Sunday, December 28, 2014

ငါးပိ၊ ငရုတ်သီးမှုန့်နှင့် မျှစ်တို့တွင် ဓာတုဆိုးဆေး ထိပ်ဆုံးကပါဝင်



ဓာတုဆိုးဆေးပါပြီး စားသောက်ဖို့ မသင့်တဲ့ အစား အသောက် တွေထဲ ငါးပိ၊ ငရုတ်သီးမှုန့်နဲ့ မျှစ်တို့ ထိပ်ဆုံးက ပါဝင်နေတာ စစ်ဆေးတွေ့ရှိ ရတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောပါ တယ်။

အောက်တိုဘာလကစပြီး ဓာတ်ခွဲခန်းပါရွေ့ လျားကားနဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ နေပြည်တော် တို့ရှိ ဈေးတွေက အစားအသောက်တွေကို စစ်ဆေးခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်ပြီး နေပြည်တော်က စားသောက်ကုန်တွေမှာ အများဆုံး စစ်ဆေးတွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ် လက်ဖက်နဲ့ ငါးပိစတဲ့ စားသောက်ကုန်တွေအပြင် နယ်စပ်က တင်သွင်း လာတဲ့ အချိုရည်နဲ့ မုန့်ပဲသရေစာတွေမှာပါ အန္တရာယ်ရှိတဲ့ ဆိုးဆေးနဲ့ ဓာတုဗေဒပစ္စည်းတွေ ပါနေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ၀ယ်ယူမသုံးစွဲကြဖို့ စားသုံးသူ အခွင့်အရေး ကာကွယ်ပေးရေးအဖွဲ့က မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် သတိပေး ခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75343

စစ်သွေးကြွများကို ပြန်တိုက်ရန် မြန်မာအပါအ၀င် ၃ နိုင်ငံကို အိန္ဒိယ အကူအညီတောင်း

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဒီတပတ် အနည်းဆုံး လူ ၈၀ လောက် သေနတ် ပစ်သတ်ခံရလို့ သေဆုံး သွားရတာကြောင့် အဲဒီဒေသခံ စစ်သွေးကြွတွေ ကို ပြန်တိုက်ခိုက်ဖို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင် ငံတို့မှ ပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဒီိဇင်ဘာလ ၂၆ ရက်နေ့က တာဝန်ရှိ သူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘိုဒိုတိုင်းရင်းသားတွေအတွက် သီးခြားပြည်နယ် ရ ရှိရေး တောင်း ဆိုနေတဲ့ ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖွဲ့ က ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

တချို့စစ်သွေးကြွတွေဟာ အိမ်နီးချင်း ဘူတန်နိုင်ငံထဲ ထွက်ပြေး သွားကြပြီးတော့ အဲဒီအဖွဲ့ခေါင်းဆောင်ဟာ မြန်မာနိုင်ငံကနေ အခြေစိုက် ညွှန်ကြားနေ တာလို့လည်း ယူဆထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ တောင်း ဆို ထားကြောင်း တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အာသံပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတွေကြား ညပ်နေတဲ့ နယ်မြေ တခုဖြစ်ပြီး စစ်သွေးကြွတွေဟာ တောထူတပ်တဲ့ တောင်တွေ ကြားကနေ နယ်စပ်တွေကို ဖြတ်ကျော် သွားလာလှုပ်ရှား နေကြတာလည်း ဖြစ်ပါတယ်။

DVB

တိရစ္ဆာန် အစာသန့်ထုတ်လုပ်သည့် စက်ရုံများ ဂျပန်နိုင်ငံမှ လာရောက်တည်ဆောက်မည်



ဂျပန်နိုင်ငံမှ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ နှင့် အစာတောင့် ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင် သူများက မြန်မာနိုင်ငံ၌ ရေထွက်ကုန် မွေးမြူရေး လုပ် ငန်းများ လာရောက် လုပ်ကိုင်ရန် နှင့် တိရစ္ဆာန် အစာသန့်ထုတ်လုပ်သည့် စက်ရုံများ လာရောက် တည်ဆောက်ရန် ကမ်းလှမ်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါး ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းမှ သိရသည်။

ယခုအချိန်တွင် တောင်ကိုရီးယား၊ ထိုင်း နှင့် တရုတ် အစရှိသည့် နိုင်ငံတို့မှ မွေးမြူရေး အစာတောင့် ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင် သူများက မြန်မာနိုင်ငံ၌ အစာသန့် စက်ရုံများ တည်ဆောက်၍ လုပ်ကိုင် လျက် ရှိပြီး မကြာမီ ကာလတွင် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များ ကလည်း အစာတောင့် ထုတ်လုပ်သည့် စက်ရုံ ကို လာရောက် တည်ဆောက်မည် ဖြစ်ကြောင်း ငါး ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူး က ပြောသည်။

ပြည်တွင်းရှိ တိရစ္ဆာန် အစာတောင့် ထုတ်လုပ်သည့် စက်ရုံများ အနေဖြင့် ရာနှုန်းပြည့် လည်ပတ်နိုင်ခြင်း မရှိသည်မှာ ကုန်ကြမ်း ရရှိမှု နည်းပါးနေခြင်း နှင့် ဆယ့်နှစ်လ ရာသီပတ်လုံး ကုန်ကြမ်းရရှိမှု မရှိခြင်း တို့ကြောင့် ဖြစ်ပြီး ကုန်ကြမ်း ပေါပေါများများ ရရှိသည့် အချိန်မှသာလျှင် ဝယ်ယူ စုဆောင်း၍ စက်ရုံများ လည်ပတ်နေ ရကြောင်း တိရစ္ဆာန် အစာတောင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထက်နေ
#Themyawadydaily
#မြ၀တီနေ့စဉ်

နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူတွေကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ဖို့ ခွင့်ပြုရက် ထပ်မံတိုးမြှင့်ပေးမယ်

နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူတွေကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ဖို့ နိုင်ငံရေးပါတီတွေကို ညွှန်ကြား ထားပေမယ့် အခက်အခဲ ရှိတယ်လို့ ပါတီတွေက တင်ပြလာမယ် ဆိုရင် ရက်ထပ်မံ တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။နိုင်ငံရေး ပါတီတွေ မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရ လတ်မှတ်တွေ မကိုင်ဆောင်နိုင် တဲ့သူတွေကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာပါတီကနေ ထုတ်ပယ်ဖို့ ညွှန်ကြား ထားတာပါ။

