Sunday, December 28, 2014

အကယ်ဒမီကမောက်ကမများ



၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက် ကမ အလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင် အစည်းအရုံးက ပထမဆုံးလက်လွှဲပြောင်းပြီး ဦးစီး ကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ် စီစဉ်သူများအတွက် စိန်ခေါ်မှုအသစ် များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။


စပြီးလွဲတာကတော့ ပထမဆုံးအကယ်ဒမီဆုရှင်အဖြစ်ကြေညာခံရတဲ့ တေးဂီတဆုရှင်က ရှည်လျားလှတဲ့ ကျေးဇူး တင်စကားကိုပြောနေချိန်မှာ ဟာသသရုပ်ဆောင်ဇော်ဇော် အောင်က စင်ပေါ်တက်ပြီး ရေဘူးပေး ကာ သရုပ်ပျက်ဟန်ပန် လုပ်ခဲ့သည်ကလည်း ပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။ တကယ်ဆိုလျှင် အခမ်းအနားမှူးက ပွဲကိုအချိန်မီဝင်ထိန်းလိုက်သင့်ပါတယ်။ ပြီးတော့အခမ်းအနားမှူးအဖြစ် ပါဝင်တဲ့ အကယ်ဒမီများရှင် ရန်အောင်ကလည်း စိတ်လှုပ်ရှားလို့လား အတွေ့အကြုံမရှိလို့လားမသိ။ ပြောစကားတွေက အယောင်ယောင် အမှားမှားကိုဖြစ်လို့၊ ပူးတွဲအခမ်းအနားမှူးဒေါ်တင်မိုးလွင်က ဖေးကူသွားတာကို သတိပြု မိပါတယ်။ နောက် ငိုအားထက်ရယ်အားသန်ခဲ့ရတာကတော့ မင်းသမီးဇာတ်ဆောင်ဆုကို ကြေညာအပြီးမှာ ဆုရှင်ဝတ်မှုံရွှေရည်ကို ပွဲခင်းထဲမှာရှာမတွေ့ဘဲ ပရိသတ်ရှေ့ဆုံးကပေါ်လာတာကို စင်ပေါ်ကနေ ရန်အောင် က‘‘စိတ်လှုပ်ရှားလို့ မင်းသမီး (Toilet) အိမ်သာသွားနေတာပါ’’လို့ ပြောလိုက်တဲ့အခါမှာတော့ ကြည့်နေသူတွေ ပွဲကျသွားပါတယ်။

နောက်ရုပ်သံလိုင်းကတိုက်ရိုက်ပြနေတာကို စိတ်လှုပ်ရှားလို့ လား၊ မေ့သွားတာလားမသိတဲ့ ဥက္ကဋ္ဌ လူမင်းက ပြေတီဦးကိုရင်းနှီးခင်မင်စွာနဲ့ ဆဲဆိုရင်း ဂုဏ်ပြုစကားဆိုလိုက်တဲ့စကား ကိုတိုက်ရိုက် ထုတ်လွှင့်ရာကတစ်ဆင့် ကြားလိုက်ရတဲ့ ပရိသတ်က အံ့အားသင့်ခဲ့ရပြီးလူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်မှာ အချိန်နဲ့ တစ်ပြေးညီ အဲဒီအကြောင်းတွေ ပလူပျံသွားခဲ့ပါတယ်။ အကယ်ဒမီဆုရရှိသူတွေစာရင်း အတိ အကျက တစ်ရက်ကြိုပြီး အွန်လိုင်းမှာပျံ့နှံ့နေခဲ့တာကိုလည်း ပရိသတ်တချို့က မချိတင်ကဲဖြစ်ခဲ့ကြ ပြီးဝေဖန် ခဲ့ကြပါတယ်။

7 Days

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။