Tuesday, January 28, 2014

ဖွဲ့စည်းပုံ ဘာကြောင့် မပြင်လိုရသလဲ



ပြည်သူလူထုအနေဖြင့်လည်း မိမိတို့မဲပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်က ဖွဲ့စည်းပုံမ ပြင်လိုပါက ဘာကြောင့် မပြင်လိုသည်ကို မေးမြန်းသင့်သည်.......တဲ့ ဒေါ်စုကြည် က.....


ရှည်ရှည်ဝေးဝေးတွေ သိပ်စဉ်းစားနေရင် မုတ်ဆိတ်မွှေး ဘာကြောင့် ထွက်သလဲ စဉ်းစား သလိုဖြစ်နေမယ်... ရိုးရိုး လေးဘဲ စဉ်းစားကြည့်လိုက်.....

(၁) တိုင်းပြည်နဲ့ လူထုအတွက် တိုးတက်ရာ လမ်းကြောင်း ဖြစ်တဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေကို ၀င်မလာဘို့ တားမြစ်တယ်.....(စစ်အစိုးရ လက်ထက် ၂၂ နှစ်လုံးလုံး ပိတ်ဆို့ ခဲ့တာကို မပြောသေးဘူး)

(၂) ကုလားရန်စလို့ ဖြစ်ခဲ့တဲ့ လူမျိုးရေး/ဘာသာရေး ပြဿနာတွေမှာ ကိုယ်လူမျိုး/ကိုယ်ဘာသာထက် ဘာသာခြား ဘက်ကရပ်တည် ကုလားကို ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့တယ်.....

(၃) ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် ကတည်းက ကုလားလို့ ခေါ်လာတာ၊ ခင်ဗျားက ကုလားခေါ်လို့ မိမဆုံးမ/ ဖမဆုံးမ တွေလို့ပြောတယ်.....(ခင်ဗျား သားတွေကို ခင်ဗျား အရင်ဆုံးမလိုက်ဦး)

(၄) နိုင်ငံတကာ ပတ်သွားပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း ရှေ့ရောက်တိုင်း မြန်မာနိုင်ငံကို သိက္ခာ ချတယ်.....ဘာသာ သာသနာကို စော်ကားတယ်.....

(၅) ပါးစပ်ကတော့ တိုင်းပြည်ချစ်တယ်ပြောပြီး အမှန်တကယ် သမ္မတရူး ရူးနေတယ်.....သူသမ္မတ မဖြစ်ရင် ဘဲ လူထု အုံကြွမှုတွေ ဖြစ်အောင် ပြောဆိုနေတယ်.....

(၆) ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ကြီးကို ဆုပ်ကိုင်ထားပြီး ကျုက်တို့နိုင်ငံရဲ့ နှစ် (၆၀)ကျော် ပြည်တွင်စစ်ကို ရပ်တန့်စေဘို့/ပြည်တွင်းငြိမ်းချမ်းစေဘို့ ဘာတစ်ခုမှ လုပ်ပေးတာ မတွေ့ရသေးဘူး.....(သမ္မတဖြစ်မှ လုပ်လို့ ရမှာပါလို့တော့ မပြောနဲ့.....ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရခဲ့တာလည်း သမ္မတ မဖြစ်ဘဲရခဲ့တာ မဟုတ်လား)

(၇) အမျိုး/ဘာသာ/သာသနာကို ထိန်းသိမ်းကာကွယ် စောက်ရှောက်ရန် ပျက်ကွက်ပြီး အမျိုးသားရေး ဆရာတော် အရှင်ဝီရသူကို ရစရာမရှိအောင် နောက်လိုက်ခွေးတွေနဲ့ တောက်လျှောက် လိုက်ကိုက်စေ ခဲ့တယ်.....

(၈) သူမ သမ္မတ ဖြစ်ဖို့ရန် တစ်ခုတည်းအတွက် ပြည်သူတစ်ရပ်လုံးကို စတေးပြီး လူထုအားနဲ့ ပြင်ဘို့ လှုပ်ဆော်တယ်.....(ထိုင်းကို နမူနာ ယူပြီး လူထုအုံကြွမှု လုပ်မယ်ဆိုရင် တိုင်းပြည်ပါ ငါးပါးမှောက် သွားနှိုင် တယ်)

(၉) ဒီမိုကရေစီ စံနှုန်းနဲ့အညီ ခြေ/ဥ ပြင်ဘို့ လွှတ်တော်တွင်းကနေ ဆောင် ရွက်နေတာတောင် လွှတ်တော် ကို ကျော်ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထိပ်တိုက် တွေ့ ဘို့ တောင်ဆိုနေတယ်.....(အဲဒါ ဒီမိုကရေစီရဲ့ စံမဟုတ်ဘူး)

(၁၀) ပါတီတွင်းကုလားများကိုနေရာပေးထားပြီး နိုင်ငံတော်၏ အဓိက အခြေခံအုပ်မြစ် ဖြစ်တဲ့ ခြေ/ဥ ပြင်ဆင်ရေးမှာ ကုလား ငကိုနီကို အထင်ကရ တာဝန်ပေးထားတယ်.....

စေ့စေ့တွေးရင် ရေးရေး ပေါ်ဆိုသလိုပဲဗျာ.....တွေးလိုက်တိုင်း ဘာတစ်ခုမှ ကောင်းတာလုပ်မပေးနိုင် သေးဘူး.......ခင်ဗျား သမ္မတ ဖြစ်ဘို့အရေး ၅၉(စ) ပြင်မပေးတိုင်း တိုင်းပြည်အတွက် အမှန် တကယ် စေတနာရှိရဲ့လား တဲ့.....

ဒေါ်စုရေ.....

ခင်ဗျားအရေးနဲ့ တတိုင်းပြည်လုံးက ပြည်သူ့အရေး တခြားစီပါဗျာ..........