“ကျွန်တော်တို့ လက်ရှိမှာ တစ်နိုင်ငံလုံး စည်းရုံးရေးဆင်းမယ်လို့ ပြောတဲ့ ပါတီတွေနဲ့ တိုင်းဒေသကြီး ပြည်နယ်တွေကို ပိုင်းခြားပြီး စည်းရုံးရေးဆင်းမယ် ဆိုတဲ့ ပါတီတွေရှိတယ်။ သူတို့တွေက လက်ရှိပါတီ ဝင်တွေ လျှော့လိုက်ရင် ထပ်ဖြည့်ရမယ့် အခြေအနေနဲ့ အခက်အခဲတွေ တင်ပြလာတာတွေ ရှိပါတယ်။ အဲ့ဒီတော့ ကန့်သတ်ရက်ကို ထပ်မံတိုးမြှင့် ပေးထားပါတယ်” လို့ ဦးသောင်းလှိုင်က ဆိုပါတယ်။အဲ့ဒီလို နိုင်ငံသား မဟုတ်သူတွေကို ပါတီဝင်အဖြစ် ထည့်သွင်းစည်းရုံးတာကို ကန့်သတ်လိုက်တာဟာ နိုင်ငံတော်ရဲ့ အမျိုးသားရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်တာကြောင့် ကြိုဆိုပေမယ့် စစ်ဆေးမှုမရှိဘူးဆိုရင် လိုက်နာ မှု အားနည်းနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင် ဦးအေးသာအောင်က ဆိုပါတယ်။

The Voice Weekly

KIA အဖွဲ့မှ စပါးချွေလှေ့စက်အသုံးပြုသူများအား ဆက်ကြေးငွေ ဆက် လက်ကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကထန်ယန်ကျေးရွာသို့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရောက်ရှိ လာပြီး ကျေးရွာများမှ စပါးဆက်ကြေးငွေ များကောက်ခံထား ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။“ဆက်ကြေးကတော့ မကြာခဏ လာကောက်လေ့ရှိတယ်၊ အခုက စပါးပေါ်ချိန် ဆိုတော့ စပါးချွေလှေ့စက် အသုံးပြုသူတွေထံမှ ကောက်ခံ ခိုင်းတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။အဆိုပါအဖွဲ့အနေဖြင့် ကျေးရွာများမှ စပါးချွေလှေ့ စက်အသုံးပြုသူ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံ ကြောင်း ရွာသားတစ်ဦးထံမှ သိရှိရပါသည်။

“ဆက်ကြေးကောက်တော့လည်း ပေးရတယ်၊ စပါးလည်း ပေးရတယ်၊ အခု စပါးထွက်ဖို့အတွက် အသုံးပြုတဲ့ ချွေလှေ့စက်ကိုလည်း လာရောက်ကောက် တယ်ဆိုတော့ ဒေသခံရွာသားတွေမှာ အဆင်မပြေဘူး”ဟု ဒေသခံ ရွာသားတစ်ဦးကပြောသည်။ယခုလို ကျေးရွာတွေမှာ စပါးပေါ်ချိန် ချွေလှေ့စက်အသုံးပြုသူတွေ ကိုဆက်ကြေးေ ကာက်တယ်ဆိုတော့ KIA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ စားဝတ်ေ နရေကြပ်တည်းအောင် လုပ်ဆောင်နေကြောင်းနှင့် ငြိမ်းချမ်းရေးအ တွက် ဒေသခံတိုင်းရင်းသားများအား အထူးမျှော်လင့်လျက်ရှိကြောင်းဖားကန့်မြို့ေ ဒသခံ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

စိုင်းခွန်စစ်

Credit : Here

KIA ကြိုးဆွဲရာ ကနေရသော TNLA ရုပ်သေးရုပ်



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့(၁၄)ဖွဲ့ လက်မှတ် ရေးထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန် ရှိနေသော(၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ သတ် မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အ မည်ခံသာဖြစ်၍ KIA တစ်ဖွဲ့တည်းသာ ကျန်ရှိ သည် ဟု သတ်မှတ် ရမည် ဖြစ်ကြောင်း TNLA တပ်ဖွဲ့ ၀င်တစ်ဦးက ပြောဆိုလိုက်သည်။


တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် အမှန်တကယ် ငြင်းပယ် နေသော အဖွဲ့မှာ KIA အဖွဲ့သာဖြစ်ပြီး TNLA အဖွဲ့မှာ အမည်ခံဖြစ်သလို အင်အားလည်းမရှိ၊ နိုင်ငံရေး ရည်မှန်းချက်လည်း ဘာမှမရှိသောကြောင့် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်၍ မရကြောင်း၊ သင်းကွဲအဖွဲ့တစ်ခုမျှသာ ဖြစ် ကြောင်း သိရှိရသည်။

တကယ်တမ်း နစ်နာတာကတော့ ဒေသခံပလောင်တွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ရဲ့ သူများ ကြိုးဆွဲရာ ကနေတဲ့ လုပ်ရပ်ကြောင့် မြေဇာပင်ဘ၀ရောက် ရတော့မှာ ဖြစ်ပါတယ်။ TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး လူ၊ လက်နက် အင်အား အနည်းငယ်မျှသာရှိတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ စတဲ့ မြို့နယ်တွေဟာ TNLA ရဲ့ နယ်မြေဖြစ်ပေမယ့် တကယ်တမ်းနေရာယူ မင်းမူနေတာကတော့ KIA အဖွဲ့ပဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် TNLA ဆိုတာ KIA ရဲ့ ထားရာနေ စေရာသွားနေရတဲ့ နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပါတယ်။

KIA ကြိုးဆွဲရာ ကနေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် သူတို့ခိုင်းသမျှ လုပ်နေရတာဖြစ်ပါ တယ်။ ရှမ်းမြောက်မှာ တိုက်ပွဲတွေကို ဖန်တီးပြီး KIA က TNLA အဖွဲ့ကို ထိုးကျွေးထားတာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ TNLA အဖွဲ့ တွေ့ဆုံတိုက်ပွဲဖြစ်ရင် ထိခိုက်ကျဆုံးမှုများတာ TNLA အဖွဲ့ပါ။ အောင်မြင်မှု ရရင် နာမည်ကြီးမယ်ဆိုရင် KIA အဖွဲ့က ၀င်ပြီး နေရာယူ လိုက် တာပါ၊ ခံစရာရှိရင် အပြစ်ပုံချစရာရှိရင် TNLA အဖွဲ့ကို လွှဲချတာဖြစ် ပါတယ်။

TNLA အနေနဲ့ KIA အတွက် သြဇာခံတိုက်ပွဲတွေ ဆင်နွှဲနေပေမယ့် ဘာအကျိုးခံစားခွင့်မှ မရပါဘူး။ KIA ခေါင်းဆောင်ပိုင်းတွေကတော့ ဇိမ်ခံကားစီး၊ မူးရူးသောက် စားပျော်ပါးကာ လောကစည်းစိမ်ခံနေချိန်မှာ TNLA ခေါင်းဆောင်တွေ ခမျာ ထမင်းနပ်မှန်အောင် မနည်း ရုန်း ကန် နေရတာပါ။ KIA က ဆက်ကြေးကောက်တယ်၊ သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခို၊ ဘိန်းမှောင်ခိုတွေကနေ ပိုက်ဆံရပြီး ကြီးပွားချမ်းသာနေကြပြီ။ TNLA အဖွဲ့ကတော့ ဘာစီးပွားရေး လုပ်ငန်းမှ လုပ်စားစရာမရှိသလို KIA ရဲ့ ပေးစာကမ်းစာကို စားနေရတဲ့ဘ၀ ဖြစ်ပါတယ်။

