Monday, February 17, 2014

ပြိုင်ကားအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်တို့ဒဏ်ရာရသည့်အပြင် အငှားယာဉ်ပျက်စီး

၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်း သည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အတွက် ပြည်လမ်းအတိုင်းမောင်းနှင် လာခဲ့ပါသည်။


ထိုသို့မောင်းနှင်လာရာ (၇)မိုင် ကားမှတ်တိုင်အနီးအရောက် ယာဘက် ပလက်ဖောင်းဘေး ကပ်လျက် ယာဉ်ကြော၌ ရပ်ထားသော ဟွန်ဒါစီဗစ်(နံပါတ်မမှတ်မိ)ယာဉ်အား ကျော်တက်မောင်းနှင်လာခဲ့ရာ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ (၆)မိုင်ခွဲမှတ်တိုင်အနီးအရောက်၌ ပြိုင်ကား(၁)စီး(နံပါတ်မမှတ်မိ)မှ ကျော်တက်ပြီး ရှေ့မှပိတ်ရပ်ခဲ့သဖြင့် ကိုသက်ဇင်ဝင်းမှ ပြန်လည်ကျော်တက်ကာ ဆက်လက်မောင်းနှင်စဉ် အခြား ပြိုင်ကားတစ်စီး(နံပါတ်မမှတ်မိ)မှ ရှေ့မှထပ်မံပိတ်ရပ်ခဲ့သဖြင့် ထပ်မံကျော်တက်ရန်ပြုစဉ် ဟွန်ဒါ စီဗစ်ယာဉ်မှ ဘေးဘက်မှ ပိတ်ရပ် ခဲ့သောကြောင့် ဆက်လက်မောင်းနှင်၍မရတော့သဖြင့် ယာဉ်အား ရပ်တန့် ခဲ့ရပါသည်။

ထိုစဉ် နောက်ထပ် ပြိုင်ကား(၂)စီးထပ်မံရောက်ရှိလာပြီး ၎င်းတို့ပြိုင်ကား (၅)စီးမှာ ၀ိုင်းရံထားခဲ့သဖြင့် ကိုသက်ဇင်ဝင်း က ယာဉ်ပေါ်မှဆင်းကာ တောင်းပန်ပြောဆိုစဉ် အဆိုပါပြိုင်ကားများပေါ်မှ အသက်(၂၀)ကျော်ခန့်ရှိ အမျိုးသား(၅)ဦးတို့မှာ ဘေ့စ်ဘောတုတ်များ ကိုင်ဆောင်ဆင်းလာကြကာ တစ်ဦးမှ ကိုသက်ဇင်ဝင်းအား ရိုက်နှက်ခဲ့ပြီး၊ကျန်(၄)ဦးမှကိုသက်ဇင်ဝင်း၏ အငှားယာဉ်အား ၀ိုင်းဝန်းထုရိုက်ကြ ပြီးနောက် ပြိုင်ကားများအား မောင်းနှင်ထွက်ခွာသွားကြပါသည်။

ပြိုင်ကားမောင်းသူများ၏ ရိုက်နှက်မှုကြောင့် ကိုသက်ဇင်ဝင်းတွင် ယာပခုံး အရေပြားပွန်းစုတ်၊ ဦးခေါင်း ယာဘက် နှင့်ဝဲလက်ခုံတို့နာကျင်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ယာဉ်ပေါ်ပါခရီးသည်(၃)ဦးအနက် အခင်း ဖြစ်ပွားနေစဉ် က (၂)ဦးမှာထွက်ပြေးသွားကြသော်လည်း ကျန်နေခဲ့သည့် ခရီးသည် ကိုအင်ထိတ်ကြန့်တွင် ၀ဲပေါင်နှင့်ဝဲတံတောင် တို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများ အဖြစ်ဆေးကုသ ခဲ့ရပါသည်။

ပြိုင်ကားမောင်းသူများ၏ ရိုက်နှက်မှုကြောင့် ကိုသက်ဇင်ဝင်း၏အငှားယာဉ်မှာ ရှေ့ဘောနက်၊ ၀ဲပါးခြမ်း၊ ၀ဲ/ယာ ရှေ့တံခါး၊ နောက်ဖုံးများပိန်ချိုင့်ကာ ရှေ့လေကာမှန်၊ နောက်လေကာမှန်၊ နောက်ခန်းဝဲ/ ယာ တံခါးမှန်၊ ယာဘက် နောက်ကြည့်မှန်တို့ကွဲအက် ပျက်စီးခဲ့ပါသည်။

ယင်းသို့ ကျူးလွန်ခဲ့ကြသည့် ပြိုင်ကားမောင်းသူ(၅)ဦး(စုံစမ်းဆဲ)အား အရေးယူပေးပါရန် ကိုသက်ဇင်ဝင်း မှတိုင်တန်းခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ)၇၆/၂၀၁၄၊ ပုဒ်မ ၄၄၀၊၃၂၅/၄၂၇/၁၁၄ ဖြင့်အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit : Yangon Police

ဦးခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ပြစ်မှုကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး ရမိ

လွန်ခဲ့သည့် တစ်နှစ်ခန့် က ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်းဘေး ၌ ဦးခေါင်း ဖြတ် အသတ်ခံ ရသည့် အမျိုးသမီး အမှုမှ ပြစ်မှု ကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် စစ်ဆေး ဖော်ထုတ်ခဲ့ မှုကြောင့် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။


၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်း က ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၁၃၉/၁-၂) အကြား၊ တံတားအမှတ် (၁၄ဝ/၁) ဇဟားချောင်း တံတား အနောက်ဘက် ချောင်းဘေးတွင် သွေးစွန်း နေသော ပီနံအိတ် အထုပ်တစ်ထုပ် အား တွေ့ရှိ သဖြင့် ဖြူးမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ဦးခေါင်းမပါ ကိုယ်လုံးတီး အမျိုးသမီးအား ခြေလက်များ ကြိုးတုပ်လျက် တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။


သေဆုံးသူမှာ ကျောက်တံခါး မြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျ ရပ်ကွက်နေ မသန်းထွေး (၄၁)နှစ် ဖြစ်ကြောင်း သိရှိရပြီး ငွေတိုး ပေးသည့် လုပ်ငန်း လုပ်ကိုင်သူ ဦးတင်စိုး နှင့် လူမှုရေးအရ ငြိစွန်း ခဲ့ရာမှ ၄င်းက သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် သိရှိရသဖြင့် ဦးတင်စိုး (၅၉) နှစ် အား အမှုဖွင့် ဖမ်းဆီး ထားကြောင်း သိရသည်။

စုံစမ်း စစ်ဆေးချက်များ အရ ၂ဝ၁၂ ခုနှစ် မေလ ခန့်တွင် မသန်းထွေး သည် ဘားအံမြို့မှ ပြန်လာစဉ် ငွေကျပ် သိန်း ၃ဝ ခန့်နှင့် ရွှေထည် ပစ္စည်း ပါလာကြောင်း၊ ထို့နောက် ခင်မင် ရင်းနှီးသူ တောကျွဲအင်းမြို့ နေ ဦးတင်စိုး နှင့် ဇနီးတို့ နေအိမ်တွင် လိုက်ပါ နေထိုင်ပြီး ပါလာသော ငွေများ အတိုးပွား ရရှိရန် ဦးတင်စိုး ထံတွင် အတိုးပေး ခဲ့ကြောင်း၊ ထိုနောက်ပိုင်း တွင် ဦးတင်စိုး နှင့် မသန်းထွေး တို့ ငြိစွန်း ခဲ့ကြောင်း၊ ဇနီးဖြစ်သူ ရန်ကုန်မြို့သို့ သွားရောက် နေသဖြင့် ဦးတင်စိုး တစ်ဦးတည်း နေအိမ်တွင် ရှိနေစဉ် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲခန့် တွင် မသန်းထွေး ရောက်ရှိ လာပြီး ထိုညက အတူအိပ်စက် ခဲ့ကြောင်း၊ နောက်နေ့တွင် မသန်းထွေး က နှစ်လုံးထီ ရှုံးထားသဖြင့် ထပ်မံ ကစားရန် ငွေသုံးသိန်း တောင်းခံရာမှ စကားများ ရန်ဖြစ်ပြီး ဦးတင်စိုး က ဓားဦးချွန်ဖြင့် မသန်းထွေး ၏ လည်ပင်းအား ခုတ်ခဲ့ကြောင်း၊ ထို့နောက် လည်ပင်းအား လှီးဖြတ်ခဲ့ပြီး အထုပ်များ ဖြင့်ခွဲထုတ်၍ ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန် - မန္တလေး လမ်းဘေးတွင် သွားရောက် စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် ရရှိခဲ့သည်။