ဇင်ယော်နီ

From : .https://www.facebook.com/photo.php?fbid=615580311825024&set=a.552067938176262.1073741828.551672521549137&type=1&relevant_count=1

ဒေါ်အောင်ဆန်းစုကြည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉-စ ပြင်ဆင်ရေး၊ လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ကျွန်တော့်အတွေးများ

လူတိုင်းသိပြီးသားကိစ္စမို့ အထူးအထွေပြောရန်မလိုပေ။ ပါတီတစ်ခုက၊ တိတိကျကျ ပြောရလျှင် NLD ပါတီက သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ တွင် သမ္မတဖြစ်စေလိုသည်။ ပါတီက ဖြစ်စေချင်သည် ဆိုသည်ထက် ဒေါ်စုကိုယ်တိုင်ကလည်း သမ္မတလုပ်ချင်သည်။ ဆဲဆိုသံများကို ဂရုမထား၊ အရေးမစိုက်၊ လျစ်လျူရှု၍ မညှာတမ်း ဝေဖန်သုံးသပ်ရလျှင် တိုင်းပြည်အတွက် ဆိုသည်ထက် သူ့ဂုဏ်သိက္ခာအတွက်၊ အနောက်စပွန်ဆာများ၏ ဂုဏ်သိက္ခာအတွက် သမ္မတဖြစ်လိုခြင်း ဖြစ်သည်ဟု ဝေဖန်သုံးသပ်လိုသည်။ ကျွန်တော့်အယူအဆနှင့် ပတ်သက်၍ ငြင်းခုန်နိုင်ပါသည်၊ ပြစ်တင်နိုင်ပါသည်၊ ဝေဖန်နိုင်ပါသည်၊ ဆဲဆိုနိုင်ပါသည်။


ဒေါ်စုသမ္မတဖြစ်လျှင် မြန်မာနိုင်ငံကြီး ဒီထက်ပိုကောင်းမည်ဟု ပြောသူများကို မည်ကဲ့သို့ ဝေဖန်ရမည်နည်း ဆိုသည်ကို ကျွန်တော်စဉ်းစားမရပါ။ ဒေါ်စုသည် ကယ်တင်ရှင် မဟုတ်ပါ။ ဒေါ်စုသည် ဖန်ဆင်းရှင် မဟုတ်ပါ။ ဒေါ်စုသည် Superman မဟုတ်ပါ။ ဒေါ်စုသည် တန်ခိုးရှင် မဟုတ်ပါ။ ဒေါ်စု၏ တော်သော အရည်အချင်းများ၊ မာကျောသော စိတ်ဓာတ် စသည်တို့ကို အသိအမှတ်ပြုပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် အဆိုပါ အချက်များရှိရုံမျှဖြင့် အလုံးစုံ ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်မထားသင့်ပါ။ အစွဲကင်းကင်း၊ အမြင်ရှင်းရှင်းဖြင့် ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေများကို သုံးသပ်ကြစေလိုပါသည်။ မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးပွေလီ စည်းကမ်းမဲ့လှလွန်းသည့် အကျင့်စရိုက်များကို ဦးစွာပြင်ဆင်ကြဖို့ လိုပါသည်။ သို့မဟုတ်ပါမူ ဒေါ်စုသာမဟုတ်၊ သိကြားမင်းဆင်းလာပြီး သမ္မတလုပ်လျှင်ပင် မြန်မာနိုင်ငံကြီး ကောင်းလာစရာ မရှိပါ။ ဤသည်လည်း ကျွန်တော့်တွေးဆချက်သာ ဖြစ်သဖြင့် ဝေဖန်နိုင်ပါသည်၊ ငြင်းခုန်နိုင်ပါသည်၊ ဆန့်ကျင်နိုင်ပါသည်၊ ဆဲဆိုနိုင်ပါသည်။

ကျန်တာတွေကို ခေတ္တခဏ မေ့ထားကြဦးစို့။ အဓိကပြောလိုသည့် အကြောင်းအရာကို ဦးတည်ပါမည်။ ၂၀၁၅ တွင် ဒေါ်စုက သမ္မတဖြစ်ချင်သည်။ သူ့ကို ထောက်ခံကြသူတွေကလည်း ဒေါ်စုကို သမ္မတ ဖြစ်စေချင်သည်။ ထိုအထဲတွင် အနောက်စပွန်ဆာအားလုံး အပါအ၀င်ဖြစ်သည်။ ဒါက လက်ရှိအခြေအနေတွင် ကျွန်တော်တို့ မြင်တွေ့သိရှိနေရသည့် လိုလားချက်ဖြစ်ပါသည်။

ဆိုခဲ့ပါ လိုလားချက် အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို လေ့လာကြည့်သော် မဖြစ်နိုင် ဟူသည့် အဖြေကို တွေ့ရပါသည်။ ဥပဒေအရ မဖြစ်နိုင်ခြင်း ဖြစ်ပါသည်။ ဥပဒေဆိုရာတွင်ပင် သီးသန့်ဥပဒေ တစ်ရပ်ရပ်အရ မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သည့် အနေအထားကို တွေ့ရပါသည်။ အဖြေကတော့ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကြောင့် ဖြစ်ပါသည်။ ပုဒ်မ ၅၉-စ ဖြစ်ပေသည်။ ဤကား ပကတိ အမှန်တရား။


ဥပဒေအရ မဖြစ်နိုင်သည်ကို ကျွန်တော်တို့ သိရချေပြီ။ ဒေါ်စုနှင့် သူ့ထောက်ခံသူများကလည်း သမ္မတ ဖြစ်ကိုဖြစ်ရမည်ဟု ဆန္ဒရှိကြချေသည်။ မည်သို့လုပ်ဆောင်ကြမည်နည်း။ အဖြေကလည်း အဆင်သင့် ရှိပြီးဖြစ်ပါသည်။ ဥပဒေအရ ဖြစ်ခွင့်မရှိသည့် အခြေအနေကို ဥပဒေအရ ပြင်ဆင်နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ဤကား မလုပ်မဖြစ် လုပ်ကိုလုပ်ရမည့် နည်းလမ်းအဖြေ ဖြစ်ပါသည်။ ထိုအဖြေကို မတွက်ဘဲ ဒေါ်စု သမ္မတဖြစ်စရာအကြောင်း လုံးဝ မရှိပါချေ။

