/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, April 27, 2012

.

အမေစု အမြဲ ညာ တယ်


အမေစု ညာတယ်

၁၉၉၀ တုန်းက NLD ကို မဲပေးရင် ဒီမိုကရေစီရမယ်လို့ ညာပြော ခဲ့တယ်
ပြီးတော့ အမေစု ကပဲ ၉၀ ရလဒ်က လက်တွေ့မကျဘူးလို့ ပြန်ပြောတယ်

အမေစု ညာတယ်

ဒုတိယ ပင်လုံနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အရင်ဆုံး လုပ်ရမယ်လို့ ညာပြော ခဲ့တယ်
ပြီးတော့ အမေစုကပဲ ဒုတိယ ပင်လုံကို ချောင်ထိုးထားတယ်

အမေစု ညာတယ်

၂၀၀၈ အခြေခံဥပဒေကို ကြက်ခြေခတ်မှ ဒီမိုကရေစီရမယ် လို့ ညာပြောခဲ့တယ်
ပြီးတော့ အမေစုကပဲ ၂၀၀၈ အခြေခံဥပဒေ အရ ပါတီရပ်တည်ခွင့်ကို တောင်းခံတယ်

အမေစု ညာတယ်

ပါတီ မှတ်ပုံမတင်မှ ဒီမိုကရေစီ ရမယ်လို့ ညာပြောခဲ့တယ်
ပြီးတော့ အမေစု ပဲ ပြန်မှတ်ပုံတင်တယ်

အမေစု ညာတယ်

ရွေးကောက်ပွဲကို သပိတ်မှောက်မှ ဒီမိုကရေစီ ရမယ်လို့ ညာပြောခဲ့တယ်
ပြီးတော့ အမေစု ပဲ ရွေးကောက်ပွဲ ပြန်ဝင်တယ်

အမေစု ညာတယ်

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို မဲထည့်ရင် လွှတ်တော်တွင်းမှာ နိုင်ငံရေးလုပ်မယ်လို့ ညာပြောခဲ့တယ်
ပြီးတော့ လွှတ်တော်လည်း သွားမတတ်ကြပဲ အိမ်မှာ အိပ်နေကြတယ်

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။