မသန်းထွေး၏ ကိုယ်လုံး ထည့်ထားသည့် အထုပ်အား ဆိုင်ကယ်ပေါ် မှ တွန်းချစဉ် အရှိန်ဖြင့် ဆိုင်ကယ် လဲကျသွား ခဲ့ကြောင်း၊ ထိုသို့ လဲကျစဉ် ကတ္ထီပါ ဖိနပ် ဝဲဘက် တစ်ဖက်၊ ဆိုင်ကယ် ဝဲဘက် နောက်ကြည့်မှန်၊ ဆိုင်ကယ် ရှေ့ခြင်းထဲမှ ရေသန့်တစ်ဘူး၊ ဓာတ်မီး တစ်လက်၊ မျှော့ကြိုး တစ်ချောင်းတို့ ကျကျန် ခဲ့သဖြင့် အဆိုပါ သဲလွန်စ များမှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် ဖော်ထုတ်မှု ကြောင့် ယခုကဲ့သို့ ပြစ်မှု ကျူးလွန် သူအား ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာ အရ သိရှိရသည်။

ဖုန်းကို လက်ဖြင့်ခေါက်ပြီး ဖွင့်သည့် Password ကို တီထွင်လိုက်ပြီ



LGအနေဖြင့် ဖုန်း၏ လုံခြုံရေး စနစ်အတွက် Password များအစား ဖုန်းကို ခေါက်ရသည့် နည်း ပညာကို အစားထိုး အသုံးပြုရန် ကြံစည်နေကြောင်း သိရသည်။ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပေါ်တွင် အချိန်အပိုင်းအခြား မတူညီသည့် တီးခေါက်မှုလေး များ ပြုလုပ်ကာ Passwordသဖွယ် မှတ်သားထား စေရန် LGက ရည်ရွယ်ထားသည်။


အဆိုပါ စနစ်တွင် မတူညီသည့် အချိန်ခွဲခြား တီးခေါက်မှု စုစုပေါင်း (၂)ကြိမ်မှ (၈)ကြိမ်ကြား ပြုလုပ်ခြင်းဖြင့် လုံခြုံရေးCodeအဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။ LG၏ နည်းပညာသစ်သည် ပုံစံမတူညီသည့် တီးခေါက်မှု သတ်မှတ်ချက် အမျိုးကွဲပေါင်း (၈၆၃၆၇)ခုထိကို မှတ်သားထားနိုင်မည်ဟု သိရှိရသည်။ ထိုနည်းလမ်းအရ ဖုန်း၏ Screenကို ပိတ်ထားသည့်တိုင် ဖုန်းကို လက်ဖြင့်ခေါက်ရင်း Unlockပြုလုပ်နိုင်မည် ဖြစ်သည်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးသည် (၅.၉)လက်မအရွယ် Screenပါရှိသည့် LG G Pro 2ဖုန်းအသစ်ကို စတင်ဖြန့်ဝေပြီး ယင်းစနစ်ကို ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ စနစ်ကို LGက Knock Codeဟု အမည်ပေးထားသည်။ LG၏ အဆိုအရ ဖုန်း၏ ကိုယ်ထည် မည်သည့်နေရာတွင်မဆို မိမိမှတ်သားထားသည့် အစဉ်လိုက် သတ်မှတ်ချက်ဖြင့် တီးခေါက်နိုင်ကြောင်း သိရသည်။ "Knock Codeက ဘာကိုညွှန်ပြသလဲဆိုတော့ LGဟာ လူတွေရဲ့ မိုဘိုင်းလ်ဘဝမှာ ပိုပြီး ရိုးရှင်း အဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ ထိတွေ့ဖို့ ချဉ်းကပ်ဦးတည်နေတယ် ဆိုတာကို သိသာစေမှာပါ"ဟု LG၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဒေါက်တာ ဂျွန်ဆော့ခ်ပါ့ခ်က ပြောကြားခဲ့သည်။

၎င်းက အခြားသော မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီးများက အလွန်အမင်း စုံလင်သော Featureများ ထည့်သွင်း နေချိန်တွင် LG အနေဖြင့်မူ အသုံးပြုသူများအတွက် အလွန်ရိုးရှင်း အဆင်ပြေစေမည့် နည်းပညာသစ် များထံသာ ဦးတည်သွားမည်ဟုလည်း ဆိုသည်။ "မိုဘိုင်းလ်ဖုန်းတွေ စပေါ်လာကတည်းက ဖုန်းတစ်လုံးမှာ Featureတွေ ဘယ်လိုပါသလဲပဲ လူတွေက မေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သုတေသန ဌာနဟာ ဖုန်းသုံးစွဲသူတွေ တကယ်တမ်း အလိုအပ်ဆုံးက ဘာလဲဆိုတာကို နှစ်ရှည်လများ လေ့လာခဲ့ကြပါတယ်။ အရိုးရှင်း အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။ ဒါကို သုံးစွဲသူတွေလည်း လက်ခံကြ လိမ့်မယ် ထင်တယ်"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

G Pro 2 ဖုန်းအသစ်ကို လတ်တလောတွင် တောင်ကိုရီးယား၌သာ စတင်ရောင်းချဦးမည်ဖြစ်ပြီး သီတင်း ပတ် အနည်းငယ်အတွင်း အခြားကမ္ဘာ့နိုင်ငံ အတော်များများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ထားသည်။

By Planet

သမ္မတ မဖြစ်နိုင်တော့ ဟု ထုတ်ပြောခဲ့သည့် ဦးဝင်းတင်ကို မြင့်မြတ်ဂိုဏ်းက စိတ်ဆိုးနေ ဟု ဆို



မကြာသေးခင်က အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ၂၀၁၅ ၌ ဒေါ်စု သမ္မတ မဖြစ် နိုင်တော့ကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောကြားခဲ့၍ ဒေါ်စုနှင့် နေပြည်တော်အဖွဲ့က မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။


" ဘဘ ဦးဝင်းတင်က ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့် ရှိတယ်။ ပါတီဝင်တွေ ၊ ပါတီဝင်တွေရဲ့ မိသားစုတွေ နစ်နာ တယ် ဒုက္ခခံကြရတယ်ဆိုတဲ့ စာနာစိတ်ရှိတယ်၊ ကိုယ်ချင်း စာတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုလဲ ပြန်ကြည့်ပေး တာ ဘဘ ဦးဝင်းတင်ပဲ။ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေကို ကြည့်ပါ၊ ဒေါ်စုကို ကျွန်တော်တို့က ခေါင်းဆောင်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ တစ်သားတည်း ဖြစ်တာက ဦးဝင်းတင်ပဲ" ဟု ရန်ကုန်တိုင်း NLD စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

"ဦးဝင်းတင်ရဲ့ စကားက ကျွန်တော်တို့ ဥက္ကဌကို စော်ကားတာပဲ။ ပါတီကူးလာတဲ့သူတွေကို သာကူး လို့ ပြောတာ အတော်ရိုင်းပါတယ်။ ကိုယ်ယုံကြည်လို့ ကိုယ် ပါတီပြောင်းတာ။ လက်မခံရင်လဲ အစကတည်းက လက်မခံနဲ့ပေါ့။ သူများတွေလို လွှတ်တော်ထဲ မရောက်လို့ ဘုကလန့် လုပ်နေတဲ့အထဲမှာ ကျွန်တော် မပါဘူး။ ကျွန်တော်က NLD အရှိန်နဲ့ လွှတ်တော်ထဲ ရောက်လာတာ မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တာ ကျွန်တော့်ဘာသာ အရည်အချင်းရှိလို့ လွှတ်တော်အမတ် ဖြစ်လာခဲ့တာပဲ။ သူများတွေလို NLD ပါတီထဲ ၀င်ပြီးမှ လွှတ်တော်ထဲ ရောက်တာ မဟုတ်ဘူး" ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောဆိုသည်။ 

ယခုနောက်ပိုင်းတွင် NLD ပါတီအတွင်း၌ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဝင်းမြင့် ဦးဆောင်သော မြင့်မြတ်ဂိုဏ်းနှင့် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်းဝင်းဂိုဏ်းအတွင်း အားပြိုင်မှုများ ပြင်းထန် လာခဲ့ကြောင်း သိရသည်။

လေဖြတ်ခြင်း မဖြစ်အောင် ဒီလိုကာကွယ်မယ်

၁။ ချောကလက်စားပြီး သွေးစီးဆင်းမှု ကောင်းအောင်လုပ်ပါ

လေ့လာမှုကြီးအရ နေ့စဉ် ချောကလက်တစ်တုံး (Square) စားသုံးသူတွေဟာ လေဖြတ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဖလေဖနောတွေဟာ ကိုလက် စထရောတွေ သွေးကြောနံရံတွင်း စေးကပ်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၂။ သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားမှုလုပ်ပါ


နေ့စဉ် တစ်နာရီခန့် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်တာကြောင့် လေဖြတ်နိုင်ခြေ ၆၇ ရာခိုင်နှုန်း လျော့ကျ နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လှုပ်ရှားမှု ပြုလုပ်တာကြောင့် သွေးကြောကျန်းမာရေး ကောင်းမွန်စေပြီး ဦးနှောက်တွင်း သွေးစီးဆင်းမှု ပိုကောင်းစေပါတယ်။

၃။ ရေများများသောက်ပါ

နေ့စဉ် ရေငါးခွက် သောက်တာကြောင့် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ပါတယ်။ ရေဓာတ် ပြည့်ဝနေတာကြောင့် သွေးကျဲနိုင်ပြီး သွေးကြောတွင်း သွေးခဲနိုင်ခြေ နည်းသွားပါတယ်။