KIA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ TNLA အဖွဲ့အနေနဲ့ မိအေးနှ စ်ခါနာ ဖြစ်နေ ရပါပြီ။ ပထမ တစ်ခုက အစိုးရတပ်တွေနဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်ဖြစ်နေတဲ့အတွက် ကျီးလန့်စာစားဘ၀ ရောက်နေ တယ်၊ ဒုတိယတစ်ချက်က ကိုယ့်ပလောင်တိုင်းရင်းသားတွေကို KIA က လူသစ်စုရင်လည်း TNLA က ငြိမ်ခံပြီး ရပ်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး။

TNLA ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု မရသေးတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ ကျော်စောနေသောအဖွဲ့ အဖြစ် ကင်ပွန်းတပ်ခံထားရပါတယ်။ TNLA အနေနဲ့ ဘယ်လိုပဲ အကြောင်းပြနေပါစေ၊ တိုက်ပွဲတွေ ရပ်တန့်စေချင်ရင် ငြိမ်းချမ်းရေး ယူရုံကလွဲလို့ အခြား နည်းလမ်းမရှိပါဘူး။ ကိုယ့်အဖွဲ့တစ်ဖွဲ့တည်းကောင်းစားဖို့ KIA သြဇာခံအဖြစ် ဆက်လုပ်နေဦး မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ဘ၀ဟာ တိုက်ပွဲတွေကြားမှာပဲ ပြေးလွှား ပုန်းရှောင်ရင်း စစ်ပြေးဒုက္ခသည် ဘ၀ ရောက်ရတော့မှာဖြစ်ပါတယ်။ TNLA အဖွဲ့ကြောင့် ပလောင် တိုင်းရင်းသား တွေ မြေဇာပင် ဖြစ်ရတော့မှာလား ?? အဲ့ဒီအကြောင်းတရားတွေနဲ့အတူ TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်သာ ဖြစ်ပါတယ်။

မိုင်းအိုက်ပီး

Credit : Here

ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်


Photo: ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်
Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီးနိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိ အားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာ သွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီး နိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင် ကမ်းရိုး တန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်း အမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly

ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ


Photo: ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ
Friday, December 26, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေး အတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန်လုံခြုံရေး ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောသည်။

''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေးအတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆောင်ရွက်တာ ပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံ ရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီ ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်က အတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေး ကွပ်ကဲ ရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေးဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနား တွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ) တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည် နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်း များ၊ စစ် မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင် အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေး အတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန် လုံခြုံရေးထက် ပိုမိုတိုးမြှင့်ဆောင် ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။


''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေး အတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်း တွေနဲ့ ဆောင်ရွက်တာပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနားလုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်ကအတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေးကွပ်ကဲရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေး ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနားတွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည်နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday

ရတနာပုံ တယ်လီပို့ ဆက်သွယ်ရေး ဆိုင်ရာများ တိုးမြှင့်ရန် စီစဉ်


ရတနာပုံ တယ်လီပို့ , ဗီယက်နမ်

ဗီယက်နမ် စစ်တပ်ပိုင် Viettel Global ကုမ္ပဏီနှင့် မြန်မာ အစိုးရ ကျောထောက်နောက်ခံပြု ရတနာပုံ တယ်လီပို့တို့ ပူးပေါင်းပြီး ရတနာပုံ တယ်လီပို့၏ တယ်လီဖုန်း ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တိုးမြှင့်ရန်စီစဉ်နေကြောင်း သိရသည်။


ယင်း အစီအစဉ်အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး ရင်းနှီးမြှုပ်နှံရန် ရှိကြောင်း နှစ်ဘက် ကုမ္ပဏီများက ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ဖော် ပြောဆိုခဲ့သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

ဗီယက်နမ် စစ်တပ်ပိုင် Viettel Group ၏ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းခွဲတခု ဖြစ်သည့် Viettel Global က မြန်မာနိုင်ငံမှ စီးပွားဖက် အဖွဲ့အစည်း တခုနှင့် ပူးပေါင်း၍ တယ်လီဖုန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း ပြီးခဲ့သည့် လ အတွင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဟနွိုင်းမြို့မှ Viettel Global တာဝန်ရှိသူ တဦးက မြန်မာနိုင်ငံမှ ရတနာပုံ တယ်လီပို့နှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း အတည်ပြု ပြောဆိုသည်။

ရတနာပုံ တယ်လီပို့သည် လုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများထံမှ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ ရရှိရန် မျှော်လင့် ထားသည်ဟု ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ကReuters သို့ ယမန်နှစ်က ပြောဆိုခဲ့သည်။

ရတနာပုံ တယ်လီပို့မှ ဒါရိုက်တာ အဖွဲ့ဝင် တဦးကလည်း Viettel ကုမ္ပဏီနှင့် ပြောဆိုညှိနှိုင်းမှုများကို နောက်ဆုံးအဆင့်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ သဘောတူညီချက်နှင့် ပတ်သက်ပြီး ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်း၏ အတည်ပြုပေးမှုကို စောင့်ဆိုင်း နေကြောင်း Reuters သတင်းဌာနသို့ ပြောဆိုထားသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ဒေါ်လာ ၁.၈ ဘီလီယံ (သန်း ၁၈၀၀) မှ ၂ ဘီလီယံ (သန်း ၂၀၀၀) အထိ ရှိလာနိုင်သည်ဟု ဟနွိုင်းမြို့မှ Viettel Global တာဝန်ရှိသူက ဆက်ပြောသည်။

ယခင် မြန်မာစစ်အစိုးရ လက်ထက်က ဆက်သွယ်ရေး ကဏ္ဍကို တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ တယ်လီဖုန်း ဈေးကွက်ထဲတွင် သုံးစွဲနိုင်သူဦးရေ အနည်းဆုံး နိုင်ငံတခု ဖြစ်ခဲ့ပြီး လူဦးရေ ၅၃ သန်းမျှ ရှိသည့် မြန်မာနိုင်ငံတွင် သုံးစွဲသူ ရာခိုင်နှုန်း အနည်းငယ်သာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ခဲ့သည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အဆင့်မြှင့်တင်ရန် ကူညီပေးနေသော ရန်ကုန်အခြေစိုက် ကုမ္ပဏီတခု ဖြစ် သည့် ခိုင်သစ္စာ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးအောင်သာက မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင် နေဆဲ ဖြစ်သည့် ရတနာပုံ တယ်လီပို့နှင့် Viettel ကုမ္ပဏီတို့ အကြား ထိုသို့ ဆွေးနွေးမှုများ ရှိနေသည်ကို မသိရှိရကြောင်း Reuters ကို ပြောဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီများက တန်ဖိုးနည်း ဖုန်းကတ်များ စတင် ရောင်းချပေးပြီးနောက်ပိုင်းတွင် မိုဘိုင်းဖုန်း သုံးစွဲသူ အရေအတွက် သိသိသာသာ တိုးတက် လာခဲ့ သည်။