ရှင်းရှင်းပြောရလျှင် ဒေါ်စု သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉-စ ကို ပြင်ဆင်နိုင်ဖို့ လိုအပ်သည်။ ဒေါ်စုနဲ့ NLD က ထိုပုဒ်မကို ပြင်လိုသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီဘူး၊ ဘာဘူးညာဘူးဟု အသံဟစ်လိုက်သည်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် နိုင်ငံက အခြေခံဥပဒေမျှ ရေပက်မ၀င်၊ ခြောက်ပစ်ကင်း၊ သဲလဲစင် ပြည့်စုံကောင်းမွန်သည့် ဥပဒေ မဟုတ်ကြ။ ဟိုခေတ်ရောက်ရင် ဟိုလိုပြင်လိုက်၊ ဒီခေတ်ရောက်ရင် ဒီလိုပြင်လိုက် စသည်ဖြင့် ခေတ်ကာလ အခြေအနေ၊ အချိန်ရေစီးအရ လိုအပ်သလို ပြင်ဆင်ပြုပြင် ပြောင်းလဲခဲ့ကြတာချည်း ဖြစ်ပါသည်။ မြန်မာ့ အခြေခံဥပဒေကရော ဘာမို့နည်း။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ တသီကြီးရှိတာ လူတိုင်းသိသည်။ ဘာမျှ ထူးဆန်းသည့် ကိစ္စမဟုတ်။ ဒေါ်စုသမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉-စ ကို ပြင်ချင်တာနှင့်ပဲ မီဒီယာ နှင့် နိုင်ငံရေးသမားတွေ ပူးပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ မပြင်လျှင်ပဲ မြန်မာနိုင်ငံသည် မနက်ဖြန် ငရဲပြည် ဖြစ်သွားတော့မည့် ပုံစံမျိုး လုပ်လာ၊ ပြောလာ၊ ရေးလာ၊ မှိုင်းတိုက်လာကြသည်ကို တွေ့လာရ ပါသည်။                                                                                                            

အခြေခံဥပဒေသည် ၃ နှစ်သားသာ ရှိပါသေးသည်။ ၃ နှစ်သားလေးကို ရေလည်းကူးတတ်စေချင်သည်၊ စာလည်းတော်စေချင်သည်၊ သီချင်းလည်း ဆိုတတ်စေချင်သည်၊ ဂီတတူရီယာတွေလည်း တီးခတ်တတ်စေ ချင်သည်၊ ပန်းချီလည်း ဆွဲတတ်စေချင်သည်၊ ကဗျာလည်း စပ်တတ်စေချင်သည်၊ ပိဋကတ်စာတွေတွေ၊ ကမ္ဘာ့ဂန္ထ၀င် စာပေတွေနှင့်လည်း ထိတွေ့စေချင်သည်၊ စသဖြင့် စသဖြင့် လိုလားချက်များစွာဖြင့် ပုံစံသွင်း ဖို့ ကြိုးစားကြခြင်းသည် သင့်၊ မသင့် ဆိုသည်ကို စဉ်းစားကြစေလိုပါသည်။ ကျွန်တော့်သဘောကဖြင့် သူ့ အသက်အရွယ်နှင့်သူ လိုက်လျောညီထွေဖြစ်အောင် ပဲ့ပြင်သွန်သင် သင်ကြားပေးခြင်းကသာ အကောင်းဆုံး ဖြစ်မည် ဟူ၍ပင်။ ဤနေရာတွင်လည်း လွတ်လပ်စွာ အမြင်သဘောထား ကွဲလွဲနိုင်ကြပါသည်။ ကျွန်တော့်အယူအဆကို တင်ပြခြင်းသာ ဖြစ်ပါသည်။

၅၉-စ ကို ပြင်ချင်သည်။ ပြင်ဖို့လုပ်နေသည်။ ဟုတ်ပြီ.... ပြင်ဖို့အတွက် ဘာတွေလိုအပ်သနည်း။ ဘာတွေ လုပ်ရမည်နည်း။ ၅၉-စ ကို ပြင်ဆင်ဖို့အတွက် အဓိက Key Player များ ရှိကြပါသည်။ မည်သူတွေ ဖြစ်ကြသည်ဟု ကျွန်တော်ထင်မြင်သူများမှာ အခြားသော နိုင်ငံရေးစိတ်ဝင်စားသူများ တွက်ဆပြောဆိုကြ သည့် အတိုင်းပင် ဖြစ်ပါသည်။ အထွေအထူး မဟုတ်ပါ။ တင်ပြရပါလျှင်-

(၁) လွှတ်တော်တွင်း အမတ်အင်အား အများဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ

(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(၃) ပြည်သူလူထု

စသည်တို့ ဖြစ်ကြပါသည်။

ယခုကဲ့သို့ ပြောခြင်းမှာ မိမိသဘောအရ စိတ်ကူးထင်မြင်ရာ ပြောခြင်းမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြောဆိုခြင်းဖြစ်ပါသည်။ ပုဒ်မ ၅၉-စ ကို ပြင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်ကဲ့သို့ ပြဋ္ဌာန်းထားသည်ကို လေ့လာပါမည်။


အထက်တွင် ပြောခဲ့သည့်အတိုင်း အဓိကပလေယာ ၃ ဦး၊ တစ်နည်း အဆင့် ၃ ဆင့်ကို ကျော်ဖြတ်နိုင် ပြီးလျှင်ပင် ဒေါ်စု သမ္မတ ဖြစ်လာမည်ဟု တတ်အပ်သေချာ ပြောနိုင်သေးသည် မဟုတ်ပါချေ။ နောက်ထပ် လိုအပ်ချက်တစ်ခုမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲများတွင် အနည်းဆုံး အမတ်နေရာ ၂၅၀ အနိုင်ရရှိမှသာလျှင် ဒေါ်အောင်ဆန်း စုကြည် ဒုတိယသမ္မတ ဖြစ်ခွင့်ရှိပါလိမ့်မည်။ နောက်ထပ် လိုအပ်ချက်အဖြစ် သမ္မတဖြစ်လိုသည်ဆိုလျှင် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်နေရာပေါင်း အနည်းဆုံး ၃၃၂ နေရာ အနိုင်ရရှိရန် လိုအပ်ပါမည်။