၎။ ဆိုဒီယမ် လျှော့စားပါ

လေ့လာမှုတွေအရ နေ့စဉ် ထမင်းစားဇွန်း တစ်ဇွန်းစာ ဆားကိုသာ စားသူတွေဟာ ဆား ၁ ဇွန်းစာထက် ပိုမို စားသူတွေထက် လေဖြတ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆားပါဝင်မှု များတဲ့ အဆင်သင့် စားသုံးလို့ရတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစာတွေကို မစားပါနဲ့။

၅။ အန္တရာယ် အကင်းဆုံး ပဋိသန္ဓေတားဆေးကို ရွေးချယ်ပါ

အသက် ၃၅ နှစ်ကျော်ပြီး သွေးဖိအားအမှတ် ၁၂၀/၈၀ ထက် များတာ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ အနေနဲ့ အီစထရိုဂျင် ပါဝင်တဲ့ ပဋိသန္ဓေ တားဆေးကို ရှောင်သင့်ပါတယ်။ လေဖြတ်နိုင်ခြေ များလို့ပါ Progestin တစ်မျိုးတည်းပါတဲ့ သန္ဓေတားဆေး ဒါမှမဟုတ် IUCDs အသုံးပြုပါ။

Good Health

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ဧရာဝတီတိုင် ဒေသကြီး အတွင်း မြို့နယ်များ အတွင်း မြစ်ကမ်း တစ်လျှောက်နေ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များကို အရှိန်အဟုန် ဖြင့် ဆောင်ရွက် ပေးလျက် ရှိသော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ ပါဝင်သည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် ( ရွှေပုဇွန် ) သည် ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီက ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် (သန်လျက်စွန်း) ၊ အမှတ်(၄) ရေတပ် ဗောတံတား သို့ ပြန်လည် ရောက်ရှိလာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် အရာရှိ အရာခံ အကြပ် စစ်သည်များ ၊ မိသားစု များက ကြိုဆို ကြသည်။


အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) အနေဖြင့် ဇန်န၀ါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ရက်ပေါင်း ၃၅ ရက်ကြာ ဧရာဝတီ မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောက်ရွက် ပေးခဲ့ရာတွင် အထွေထွေ ခွဲစိတ် ကုသမှု ၂၉၀ ဦး ၊ အကြော ခွဲစိတ်မှု ၁၇၉ ဦး ၊ မျက်စိ ခွဲစိတ်မှု ၁၇၂ ဦး ၊ သားဖွား မီးယပ် ခွဲစိတ်မှု ၁၄ ဦး ၊ နား နှာခေါင်း လည်ချောင်း ခွဲစိတ်မှု ၃ ဦး ၊ သွားနုတ် သွားဖာ ၂၁၈၀ ဦး ၊ ဓာတ်မှန်ဖြင့် ကုသမှု ၄၀၀ ဦး ၊ USG ( တယ်လီဗေးရှင်း ဓာတ်မှန် ) ဖြင့် ကုသမှု ၁၄၅၆ ဦး ၊ အထွေထွေ ရောဂါ ကုသမှုများ အပါအ၀င် စုစုပေါင်း လူနာ ၂၀၈၁၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း သိရှိ ရသည်။ 

ကျွန်တော်တို့ မသိသော ဒေါ်စု အကြောင်း



ကျွန်တော် ဒေါ်စု လျှို့ဝှက်ချက်များ ပြေားမယ်ဆိုတာ တစ်ကယ်တော့ သူ့သားတွေ အကြောင်းပါ။

ပထမဆုံး သူမ၏ ကိုယ်ရေးအချက်အလက်များကို ပြောပါမယ်။

ဒေါ်စုကို ၁၉၄၉၊ ဇွန်လ၊ ၁၉ ရက် ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း သုံးယောက်မှာ အငယ် ဆုံးဖြစ်ပါတယ်။ ရန်ကုန်မြို့ စိန့်ဖရန်စစ်၊ ကွန်ဗစ် ကျောင်းမှာ ပထမဆုံးပညာသင်ကြားခဲ့ပြီး၊ (၁၉၅၇-၆၀)မှာတော့ အင်္ဂလိပ်၊ မက်သဒစ် အထက်တန်း ကျောင်းမှာ ပည်ာသင်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး မိခင်ကြီး ဒေါ်ခင်ကြည်နဲ့အတူ အိန္ဒိယ နိုင်ငံကို လိုက်ပါသွားခဲ့ရပြီး၊ (၁၉၆၀-၁၉၆၁)မှာတော့ ဒေလီမြို့၊ ဂျိုးဇက်နှင့်မေရီ ကွန်ဗင့် ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့ပြီး၊ (၁၉၆၄-၆၇) အောက်စဖိုဒ့်တက္ကသိုလ် စိန့်ဟူးကောလိပ် မှာ ဒသာနကဗေဒ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေး ပညာ ၀ိဇ္ဇာ ဘွဲ့ ရရှိခဲ့ပါတယ်။ (သူမဟာ ၀ိဇ္ဇာဘွဲ့တစ်ခုတည်းသာ တက်ရောက် ပညာသင်ရင်း ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန် ပါရဂူ ဘွဲ့များသည် အိမ်ထဲနေရင်း ရရှိခဲ့ခြင်းဖြစ်ပါသည်။)


(၁၉၇၂) ခုနှစ်မှာ မိုက်ကယ် အဲရစ်နှင့် လက်ထပ်ပြီး သားဦး အက်လ်ဇန္ဒား(ခ)မြင့်ဆန်းအောင် နှင့် (၁၉၇၇)ခုနှစ်မှာ သားငယ် ကင်မ်(ခ)ထိန်လင်းကို မွေးဖွားခဲ့ပါတယ်။ 

သူမဟာ မိုက်ကယ် အဲရစ်နှင့် လက်မထပ် ခင်ထဲက မြန်မာ လူမျိုးတွေနှင့် သူမ နှင့် မတူဘူး မတန်ဘူးလို့ သဘေားမျိုးထားရှိခဲ့ပါတယ်။ ဒါကြောင့် သူမ နိုင်ငံခြားမှာ ရှိနေတဲ့ အချိန်တွေမှာ မြန်မာလူမျိုးတွေနဲ့ အပေါင်းအသင်း သိပ်မလုပ်ပဲ နိုင်ငံခြားသူ၊ နိုင်ငံခြားသားများနဲ့သာ ပေါင်းသင်းဆက်ဆံ ခဲ့ပါတယ်။ ဒီ အတွေးနဲ့ပဲ သူမ သည် စောင့်လေမျိုးနွယ်ကို မထိန်းသိမ်းပဲ တိုင်းတစ်ပါးသား မိုက်ကယ် အဲရစ်ကို လက်ထပ်ခဲ့တာပါ။ 

ဒေါ်စုသား အကြီးကောင် အက်လ်ဇန္ဒား သည် ပထမအိမ်ထောင်ကို အမေရိကန်ပြည်ထောင်စု Illinois အီးလီနွိုက်တက္ကသိုလ်က ပရော်ဖက်ဆာ ဦးစောထွန်း၏ သမီး နဲ့ အိမ်ထောင် ကျခဲ့ပါတယ်။ ဦးစောထွန်းရဲ့ သမီးဟာ ပညာတက်တစ်ယောက်ဆိုတော့ သိပ်မကြာခင်မှာ အက်လ်ဇန္ဒားကို ကွာရှင်းလိုက်ပါတယ်။ သူမ၏ ပြေားပြချက်အရဆိုရင် ဒေါ်အောင်ဆန်းစုကြည်၏ သား အက်လ်ဇန္ဒားသည် စိတ်ဝေဒနာ ရှင်တစ်ယောက်လို့ သိရပါတယ်။ အက်လ်ဇန္ဒားသည် အမေရီကန် ပြည်ထောင်စုက လူဖြူအမျိုးသမီးတွေကို လက်ထပ်ရန်ကြိုးပမ်းသော်လည်း သူ့ရဲ့ စိတ်မနှံတာကို သိတာကတစ်ကြောင်း ဖေအေနဲ့ မေအေနဲ့ အမျိုး မတူတာက တစ်ကြောင်းကြောင့် သူ့ကို အမေရိကန်နိုင်ငံသူ လူဖြူများသည် လုံးဝ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။( ဒီနေရာမှာ ကျွန်တော်တစ်ခု ထပ်လောင်းပြေားပြချင်တာက ခု NLD ကလူတွေက အမေရိကန်လို နိုင်ငံမျိုးကို အတုယူ အတုယူပါပြေားနေကြတာ တစ်ကယ်တော့ အမေရိကန်နိုင်ငံသူ၊ နိုင်ငံသားများသည် အမျိုးစောင့်တာ စံနမူနာ ယူလောက်သည်။ သူတို့သည် သူတို့လူမျိုး သူတို့ဘာသာကိုသာ ရွေချယ် လက်ထပ်ကြပြီး တစ်ခြားလူမျိုး၊ တစ်ခြား ဘာသာခြားများကို လုံးဝ (လုံးဝ) စိတ်မ၀င်စားပါ။ ရှားရှားပါးပါး တစ်ယောက်စ၊ နှစ်ယောက်စသာ လက်ထပ်ကြသည်။ ဒီလိုပဲ အမေရိကန်ကိုရောက်သွားသော မြန်မာတိုင်းရင်းသားများသည်လည်း မည်သည့် လူမျိုး၊ မည်သည့်ဘာသာခြားကိုမှ လက်မထပ်ပါ။) ခုတော့ အက်လ်ဇန္ဒားသည် ဟာဝိုင်အီမှာ လူမဲ အမျိုးသမီးတစ်ဦးနှင့် Living Together နေ နေကြပါတယ်။ 