မြန်မာနိုင်ငံတွင် ယခင်က တခုတည်းသော တယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်း ဖြစ်ခဲ့သည့် MPT က ဂျပန်နိုင်ငံမှ KDDI Corp၊ Sumitomo Corp စသည့် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး တန်ဖိုးနည်း ဖုန်းကတ်များ တိုးမြှင့် ဖြန့်ဖြူး လုပ်ကိုင်လာပြီး ထိုကုမ္ပဏီ နှစ်ခု တို့၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အထိ ရှိလာသည်ဟု သိရသည်။

http://burma.irrawaddy.org/business/2014/12/27/69089.html

မင်းအုပ်စိုးကို လူသတ်မှုဖြင့် အင်းစိန်ထောင် ပို့လိုက်ပြီ


မင်းအုပ်စိုး ၊ မနုနုယဉ် (ခ) တေးနုယဉ်

သရပါ မဂ္ဂဇင်း အယ်ဒီတာဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ် အား ထိုးကြိတ်ရာမှ သေဆုံးခဲ့မှုကြောင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ယမန်နေ့ က ဗဟန်းမြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့် ရုံးထုတ်၍ ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။


ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ အချိန်ခန့်တွင် မင်းအုပ်စိုးက ညီမ၀မ်းကွဲဆိုသူ သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ) တေးနုယဉ်အား ၄င်း၏နေအိမ်တွင် လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန် ရှိသူ တချို့၏ ထွက်ဆိုချက်များအရ သိရသည်။

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က“သူ့(မင်းအုပ်စိုး)ကို ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ။ ပုဒ်မ လူသတ်မှု ၃၀၂ နဲ့ အမှု ဖွင့်ထားတယ်။ လာမယ့် ဇန်န၀ါရီ ၈ ရက်နေ့ ရုံးထုတ် စစ်ဆေး မယ်”ဟု ဧရာဝတီသို့ ပြောသည်။

မင်းအုပ်စိုး အနေဖြင့် ပြစ်မှုကျူးလွန်ချိန်တွင် မှုးယစ် ဆေးဝါး သုံးစွဲထားခြင်းရှိ၊ မရှိနှင့် သေဆုံးသူ မနုနုယဉ် (ခ)တေးနုယဉ်သည် ၄င်း၏ ညီမ၀မ်းကွဲ ဟုတ်မဟုတ်ကိုမူ ဗဟန်းရဲစခန်းက အတည်မပြုခဲ့ပေ။

လက်ရှိတွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ)တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ရန် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်များ ရယူရန် တရားရုံးတွင် ရမန် (၁၅ ရက်) ယူထားကြောင်း ဗဟန်းရဲစခန်းက ပြောသည်။

သရပါ မဂ္ဂဇင်းနှင့် သရ၀ဏ် ဗီဒီယို ထုတ်လုပ်ရေး ပိုင်ရှင် မင်းအုပ်စိုး နေအိမ်တွင် မဂ္ဂဇင်း ထွက်ရက်နှင့် ဗီဒီယို ဇာတ်ကား ထွက်ရက် များတွင် ၀န်ထမ်းများ ညအိပ်ရလေ့ရှိကြောင်း မင်းအုပ်စိုးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပြသည်။

မင်းအုပ်စိုးကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သွားရောက် တွေ့ဆုံခဲ့သူ၏ ပြောပြချက်အရ မနုနုယဉ် သေဆုံး မှုနှင့်ပတ်သက်ပြီး မင်းအုပ်စိုး အနေဖြင့် မယုံကြည်နိုင်မှုများ ဖြစ်နေကြောင်း၊ ရန်ကုန်သို့ ရောက်ရှိနေသည့် မနုနုယဉ် အမေ ၏ ကျန်းမာရေး ဂရုစိုက် ပေး ရန်နှင့် သေဆုံးသူ မြေကျသည်အထိ ကောင်းကောင်းမွန် ဆောင်ရွက်ပေးရန် သူ့ မိသားစုဝင်များအား မှာကြားခဲ့ကြောင်း သိရ သည်။

“ကျမ သူ့ကို သွားတွေ့ပြီး အစ်ကို ဘယ်လို ဖြစ်တာလဲ မေးတော့ သူက “တေးနု’’ တကယ် သေသွားပြီ လားတဲ့ ဒါပဲ ပြောတယ်”ဟု မင်းအုပ်စိုးနှင့် နီးစပ်သူ မိတ်ဆွေ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုး က ပြောသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ၄င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံရေး ၀န်ထမ်း ၂ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖိုးစိန်လမ်းရှိ အမိုက်ပုံ မီးရှို့ခဲ့မူကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခံရခြင်းတို့လည်း ဖြစ်ပွားခဲ့ဖူးသူ ဖြစ်သည်။

http://burma.irrawaddy.org/news/2014/12/27/69084.html

သရော်စာ ရှင်းတမ်း (သို့) မှူးဇော်မှ မင်းဒင်သို့



စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသမှာ ပစ်ခတ်မှုဖြစ်ပြီး လယ်သူမကြီး ဒေါ်ခင်ဝင်း အသက် ဆုံးရှုံး ခဲ့ရပြီး အွန်လိုင်းပေါ်မှာ လူအများ ကြား အထူး စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ စာရေးဆရာ မင်းဒင်ရဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက် ဆိုတဲ့ အမည်နာမနဲ့ သရော်စာနဲ့ ဆက်စပ်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ခေါ် မှူးဇော်ရဲ့ ပြန်လည် တုံ့ပြန်လာတဲ့ သရော်စာရှင်းတမ်းဖြစ်ပါတယ်။


ဆရာ မင်းဒင်ရဲ့ သရော်စာနဲ့ အတူ အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ လက်ပံတောင်းအရေး NLD ကြေညာ ချက် အတု တို့ကို သမ္မတရုံးညွှန်မှူး ဦးဇော်ဋ္ဌေးက သူ့ရဲ့ မှူးဇော်ဆိုတဲ့ ဖေ့စ်ဘုတ်မှာ ပူးတွဲဖော်ပြခဲ့လို့ ဆရာမင်းဒင်က ဝေဖန်ရေးသားခဲ့ပါတယ်။ 

အဲဒီလို ဆရာ မင်းဒင်ရဲ့ ဝေဖန်ရေးသားချက် ပေါ်ထွက်လာပြီး ဒီကနေ့မှာတော့ မှူးဇော်ရဲ့ သရော်စာ ရှင်းတမ်းဆိုတာ ထွက်ပေါ်လာတာပါ။ 

အပြည့်အစုံကို မှူးဇော် ရဲ့ ဖေ့စ်ဘုတ်က ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

သရော်စာ ရှင်းတမ်း 

ပထမဦးစွာ ဆြာမင်းဒင် ကို ၄င်းရေးသားသောစာများမှတစ်ဆင့် လေးစားသမှုရှိကြောင်း၊ ၄င်းအား လူချင်း မတွေ့ဘူးသော်လည်း မည်သို့မျှ သဘောမရှိပါကြောင်း ပြောလိုပါတယ်။ 