၅၉-စ ကို ပြင်ဆင်ရန်အတွက် ပြည်သူလူထုကို အရင်ဆုံး စည်းရုံးနေခြင်းသည် သဘောရိုး ဟုတ်မဟုတ် ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ပုဒ်မ ၄၃၆-က ပါအတိုင်း ပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ ရှေ့တွင် လုပ်ဆောင်ရမည့် အဆင့်များ ကျန်ရှိနေပါသေးသည်။ ပထမအဆင့် ပြည်ထောင်စုလွှတ်တော်တွင်း အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံချက် ရရှိရေးသည် လွယ်သည့်ကိစ္စ မဟုတ်ပါချေ။ ပြိုင်ဘက်ပါတီဖြစ်သည့် NLD မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရရှိရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီက ထောက်ခံပေးရမည့် ကိစ္စကို ငှက်ပျောသီးစားသည်ဟု မမှတ်ယူစေလိုပါ။ ထိုမျှလောက် မလွယ်ကူပါ။ ပြည်ခိုင်ဖြိုးပါတီကလည်း အဲဒီလောက် ရူးလိမ့်မည်ဟု ကျွန်တော်မထင်ပါ။ ပြည်ခိုင်ဖြိုးပါတီက ရူး၍ဖြစ်စေ၊ ကြောင်၍ဖြစ်စေ ထောက်ခံသည်ပဲ ဆိုကြပါဦးစို့။ ဒုတိယအဆင့်အဖြစ် "ကျော်" ဆိုသော စကားလုံးအတွက် ကြိုးပမ်းရပါဦးမည်။ (၇၅ ရာခိုင်နှုန်းကျော်) ဟု အခြေခံဥပဒေက ဆိုထားသည် မဟုတ်ပါလား။ "ကျော်" ဟူသည့် စကားလုံးအတွက် အဓိကပလေယာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါသည်။ တပ်မတော် အကြီးအကဲ အနေဖြင့် ဒေါ်စုကို ယုံကြည်လက်ခံ ထောက်ခံလိမ့်မည်ဟု မည်သူကမျှ တတ်အပ် သေချာ မပြောနိုင်ပါချေ။ ကာချုပ်က ဒေါ်စုကို ထောက်ခံပေးရန်အတွက် ဒေါ်စုကြိုးပမ်းဖို့ လိုပါသည်။ လွှတ်တော်တွင်း လုပ်ငန်းစဉ် အားလုံးပြီးဆုံး၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ဆိုသည့်ကိစ္စမှာ လွယ်မည့် ကိစ္စမဟုတ်မှန်း စာဖတ်သူလည်း သိမြင်လိမ့်မည်ထင်ပါသည်။

ထိုထိုသော အကြောင်းအချက်များကို စဉ်းစားမိပြီးသည့်နောက် ကျွန်တော့်တွင် မေးခွန်းများ ရှိလာပါသည်။ ပုဒ်မ ၅၉-စ ကို ပြင်ဆင်နိုင်မည်လား။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်တာ ဘာကြောင့်လဲ။ ဒေါ်စု သမ္မတဖြစ်လျှင်ရော ဘာတွေဖြစ်လာမှာလဲ။ ပုဒ်မ ၅၉-စ ကို မပြင်နိုင်ဘူးဆိုလျှင်ရော ဘာတွေ ဆက်ဖြစ် မှာလဲ။ လက်ရှိအချိန်တွင် ဒေါ်စုအနေဖြင့် အခြေခံဥပဒေပြင်ဖို့ လူထုကို အသည်းအသန် စည်းရုံးနေတာ၊ ဟောပြောနေတာ ဘာကြောင့်လဲ။ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဲလောက်အထိ အသည်းအသန်လုပ်ဖို့ လိုအပ်နေပြီလား။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် လွှတ်တော်တွင်း စည်းရုံးရေး လုပ်ငန်းများကို ဦးစွာမဆောင်ရွက်ဘဲ အဘယ်ကြောင့် လူထုကို လမ်းပေါ်ထွက်လာအောင်၊ လူစုလူဝေး ဖြစ်လာအောင် စည်းရုံး ဟောပြောမှုများ ပြုလုပ်လာပါသနည်း။ အဆိုပါ မေးခွန်းများဖြင့် ကျွန်တော်ကိုဉာဏ် ချာချာ လည်နေ ကြောင်းပါ။

မိတ်ဆွေများရဲ့ အမြင်များကိုလည်း သိလိုလှပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်၊ စနေနေ့။
နံနက် ၀၀ နာရီ ၁၆ မိနစ်တွင်ပြီး၏။

ကျွန်တော်သနားမိသော နိုင်ငံရေးမူကြိုကျောင်းသူ အမယ်အိုနှင့် သူမ၏ဝမ်းမနာများ



အင်တာဗျူးတစ်ခုမှာ ... ဦးအောင်သောင်းက ...
အင်ဒိုနီးရှားမှာလည်း ... လွှတ်တော်စဖွဲ့စဉ်က
တပ်အင်အားကို (၄၀ % ) အထိ ထည့်သွင်းခဲ့တာပါ
နောက်မှ တစ်ဖြေးဖြေးလျှော့ချသွားတာလေ ...


ကျွန်တော်တို့ဆီမှာလည်း ...
ဒီလိုပါပဲ ... တဖြေးဖြေးလျှော့သွား ရမှာလေ ...
လုံးဝမရှိရဘူးဆိုတာတော့ ... မဖြစ်နိုင်ပါဘူး

( တပ်ကလူတွေကို ... အရပ်ဝတ်လဲခိုင်းပြီး ) မှ
လျွှတ်တော်အမတ်အဖြစ် တင်သွင်းလိုက်ရင်လည်း
စစ်တပ်လုံးဝမပါဘူးလို့ ... ပြောလို့ရပါတယ်
နည်းလမ်းတွေကအများကြီးပါ ... လုပ်လို့ရပါတယ် ... ၊

ဆိုပြီးပြောသွားတော့ ...
ဒေါ်စုကို ... တော်တော်သနားသွားမိတယ်

ဟုတ်တယ်လေ ... သူ့ခမျာ
၅၉(စ) ပြင်ဖို့အရေး ... လူထုထောက်ခံမှုလည်းအရ
သူမုန်းနေတဲ့စစ်တပ်ကိုလည်း ... ဒေါက်အဖြုတ် ဆိုပြီး
တပ်မတော်သားကိုယ်စားလှယ်တွေ .. လွှတ်တော်မှာ မပါဝင်ရေးကို
လှုံဆော်ပြီး ... မဟာဗျူဟာတိုက်ကွက် ဖေါ်ခဲ့တာ ...

ဟူးးးးးးး အခုတော့လည်း ....

( တပ်ကလူတွေကို ... အရပ်ဝတ်လဲခိုင်းပြီး ) မှ
လျွှတ်တော်အမတ်အဖြစ် တင်သွင်းလိုက်ရင်လည်းရတာပဲ ..
ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ... အကြီးကြီး ဂွမ်းသွားပြီ ...