ဒေါ်စုသား အငယ်ကောင် မောင်ထိန်လင်းသည် တစ်နေကုန်ဆေးလိပ်ကို လက်ကမချအောင် စွဲလမ်း နေသော ဆေးသမားတစ်ယောက် ဖြစ်သည်။ သူ၏ ပထမ ဇနီးကလည်း လူမဲ အမျိုးသမီးပါ။ (၁၉၉၅-၁၉၉၆) ခုနှစ်မှာ ဒေါ်စု ပထမဆုံးအကြိမ်လွတ်လာတယ်။ ဒီအချိန်မှာ သူ့သား ထိန်လင်းက အမဲ အမျိုးသမီးနဲ့အတူ သမီးလေးတစ်ယောက်ပါ ခေါ်ပြီး ရန်ကုန်ကို အလည်လာကြတယ်။ ပြီးတော့ ဒေါ်စု သားနဲ့ ချွေးမ(အမဲ မိန်းမ) တို့သည် အင်လေးဘက်ကို အလည်သွားကြတယ်။ အဲဒီအချိန်မှာ ဒေါ်စု မြေးမလေးဖြစ်သော အမဲကလေးလေးကို NLD ပါတီဝင်တွေက လက်က မချ ရအောင်ကို ထိန်းပေးရတယ်။ ဒီ အမဲ မြေးမလေးအကြောင်းကို ဒေါ်စုက ဖုံးထားပါဆိုလို့ ပါတီဝင်တွေက ဖုံးထားရတယ်။ ခုအချိန်မှာ ဒေါ်စုသား ထိန်လင်းက အမဲ အမျိုးသမီးနဲ့လည်း ကွဲပြီး ဗြီတိန်နေ နေ တယ်လို့သိရတယ်။ ထိန်းလင်းဟာ ဆေးသမား ဖြစ်မှန်းမသိ ဖြစ်နေရှာတယ်။

ဒေါ်စုက မိဘဆိုတော့ သူ့သား နှစ်ယောက်ကို သူ့အရိုင်းအရာကို ထိန်းဖို့ မျှော်လင့်တယ်။ ဒါပေမယ့် သူ့သားနှစ်ယောက်လုံးက မျိုးမစစ်တော့ သုံးစားမရဘူး ဖြစ်နေရှာတယ်။ ဒါပေမယ့် သားသမီး မဖြစ်ရင် မြေးကို မျှော်လင့်တယ်ဆိုသလို သူမက ပျောက်နေတဲ့ သူ့မြေး(အမဲ)လေးကို များ တစ်ချိန်ချိန်မှာ ပွဲထုတ်ပြီး သူ့နေရာကို ဆက်ခံ ဖို့မျှော်လင့်နေသလိုပဲ။ ဒီလို ဖြစ်ဖို့ဆိုရင် သူမဟာ ၅၉ အခြေခံ ဥပဒေကို ပြင်ကို ပြင်မှ သူမမျှော်လင့်ချက် အထမြောက်မည်ဖြစ်ပါသည်။ ယခု အမျိုးသားရေးသမားတွေ ဦးဆောင်ရေးဆွဲနေတဲ့ မျိုးစောင့်ဥပဒေကို ကန့်ကွက်နေခြင်းသည် သူမကစပြီး သူမသားသမီးတွေ အထိ မျိုးမစောင့်ခဲ့ ခြင်းကြောင့် ကိုယ်ပေါင်ကိုယ်လှန်ထောင်း အဖြစ်မျိုး ဖြစ်မှာ ကြောက်ပြီး ကန့်ကွက်နေရခြင်း ဖြစ်ပါသည်။

လေးစားစွာဖြင့်
ဇင်မင်းသိဟ

NLD ပါတီ၏ ပြည်ထောင်စုနေ့ ဟောပြောပွဲ ဖျက်သိမ်းခံရသည့် ပြဿနာ ချောက်ထဲကျတော့မည့် နိမိတ် ဟု ဆို



ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ် ကွက် ၌ NLD ပါတီက ပြုလုပ်မည့် စာပေဟောပြော ပွဲတွင် ဦးကိုနီနှင့် ဦးမြအေးတို့ ဟောပြောမည့် အစီအစဉ်ကို မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ က ကန့်ကွက်ခဲ့သောကြောင့် ဟောပြောပွဲဖျက်သိမ်း ခဲ့ရ ကြောင်း သိရသည်။


ဦးကိုနီနှင့် ဦးမြအေးတို့ကို ပြည်ထောင်စုနေ့ ကဲ့သို့ သော အခမ်းအနားမျိုးတွင် လက်မခံနိုင်ဟူသော အ ကြောင်းပြချက်ဖြင့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟောပြောမည့် သူနှစ်ဦးကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အရှင်သုစိတ္တက ကန့်ကွက်သည့်စာကို မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ် သည့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန့်ကွက် စာရောက်ရှိခဲ့ကြောင်း သိရသည်။ 

မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ အရှင်သုစိတ္တ၏ ကန့်ကွက်စာတွင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင် ပါတယ်ဆိုတဲ့ အကြောင်းသက်ဆိုင်ရာမှ အချိန်မီတားဆီးပေးနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည် ဟု ပါ ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့က အရှင်ဘု ရားတို့ကိုလည်း မေတ္တာရပ်ခံပြီးပြီ။ အရှင်ဘုရားက ဦးမြအေးနဲ့ ဦးကိုနီ နှစ်ဦးကို ဖြုတ်ပေးပါဆိုပြီး ပြော တယ်။ တစ်ဖက်ကလည်း စာရေးဆရာလေးဦးရဲ့ဆန္ဒကို မေးတယ်။ စာရေးဆရာ လေးဦးကလည်း နှစ်ဦး ကိုဖြုတ်ပြီးတော့ ကျန်တဲ့ နှစ်ဦးတည်းနဲ့တော့ မဟောနိုင်ဘူးဆိုပြီး အပြတ်ပဲ။ တစ်ဖက်နဲ့တစ်ဖက်လည်း ပြဿနာမဖြစ်ရအောင် ဦးမြအေးတို့ဘက်ကလည်း နောက်ဆုတ်ပေးသွားတယ်”ဟု ရန်ကုန်တိုင်း NLD အတွင်းရေးမှူး ဦးထွန်းမြတ်က ပြောသည်။

စာပေဟောပြောပွဲ တက်ရောက်ဟောပြောရန် တရားလွှတ်တော်ရှေ့နေဦးကိုနီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဆင်ဖြူကျွန်း အောင်သိန်းနှင့် ဆရာသန်းစိုးနိုင်တို့ကို ဖိတ် ကြားထားခြင်းဖြစ်ကြောင်း၊ ဦးကိုနီသည် “ပဉ္စမပြည်ထောင်စု မြန်မာနိုင်ငံ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံ၏ ရှေ့ဆက်မည့် ဒီမိုက ရေစီလမ်းကြောင်းအခြေအနေများကို ဟောပြောရန် စီစဉ်ထားကြောင်း၊ ယင်းတို့(၂)ဦး ကန့်ကွက်ခံခဲ့ရခြင်းကြောင်း အခြားဟောပြောမည့် ပုဂ္ဂိုလ်များကလည်း ဟောပြောခြင်း မပြုလိုသည့် ဆန္ဒ ရှိသဖြင့် ဟောပြောပွဲအား ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီဟာက စာပေဟောပြောပွဲမှ မဟုတ်တာ။ စာပေဟောပြောပွဲအမည်ခံပြီး နိုင်ငံရေးတွေ ဟောပြောမှာ။ နိုင်ငံရေး ဆိုတာလည်း အမျိုးသားရေးကို ထိခိုက်စေမယ့် ပြောကြားချက်တွေ ကျိန်းသေ ပါဝင်လာမှာပဲ။ ပြည်ထောင်စုနေ့လို နေ့ထူးနေ့မြတ်မှာ ပြည်ထောင်စု စိတ်ဓါတ်ကို ခုတုံးလုပ်ပြီး ပြောကြားလာမှာတွေ ရှိနေတယ်။ ဒါ့ကြောင့် ကန့်ကွက်ရခြင်းပဲ ဖြစ်ပါတယ်" ဟု ကန့်ကွက်ခဲ့သည့် သံဃာတစ်ပါးက မိန့်သည်။