ပဋိပက္ခ ပုံရိပ်တွေ မြင်တွေ့ ကြားသိလိုက်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို နားလည် စာနာ ပါကြောင်း ပဏာမအနေနဲ့ ပြောလိုပါတယ်။ ယခုလို ရှင်းလင်းခြင်း မပြုလိုသော်လည်း “သရော်စာကို သရော်စာမှန်းမသိ” ဟူသော ရေးသားချက်၊ ပြောကြားချက်တွေကြောင့်လည်းကောင်း၊ တချို့ ရည်ရွယ်ချက် ရှိရှိ လိုရာဆွဲနေသူ အချို့ကြောင့်လည်းကောင်း ယခုလို ရှင်းရခြင်း ဖြစ်ပါတယ်။ 

Satire ဆိုတဲ့စကားက လက်တင်စကား Satur ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ (၁၇) ရာစု ကတည်း က တွင်တွင်ကျယ်ကျယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီကနေ့ ခေတ်မှာ တော့ သရော်ခြင်းကို စာပေ၊ ကာတွန်း၊ ဂီတ၊ ပြဇာတ်၊ ရုပ်ရှင် အစရှိတဲ့ အနုပညာဖန်တီး မှု အမျိုးမျိုးမှာ တွေ့မြင်နိုင်ပါတယ်။

ပည်ပနိုင်ငံအချို့မှာဆိုရင် လူအများကြားမှာ သရော်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာကိုလည်း တွေ့ရှိ ရ ပါ တယ်။ 

သရော်ခြင်းရဲ့ အဓိကအချက်က သက်ဆိုင်ရာလူ့အဖွဲ့အစည်းက နားလည်ရလွယ်ကူစေခြင်းပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပေါ်ထွက်ခဲ့တဲ့ သရော်စာတွေကို အဓိကအားဖြင့် ဦးဘဂျမ်းရဲ့ ကာတွန်းတွေမှာ အများစု တွေ့ ရှိခဲ့ရပါတယ်။ 

သရော်စာရေးသားကြရာမှာ အများစုက စံနမူနာပြု ရည်ညွှန်းလေ့ရှိကြတာကတော့ ဆရာကြီး သော်တာဆွေ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဒီဆရာကြီးတွေရဲ့ လက်ရာတွေကို ဖတ်ရှုသိမ်းဆည်းခဲ့ကြတာလည်း ဖြစ် ပါ တယ်။ 

သရော်စာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စရိုက်လက္ခဏာ အမျိုးမျိုး ရှိနေကြပါတယ်။ 

သရော်စာ ရေးရတာလည်း ခက်ခဲပါတယ်။ မြန်မာစာ၊ မြန်မာစကား နှံ့စပ်ဖို့သာမက သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ တွေကိုလည်း နားလည်သိမြင်ရမှာ ဖြစ်တဲ့အပြင် ဖန်တီးတီထွင်နိုင်တဲ့ စိတ်ကူးစိတ်သမ်း ကောင်းလည်း ရှိဖို့ လိုပါတယ်။ သာသာနဲ့ နာနာနှက်နိုင်ဖို့ ဇ၀နဥာဏ် ရင့်သန်ဖို့ လိုပါတယ်။ 

“သရော်စာ မရေးတတ်ရင် ဆဲသလိုဖြစ်တတ်တယ်” ဆိုတဲ့ စကားလည်း ရှိပါတယ်။ သရော်ခြင်း ခံလိုက်ရတဲ့ သူတွေမှာ ရယ်ရမလိုလို၊ စိတ်ပဲဆိုးရတော့မလိုလို စိတ်ဆိုးရခက် နာလိုခံခက် ခံစားချက်ကို ဖြစ်ပေါ်စေပါ တယ်။ 

သရော်လိုက်တဲ့ကိစ္စ မှန်နေတော့လည်း အောင့်သက်သက်နဲ့ ဖြစ်စေတယ် လို့ ဆိုကြပါတယ်။ ဒီသရော်မှုကို ကြုံတွေ့ရပြီးတဲ့နောက် လူအများက တပြုံးပြုံးဖြစ်နေချိန်မှာ သက်ဆိုင်သူတွေက အိုးမလုံအုံပွင့် ရှက်ရွံ့စိတ် တွေ ခံစားစေတယ် လို့လည်း ဆိုပါတယ်။ 

သရော်စာနဲ့ ဟာသ မတူပါ။ သရော်စာဟာ ဟာသပြက်လုံးလိုပါပဲ။ လူအများကို ရယ်မောစေပါတယ်။ 

တစ်ဆက်တည်းမှာပဲ အဲဒီ ရယ်မောစရာတွေရဲ့နောက်မှာ စဉ်းစားဆင်ခြင်းစရာတွေ တစ်ပုံတစ်ပင် ဖြစ်ပေါ် လာစေပါတယ်။ ဒါဟာ သရော်တာနဲ့ ဟာသပြက်လုံးတွေရဲ့ အဓိက ခြားနားချက်ပဲ ဖြစ်ပါတယ်။ 

သရော်စာနဲ့ ကောလဟာလ ဖြန့်ချိမှု မတူပါ။ သရော်စာဟာ ဖန်တီးပြောကြားနေတာကို သိသာထင်ရှား စေ ပါ တယ်။ ကောလဟာလကတော့ ယုံထင်ကြောင်ထင် ဖြစ်စေအောင် တွန်းပို့ပေးတာဖြစ်ပါတယ်။ 

သရော်စာရဲ့ အဓိကဦးတည်ချက်က မှားနေတာတွေ တည့်မတ်လာအောင်၊ လိုနေတာတွေ သတိပြုမိ အောင်၊ လုပ်မှားကိုင်မှားတွေကို ရှက်ရွံ့သွားအောင် ဖြစ်ပေမယ့် ကောလဟာလကတော့ အထင်အမြင် တွေ လွဲ မှားလာအောင်၊ အမှန်တကယ် မဖြစ်ခဲ့တာတွေ ဖြစ်ခဲ့တယ် ထင်မြင်ယူဆလာအောင် သတင်း မှား ဖြန့်ချိခြင်း ဖြစ်ပါတယ်။ 

ဆြာမင်းဒင် စတင်တဲ့ ရည်ရွယ်ချက် သူ့ဘာသာသူ သိပါလိမ့်မယ်။ 

ပဋိပက္ခ စတင်ဖြစ်ပွားပြီး ခံစာချက် တွေ တောက်လောင်နေချိန်မှာ အချိန်အခါအကိုက် ရေးလိုက်တဲ့ Status ဖြစ်နေပါတယ်။ 

ဒီစာကို Like ပေါင်း (၄၇၀) ထပ်ဆင့်ဝေမျှShare သူပေါင်း (၃၁၉)ဦး ရှိပါတယ်။ ဆင့်ပွား ဖြန့်ချိမှုတွေကို ထည့်တွက်ရင် ဒီထက်ပိုပြီး များနိုင်ပါတယ်။ (ဥပမာအားဖြင့် မိုးသီးဇွန်က ဒီ Status ကို ဟန်ဝင်းအောင်ရဲ့ Wall မှာ သွားတင်ခဲ့ပါတယ်။ ဒါ့အပြင် ဆြာဒင်ရဲ့ Status ကို Screen Shot ရိုက်ပြီး ဖြန့်ချိမှုတွေ ရှိခဲ့ပါ တယ်) 

