/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 30, 2013

.

မီဒီယာများ၏ ဖော်ပြချက် နှင့် အဖြစ်မှန် လုံးဝကွဲလွဲနေသည့် ပြည်မြို့ တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သားများ ပါဝင်သည် ဆိုသော လူသတ်မှု

၂၃-၄-၂၀၁၃ ရက်နေ့တွင်ဖြစ်ပွား ခဲ့သည့် တပ်မ တော်သားများ ပါဝင် သည်ဟု သံသယရှိသည့် လူသတ်မှု သတင်းအား The Voice ဂျာနယ်မှ ပြည်မြို့ န၀ဒေးတံတား အနီးတွင် တပ် မတော်သား (၃) ဦးမှ လူသတ်မှုကျူး လွန်ဟု ခေါင်းစဉ်တပ်ကာ ဖော်ပြ သည်။ ထိုသတင်းအား ဧရာဝတီမှ ပြည်မြို့ လူသတ်မှု မသင်္ကာသူ ၂ ဦး ဖမ်းမိ၊ တဦး လွတ်နေ ဟု လည်း ကောင်း၊ Hot News ဂျာနယ်မှ ပြည်မြို့ ဗျူးပွိုင့်အလွန် သဲသောင်ပြင်မှ ချစ်သူ စုံတွဲရဲ့ ရင်နှင့်စရာဖြစ်ရပ် လည်းကောင်း တရားခံ အတိ အကျ မသိသေးချိန်တွင် The Voice ဂျာနယ်၏ စွပ်စွဲ ရေးသားချက်ကြောင့် တပ်မတော်သားများ ပြည်တွင် လူသတ်ပစ္စည်းယူ လုပ်ကြသည်ဟု ချက်ချင်း ပျံ့နှံ့သွား သည်။ The Voice လမ်းစဉ်အတိုင်း ကျန် စတုတ္တ မဏ္ဍိုင် မပီသသည့် ဂျာနယ်များမှလည်း တပ်မတော်ကို အပုပ် ချသည့် ခေါင်းစဉ်များဖြင့် ရေးသားကြသည်။ အဆိုပါ ဟိုးလေးတကျော် အမှုအတွက် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ အဖြစ်မှန် ပေါ်ပေါက်ရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ တာဝန်ရှိသူ အဆင့်ဆင့် မှ စစ်ဆေးခဲ့ရာတွင်တော့ မီဒီယာများ ဖော်ပြချက်နှင့် လုံးဝကွဲလွဲစွာ တပ် မတော်သား (၃) ဦးမှာ သံသယ တရားခံများသာ ဖြစ်ကြောင်း သိရသည်။



ဖြစ်စဉ် ဖြစ်ပွားသည့် အချိန်မှာ ညမှောင်မိုက်၍ လူပြတ်သည့် နေရာ ဖြစ်သည်။ ဖြစ်စဉ်တွင် အတိအကျ ပါဝင်သူ ၂ ဦးအနက် ၁ ဦးသာ သက်ရှိသက်သေ ဖြစ်သည်။ အသတ်ခံရသည့် စုံတွဲမှ အသက်ရှင်ကျန်သူ မ အိဇင်မိုးကို မှ လွဲပြီး ထို ဖြစ်စဉ် အတိအကျကို သိသူ တစ်ယောက်မှ မရှိပါ။

သူမနှင့် အင်တာဗျူးလုပ်ထားသည့် ဖြစ်စဉ်အရ သူမတို့ ချိန်းတွေ့စဉ်တွင် လူ(၃) ဦး ရောက်လာ သည်။ မီးခြစ်တောင်းသည်။ သူမကို သိုင်းဖက်ကာ ရိုက်နှက် သည်။ လည်ပင်းညှစ် သတ်နေရင်း လူသတ်သူမှ ငါ့ကောင်မလေး တုန်းကလည်း ဒီလို သတ်ခဲ့တာဟု စကား ပြောနေသေးသည်။ သူမက ပါးစပ်ဖြင့် ကိုက်သည်။ ထို့နောက် သေချင်ယောင်ဆောင်လိုက်သည်။ လုယက် လူသတ် သူများ ပစ္စည်းယူပြီး ထွက်သွားသည်။ သူမ ထ ထွက်ပြေးသည်။ အကူအညီတောင်းသည်။ လူများနှင့် ရဲများ ရောက်လာပြီး ရှာဖွေနေစဉ် ကိုင်းတောထဲမှ တက် လာသည့် လူ(၃) ဦးကို တွေ့သည်။ လာခဲ့ဟု ခေါ်ကာ စစ်မေးမည် လုပ်စဉ် တစ်ဦးမှာ ထွက်ပြေးသွားသည်။ ထို ဖမ်းမိသူများမှာ တပ်မတော်သား များ ဖြစ်နေသည့် အတွက် ရဲအရာရှိမှ တပ်ရင်းထံကို ဖုန်းဆက်သည်။