"NLD ရော၊ ၈၈ ရော ဒီကိစ္စကို အသေးအမွှားသဘောထားရင် မှားသွား နိုင်တယ်။ နိုင်ငံရေးနဲ့ အမျိုးသား ရေး ပဋိပက္ခဖြစ်နေတာ အထင်အရှား ဖြစ်လာနေတယ်။ NLD အနေနဲ့လည်း ဒီကိစ္စကို အလေး အနက် ထားပြီး သုံးသပ်ဖို့ အချိန်တန်ပြီ။ ဒီပွဲကို စီစဉ်တာက NLD ပါတီ၊ ဟောပြောမယ့်သူတွေထဲမှာ ပါတာက ဦးမြအေးနဲ့ ဦးကိုနီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာအမျိုးသားကွန်ရက်က ပွဲတွေ စလုပ်လာတယ်။ NLD ပါတီက ဦးထင်လင်းဦးနဲ့ အခြားပါတီဝင်တွေက ဒီပွဲတွေကို သွားပြီး နှောက်ယှက်တာမျိုး၊ အပုပ်ချတာမျိုးတွေ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လာခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ တိတိကျကျ မသိနိုင်ပေမယ့် ဒီလုပ်ရပ်ဟာ လက်ရှိ မြန်မာပြည်သူတွေကြားမှာ ကြီးထွားလာနေတဲ့ အမျိုးသားရေးစိုးရိမ်မှုကို တိုက်ရိုက် တိုက်ခိုက်တဲ့ သဘော ဖြစ်နေတယ်။ NLD က ရှေ့တန်းတင် ပွဲထုတ်နေတဲ့ ဦးကိုနီပေါ့။ ဘာကြောင့် ဒီလို ထိပ်တိုက်တိုးဖို့ တင်နေတုန်းပဲ ဆိုတာကိုလည်း နားလည်ရ ခက်နေတယ်။ သိပ်ကို အန္တရာယ်များတဲ့ အနေအထားတစ်ခုကို NLD လျှောက်နေတယ် ဆိုတာကိုရော NLD ခေါင်းဆောင်တွေ နားလည်ရဲ့လား မေးစရာ ဖြစ်နေတယ်။ ဒီအနေအထားမှာ NLD ပါတီဝင်တွေ၊ အွန်လိုင်းလူမှုကွန်ရက်က NLD ထောက်ခံသူတွေ ရှေ့ဆက်တိုးရင် ချောက်ထဲ ကျတော့မယ်။ မြောက် ဥက္ကလာ ဟောပြောပွဲ ပျက်သွားတာက NLD အတွက် နိမိတ်လို့တောင် ဆိုနိုင်တယ်" ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက ပြောသည်။

အမှန်တွင် စာပေဟောပြောပွဲဆိုလျှင် စာပေဟောပြောပွဲစစ်စစ်ကိုသာ ပြုလုပ် သင့်ကြောင်း၊ ယခု နောက်ပိုင်းတွင် စာပေဟောပြောပွဲ အမည်ခံပြီး နိုင်ငံရေး စည်းရုံးဟောပြောမှုများ လုပ်ဆောင်လာသည် မှာလည်း စာပေနယ်ပယ်အတွက် အန္တရာယ်ကြီးမားကြောင်း၊ NLD ပါတီ၏ အကြံပေးတစ်ဦး ဖြစ်သော စာရေးဆရာကိုတာသည်လည်း ဤသို့ ကြုံတွေ့ရကြောင်း၊ စာပေနယ်နှင့် နိုင်ငံရေးနယ် သီးသန့်ခွဲခြား သင့်ပြီ ဖြစ်ကြောင်း၊ စာရေးဆရာများက နိုင်ငံရေးပါတီများအတွက် စည်းရုံးသိမ်းသွင်းခြင်းများ တိုးမြင့်ပြုလုပ်လာကြရာမှ တစ်ဘက်မှ အမျိုးသားရေးနှင့် ထိပ်တိုက်တိုးလာမှု များ ဆက်လက် မြင့်မားလာ ဖွယ်ရာ ရှိကြောင်း၊ NLD ပါတီသည် စာပေဟောပြောပွဲများကို အသုံးချ၍ စည်းရုံးရေးလုပ်ဆောင် နေခြင်းများကို ရပ်တန့်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း၊ ထိပ်တိုက်တိုးပြီးနောက် မလျှော့တမ်း ဆက်လက် လုပ်ဆောင်လာခဲ့ပါက NLD ပါတီ ချောက်ထဲ သေချာပေါက် ကျတော့မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

ယခုနောက်ပိုင်းတွင် စာရေးဆရာများ၏ စာပေဟောပြောပွဲများတွင် နိုင်ငံရေး ကိစ္စများကိုသာ အဓိက ထား၍ ဟောပြောလျက်ရှိရာ ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း) စသည့် နာမည်ရစာရေးဆရာများ ကိုယ်တိုင် အများအပြား ပါဝင်လျက်ရှိသည်။

ပြည်သူ့ အာဏာ

၁၀ တန်း ကျောင်းသူကို ချစ်သူများနေ့တွင် တည်းခိုခန်းခေါ်သည့်လူငယ် အမှုဖွင့်ခံရ

ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုးခန်းသို့ ခေါ်ဆောင်အိပ်စက်ခဲ့သည့်လူငယ်တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်း လိုက် သဖြင့် မြောက်ဥက္ကလာပရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။


အဆိုပါ အမှုတွင် အသက် ၁၅ နှစ်ရှိ ၁၀ တန်းကျောင်းသူမှာ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။

ထို့နောက် ည ၂ နာရီအချိန်တွင် သမီးဖြစ်သူကို မောင်အောက်ထက်ပိုင် (စိစစ်ဆဲ) ၊ မြောက်ဥက္က လာပ မြို့နယ် (စ)ရပ်ကွက်နေသူနှင့်အတူ (ဋ)ရပ်ကွက်ရှိ မဟာကျိန်သစ္စာရှင် ဘုရားရှေ့တွင် ပြန်လည် တွေ့ရှိခဲ့ သည်။

ထို့ကြောင့် လှမ်းခေါ်ရာ အောင်ထက်ပိုင်မှ ထွက်ပြေးသွားသဖြင့် သမီးဖြစ်သူကို နေအိမ် သို့ ပြန်လည် ခေါ်ဆောင်လာပြီး မေးမြန်းရာ အောင်ထက်ပိုင်မှာ သူမချစ်သူဖြစ်ပြီး ညနေ ၆ နာရီအချိန်က (ဋ)ရပ်ကွက်ရှိ တည်ခိုးခန်းတွင် အတူနေထိုင်ခဲ့ကြောင်း သိရှိရသည်ဟု တရားလိုက ရဲတိုင်ရာတွင် ပြောပြထားသည်။

ထို့ပြင် သမီးဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေနားကပ်(၁)ရံနှင့် ရွှေလက်စွပ်(၁)ကွင်း၊ စုစုပေါင်း တန်ဖိုး (၈၀၀၀၀) ကျပ်ကိုလည်း အောင်ထက်ပိုင်က ရယူထားသည်ဟု ဆိုထားသည်။

ထို့ကြောင့် အုပ်ထိန်းသူ ခွင့်ပြုချက်မရဘဲ ဆောင်ယူသူ အောင်ထက်ပိုင်ကို အရေးယူပေးရန် မိန်းကလေး မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို (ပ)၁၂၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးသွားသူကို ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက် နေကာ ဖမ်းဆီးရမြိ့ပီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိပါက ပုဒ်မ ၃၆၃ ဖြင့် အရေးယူမည်ဟု ဆိုထားသည်။

From: မဇ္ဈိမ

ရှစ်လေးလုံးအရေးတော်ပုံ၌ အဓိကကဏ္ဍမှ မြန်မာပြည်ကွန်မြူနစ်ပါတီ ပါဝင်ခဲ့ဟုဆို



ကိုမျိုးဆက် နဲ့ စကားစမြည်ပြောမိရာ ကနေ အရေး အခင်းတွေ ရဲ့  သဘောသဘာဝတွေ အကြောင်း စတေးတပ်စ် တစ်ခုရေးမယ်လို့  လွှတ်ကနဲ နူတ်က ထွက်သွားမိပါတယ်


တကယ်တော့ ဒါတွေ သိပ်မရေးချင်လှပါဘူး ကိုယ့် နိုင်ငံရဲ့  လက်ရှိအခြေအနေအရ လက်တွေ့ အသုံး ချလို့ ရတဲ့  တိုင်းပြည်ကို အထူးတလည် ဒုက္ခပေးနိုင် တဲ့  နည်းစနစ်တွေ ဖြစ်နေလို့ ပါ

ဒါကြောင့် … အရေးကြီးတဲ့ လုပ်ငန်းနည်းစနစ် အချက်အလက် တွေကို ချန်လှပ်ခဲ့ပြီး အရေးအခင်းတွေရဲ့ သဘောသဘာဝကို ဖော်ပြနိုင်လောက်ရုံပဲ ရည်ရွယ်ပြီး ဒီ စတေးတပ်စ် ကို ရေးပါတယ်

အသေးစိတ် မရေးသားတဲ့ အတွက် မပြည့်စုံတဲ့ အတွက် ဖတ်ရတာ ဟာတာတာ ဖြစ်နေရင် ဖတ်ရူသူများ အနေနဲ့  စိတ်အနှောက်အယှက် မဖြစ်ဖို့  ကြိုတောင်းပန်လိုပါတယ်