ဒီလိုထပ်ဆင့် ပွားလိုက်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ ရည်ညွှန်းခဲ့တဲ့ တတိယအုပ်စုတွေ ပါလာပါပြီ။ ဒီပြန့်နှံ့မှုကို လိုက်ပြီးကြည့်ရင် ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပါလိမ့်မယ်။ 

ပဋိပက္ခ ဖြစ်အပြီး အွန်လိုင်းမှာ ပြန့်နှံ့လာနေတဲ့ ပဋိပက္ခမှတ်တမ်း ဓါတ်ပုံတွေကြောင့် ပြည်သူအားလုံးက စိတ်ဝင်တစား ဖြစ်နေချိန်မှာ သမ္မတရုံး ကြေညာချက် ဆိုပြီး ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

နာက်တစ်ခါ ကောလဟာလလို့ ယူဆကြသလား၊ သရော်စာလို့ ယူဆကြသလား ဆိုတာကို ဆြာ မင်းဒင်ရဲ့ “သရော်စာ”ပါ ဆိုပြီး ပြောနေတဲ့ Status အောက်က Comment ပေါင်း (၈၄)ခုကို ဖတ်ကြည့်စေ ချင်ပါတယ်။ 

သမ္မတရုံးထုတ်ပြန်ချက်ပဲ ဆိုပြီး အခိုင်အမာ ယူဆထားကြတဲ့ ပရိတ်သတ်က ရာခိုင်နှုန်းအများစု ဖြစ်နေ ပါတယ်။ အခြား ပြန့်နှံ့သွားတဲ့ နေရာတွေမှာလည်း အလားတူ တွေ့ရှိရပါတယ်။ တော်တော်များ များ ပြန့်နှံ့ပြီးတော့မှ ကာယကံရှင်က သရော်စာပါ ဆိုပြီး ရှင်းချက် ထုတ်ပါတယ်။ 

လူမှုကွန်ရက်၊ အထူးသဖြင့် မြန်မာနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေအကြား ပြန့်နှံ့မှုအနေအထားကို ကြည့်လိုက်ရင် ပဋိပက္ခကြောင့် အားလုံး စိတ်မကောင်းဖြစ်ရ၊ ဒေါသဖြစ်ရ ဖြစ်နေကြတဲ့အချိန်မှာ “သရော်စာ ဟုဆိုသည့် ထိုရေးသားချက်” က ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။ 

မီဒီယာသမားတချို့ဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး သမ္မတရုံး ကြေညာချက်အကြောင်း မေးလာခဲ့ပါ တယ်။ တချို့လည်း တစ်ကယ် ထင်သွားတာတွေ ရှိခဲ့တာလည်း တွေ့ရှိနိုင်ပါတယ်။ 

ကာယကံရှင်က သဘောရိုး မည်သို့ပင် ရှိရှိ၊ ဒီကြေညာချက်ကို နိုင်ငံရေး အသုံးချသွားသူတွေ အများကြီး ရှိနေပါတယ်။ အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံမှာ အဆင်သင့် မဖြစ်သေးတဲ့ လူ့အဖွဲ့အစည်းပေါ်ကို လှုံ့ဆော်နေသူတွေ၊ သွေးထိုးနေသူတွေ ရှိပါတယ်။ 

ဒီလူတွေ ဒီကြေညာချက်ကို အသုံးချခဲ့ကြပါတယ်။ ဒါက အမှန်တရား ဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ NLD ကြေညာချက် အတု ထွက်လာပါတယ်။ NLD ပါတီက ဆရာကြီး မုံရွာအောင်ရှင် က “ဒါဟာ နိုင်ငံရေးလုပ်ကြံမှု” ဆိုပြီး မှတ်ချက် ပြုပါတယ်။ 

အဲဒီ ကြေညာချက်ကိုရော “သရော်စာ” ပါ လို့ အမည်ပေး ကင်ပွန်းတပ်နိုင်ပါသလား။ 

နောက် ဒုတိယ မေးချင်တဲ့မေးခွန်း က “သရော်စာ” ဟုတ်ပါရဲ့လား ဆိုတာပါပဲ။ 

This’s Satire ဆိုပြီး တံဆိပ်တပ်ပြီး ပြောတော့မှာ သြော် ဒါက သရော်စာပါလား ဆိုပြီး သိစေနိုင်တာ ကရော “သရော်စာ မှန်ပါရဲ့လား” 

နာက်ဆုံး တတိယအနေနဲ့ မေးချင်တာက ဒီကြေညာချက်ကို အသုံးချပြီး နိုင်ငံရေးအရ အချိန်ကိုက် ထိုးနှက်တိုက်ခိုက်ခဲ့တာတွေ၊ သတင်းမှား အဖြစ် ပြန့်နှံ့ခဲ့တာတွေ ရှိခဲ့တယ်ဆိုတာ သတိပြုမိပါရဲ့လား ဆိုတာပါပဲ။ 

ကျးဇူးတင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်က တိုးမြတ်အောင် ငါးဖမ်းစက်လှေအား ဖမ်းဆီးခေါ်ဆောင်



ဟိုင်လုံကုမ္ပဏီ မှ တိုးမြတ်အောင် (၉) နှင့် တိုးပွားအောင် (၈) အမည်ရှိ ငါးဖမ်း ဝါးလတ်လှေ နှစ်စင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပြင်သို့ ငါးမိုင်ခန့် ရောက်ရှိခဲ့ပြီး မောင်းနှင်နေစဉ် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် ရေတပ် စစ်ရေယာဉ်မှ တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ဖမ်းဆီး သွားခဲ့ကြောင်း၊ တိုးပွားအောင်(၈) ငါးဖမ်း ဝါးလတ်လှေမှာ မိမိနိုင်ငံ ရေပြင်အတွင်း ပြန်လည် ဝင်ရောက် ခဲ့ကြောင်း ဒေသန္တရ ငါးဖမ်းလှေများ မှ ဓညဝတီ ရေတပ်စခန်း ဌာနချုပ် သို့ သတင်းပေးပို့မှု အရ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် တစ်စင်းကို ဖြစ်စဉ် ဖြစ်ပွားရာသို့ စေလွှတ်၍ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ် နှင့်ဆက်သွယ်ပြီး တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ပြန်လည် လွှတ်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ရာ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်မှ နှစ်နိုင်ငံ ရေတပ်ချင်း ချစ်ကြည် ရင်းနှီးမှု အရ ည ၁၁ နာရီတွင် တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ပြန်လည် စေလွှတ် ပေးခဲ့သည်။

အဆိုပါ ငါးဖမ်း ဝါးလတ်လှေ နှင့် လှေသား ၂၃ ဦးအား စစ်ရေယာဉ်မှ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဓညဝတီ ရေတပ်စခန်း ဌာနချုပ်၊ ဆိပ်ခံတံတား ၌ ကျောက်ဖြူခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဒု ခရိုင်ဦးစီးမှူး ဦးစံအောင်ကျော် ဦးစီးအဖွဲ့မှ တစ်ဆင့် ဟိုင်လုံ ကုမ္ပဏီ ကိုယ်စားလှယ် ဦးတင်အောင်ထွေး ထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2014/12/blog-post_939.html

