/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, August 11, 2013

.

၂၀၀၈ ခုနှစ်မတိုင်မီ သတ္တုတွင်း ၀န်ကြီးဌာနမှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် တရားနည်းလမ်းကျမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

၂၀၀၈ ခုနှစ်မတိုင်မီ သတ္တုတွင်း ၀န်ကြီးဌာနမှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် တရားနည်းလမ်းကျမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတ္တမအကြိမ် ပြည် ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။


ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း၏ ရွှေကြွေးကျန်များအပေါ် စာရင်းစစ်ကန့်ကွက်ချက်နှင့် ပတ်သက်၍ အစီရင်ခံစာ အပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းပြီးနောက် ယခုကဲ့သို့ ပြည်ထောင် စုလွှတ်တော် နာယကက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဒီနေ့ဖြစ်စဉ်ဖြစ်ရပ် ဆွေးနွေးချက်များကို ပြန်လည်သုံး သပ်တဲ့အခါ သိရှိချက်က သတ္တုတွင်းဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၁ မတ် ၃၀ ရက် မတိုင်ခင်တုန်းက၊ ပြီးခဲ့ တဲ့ တပ်မတော်အစိုးရလက်ထက် ကျင့်သုံးခဲ့တဲ့ ကျင့်သုံးဆောင်ရွက်မှုများကို ဥပဒေအရ ပြဋ္ဌာန်းပြီး ဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေကို ပြန်သုံးသပ်မယ်ဆိုလို့ရှိရင် အဲဒီပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွား ဖြစ်သလို တရားမျှတမှု ရှိလားမရှိဘူးလား ဆိုတာကို ပြန်သုံးသပ်ရ မယ်ဆိုတဲ့ သဘောပါပါတယ်။ ဒါအပိုင်း တစ်ပိုင်းပါ။

ဒါကြောင့်မို့လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင် ဒီနေ့လွှတ်တော်များဟာဥပဒေပြုရေးဥပဒေ များပြုလုပ်ဖို့ လွှတ်တော်များမှာ အဓိက တာဝန်ရှိ ပါ တယ်။ ဒါဟာ လွှတ်တော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက သတ္တုတွင်း ၀န်ကြီးဌာနက ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေများသည် တရားနည်းလမ်း တ ကျ ရှိသလား၊ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီး ပွား ကို ဖြစ်စေသလား မဖြစ်စေဘူးလားဆိုတာတစ်ပိုင်းပြန် လည်သုံးသပ်ဖို့ လိုပါတယ်။ ဒီဥပဒေသည် တရား မျှ တတယ်။ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို မျှမျှတတ ဖြစ်စေတယ်ဆိုရင်ဒီဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါအပိုင်း တစ်ခုပါ။ နောက်အပိုင်း တစ်ခုကျတော့ စာရင်းစစ်အပိုင်း ဖြစ်ပါတယ်။ စာရင်း စစ်အဖွဲ့သည် စာရင်းစစ်ချုပ် တင်ပြသွားသလို ၀န် ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်ပြီးတော့ စာရင်းစစ်ဥပဒေ၊ စာရင်းစစ် အဖွဲ့အစည်းရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေအတိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ခုနက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ထပ်ပြီးဆွေးနွေးသလို ဒီစာရင်းစစ် အဖွဲ့သည်လည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် သူ့အပိုင်းကလည်း ဒီဥပဒေအရ၊ လုပ်ထုံးလုပ်နည်းက မှန်ချင်မှန်နေလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စသည် အနည်းငယ် ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု ဖြစ်တဲ့အတွက် ဒီဘိတ်ဒီမှာ အဆုံးမသတ်ပါဘူး။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်မှာပါ" ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် သူရဦးရွှေမန်းက "စာရင်းစစ် အဖွဲ့များသည် ပြည်သူများကို ကိုယ်စားပြုပြီးတော့ ပြည်သူ့ဘဏ္ဍာများ စနစ်တကျ သုံးစွဲဖို့၊ မှန်မှန်ကန်ကန် သုံးစွဲဖို့အတွက် အဓိကတာ ၀န်ယူရတဲ့ အဖွဲ့အစည်းလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ စာရင်းစစ် အဖွဲ့များသည် စာရင်းစစ်ချုပ်သည် ပြည်သူများရဲ့ ဘဏ္ဍာကို သက်ဆိုင် တဲ့ အဖွဲ့အစည်းများ သုံးတဲ့နေရာမှာ မှန်မှန်ကန်ကန်သုံးဖို့၊ မှားယွင်းစွာ မသုံးဖို့အတွက် အဓိကစစ်ဆေး တာဝန်ယူရတဲ့ အဖွဲ့ဖြစ်သလို ဒီနေ့စာရင်းစစ်ချုပ်သည်လည်း စာရင်းစစ်ချုပ်ရဲ့ တာဝန်အရ ပြည်သူ့ဘဏ္ဍာ များ ရရှိဖို့အတွက် တွေ့ရှိချက်များအပေါ် မူတည်ပြီးတော့ ကန့်ကွက်ပြောဆိုခြင်း ဖြစ်တယ်လို့ ယူဆပါ တယ်။ သို့ရာတွင် အခုလို ကန့်ကွက်ပြောဆိုတဲ့ အခါမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က ဆောင်ရွက်တဲ့နေရာမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ခဲ့ခြင်း ရှိ၊ မရှိ တစ်ဖက်က ပေါ်ပါ တယ် ။ နောက်တစ်ဖက်ကျတော့ အဲဒီပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ တကယ်တရားမျှတပြီးတော့ ဆောင်ရွက် တဲ့ လူတွေ တကယ်လိုက်နိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ အချက်မှာ တည်ပါတယ်။ ပြန်ချုပ်ပြောမယ်ဆိုရင် ဒီနေ့ ဆွေးနွေးမှုဟာ အင်မတန်မှ အသက်ဝင်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။

ဒီလိုပဲ ပွင့်လင်းမြင်သာရှိအောင် ဆောင်ရွက်ပြီး မိမိရဲ့လုပ်ငန်း၊ မိမိတာဝန်ကို တာဝန်ခံပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည်လည်း မိမိရဲ့လုပ်ငန်း၊ မိမိရဲ့တာဝန်ကို ထမ်းဆောင် ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ခြင်း ဖြစ်သလို သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်သည်လည်း မိမိရဲ့ တာဝန်ကို မိမိထမ်းဆောင်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ ခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ခုနကပြောတဲ့ ဒီကာလမှာ စာရင်းစစ်ချုပ် ကာလမှာ ဖြစ်ခဲ့ တဲ့ ကာလမဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့ သတ္တုတွင်း ၀န်ကြီးဌာန ၂၀၀၈ ရဲ့ ဟိုဘက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စများ ဖြစ်တဲ့ အတွက် ဒီကိစ္စကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ပါမယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။