===================================

မြန်မာ့သမိုင်းကို ပြန်သုံးသပ်မယ်ဆိုရင် လူထုတိုက်ပွဲ နည်းလမ်းကို အကျွမ်းကျင် အပိုင်နိုင်ဆုံးဟာ ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ ) လို့ ပဲ ဆိုရမှာ ဖြစ်ပါတယ်

၁၉၈၈ ခုနှစ်အရေးအခင်း ကို အဓိက ကြိုးကိုင်သွားတဲ့  ဦးသက်ခိုင် နဲ့  ဦးတင်အောင် တို့ ရဲ့  လုပ်ဆောင် ချက်တွေဟာ အထူးတလည် ပြောင်မြောက်လှတဲ့ အတွက် အစိုးရ ထောက်လှမ်းရေးအဖွဲ့ အစည်းတွေ အနေနဲ့  နူတ်ကနေ အထင်တကြီး ထုတ်ဖော်ချီးကျူးခဲ့ရတဲ့  အနေအထားမျိုးကို ရှိခဲ့  ဖူးပါတယ်

သူတို့ ရဲ့ သုံးသပ်ချက်ဟာ ဘယ်လောက် ကောင်းမွန် တိကျသလဲဆိုရင် ၁၉၈၈ ခုနှစ် အရေးအခင်းမဖြစ်မီ ၁၉၈၆ ခုနှစ်ကတည်းက နောက် ၂ နှစ်အတွင်း မြန်မာပြည်မှာ လူထုအုံကြွမှု တစ်ခု ဖြစ်လာတော့မယ်လို့  ကြိုတင် ခန့် မှန်းသုံးသပ် နိုင်ခဲ့ပြီး ဗကပ ဗဟိုကော်မတီ ကို အစီရင်ခံစာ တင်ပြခဲ့တဲ့ အနေအထားထိ ရောက်ရှိ ခဲ့ဖူးပါတယ်

ဗကပ ဗဟိုကော်မတီ ရဲ့ ညွှန်ကြားချက်အရ အရေးအခင်း စဖြစ်တာနဲ့  အရေးအခင်းအတွင်း လူထုတိုက်ပွဲ နည်းနဲ့  နေရာဝင်ယူနိုင်ဖို့  ၁၉၈၆ ခုနှစ်ကတည်းက စတင်ပြီး ပြင်ဆင် မှုများ ပြုလုပ်ခဲ့တယ်လို့ လဲ စစ်ကြောချက်များအရ သိရှိရပါတယ်

ဦးသက်ခိုင်တို့ ရဲ့  ၄၈၂၈ ဒေသပါတီ ကော်မတီ ယူဂျီ အဖွဲ့  အဓိက ရင်ဆိုင်ခဲ့ ရတဲ့ ပြသနာကတော့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ က ၁၉၈၇ ဇန်န၀ါရီ လမှာ ပြုလုပ်ခဲ့တဲ့  စွန်ရဲ စစ်ဆင်ရေးပါပဲ 

ဒီစစ်ဆင်ရေးမှာ ယူဂျီကွန်ယက် ထဲက ဂိုဏ်းထောက် အဆင့်ရှိသူ ၁၃ ဦးကို ဖမ်းမိသွားတဲ့ အတွက် ယူဂျီအဖွဲ့ ရဲ့  လုပ်ငန်းတွေ ခဏ ရပ်တန့် ခဲ့ရပါတယ် ထောက်လှမ်းရေး သုံးသပ်ချက်တွေအရတော့ စွန်ရဲ စစ်ဆင်ရေး မလုပ်ဖြစ်ခဲ့ ရင် ၁၉၈၈ ခုနှစ် အရေးအခင်းဟာ ၁၉၈၇ ခုနှစ်မှာ ဖြစ်ပွားမှာ ဖြစ်တယ်လို့  ခန့် မှန်းသုံးသပ်ကြကြောင်း သိရှိရပါတယ်

ဦးသက်ခိုင်တို့ ယူဂျီအဖွဲ့ ကို ၁၉၈၉ ဇူလိုင် ၁ ရက်နေ့ မှာမှ အမျိုးသားထောက်လှမ်းရေး က ဖမ်းဆီး နိုင်ခဲ့ ပါတယ် ထောက်လှမ်းရေး အဖွဲ့ အနေနဲ့  ဦးသက်ခိုင်တို့  ယူဂျီကွန်ယက်အပေါ် ဘယ်လောက် အစိုးရိမ်ကြီး ခဲ့လဲ ဆိုရင် ၁၉၉၄ ၀န်းကျင် ( ခုနှစ်မသေချာ ) ဦးသက်ခိုင် အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ချိန်မှာ လက်ထိပ် မဖြုတ်ပေးရဲတဲ့ အတွက် ဆရာဝန်များနှင့် အချင်းများရတဲ့ အထိ ဖြစ်ပေါ်ခဲ့ဘူးတယ်လို့ သိရှိရ ပါတယ်

အစိုးရ အနေနဲ့  ဒီလောက်တောင် အစိုးရိမ်ကြီးရတဲ့  လူထု တိုက်ပွဲဆိုတာ ဘာလဲလို့  မေးလာရင်တော့ အောက်ပါအတိုင်း ဖော်ပြရမှာပဲ ဖြစ်ပါတယ်

=====================================

လူထုတိုက်ပွဲ ဆိုတာဟာ လူအုပ်စု (Mob)ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့  ရည်မှန်းချက် အခြေအနေကို ရောက်လာအောင် ပြုလုပ်တဲ့  တိုက်ပွဲ နည်းနာ တစ်ခုဖြစ်ပါတယ်

လူထုတိုက်ပွဲ နည်းနာကို ပထမဆုံး မဟာဗျူဟာမြောက် ချမှတ်အသုံးပြုခဲ့တာဟာ ၁၉၂၈ ခြောက်ကြိမ် မြောက် ကမ္ဘာ့ ကူမင်တန် ကွန်ဂရက် မှာ ဖြစ်ပါတယ်

အဲဒီကွန်ဂရက်မှာ လူထုလှုပ်ရှားမှုများကို သပိတ်မှောက်ခြင်း ( Strike ) နဲ့  ဆန္ဒပြခြင်း ( Demonstration )တို့ ကို အချိန်ကိုက်ပေါင်းစပ်ပြီး လူထုဆူပူမှုကို ဖြစ်ပေါ် ဖန်တီးစေရမည် ထိုမှတစ်ဆင့် လက်နက်စွဲကိုင် ဆန္ဒပြမှုကို ဖြစ်ပေါ်စေကာ နောက်ဆုံးတွင် အထွေထွေသပိတ်ကြီးကို လက်နက်စွဲကိုင်တော်လှန်မှုနှင့် ဟန်ချက်ညီ ဆင်နွဲပြီး အာဏာကိုသိမ်းယူရမည် လို့  လမ်းညွှန် ဖော်ပြခဲ့ပါတယ်

ဝါရင်းရောဂျားစ်( Warren Rogers) ဟာ နယူးရော့ဒ်ဟဲရော့ဒ် သတင်းစာမှ သတင်းထောက်တစ်ဦး ဖြစ်ပြီး ၁၉၆၀ တိုကျို အဓိကရုဏ်းမှာ ဆန္ဒပြ ကျောင်းသားတွေနဲ့  ၅ နာရီလောက် အတူရှိနေခဲ့တဲ့ သူဖြစ်ပါတယ်

ဆန္ဒပြနေတဲ့  ကျောင်းသားတွေဟာ နုနုငယ်ငယ် လူငယ်လေးတွေ ဖြစ်ပြီး အင်မတန် ယဉ်ကျေးသိမ်မွေ့ သူတွေ ဖြစ်ပါတယ် ဒါပေမယ့် ညနေပိုင်းရောက်ချိန်မှာတော့ နိုင်ငံရေး ပယောဂတွေ စတင်ပူးကပ်လို့ လာပါတယ် အလံတွေ နဖူးစည်းတွေ စရောက်လာပါတယ် မီးတုတ်တွေကိုလဲ ထွန်းညှိလိုက်ပါတယ် အဆိုး ဆုံးက ဂျပန် ဗုံတိုတွေပါပဲ စည်းချက်ညီညီ အချက်ကျကျ တီးနေတဲ့ ဗုံသံတွေအောက်မှာ ကျောင်းသား လူငယ် နုနုနယ်နယ်လေး တွေဟာ သရဲမရဲ စီးကုန်ကြပါတယ်

မူလပထမ ကြွေးကြော်သံ ဖြစ်တဲ့  " အမ်-ပို-ဟန်-တိုင်း " ( ဂျပန်-အမေရိကန် စာချုပ် ပျက်စီးပါစေ ) အစား ၀န်ကြီးချုပ် ကီရှီ ကျဆုံးပါစေ ဒိုင်းယက် လွှတ်တော် ဖျက်သိမ်းပြစ် စတဲ့  နိုင်ငံရေးကြွေးကြော်သံတွေကို ပြောင်းလဲသွားပြီး နောက်ဆုံးမှာ ဒိုင်းယက်လွှတ်တော်ကို အကြမ်းဖက် တိုက်ခိုက်တော့တဲ့ အတွက် သွေးမြေကျ ကုန်ရပါတော့တယ် …လို့  ၀ါရင်းရောဂျားစ် က ရေးသားဖော်ပြခဲ့ပါတယ် 

Dr.J.M. Meerloo ( လူစုလူဝေး စိတ်ပညာ ပါရဂူ ) ရဲ့  အဆိုအရတော့ ဖြစ်စဉ်တစ်ခုအပေါ် မြင်တွေ့ သူအပေါင်း စိတ်လှုပ်ရှားကာ ပါဝင်လာအောင် ပြုလုပ်တဲ့ နည်းတွေအများကြီးရှိတဲ့ အနက်က 

ရိုးရာဓလေ့ဆန်ဆန် နည်းလမ်းများ

( ဥပမာ နဖူးစည်းစီးခြင်း ၊ ဗုံများတီးခြင်း )

စိတ်လှုပ်ရှား တက်ကြွဖွယ် အပြုအမှုများ

( ဥပမာ - ပန်းခွေချခြင်း ၊ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်း ၊ လူအုပ်စုဖြင့် အလေးပြုခြင်း )

ကြောက်မက်ဖွယ်ရာ မျက်နှာဖုံးစွပ်များ စည်းခြင်း 

ဘ၀ဂ်ညံစေသည့် သံပြိုင်ကြွေးကြော်သံများ ကြွေးကြော်ခြင်း ….