အကယ်ဒမီကမောက်ကမများ



၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက် ကမ အလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင် အစည်းအရုံးက ပထမဆုံးလက်လွှဲပြောင်းပြီး ဦးစီး ကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ် စီစဉ်သူများအတွက် စိန်ခေါ်မှုအသစ် များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။


စပြီးလွဲတာကတော့ ပထမဆုံးအကယ်ဒမီဆုရှင်အဖြစ်ကြေညာခံရတဲ့ တေးဂီတဆုရှင်က ရှည်လျားလှတဲ့ ကျေးဇူး တင်စကားကိုပြောနေချိန်မှာ ဟာသသရုပ်ဆောင်ဇော်ဇော် အောင်က စင်ပေါ်တက်ပြီး ရေဘူးပေး ကာ သရုပ်ပျက်ဟန်ပန် လုပ်ခဲ့သည်ကလည်း ပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။ တကယ်ဆိုလျှင် အခမ်းအနားမှူးက ပွဲကိုအချိန်မီဝင်ထိန်းလိုက်သင့်ပါတယ်။ ပြီးတော့အခမ်းအနားမှူးအဖြစ် ပါဝင်တဲ့ အကယ်ဒမီများရှင် ရန်အောင်ကလည်း စိတ်လှုပ်ရှားလို့လား အတွေ့အကြုံမရှိလို့လားမသိ။ ပြောစကားတွေက အယောင်ယောင် အမှားမှားကိုဖြစ်လို့၊ ပူးတွဲအခမ်းအနားမှူးဒေါ်တင်မိုးလွင်က ဖေးကူသွားတာကို သတိပြု မိပါတယ်။ နောက် ငိုအားထက်ရယ်အားသန်ခဲ့ရတာကတော့ မင်းသမီးဇာတ်ဆောင်ဆုကို ကြေညာအပြီးမှာ ဆုရှင်ဝတ်မှုံရွှေရည်ကို ပွဲခင်းထဲမှာရှာမတွေ့ဘဲ ပရိသတ်ရှေ့ဆုံးကပေါ်လာတာကို စင်ပေါ်ကနေ ရန်အောင် က‘‘စိတ်လှုပ်ရှားလို့ မင်းသမီး (Toilet) အိမ်သာသွားနေတာပါ’’လို့ ပြောလိုက်တဲ့အခါမှာတော့ ကြည့်နေသူတွေ ပွဲကျသွားပါတယ်။

နောက်ရုပ်သံလိုင်းကတိုက်ရိုက်ပြနေတာကို စိတ်လှုပ်ရှားလို့ လား၊ မေ့သွားတာလားမသိတဲ့ ဥက္ကဋ္ဌ လူမင်းက ပြေတီဦးကိုရင်းနှီးခင်မင်စွာနဲ့ ဆဲဆိုရင်း ဂုဏ်ပြုစကားဆိုလိုက်တဲ့စကား ကိုတိုက်ရိုက် ထုတ်လွှင့်ရာကတစ်ဆင့် ကြားလိုက်ရတဲ့ ပရိသတ်က အံ့အားသင့်ခဲ့ရပြီးလူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်မှာ အချိန်နဲ့ တစ်ပြေးညီ အဲဒီအကြောင်းတွေ ပလူပျံသွားခဲ့ပါတယ်။ အကယ်ဒမီဆုရရှိသူတွေစာရင်း အတိ အကျက တစ်ရက်ကြိုပြီး အွန်လိုင်းမှာပျံ့နှံ့နေခဲ့တာကိုလည်း ပရိသတ်တချို့က မချိတင်ကဲဖြစ်ခဲ့ကြ ပြီးဝေဖန် ခဲ့ကြပါတယ်။

7 Days

တရုတ်နိုင်ငံကို ခိုးထုတ်မယ့် သစ်တွေ မြစ်ကြီးနားအ၀င်မှာ ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ဘက် ကနေ တရုတ်ပြည်ကို တရားမဝင်သယ်ပို့မယ့် သစ် တန်ချိန် ၁၈ တန်နဲ့ ကား ၆စီးကို မြစ်ကြီးနားမြို့ အဝင်မှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင် ရွက်နေတယ်လို့ မြစ်ကြီးနားမြို့အမှတ် ၂ ရဲစခန်း မှူးက ပြောပါတယ်။


ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်နေ့က သစ်တောနဲ့ ရဲဝန် ထမ်းတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မနေ့က အမှုဖွင့်အရေးယူခဲ့ပြီးဒီနေ့မှာ ဖမ်းမိတဲ့သစ်တွေကို သစ်တောဋ္ဌာနကို လွှဲပြောင်းပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က RFA ကိုပြောပါတယ်။

"သစ်ကား ၆ စီးနဲ့ တရားခံ ၇ ဦးကို ဖမ်းဆီးရမိတယ်၊ သစ်ခန့်မှန်းတန်ချိန် ၁၈ တန်ခန့် ကာလတန်ဖိုးက သိန်း ၃၆ဝ နီးပါးရှိပါတယ်၊ ဖမ်းဆီးရတဲ့သူတွေကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားပါတယ်၊ ဖမ်းမိတဲ့သူတွေကတော့ ယာဉ်မောင်းတွေပေါ့၊ ပိုင်ရှင်တွေမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရ သစ်တောကို လွှဲလိုက်တာပေါ့၊ နယ်မြေအခြေအနေကြည့်ရတာတော့ တရုတ်ပြည်ဘက်ပဲ ပို့တာများပါတယ်၊ တရားမဝင်သစ်တွေ သတင်းရရင်တော့ ဆက်ပြီးတော့ ကျနော်တို့က ဖော်ထုတ်ဖမ်းဆီးသွားဖို့ရှိပါမယ်"

တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် ကား ၆ စီးကို မြစ်ကြီးနားမြို့အဝင် နန်းကွေ့၊ မောင်ဖောင်းကျေးရွာတွေနားမှာ ဖမ်းမိခဲ့တာပါ။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက သစ်မျိုးစုံနဲ့ သစ်တောထွက်ပစ္စည်းတွေ အပါအဝင် တောရိုင်းတိရိစ္ဆာန်တွေကို တရုတ်ကုန်သည်တွေက ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်လေ့ရှိပါတယ်။

ဒါ့အပြင် အင်းတော်ကြီးနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ဝိုင်းမော်၊ မန်စီ၊ မိုးမောက်စတဲ့ ကချင်ပြည်နယ်အတွင်းက မြို့ရွာတွေမှာလည်း တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် သစ်နဲ့တောရိုင်းတိရိစ္ဆာန် ဈေးကွက်တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာရဲ့ အရှေ့ဘက်အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသား သစ်ခိုးဂိုဏ်းတွေကို ထိထိရောက်ရောက်အရေးယူဖို့ ဒေသခံ ငါးရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

