အများပိုင် ကုမ္ပဏီ ပြောင်းရပြီး အများပိုင်ကုမ္ပဏီ ဖြစ်သွားလျှင် အလုပ်လုပ်ခွင့်စာရွက် ပြန်တောင်းခံရကြောင်း၊ အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာကို အစိုးရဆီ တင်ပြရ
ကြောင်း၊ အစိုးရဆီမှ ခွင့်ပြုချက် ပြန်ရရှိ၍ မိမိတို့ဘဏ်မှာ အများပိုင်ကုမ္ပဏီ ဖြစ်သွားပြီဖြစ်ကြောင်း ပြော
ကြားသည်။
AGD Bank သည် ယခုအခါ မြန်မာနိုင်ငံ အနှံ့တွင် ဘဏ်ခွဲပေါင်း ၃၀ ၀န်းကျင်ခန့်ကို ဖွင့်လှစ်ထားပြီး နိုင်ငံ တကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တို့ကို ရရှိထားပြီး နိုင်ငံ တ ကာ ဘဏ်လုပ်ငန်းဌာနနှင့် ငွေလဲကောင်တာ ၁၇ ခုကို ဖွင့်လှစ်ထားသည်။ ထို့အပြင် ငွေကြေးဆိုင်ရာ ၀န်
ဆောင်မှုများဖြစ်သည့် ပြည်တွင်းငွေလွှဲလုပ်ငန်း၊ ပြည်ပငွေလွှဲလုပ်ငန်း၊ ငွေလဲလှယ်မှုလုပ်ငန်း၊ ငွေစုဘဏ်
လုပ်ငန်း၊ စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ ငွေချေးလုပ်ငန်း၊ အငှားဝယ်စနစ်လုပ်ငန်း၊ ဘဏ်အာမခံ လက်မှတ်ထုတ်ပေးခြင်း၊ အွန်လိုင်းမှ ငွေပေးချေမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစ ရှိသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို လုပ်ကိုင်လျက် ရှိသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၀ ခုသည် ဘဏ်ခွဲပေါင်း ၅၁၅ ခုကျော် ဖွင့် လှစ်ထားပြီး အဆိုပါ ဘဏ်များမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ သမ၀ါယမဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှာ အများပိုင် ဘဏ်လုပ်ငန်းများအဖြစ် ပြောင်းလဲ ထားကြောင်း သိရသည်။
ကမာရွတ်မြို့နယ်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို တွေ့ရစဉ်
Eleven Media Group

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။