သူမ ပြောပြသည့် ဖြစ်စဉ်အရ လူ(၃) ဦးဖြစ်သည့် အတွက် တပ်မတော်သားများမှာလည်း (၃) ဦးဖြစ်သဖြင့် တူညီသည်။ သို့သော် လူ(၇) ဦး ပြ၍ သူမကို ရွေးချယ်ခိုင်းခဲ့ရာတွင်တော့ သူမ တစ်ယောက် ကိုမှ မရွေး နိုင်ခဲ့။ သူမ ကိုက်ခဲ့သည်ဆိုသော်လည်း ကိုက်သည့်သွားရာမှာ ထို တရားခံ (၃) ဦးတွင် မရှိ။ (မြန်မာပို့စ်မှ ရှိသည်ဟု ဖော်ပြသည်။ သို့သော် ညတွင်းချင်း စစ်ဆေး ဓာတ်ပုံရိုက် ရာတွင် မရှိ။) တပ်မတော်၏ တန်းစီ သည့် စည်းကမ်းအရ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် ၄င်းတို့(၃) ဦးလုံး တပ်ထဲတွင် ရှိနေသည်ကို သက် သေများ ရှိသည်။ ၄င်းတို့ တပ်ပြင်ထွက်ကာ အရက်သောက်ပျော်ပါးရန်အတွက် တပ်ရင်းမှ လစာကြပ်ထံမှာ ပိုက်ဆံချေးသည့်အချိန်မှာ ဖြစ်စဉ်ဖြစ်နေသည့် အချိန်ဖြစ်သည်။ ၄င်းတို့ထံမှ သိမ်းဆည်းမိသည့် ပိုက်ဆံများ မှာလည်း ထို ချေး ထား သည့် ပိုက်ဆံများသာ ဖြစ်သည်။ လုယက်မှု ဖြစ်စဉ်တွင် ပါဝင်သူများထံမှ အရက်နံ့ မရှိသော်လည်း တပ် မတော်သား (၃) ဦးလုံးမှာ အရက်သောက်စား မူးယစ်နေပြီး အချိန်မှာလည်း ဖြစ်စဉ် ဖြစ်ချိန်ထက် စောစီးစွာ သောက်ထားကြသည်။

လူသတ် ပစ္စည်းယူသူများ အနေဖြင့် လွတ်ရာသို့ ထွက်ပြေးရန် ဖြစ်သော်လည်း သူတို့ (၃) ဦးမှာ အိနြေ္ဒ မပျက် ဖမ်းဆီးနေသည့် နေရာ၊ လူစုလူဝေးထဲသို့ ၃ ယောက်လုံး အတူ ၀င်လာသည်။ ဖမ်းတော့ အဖမ်းခံ သည်။ ဘာကြောင့်ဘာညာသူတို့မသိ။ ထွက်ပြေးပြီး တပ်ကိုလာပြောသည့်တစ်ယောက်မှလည်း ကျွန်တော် တို့ကို ရဲက ဖမ်းတယ်ဟု ပြောပြီး ဘာကြောင့် ဖမ်းမှန်းမသိ။ အချိန်သက်သေ၊ လူသက်သေများ အရ ယခု မိသည် ဆိုသော တရားခံများမှာ သံသယရှိသူ အဆင့်ထက် မပို။ ၄င်းတို့ကို ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည့် သူများ ကလည်း အတိအကျ ၄င်းတို့ ဖြစ်ကြောင်း သက်သေမပြနိုင်။ သက်သေပစ္စည်းများ စစ်ဆေးချက်အရလည်း တူညီမှု တစ်ခုမှ မရှိသေး။

ဖြစ်စဉ် အနီးရှိ တပ်မတော်ကို အပုပ်ချ ချင်သည့် လော်ဘီများနှင့် The Voice အပါအ၀င် စတုတ္တ မဏ္ဍိုင် မပီသ သည့် မီဒီယာများကြောင့် သံသယ တရားခံသည် တရားခံ ဖြစ်ခဲ့ရသည်။ ဖြေရှင်းခွင့် မပေး နိုင်စဉ်တွင် တပ်မ တော်နှင့် ပြည်သူအကြား အမုန်းပွားရသည်။ အကယ်၍သာ လွဲချော်ခဲ့ပါက အဓိက တရားခံ အစစ်များ ထွက်ပြေး လွတ်မြောက်သွားစေရန် မီဒီယာနှင့် လော်ဘီများ ကူညီပေးသကဲ့သို့ ဖြစ်နေ မည်သာ ဖြစ်သည်။ ဖြစ်စဉ် အမှန်နှင့် လုံးဝ ကွဲပြားသည့် သတင်းကို ဖော်ပြသည့် မီဒီယာများကိုလည်း အံ့သြမိသည်။