ဦးအာင်သောင်းရဲ့ ... Counter က သိပ်စေ့လွန်းတယ်
ဒေါ်စုလောက် ... မပင်ပန်းသလို ၊ သွေးရူးသွးတန်းလည်းမရှိဘူး

ဒါတောင် ... ဒေါ်စုက Oxford ကျောင်းဆင်းဖြစ်နေလို့
ကျန်တဲ့ကျောင်းဆင်းသာဆို ... ရူးတောင်သွားမလားပဲလို့ ...

ဦးအောင်သောင်းကို အမွှန်းတင်နေတာမဟုတ်ရပါဘူး...
အဟွန်း ... Oxford ကျောင်းတော်ဆင်း အမယ်အိုကြီး ဒေါ်စုဟာ

ဘာပညာမှမတတ်ပါဘူး ၊ ဘာအဆင့်မှမရှိပါဘူးဆိုတဲ့ ...
ဦးသန်းရွှေအပါအဝင် ... နဝတ အဖွဲ့တွေနဲ့တွေ့ရင် တစ်ကယ့်ကို ပီဘိ မူလတန်းကျောင်းသူလေးလို ... ထိတိုင်းကွဲပဲ ... ၊

နားရွက်ဆွဲထိုင်ထလား ၊ ဂျွမ်းထိုးရမလား ၊ ငိုရမလား ရီရမလား
ထမိန်စွန်တောင်စွဲပြရမလား ... ကြိုက်သလိုလုပ်ခိုင်းလို့ရတဲ့ပုံပါပဲ ... ၊

အမယ်အိုကြီးကတော့ ... ငါလိုလူ ဂျဗူ ရှိသေးရဲ့လားလို့
မာန်တွေတက်ပြီး စွတ်မောင်းတင်လိုက် ... အရိုက်ချခံလိုက်ရ ...
ပြီးရင် ရှုံးမဲမဲပြီး ပါတ်ရမ်းလိုက် ... တစ်ခါဖြတ်နင်းခံလိုက်ရနဲ့ ...
တစ်ကယ်ကို ... သနားဖို့ကောင်းလှပါတယ် ...

အသက်ကလည်း ( ၆၈ ) ဆိုတော့ ...
ဒီတစ်ခါ အရိုက်ချခံရရင် ... ဖြတ်အနင်းခံရရင် ...
ပြန်မှ ထနိုင်ပါဦးမလား ... လှုပ်နိုင်ပါဦးမလား လို့ ...

အဲလိုသာဆိုရင်တော့ ... အမေဂျီးစု သမ္မတဖြစ်ခဲ့ရင်ဆိုတဲ့
အိမ်မက်ပိုင်ရှင် ... သားတော် သမီးတော် ဒီမိုလစ်ဗြဲတွေလည်း ..
ဂွမ်းပြီ ... ဂွမ်းပြီ ... တစ်သက်လုံးဂွမ်းလေပြီ ပေါ့ ... ၊

ဒါ့ကြောင့် .. ဒီနေ့ဒီအချိန်မှာ ...
ကျောင်းတော်ကြီးဆင်း ... အမယ်အိုကြီးနဲ့ ... ဝမ်းမနာ
သားတော် သမီးတော် ... ဒီမိုလစ်ဗြယ်တွေကို ...
ကျုပ်အနေနဲ့ သနားမိတာ ... ဆန်းသလားဗျာ ... ။

FROM-TRUE LIE

လွှတ်တော်နဲ့ သမ္မတအကြား အငြင်းပွားနေမှု

   

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ သမ္မတ အကြား မပြေမလည် ဖြစ်နေတဲ့ ကိစ္စကို သမ္မတဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။


ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ဒီမိုကရေစီ ကျင့်စဉ် မညီတဲ့ အချက်တွေ ပါနေတဲ့ အတွက် ဆိုပြီး သမ္မတက လက်မှတ်မထိုးပဲ အချက် ၁၆ ချက်ကို ပြန်ပြင်ဆင်ဖို့ မှတ်ချက် ပေးထားတာကို ပြည်ထောင်စု လွှတ်တော်က အချက် ၂ ချက်ကိုသာ ပြင်ဆင်ပြီး ကျန် ၁၄ ချက်ကို မူလ အတိုင်း ထားရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို သမ္မတဘက်ကနေ သတင်းစာထဲကနေတဆင့် သတင်း ထုတ်ပြန်တာဟာ သင့်တော်တဲ့ အလုပ် မဟုတ်ဘူးလို့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ဘီဘီစီကို ပြောပါတယ်။

ဥပဒေ ပြုတဲ့အလုပ်မှာ သမ္မတရဲ့ အခန်းကဏ္ဍဍကို ကြည့်မယ် ဆိုရင် ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် လက်မှတ် ရေးထိုးထားတဲ့ ဥပဒေကြမ်းကို ပြန်လည် စိစစ်ဖို့ သမ္မတက ပြောပိုင်ခွင့် ရှိကြောင်း၊ အဲဒီကနေ နောက်တကြိမ် ပြန်ပို့လိုက် တာကို သမ္မတ အနေနဲ့ လက်မှတ် ရေးထိုး အတည်ပြုပြီး ဥပဒေ ထုတ်ပြန်ရမှာ ဖြစ်ကြောင်း၊ အဲဒီလို မကြိုက်တာတွေ လက်မှတ်မရေးထိုးနိုင်တာတွေကို သတင်း စာမှာ အခုလို ထုတ်ပြန်ပြီး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ဖို့ကိုတော့ သမ္မတကို အခွင့် အာဏာ ပေးထားတာမျိုး မရှိဘူးလို့ ဦးဘရှင်က ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီလို သတင်းစာမှာ ထုတ်ပြန်တာမျိုး မလုပ်ဖို့ ဥပဒေအရ တားထားတာမျိုးတော့ မရှိဘူး လို့ ဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် အတည်ပြုလိုက်တဲ့ ဥပဒေကို သမ္မတဆီ ပို့လိုက်ရင် ၁၄ရက်အတွင်း သမ္မတက လက်မှတ် ရေးထိုးရမှာ ဖြစ်ကြောင်း၊ လက်မှတ် မရေးထိုးနိုင်ဘူး ဆိုရင်လည်း အဲဒီ ၁၄ရက်အတွင်း သဘောထား မှတ်ချက် ပေးရမှာ ဖြစ်ကြောင်း၊ သမ္မတရဲ့ သဘောထားကို ပြည်ထောင် စု လွှတ်တော်က လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ ပြည်ထောင်စု လွှတ်တော် က ထပ်မံ အတည်ပြုပြီးတဲ့ ဥပဒေကို သမ္မတက ၇ရက်အတွင်း လက်မှတ် ရေးထိုး ထုတ်ပြန် ပေးရမှာ ဖြစ်ကြောင်း၊ တကယ်လို့ သမ္မတက လက်မှတ်ရေးထိုး အတည်ပြုတာမျိုး မရှိရင်လည်း ဒီဥပဒေ ကတော့ အတည် ဖြစ်သွားမှာ ဖြစ်ကြောင်း ဦးဘရှင်က ရှင်းပြပါတယ်။

