ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရဇုန်အဖြစ် သတ်မှတ်ထားပြီး စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ စေတီတော်ရင်ပြင်ပေါ်တွင် ဂေါပကရုံး ဝန်ထမ်းများက အသံချဲ့စက် များဖြင့် ဆေးလိပ်မသောက်ရန်၊ ကွမ်းမစားရန် တားမြစ်သတိပေးလျက် ရှိသည်။ ဆေးလိပ်သောက်သူ၊ ကွမ်းစားသူများ တွေ့ ရှိပါက ယင်းသို့ မပြုလုပ်ရန် ရှင်းလင်းပြောကြားပေးလျက် ရှိသည့်အပြင် လိုဂိုများဖြင့်လည်း ချိတ်ဆွဲ အသိပေးထား သည်။ စေတီတော်ရင်ပြင်ပေါ်သို့ လာရောက်ကြသော ဘုရားဖူးပြည်သူများ အနေဖြင့် စေတီတော်ရင်ပြင်ကို သန့်ရှင်း စင်ကြယ်စေရန် တားမြစ်ချက်တို့ကို လိုက်နာကြခြင်းဖြင့် ကုသိုလ်ယူကြစေလိုကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

အရမ်းကောင်းပါတယ်။
ReplyDelete