/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 6, 2013

.

မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့

မေ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူဟု မသင်္ကာသူ တစ်ဦး သည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ ၎င်းနှင့် အတူဗုံးခွဲမည့်သူများကို စုဆောင်းခဲ့ကြောင်း သိရသည်။


“ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် ကျွန်တော်တို့ နာမည်အချို့ကို ခြေရာခံနိုင်ခဲ့တာပါ”ဟု Densus 88 ဟု ခေါ်ဆိုသော အမျိုးသားရဲတပ်ဖွဲ့အကြမ်းဖက် ဆန့်ကျင်ရေးဌာနမှ အမည်မဖော်လို သော အရာရှိတစ်ဦးက ဂျကာတာဂလိုဘ် သတင်းစာအား ပြောကြားသည်။

ဗုံးခွဲရန် ကြံစည်မှုနှင့် ဆက်စပ်၍ လူပုဂ္ဂိုလ်အမည်များကို စုံ ထောက်များကဆက်လက်ခြေရာခံ နေသောေ ကြာင့် ဖေ့စ်ဘွတ်ခ်တွင် တွေ့ရှိခဲ့သူများ၏ နာမည်များထုတ်ဖော်ပြောကြားရန် သတင်းရင်းမြစ် က ငြင်းပယ် သည်။

ဖေ့စ်ဘွတ်ခ်စာရင်းအချို့တွင် ပါဝင်သော အကြောင်းအရာများကို နက်နက်နဲနဲ ပိုင်းခြားစိတ်ဖြာလေ့လာ ရာမှ ယခုကိစ္စကို ဖော်ထုတ်နိုင်ခြင်းဖြစ်ပြီး အင်တာနက် လမ်းကြောင်းများကိုလည်း ရှာေ ဖွနိုင်ခဲ့ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်သမားနှစ်ဦးအား ဖမ်းဆီးထားပြီး ဗုံးခွဲရန်ကြံစည်အမှုအစီအစဉ်နောက်ကွယ်မှ အဓိကကြိုးကိုင်သူဟု ရဲတပ်ဖွဲ့ကဖော်ထုတ်ထားသူ အင် ဒရာ ဂစ်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

မသင်္ကာသူ အကြမ်းဖက်သမားများသည် အသေခံဗုံးခွဲရန် စီစဉ် ထားခြင်းမဟုတ်ဘဲချိန်ကိုက်ဗုံး များဖြင့် ဖောက်ခွဲ ရန်စီ စဉ်ခဲ့ခြင်းဖြစ်သည်ဟု ဂျကာတာဂလုဘ်သတင်းရင်းမြစ်က ပြောကြားသည်။

FROM-Jakata Globe

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။