စတဲ့ နည်းလမ်းတွေဟာ အသုံးများပြီး လူအုပ်စုကို ဆင်ခြင်တုံတရား ကင်းမဲ့ သွားစေတယ်လို့ ဆိုပါတယ်

မျက်မှောက်ခေတ် ကမ္ဘာ့ အရေးအခင်းတွေကို လေ့လာတဲ့ အချိန်မှာတော့ အောက်ဖော်ပြပါ နည်းစနစ်တွေအတိုင်း အဆင့်ဆင့် အကောင်အထည်ဖော် လုပ်ဆောင်တာကို လေ့လာတွေ့ ရှိရပါတယ်

(က) လူအုပ်စု ဖြစ်ပေါ်လာအောင်ဖန်တီးခြင်း
==========================

၁။ ကြိုတင်အခြေအနေဖွင့် အကွက်ဆင်ခြင်း
----------------------------------------------

ဒီအဆင့်မှာ …. ယူဂျီ ဆဲလ်တွေဟာ လူတန်းစားအသီးသီး အလွှာအသီးသီး အဖွဲ့ အသီးသီးမှာ ၀င်ရောက် နေရာယူရပါတယ် အစိုးရကို မုန်းတီးလာအောင် အစိုးရရဲ့ မူဝါဒ ၊ လုပ်ငန်းတွေကို ဆန့် ကျင်လာအောင် ၀ါဒဖြန့် ချိရပါတယ်

အဓိက လုပ်ဆောင်တာကတော့ ဘုံရန်သူကို မီးမောင်းထိုးပြပြီး အစိုးရလုပ်ဆောင်ချက်တွေထဲက လူထုအကျိုး နဲ့  ဆန့် ကျင်သယောင် ရှိတဲ့ အချက်တွေကို ထောက်ပြပြီး အစိုးရ မုန်းတီးစိတ်ကို ထပ်တ လဲလဲ သွင်းပေးပါတယ် အစိုးရ ကို အပုတ်ချတဲ့  ကောလာဟလ အမျိုးမျိုးကို ထုတ်လွှင့်ပေးပြီး မုန်းတီး စိတ်ကို အရှိန်မြှင့်တင် စေပါတယ်

ဒီလိုလှုံ့ ဆော်ရာမှာ လူအုပ်စု အမျိုးအစားနဲ့ သဘောသဘာဝပေါ်မူတည်ပြီး အသုံးပြုတဲ့ နည်းလမ်းတွေ ကွာခြားပါတယ် ကျောင်းသားအုပ်စုကို လှုံ့ ဆော်ရာမှာ အရပ်သား အုပ်စုထက် ပိုမို လွယ်ကူပြီး အလုပ် လက်မဲ့ အုပ်စုဟာ လှုံ့ ဆော်ဖို့ အလွယ်ကူဆုံး ဖြစ်တယ်လို့  သုတေသန စစ်တမ်းတွေအရ တွေ့ ရှိရပါတယ်

လိုအပ်တဲ့ အချိန်ကာလ တစ်ခုအထိ ဒီအဆင့် ကို လုပ်ဆောင်ပြီးတဲ့ အချိန်မှာ လူထုဟာ အခြေအနေကို စဖောက်ခွဲလိုက်တာနဲ့  ပေါက်ကွဲဖို့ အတွက် အသင့် ဖြစ်နေပါပြီ 

၂။ လူအုပ်စု ဖြစ်ပေါ်လာအောင် ဖန်တီးခြင်း
-----------------------------------------------

ဒီအဆင့်မှာတော့ သာမန်ဖြစ်ရပ်တစ်ခုကို စနစ်တံ အဖြစ်ပြောင်းလဲ ဖောက်ခွဲဖို့ လုပ်ဆောင်ပါတယ် ဥပမာ…၁၉၈၈ အရေးအခင်းမှာ စက်မှုတက္ကသိုလ် ကျောင်းသားတွေ နဲ့ အရပ်သားလူငယ်တစ်ချို့  ကက်ဆက်တိတ်ခွေ ဖွင့်ခိုင်းရာက စကားများ ခိုက်ရန် ဖြစ်ပွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ် ပြသနာဖြစ်ပြီး အချိန်ပိုင်းအတွင်း ပြသနာကို ကြီးကျယ်လာအောင် တမင်ဖန်တီးပြီး အခြေအနေကို ဖောက်ခွဲရပါတယ်

(ခ) လူအုပ်စုကို ကိုင်တွယ်ထိန်းချုပ်ခြင်း
========================

၁။ လူစုလူဝေးအား လှုံ့ ဆော်ခြင်း
-----------------------------------

ဒီအဆင့်မှာတော့ မူလပထမ ရှိနှင့်ပြီးသား လူတွေအပြင် တစ်ခုခုဆို ပြေးကြည့်တတ်သောသူများ ကြိုတင် ၀ါဒဖြန့် ချိထားခြင်းကြောင့် အစိုးရကို မကျေမနပ်ဖြစ်နေသူများ အခြားပြည်သူအများစုပါ ပါဝင်လာအောင် လုပ်ဆောင်ရပါတယ်

------------------------------------------------------------------------

အရေးအခင်း အားလုံးရဲ့ အစဟာ ဘုံကြွေးကြော်သံ နဲ့ စတင်ပါတယ်…
-------------------------------------------------------------------------

ဥပမာ လူအားလုံး နဲ့ သက်ဆိုင်တဲ့  ကုန်ဈေးနူန်း ကျဆင်းရေး လစာ တိုးပေးရေး စက်သုံးဆီ ဈေးနူန်းလျော့ချရေး ….စသဖြင့်ဖြစ်ပါတယ်

လူအားလုံးပါဝင် သွေးဆူလာပြီ ဆိုမှ ကိုယ်လိုချင်တဲ့ ကြွေးကြော်သံကို .. တဖြည်းဖြည်း ပြောင်းလဲ ယူတာမျိုးကို လုပ်ဆောင်ပါတယ်

၂။ ရုန်းရင်းဆန်ခတ် ဖြစ်စေခြင်း
----------------------------------

လူအုပ်စုကို စတင် အကြမ်းဖက်အောင် ပြုလုပ်တာပါ လူထုရဲ့ မကျေနပ်ချက် အခံရှိနေတဲ့  နေရာဒေသ အဆောက်အဦးတွေကို (ဥပမာ ရဲစခန်း ၊ သမဆိုင်) လူအုပ်အတွင်းက ဆဲလ်တွေက စတင်တိုက်ခိုက်ပြီး လူအုပ်ကို အကြမ်းဖက်စေပါတယ်

အရေးအခင်းကို အရှိန်မြှင့်ဖို့ ထပ်လိုအပ်လာရင် အာဇာနည် ပေါ်ပေါက်လာအောင် ဖန်တီးခြင်းဆိုတဲ့  အဆင့်တစ်ခုကို ထပ်ထည့်ပါတယ် သွေးမြေကျမှုကို မဖြစ်ဖြစ်အောင် စီစဉ်တာမျိုးပါ 

အဲလို ကိစ္စမျိုး ဖြစ်လာတာနဲ့  ငါတို့ ရဲဘော်တစ်ယောက် အသေခံသွားပြီ တို့ တစ်တွေ သူ့ ကို သစ္စာမဖောက်သင့်ဘူး နောက်မဆုတ်စတမ်းကွ…စသဖြင့် လူအုပ်ကို မဲမဲ မြင်ရာတိုက်ခိုက်လာတဲ့ အခြေ အနေမျိုးအထိ လှုံ့ ဆော် လေ့ရှိပါတယ်

၁၉၆၀ မက္ကဆီကို အဓိကရုဏ်းတစ်ခုမှာ ကျောင်းသားတစ်ဦး သေနတ်မှန် သေဆုံးသွားတဲ့ အတွက် လူအုပ်ဟာ တစ်မြို့ လုံးကို အပြင်းအထန် အကြမ်းဖက်တိုက်ခိုက် ပါတော့တယ်

