/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 12, 2012

.

ခုနှစ်ရက်သားသမီးများအတွက် ( ၁၁.၆.၁၂ ) မှ ( ၁၇.၆.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ

ငွေအစုလိုက်အပုံလိုက်ဝင်လိမ့်မည်။ အလှူအတန်းမုချပြုလုပ်ရမည်။ ထိုအချိန်တွင် အိမ်ပိုင်ကားပိုင်ဖြစ် တတ်သည်။ ဖြတ်လမ်းနည်းနှင့်စီးပွားမရှာပါနှင့်။ ရိုးရိုးသားသားစီးပွားရှာလျှင်သေချာပေါက်အောင်မြင်မည်။ ယခုရက်ပိုင်းတွင် အရင်ကမသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်မည်။ မိမိပတ်သက်သောသူများ၏ မင်္ဂလာသတင်းကောင်းကြားရလိမ့်မည်။ ထိုသတင်းကြားပြီးသော်သင်စီးပွားတက်မည်။ အလုပ်တွင် စိတ်မပါသလိုဖြစ်နေတတ်သည်။ အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်းပြုလုပ်ရတတ်သည်။ ကောင်းသောပြောင်းလဲခြင်းများဖြစ်မည်။

ကျန်းမာရေး။ အပူကြောင့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၇ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးကောင်းရှိသည်။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများ ဆက်တိုက်လုပ်နေရမည်။ စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်နေမည်။ ရွှေလက်စွပ်၊စိန်လက်စွပ်ပြုပြင်ရခြင်း၊ ထွက်ခြင်းဖြစ်တတ်သည်။ စာချုပ်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။ မိမိကိုယ်အမှုပတ်တတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ အလုပ် တွင် အခက်အခဲများနှင့်တွေ့နေရတတ်သည်။ သည်းခံပါ။ အမှုမဖြစ်အောင်နေပါ။ ငွေကုန်ပြီးကြာတတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေမည်။
အချစ်ရေး။အဆင်မပြေဖြစ်နေမည်။ စိတ်တိုင်းမကျစရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၆ ၆)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ပညာထူးရတတ်သည်။ မြေ၀င်ခြင်း၊ လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာသစ်ရောက်ရခြင်းဖြစ်တတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင် ထင်သလောက်မအောင်မြင်သေးပါ။ လူမျိုးခြားများ၏ ဒုက္ခပေးခြင်းကြုံတွေ့ရတတ်သည်။ ခရီးသွားရတတ်သည်။ ကာမဂုဏ်အပျော်အပါးနှင့်တွေ့ရတတ်သည်။ သားသမီးရှိကသားသမီးအတွက်စိတ်ညစ်ရတတ်သည်။ သို့မဟုတ် ဆွေမျိုးသား ချင်းများအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ ငွေကုန်များနေမည်။ ငွေအတွက်စိတ်ညစ်နေရမည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရတတ်သည်။ အရိုးအဆစ်များနာကျင်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲရုတ်တရက် အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးပါသောမုန့် (၆) ခုကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၆ ၇)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ဆိုင်ခန်းဝင်ခြင်း၊ အိုးပိုင်အိမ်ပိုင်ရတတ်ခြင်းဖြစ်မည်။ စာရွက်စာတမ်းကိစ္စများ အစစအရာရာအဆင်ပြေမည်။ ကားပြင်ခြင်း၊ ကားထွက်ခြင်းဖြစ်တတ်သည်။ ငွေကြောင့်ပူပင်သောကဖြစ်နေ တတ်သည်။ ငွေပျောက်ခြင်း၊ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်စကားများပြီး လမ်းခွဲရတတ်သည်။ အလုပ်ထဲတွင် အတိုက်အခံတွေ့ရတတ်သည်။ ဆိုင်ကယ်၊ ကားသတိထားပါ။

ကျန်းမာရေး။ ခေါင်းတွင်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားအသစ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၀ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စာရွက်စာတမ်းကိစ္စကြောင့် စိတ်ညစ်နေရခြင်း၊ ငွေအတွက်ပူပင်သောကရောက်နေရတတ်သည်။ သို့သော်မကြာခင် မှာငွေရေးကြေးရေး အဆင်ပြေသွားမည်။ အလုပ်ထဲတွင်လက်အောက်ငယ် ထွက်ပြေးတတ်သည်။ ရွှေအသစ်ဝင်ခြင်း၊ စက်ပစ္စည်းအတွက်စိတ်ညစ်ရခြင်းဖြစ်တတ်သည်။ အိမ်၊ ခြံ၊ မြေထွက် တတ်သည်။ ကြာသပတေးနံအကြောင်းပြုပြီးစိတ်ညစ်စရာဖြစ်နေတတ်သည်။

ကျန်းမာရေး။ ဗိုက်အောင့်နေတတ်သည်။
အချစ်ရေး။ မင်္ဂလာဆောင်ရန်ရက်ရွေးနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၄ ၆ ၆ )

သောကြာသားသမီးများ၏ကံကြမ္မာ

ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ထီပေါက်တတ်ခြင်း၊ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းခရီးလဲသွားရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ဆောင်နေရတတ်သည်။ ဆွေမျိုးသားချင်းများမှမိမိထက်ငယ်သူကြောင့်ပူပင်သောကဖြစ်ရတတ်သည်။ အသွားအလာသတိထားပါ။ စာချုပ်စာတမ်းအာမခံခြင်းမလုပ်ပါနှင့်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ် ရတတ်သည်။ အင်တာဗြူးဖြေခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများဖြေဆိုလျှင် ထူးချွန်စွာအောင်မြင်မည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မိမိကိုယ်တိုင် မရေမရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၇ ၅ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

အိုးသစ် အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းသစ်ပြောင်းရွှေ့ရခြင်းဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေကုန်များနေမည်။ လူမျိုးခြားများ၏ဒုက္ခပေးခြင်းခံနေရတတ်သည်။ နိုင်ငံရပ်ခြားကိစ္စများ တိုးတက်မှုမရှိဘဲကြန့်ကြာနေတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။ မိမိကိုယ်တိုင်စိတ်တိုင်မကျဖြစ်နေခြင်း၊ သူတပါးကိုစိတ်တိုင်းမကျဖြစ်ခြင်းဖြစ်နေမည်။

ကျန်းမာရေး။ ဒူးနာခြင်း၊ နားနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ တကျက်ကျက်စကားများခြင်း၊ ရန်ဖြစ်ခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အသီး ( ၆ ) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၆ ၁ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏ တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း
( ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး )
ဖုန်း- +6016 690 3513 ၊ +6012 9133 093
facebook: www.facebook.com၊/swezinwati
E-mail:swezinwati@gmail.com


*မလေးရှားမဟုတ်သောတခြားပြည်ပရောက် ဗေဒင်မေးမြန်းလိုသူများ အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်*

မူရင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။