အခု ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာလည်း ဥပဒေ အတည် ဖြစ်သွားပြီ ဖြစ်တဲ့အကြောင်း လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဌာနချုပ်ရုံး ရှစ်ထပ်ဆောက်ရန်ကိစ္စ NLD နှင့် AGD ဗြောင်လိမ်နေသည် ဟု ဆို



NLD ပါတီဌာနချုပ်ရုံးအား ဓါတ်လှေကားပါ အထပ် ရှစ်ထပ်ဖြင့် အဆင့်မြင့် အဆောက်အအုံ ပြင်ဆင် ဆောက်လုပ်ရာတွင် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် က ငွေကြေးစိုက်ထုတ်ကျခံပေးမည့် သဘောတူညီ ချက်များ အပေါ် ပါတီတွင် အကြီးအကျယ် သဘော ထား ကွဲလွဲနေကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် သန်းကြွယ်သူဌေးကြီး ဦးတေဇတို့အကြား လျှို့ဝှက် သဘောတူညီချက်များ ထားရှိခြင်းနှင့်ပတ်သက်၍လည်း တိုးတိုးတိတ်တိတ် ငြင်းခုန်ခဲ့ရာမှ ယခုအခါ မကျေနပ်ချက်များ ပို၍ ကျယ်လောင်လာခဲ့သည်။ အပတ်စဉ်ထုတ် သတင်း ဂျာနယ်တစ်စောင်တွင် ထူးကုမ္ပဏီပံ့ပိုးကူညီမှုဖြင့် ဌာနချုပ်ရုံးသစ် အဆင့်မြှင့်တင် ပြင်ဆင်တည် ဆောက် မည့် သတင်းထွက်ပေါ်လာခဲ့သော်လည်း ထိပ်ပိုင်းခေါင်းဆောင်အချို့ ကြိုတင် သိရှိထားခြင်း မရှိကြောင်း သိရှိရသည်။

NLD ပါတီဝင်ဟောင်း တစ်ဦးကမူ "AGD Bank ဆိုတာ ထူးကုမ္ပဏီရဲ့ လက်ခွဲ လက်အောက်ခံပဲလေ။ နောက်ပြီး စစ်အစိုးရ အဆက်ဆက် အုပ်စိုးသူဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး နည်းလမ်းမျိုးစုံနဲ့ စီးပွားရှာခဲ့တာ။ လူတိုင်း အသိပဲလေ။ နောက်ပြီး ပါတီကြီးတွေနဲ့ နိုင်ငံရေးသမားတွေကို ခရိုနီတွေ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေကြတာ အခုအချိန်မှာ ပေါ်ပေါ်တင်တင်ကို ဖြစ်လာနေတာပဲ။ အဲဒီ နောက်ဆက်တွဲ ပြဿနာတွေကတော့ နိုင်ငံရေးအရ ခရိုနီတွေ ၀ါးမျိုးလာမယ့် အန္တရာယ်ကိုလည်း သတိရှိရှိ ကာကွယ်စေ ချင်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း ယင်းဂျာနယ်တွင် ဖော်ပြခဲ့သည်။ 

NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက "အဲဒီ သတင်းက မှားနေပါတယ်။ ဌာနချုပ်ရုံးကို အသစ်ပြန် ဆောက်မယ် ဆိုတာက မှန်တယ်။ ထူးကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောက်မယ်ဆိုတာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ လာမယ့်အပတ်ထဲမှာ လိုအပ်တဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပါမယ်။ ကိုရဲမင်းဦးက သူ့ဘာသာ Personal အနေနဲ့ ပါတာပါ။ အဲဒီသတင်းကို မဟုတ်ဘူး လို့ ကျွန်တော် ပြောပါတယ်" ဟု Daily Eleven သတင်းစာအား ပြောကြားခဲ့သည်။ 

NLD ပါတီ၏ ဌာနချုပ်ရုံးအသစ် ဆောက်လုပ်မှုအတွက် ကာလတန်ကြေး ကျပ်သိန်းသောင်းနှင့်ချီ၍ ကုန်ကျ မည် ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအတွက် ကုန်ကျစရိတ် များစွာ ရှိလာမည့် အချိန်တွင် ယခုကဲ့သို့ ဌာနချုပ်ရုံးအသစ် ပြင်ဆင်ဆောက်လုပ်မည့် စီမံကိန်းမှာ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်နေကြောင်း သိရှိရသည်။ 