နောက်ဆုံးမှာ မက္ကဆီကို ရဲတပ်ဖွဲ့ က သေဆုံးသူရဲ့ အလောင်းကို မရအရ လုယူပြီး ခွဲစိတ်စစ်ဆေးချိန်မှာ အလောင်းထဲကတွေ့ ရတဲ့ ကျည်ဆန်ဟာ မက္ကဆီကို ရဲတပ်ဖွဲ့ က မသုံးတဲ့ ကျည်ဆန်မျိုး ဖြစ်နေတာကို စိစစ် တွေ့ ရှိခဲ့ ရဘူးပါတယ်

၃။ လူအုပ်စုကို ကွပ်ကဲခြင်း
----------------------------

တကယ့် ကွပ်ကဲမှု ခေါင်းဆောင်တွေဟာ လူအုပ်ထဲမှာ မရှိပဲ အပြင် မှာပဲ ရှိနေပြီး လက်ထောက် တွေ ကတော့ လူအုပ်စု ရဲ့ အတွင်းက လိုက်ပါလေ့ရှိပါတယ်

များသောအားဖြင့် လူအုပ်ထဲမှာ မြင်သာတဲ့  အလံကိုင်ရဲ့ ဘေးနားမှာ ရှိနေတတ်ပြီး လူအုပ်ရဲ့ အပြင်က လိုက်လာတဲ့  ဆက်သားတွေကတစ်ဆင့် ကွပ်ကဲမှု နဲ့ အဆက်အသွယ် လုပ်လေ့ရှိပါတယ် ကွပ်ကဲမှုဟာ လမ်းပိတ်ဆို့ ထားတဲ့ နေရာတွေ အတားအဆီးတွေ လုံခြုံရေးတပ်များရဲ့ တည်နေရာကို လူအုပ်တွင်းက ခေါင်းဆောင်ကို သတင်းပေးပို့ နေပြီး လိုအပ်တဲ့ နေရာအထိ အရောက်ချီတက်နိုင်အောင် ပံ့ ပိုးကူညီ ပါတယ်

လုံခြုံရေး အဖွဲ့ တွေကလဲ လူအုပ်အပြင်မှာပဲ ရှိနေတတ်ပြီး ရဲတပ်ဖွဲ့ နဲ့  လူအုပ်ထိပ်တိုက်တွေ့ တာနဲ့  လူအုပ် တွင်းက ခေါင်းဆောင်တွေ အဖမ်းမခံရဖို့ အတွက် ကာကွယ် အကူအညီ ပေးလေ့ရှိပါတယ်

အလံကိုင် အများစုကတော့ များသောအားဖြင့် ဘုမသိဘမသိ ရိုးသားတဲ့ သာမန် ပြည်သူတွေသာ ဖြစ်လေ့ ရှိပါတယ်

======================================

ဒါဟာ ကျွန်တော့်အနေနဲ့  လူထုတိုက်ပွဲ အကြောင်းကို ဗဟုသုတ အနေနဲ့  အကျဉ်းချုံး ဖော်ပြခြင်း ဖြစ် ပါတယ် ဒီလိုဖော်ပြတဲ့ နေရာမှာ လူထုတိုက်ပွဲကို ဖြိုခွဲတဲ့  တန်ပြန် လုပ်ထုံးလုပ်နည်းတွေကို ချန်လှပ်ထား ခဲ့ပါတယ်

မပြောမဖြစ် ပြောရမှာတစ်ခုကတော့ လူထုတိုက်ပွဲတွေကို အပြီးသတ် ရပ်တန့် စေဖို့ ဆိုတာ ကွပ်ကဲမှု အဖွဲ့ နဲ့  လှုံ့ ဆော်နေတဲ့ ကွန်ယက်ထဲက ဆဲလ်တွေကို မထိန်းသိမ်းနိုင်သရွေ့  ဘယ်လိုမှ မရပ်တန့် သွားပဲ ထပ် တလဲလဲ ထပ် ဖြစ်နေလေ့ရှိပါတယ်

ထောက်လှမ်းရေးတပ်ဖွဲ့ တွေဟာ ဘာကြောင့် အရေးအခင်းတွေမှာ လူအုပ်ထဲ မပါဝင်တဲ့ သူတစ်ချို့ ကို ဖမ်းဆီးထိန်းသိမ်းရ သလဲဆိုတာ စဉ်းစားနိုင်ဖို့ ဖော်ပြခြင်းဖြစ်ပါတယ်

၂၀၀၇ ခုနှစ်တုန်းက ကွပ်ကဲမှု နေရာဖြစ်တဲ့  တောင်ဥက္ကလာ ငွေကြာရံ ကျောင်းတိုက်ကို လုံခြုံရေး တပ်ဖွဲ့  တွေက ၀င်ရောက်ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ လဲ ဥပမာပြု ချိန်ထိုး စဉ်းစားနိုင်ပါတယ်

ဒီ စတေးတပ်စ် အဓိက ရေးရတဲ့ အကြောင်းကတော့ မျိုးဆက်သစ် လူငယ်တွေ လူထုတိုက်ပွဲ ရဲ့  နည်းစနစ် တွေအောက်မှာ သိမ်းသွင်းလှုံ့ ဆော်ခံရပြီး နိုင်ငံရေးသမား တွေရဲ့  သားကောင်မဖြစ်စေဖို့  ဗဟုသုတ ရှိစေ ခြင်း အလို့ ဌာ ရည်ရွယ်ခြင်း ဖြစ်ကြောင်းပါ ခင်ဗျား။

From:Ye Moe

ဒေါ်စု သမ္မတ ဖြစ်ရေး ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ ဗြိတိန်စစ်ဘက်နှင့် ဆွေးနွေးခဲ့ ဟု ဆို



ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၁ နာရီ က ပြည်သူ့ လွှတ်တော် ၀င်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင် I-12 တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား Nicky Bray, Air Commodore (UK OF 6) မှ လာရောက် တွေ့ဆုံရာ ၂၀၁၅ တွင် သမ္မတရာထူး ရရှိနိုင်ရေး မည်သို့ ကူညီဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။


တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ပြင်ဆင်ရန် မြန်မာ့တပ်မတော်အား နားချနိုင်ရေး ဗြိတိန်နိုင်ငံက အရှိန်မြှင့်တင်ဆောင် ရွက်ပေး မည့် အခြေအနေများကို မေးမြန်း ခဲ့ပြီး ဗြိတိန်တပ်မတော် က မြန်မာ့တပ်မတော် သည့် ကိုလိုနီလက် အောက်ခံ ဖြစ်၍ စည်းမျဉ်းစည်းကမ်းများမှာ ယင်းတို့ ချပေးခဲ့သည့်အတိုင်းသာဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် တပည့် ဟု ဆိုလျှင် ရနိုင်ကြောင်း၊ သို့သော် လက်ရှိအနေအထား တွင် ဒေါ်အောင်ဆန်း စုကြည်သည် တပ်မတော်ကို ခေါင်းဆောင်မှုပေးနိုင်သည် ကို ပေါ်လွင်ထင် ရှားစေရန် ဗြိတိန် တပ်မတော် က ဆက်လက် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော် အရာရှိများကို ဗြိတိန်တွင် လေ့လာရေးခရီးများ ခေါ်ယူပြီး နားချနိုင်ရန် ကြိုးစား မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော် မတီအတွင်းရေးမှူးက ပြောဆိုသည်။

"စစ်ဘက်ခေါင်းဆောင်တွေ ကျွန်တော်တို့ ဥက္ကဌကို လာတွေ့တယ် ဆိုတာက အကြောင်းမဲ့တော့ ဘယ်ဟုတ်ပါ့မလဲ။ သမ္မတ ဖြစ်ဖို့ ဘာတွေ ကူညီပေးရမလဲ ဆိုတာကို လာပြောတာ၊ ဥက္ကဌ သားတွေ ကိုလည်း ဗြိတိန်အစိုးရက အထူးဂရုစိုက်ကြောင်းလည်း ပြောသွားသေးတယ်" ဟု ၄င်းက ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ဤသည်မှာ မြန်မာ နိုင်ငံ ကို ကိုလိုနီအဖြစ် သဘောထားနေခြင်း ဖြစ်သည် ဟု ခံစားမိကြောင်း၊ ပြည်ပ စစ်တပ်များက မိမိတို့ စစ်တပ်ကို လွှမ်းမိုးနိုငရန် ဤသို့ ၄င်း၏နိုင်ငံသားများမှ တစ်ဆင့် ဆောင်ရွက်နေခြင်းသည် အန္တရာယ် ကြီးမားကြောင်း၊ အကယ်၍ ဒေါ်စုသာ သမ္မတ ဖြစ်လာခဲ့လျှင် စစ်ရေး၊ နိုင်ငံလုံခြုံရေးကိစ္စများ၌ ယခုကဲ့သို့ သူ့နိုင်ငံအား ဆရာတင်၍ ဆောင်ရွက်လာမည့်အရေးကိုလည်း စိုးရိမ်မိကြောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် ကာဆီး ထားသော ပုဒ်မ ၅၉ ကို ပြင်ဆင်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တစ်ခုလုံးနီးပါး က ကန့်ကွက်ထားကြာင်း သိရသည်။

From:ပြည့်သူ့အာဏာ