ဓာတ်ပုံ၊ ဗီဒီယို အထောက်အထားများဖြင့် မိခဲ့သည့် အမေရိကန် နိုင်ငံ၊ ဘောစတွန် ဗုံးခွဲ တရားခံအား မီဒီယာ အားလုံးမှ ၀န်ခံမှု မရှိမချင်း သံသယရှိသူ အဖြစ်သာ ရေးသားသည်။ CNN သတင်းဆိုလျှင် တရားခံ မိပြီဟု ကြေငြာခဲ့ရာမှ အမှားပြင်ပြီး သံသယရှိသူ အဆင့်ဖြင့် ပြန်လည် သုံးနှုံးခဲ့သည်။ ညမိုးချုပ်ချိန်၊ လူပြတ်သည့် နေရာတွင် ဖြစ်သည့် ကိစ္စကို မည်သည့်အထောက်အ ထားမှ မရှိပါလျှက် The Voice ဂျာနယ်နှင့် အခြား မီဒီယာများမှ တပ်မတော်သားဟု အတိအကျဖြစ်သကဲ့သို့ ရေးသားလိုက်မှုမှာ မည်သည့် ကျင့်ဝတ်ကို စောင့်စ ည်းပြီး မည်သည့် သိက္ခာ တရားဖြင့် ရေးသားပါသလဲ။ မင်္ဂလာဒုံတွင် ဘင်္ဂလီများ ဖမ်းမိသတင်းကိုပင် စစ်တပ်စခန်း ဌာနချုပ်များရှိရာ ဆိုပြီး စစ်တပ်ကို ဆွဲထည့်အပုပ်ချသည့် ဂျာနယ်၏ အယ်ဒီတာဆိုသူမှာ မည်သည့်အရည်အချင်းဖြင့် စာနယ်ဇင်းကောင် စီတွင် ရှိနေပါသလဲ ဟု သာ မေးလိုက် ချင်ပါတော့သည်။

Credit : Here

5 comments:

  1. ငါ လိုး မ သား ပြည် တွင်း ပြည် ပ မီ ဒီ ယာ တွေ ၊ စောက် ရူး တွေ ၊ အ စိုး ရ နှင့် တပ် မ တော် ကို သာ အ ပုပ် ချ ရန် နား လည် သည့် လူ ပြိန်း ကြိုက် မီ ဒီ ယာ များ ဖြစ် သည် ။

    ReplyDelete
  2. အသက်ရှည်ချင်ရင်သတင်းစာဖတ်-အသက်တိုချင်ရင်ပြင်ပဂျာနယ်ဖတ်။တိုင်း၇င်းသားလက်နက်ကိုင်တွေကိုအကြမ်းဖက်သောင်းကျန်းသူတွေလို့ပြောနေရေးနေတာတွေကကော ဘယ်သူ့လက်ချက်လဲ။ ကိုယ်ထိမှနာတတ်ပြီပေါ့။အစကတည်းက အစဉ်အလာကလည်းကောင်းခဲ့တာကိုးဟဟဟ

    ReplyDelete
  3. ပထမ သတင်းကြီး ထွက်ပြီးမှ သတင်းပြောင်းသွားတာ ယုံလို့ ရပါ့မလား

    ReplyDelete
    Replies
    1. ဝေဖန်တာကောင်းတယ် ဒါပေမယ့် သေချာသိမှကောင်းမယ်

      Delete
  4. စစ်တပ်မကောင်းကြောင်းပြောမှရောင်းရအစိုးရမကောင်းကြောင်းပြောမှရောင်း၇...သတင်းအစစ်ကိုတာဝန်ယူရေးရဲတဲ့ကောင်တကောင်မှမရှိဘူး...မအေလိုးဂျာနယ်(the vioce) ကိုပြောတာပါနောက်ကျတော့သူမဟုတ်တဲ့အတိုင်းပဲ.....ကာချုပ်ကြီးခင်ဗျား...သတင်းမှာရေးသူကိုအရေးယူတဲ့ဥပဒေမရှိဘူးလား...ဒါမှပြည်သူကအမှန်သိရမှာပါလေ....

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။