"ဒီဌာနချုပ်ရုံးက ၁၉၉၀ ကနေ လက်ရှိအချိန်အထိ ရပ်တည်ခဲ့တဲ့ ရုံးပဲ၊ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု အောက်မှာ ဒီရုံးကလေးကနေပြီး ကမ္ဘာသိ အံတု ခဲ့ကြတယ်။ ဒေါ်စုရဲ့ အကျယ်ချုပ်သက်တမ်းတလျှောက် ဒီရုံးလေးကနေ ညီညွတ်မှုကို ပြသခဲ့ကြတာ။ ဒါက ဘာသဘောလဲ။ ကျွန်တော်တို့ ကြည့်နေတာ ကြာပြီ။ ခရိုနီတွေနဲ့ NLD ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်လာနေတာ သိသိသာသာကြီး ဖြစ်လာပြီ။ ဒေါ်စုကိုယ်တိုင် ခရိုနီ တွေကို အကာအကွယ်ပေးခဲ့တယ်။ ခရိုနီတွေဆီက ငွေကြေးတွေ စီးဝင်နေတယ်။ နာယကကြီးဦးဝင်းတင် ပြောတယ်။ ခရိုပြာ၊ ခရိုနက်ဆိုပြီး။ ဦးဝင်းတင် ဖောင်ဒေးရှင်းမှာ ပုံအောတယ်။ ဦးဝင်းတင်လည်း ခရိုနီ ဝေဖန်ရေး သိပ်မလုပ်တော့ဘူး။ AGD နဲ့ ထူးက ကုလားကြီးနဲ့ အရာကြီးပဲဗျ။ ရဲမင်းဦးက Personal အရ လုပ်တယ်။ သိပ်ရယ်ဖို့ကောင်းပါတယ်။ တေဇ ခွင့်မပြုဘဲ ရဲမင်းဦး ဘာလုပ်နိုင်လို့လဲ။ ဦးတေဇ ကိုယ်တိုင် ပေါ်တင်ကြီး ပါလာရင် လူထုက ဘယ်လက်ခံမလဲ။ ဒါကို သိသိကြီးနဲ့ NLD က ဦးတေဇကို ဖြစ်မြောက်ရေး အဖွဲ့ထဲ ထဲမလား။ ကျွန်တော်တို့ကတော့ ရွံတယ်။ နှလုံးနာတယ်။ ဒီရုံးအစုတ်လေးက ဘာဖြစ်လို့လဲ။ သေသွားတဲ့ ဦးလွင်တို့လို NLD လူကြီးတွေ ဒီရုံးကလေးမှာ စုဝေးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တာ။ အခု ဒီရုံးကို ခရိုနီတွေနဲ့ ပေါင်းပြီး ရှစ်ထပ်တိုက် ဆောက်မယ်။ ဒီအစီအစဉ်ကို NLD ပါတီဝင်တွေကို ချပြခဲ့တာ ရှိသလား။ ထိပ်ပိုင်းက လူနည်းစု သဘောတူညီချက်နဲ့ ခရိုနီနဲ့ လက်သိပ်ထိုး လုပ်တာ ပွင့်လင်းမြင်သာမှုလား။ စိတ်ပျက်ဖို့ သိပ်ကောင်းပါတယ်" ဟု NLD ပါတီဝင်တစ်ဦးက ပြောဆိုသည်။ 

"NLD ဆိုတာ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ခဲ့တဲ့ ပါတီဗျ။ အခုတော့ ဒီလို မဟုတ်တော့ဘူး။ NLD က ပြည်သူလူထုကို ကုတ်သွေးစုပ်ခဲ့တဲ့ ခရိုနီတွေရဲ့ ဘက်တော်သား ဖြစ်သွားပြီ။ ဒေါ်စု ခရီးစဉ်တွေမှာ လေယာဉ်တွေ၊ သင်္ဘောတွေ၊ ကုန်ကျစရိတ်တွေ အကုန်လုံး ခရိုနီတွေက ငွေစိုက်ပေးနေတာ။ အခု ဦးတေဇနဲ့ ကွယ်ရာမှာ တရုန်းရုန်း။ ဦးရွှေမန်းသား ခရိုနီတွေလည်းပါတယ်။ ဦးဇော်ဇော်လည်း ပါတယ်။ ဦးမိုးမြင့် ဇနီးရောပါတယ်။ NLD ဘယ်လို ရပ်တည်ခဲ့သလဲ။ ဘယ်သူ့ဆီက လက်ဝါးဖြန့်ပြီး တောင်းခဲ့ ဘူးသလဲ။ အခုရော သူတို့ဆီက ပေးစာ ကမ်းစာ မရရင် NLD မရပ်တည်နိုင်တော့ဘူးလား။ NLD မရှိတော့ ဘူးလား။ လူတွေကပင်ပန်းဆင်ရဲတာ ခံနိုင်တယ်။ ချမ်းသာတဲ့ဒဏ် မခံနိုင်ဘူး ဆိုတာ အမှန်ပဲ။ အခုကိစ္စ ကိုပဲ ကြည့်။ ဦးတေဇ ပိုက်ဆံနဲ့ ဆောက်ပေးမှာပဲ။ ဒါကို ဗြောင်ငြင်းတယ်။ ဒီကိစ္စ NLD ပါတီထဲမှာ ဘယ်သူ ချပြခဲ့သလဲ။ ဘာကြောင့် ဒီလို ဖုံးကွယ်ထားတာလဲ။ ပေါ်လာတော့ ဘာဖြစ်လို့ ဆက်ငြင်းနေလဲ။ ကျွန်တော် တို့က ငတုံးတွေ ဆိုပြီး ဒီလိုသဘောထားတာလား" ဟု အစိုးရသစ်လက်ထက်တွင် ထောင်မှပြန်လွတ် လာခဲ့သော NLD ပါတီဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

ဦးတေဇ၏ ထူးကုမ္ပဏီသည် NLD ပညာရေးကွန်ယက်အား ၂၀၁၂ ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့ပြီး ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ဖြူးဘိုးဘွားရိပ်သာ ပဒေသာပင်အတွက် ထူးကုမ္ပဏီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့ဖူး ကြောင်း သတင်းများအရ သိရ သည်။

အလားတူ ဦးတေဇသည် အမေရိကန်ထောက်လှမ်းရေးသတင်းများအရ သူရဦးရွှေမန်းနှင့် ချိတ်ဆက်မှုများ ရှိနေပြီး ဦးအောင်သက်မန်းနှင့် အကျိုးတူ လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်ကြောင်း အစီရင်ခံစာ ထွက်ပေါ် ထားခဲ့သူ ဖြစ်သည်။ ယခင်အစိုးရလက်ထက် တစ်လျှောက်လုံး နယက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးအားထားရသော အနီးကပ်လူယုံတော် တစ်ဦးဖြစ်သည်။ 

မကြာသေးခင်ကပင် ဒေါ်အောင်ဆန်းစုကြည်ဆေးရုံတက်၍ ခြေထောက် ခွဲစိတ်ခံယူခဲ့ရစဉ်က သူရဦးရွှေမန်း၏ သား ဦးတိုးနိုင်မန်း လာရောက် သတင်းမေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ခရိုနီ များနှင့် ပတ်သက်၍ အတိတ်က လုပ်ဆောင်ခဲ့သည်များကို အလေးမထားဘဲ လက်ရှိအချိန်တွင် နိုင်ငံနှင့် ပြည်သူအတွက် အကောင်းဆုံး အကျိုးပြုနိုင်ရေး ဆောင်ရွက်ပါက လက်တွဲပူးပေါင်းသွားမည် ဖြစ်ကြောင်း ထူတ်ဖော်ပြောကြားထားခဲ့သည်။ 