RFA Burmese

ပဲခူးရွှေမော်ဓေါဘုရားကွင်း မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်



NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီလ ၃ ရက်နေ့ ပဲခူး မြို့ရွှေမော်ဓေါဘုရားကွင်းမှာကျင်းပမယ့် ဗိုလ်ချုပ် အောင် ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောမယ်လို့ ပါတီ ဗဟိုအလုပ် အမူဆောင်တစ်ဦးဖြစ်သူ ဦးစံဦးက ပြောပါတယ်။


"ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား ရှိတယ်လေ၊ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ချီးမြှင့်မယ်ပေါ့နော်၊ အစီအစဉ် ကတော့ ဖျော်ဖြေပွဲတွေပါမယ်၊ ကလေး လူငယ်တွေ ရဲ့ဖျော်ဖြေပွဲတွေပါမယ်ပေါ့နော်၊ ပြီးရင် ဒေါ်အောင် ဆန်းစုကြည်နှုတ်ခွန်းဆက် အမှာ စကားပြောကြား မယ်ပေါ့၊ ဆက်တိုက် ဆက်တိုက် ကတော့ဗျာ အားကစားလှုပ်ရှားမှုတို့၊ စာပေလှုပ်ရှားမှုတို့ ဒါတွေ ဟာ တဖြေးဖြေးလုပ်သွားမှာပါ "

အဲ့ဒီအခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲတွေပါ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

အဲ့ဒီပွဲကို ပဲခူးမြို့ရွှေမော်ဓေါဘုရားကွင်းမှာ ကျင်းပဖို့ ခွင့်ပြုမိန့်တောင်းခံထားဆဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့် မွေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွေကို ၂၀၁၅ ခုနှစ်မှာ တစ်နှစ်ပတ်လုံး ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

RFA

လိုင်ဇာဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှုသည် အပစ်ရပ်ရေး ခိုင်မာမှုမရှိခြင်းနှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အသက်မသွင်းနိုင်၍ဟု ဝန်ကြီးဦးအောင်မင်းဆို


10897938_798876356852959_3655207841670809934_n

ကချင်ပြည်နယ် နှင့် ရှမ်းမြောက်ဒေသ ထိတွေ့ တိုက်ခိုက် မှုများအပါအဝင် လိုင်ဇာဗိုလ်သင်တန်း ကျောင်း တိုက်ခိုက်ခံရမှုတို့သည် အပစ်အ ခတ်ရပ်စဲရေး ခိုင်မာမှုမရှိခြင်းနှင့် ပူးတွဲစောင့် ကြည့်ရေးကော်မတီ ပီပီပြင်ပြင် အသက်မ သွင်းနိုင်၍ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက ထောက်ပြပြောဆို လိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC ) နှင့် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေး အဖွဲ့(NCCT)တို့၏ တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသ ဘောတူညီချက် မူကြမ်းဆိုင်ရာ လုပ်ငန်းညှိ နှိုင်း အစည်းအဝေး မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။


”လိုင်ဇာ ဗိုလ်သင်တန်းကျောင်း က ဖြစ်စဉ်အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေက ထိတွေ့တိုက်ခိုက် မှုတွေကိုကြည့်ရင် အဲဒီဒေသတွေမှာ အပစ် အခတ်ရပ်စဲရေး ခိုင်မာအောင် မလုပ်နိုင် သေးလို့ဆိုတဲ့ အချက်ကို တွေ့ရမှာဖြစ်ပါ တယ်။ နှစ်ဖက်လိုက်နာရမယ့် စည်းကမ်း တွေကို သေသေချာချာ သတ်မှတ်ပြီး ချိုး ဖောက်မှုတွေဖြစ်လာရင် စောင့်ကြည့်ကြီး ကြပ် စိစစ်နိုင်တဲ့ ပူးတွဲစောင့်ကြည့်ရေးကော် မတီ ပီပီပြင်ပြင် အသက်သွင်းနိုင်ဖို့လိုပါ တယ်”ဟု ဦးအောင်မင်းက ပြောသည်။

NCCT အဖွဲ့ဝင် ဒေါက်တာဆ လိုင်းလျံမှုန်းဆာခေါင်းက ”တစ်ဖွဲ့ချင်းအ နေနဲ့ သဘောတူတဲ့အထဲမှာရော ကချင်နဲ့ KIO နဲ့ဆို အပစ်အခတ်ဖြေရှင်းရေး ကော် မတီတွေ ရှိတဲ့အခါမှာ ဖွဲ့ပြီးတော့ အလုပ် က သိပ်ပြီးတော့ မရှိသေးတဲ့သဘော ဖြစ်နေ တာပေါ့နော်။ နောက်ထပ် ပြဿနာမဖြစ် ဖို့အတွက်ကိုတော့ ကျွန်တော်တို့ ရှိပြီးသား ကော်မတီတွေ၊ ရှိပြီးသားအဖွဲ့တွေ အလုပ် လုပ်ဖို့၊ အသက်ဝင်ဖို့ အင်မတန်မှ အရေး ကြီးပါတယ်”ဟု ပြောသည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် လိုင်ဇာဗိုလ်သင်တန်းကျောင်းကို တပ် မတော်ဘက်က ပစ်ခတ်မှုကြောင့် NCCT နှင် UPWC တို့အကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် တွေ့ဆုံမှုများ ရပ် တန့်သွားခဲ့ရသည်။

လိုင်ဇာပစ်ခတ်တိုက်ခိုက်မှုနောက် ပိုင်း ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိကျင်း ပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူညီချက် မူကြမ်းဆိုင်ရာ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို NCCT ဘက် မှ ခေါင်းဆောင်တချို့ မတက်ရောက်ဘဲ ဆွေး နွေးမှုအဆင့်ကို လျှော့ချခဲ့သည်။

တွေ့ဆုံပွဲတက်ရောက်သူ ဒုတိ ယအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က ”ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို အဆင့်လျှော့လိုက်တယ်။ လျှော့တဲ့အပေါ် မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေလဲ မပါလာနိုင်တာ ဖြစ်တယ်။ နိုင်ငံရေးမှာအ ဆင့်လျှော့တာရှိသလိုပေါ့”ဟု မီဒီယာများ နှင့် တွေ့ဆုံရာတွင် ပြောသည်။

UPWC မှ နည်းပညာအထောက် အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ”တိုင်းရင်း သားတွေဘက်က တောင်းဆိုတဲ့အတွက် ညှိ နှိုင်းပြီး ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်။ တိုင်းရင်းသားတွေတောင်းဆိုတဲ့ PDSG ဆိုတာ Peace Donar Support Group ကိုပြောတာ။ အဲဒီထဲမှာ EU , UN , သြစတြေးလျ နဲ့ USAID တို့လို အစုံပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲအပြီး နှစ် ဖက် ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက် တွင် လာမည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ လလယ် တွင် သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေး နွေးပွဲ ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ခိုင်မာ သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်း ဆောင်ရွက်နေကြောင်း သိရသည်။

Yangon Media Group