ခရီုနီများနှင့် နီးစပ်သူတစ်ဦးကလည်း "ခရိုနီ ဆိုတာကတော့ ဘယ်အစိုးရတက်တက် ရအောင်ပေါင်းမှာပဲ။ NLD က ဆင်းရဲတဲ့ဒဏ်ခံနိုင်တယ် ဆိုတာ သက်သေပြခဲ့ပြီးပြီ။ ချမ်းသာတဲ့ဒဏ် ခံနိုင်ပါ့မလား ဆိုတာ ကတော့ မြင်တဲ့အတိုင်းပဲလေ။ ခရိုနီတွေ အိတ်ထဲက NLD ဖြစ်ဖို့တော့ သိပ်မကြာတော့ဘူး ထင်ပါတယ်။ အခုဆိုရင်ပဲ ခရိုနီတိုက်ဖျက်ရေး အော်ခဲ့တဲ့ ဦးဝင်းတင် ဘာအသံထွက်လာလို့လဲ။ သူပြောလည်း ထိရောက်မှာ မဟုတ်ဘူး။ NLD ထိပ်ပိုင်းအကုန်လုံးက ဒါကို ကြိုက်သွားပြီဗျ။ ဒီလို ကြိုက်သွားပြီးရင်တော့ ခရိုနီတွေ ဘာလုပ်လုပ် ရပြီ ပေါ့ဗျာ" ဟု သုံးသပ်ပြောကြားသည်။

ပြည်သူ့အာဏာ

၂၀၀၈ ဖွဲ့စည်းပုံပါ ၅၉ (စ) ပြင်ဆင်မည်ဆိုပါက တစညမှ ကန့်ကွက်မည်

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မည်ဆိုပါက တစညပါတီအနေဖြင့် ကန့်ကွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး တစညပါတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။


အခြေခံဥပဒေဆိုသည်မှာ ပြီးပြည့်စုံသည်မရှိကြောင်းနှင့် အခြေအနေအချိန်ခါအရ ပြင်သင့်သည့်အချိန် ရောက်မှသာလျှင် ပြင်ဆင်သင့်ပြီး လက်ရှိအခြေအနေတွင် လုံးဝမပြင်သင့်ကြောင်းနှင့် ပြင်ဆင်ပေးလိုက် လျှင်လည်း နိုင်ငံတကာတွင် ရိုသေလေးစားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာမည်မဟုတ်ဟု ၎င်းက ဆိုသည်။

“အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကိုယ်တိုင် သဘောထားပေးခဲ့တဲ့ ပုဒ်မ ၅၉ (စ)ဟာ မပြင်သင့်ဘူး။ ပြင် မယ်ဆိုရင်လည်း ကန့်ကွက်သွားမယ်။ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်ရောက်ရင် ပြင်ဆင်ဖို့ ပါဝင်တောင်းဆို မယ်။ တကယ်လိုအပ်တဲ့ ပြင်ဆင်မှုက တိုင်းရင်းသားတွေကို အပြည့်အ၀ လုပ်ကိုင် ရပ်တည်ခွင့်ပေးဖို့ပဲ။ အခြေခံဥပဒေ နောက်ဆက်တွဲမှာပါတဲ့ အာဏာခွဲဝေမှုတွေ လုပ်ပိုင်ခွင့်တွေကို ပိုပြီးလုပ်ပိုင်ခွင့်ပေးသင့် တယ်။ အသေချာမသိဘဲ ပြင်ဖို့အော်နေတာကိုတော့ လက်မခံဘူး”ဟု ဦးထွန်းကြည်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလုံးစုံ အသစ်ပြန်လည်ရေးဆွဲရန် အခြေခံမှစ၍ ပြင်ဆင်ရေးဆွဲရန် လုံးဝမလုပ်သင့်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများအားလုံး တစ်မျိုးသားလုံးနှင့် အကျုံးဝင်သည့် မဟာ ဗျူဟာမြောက် ရည်မှန်းချက်များကို ဦးတည်သုံးသပ်ပြီး အကျိုးသက်ရောက်မှု ပိုမိုဖြစ်ပေါ်စေနိုင်သည့် ဆောင်ရွက်မှုများသာ အခြေခံစဉ်းစား လုပ်ဆောင်ကြရမည်ဖြစ်သည်ဟု ဆိုသည်။

တစညပါတီက ၂၀၁၃ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပါတီငွေရတုအခမ်းအနားတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကန့်ကွက်သည်ဟု တရားဝင်ကြေညာထားကြောင်း သိရသည်။

Mizzima

ချစ်လို့ပြောတာပါ အတိုက်အခံဖက်ကသေချာပေါက် ကျရှုံးဖို့သာ ပြင်ထားပေတော့



ဒေါ်လာသန်းနှစ်ထောင်။

နည်းတဲ့ပိုက်ဆံမဟုတ်ပါ။ ကမ္ဘာ့ဘဏ်က ကူညီ တာပါ။ ကမ္ဘာ့ဘဏ်ဥက္ကဌ မနေ့က ကျနော်တို့ ဒဂုံမြို့သစ်တောင် လာသေးတယ်။ ဆေးရုံ လာကြည့်တာ။ အရင်က ပိုက်ဆံလေးနည်းနည်း ချေးဖို့ အတွေ့တောင်မခံတဲ့အဖွဲ့အစည်း အခု တူးဘီလီယံ ရက်ရက်ရောရော ပေးတာနော်။ လက်ရှိ နိုင်ငံရေးကို မျက်ခြေမပြတ်ကြည့်နေတာ။ လက်ရှိအစိုးရနဲ့ တပ်ကို မယုံရင် အပြောင်းအလဲကို အတုလို့ထင်ရင် ဒီလိုပေးမလားစဉ်းစားစရာ။


အစိုးရရော အတိုက်အခံရော စဉ်းစားဖို့ပါ။အစိုးရဖက်နဲ့အတိုက်အခံဖက် နှစ်ဖက်မျှထောက်ခံနေကြပြီ။ အစိုးရလည်း

၁။ အပြောင်းအလဲကိုတွန်းလုပ်ရမယ်။

၂။အဲဒီပိုက်ဆံတွေအလေအလွင့်မရှိအောင် ဂရုစိုက်ရမယ်။

၃။ နောက်ထပ် နိုင်ငံတကာက ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးအောင် လက်တွေ့ကျကျ ပြောင်းအလဲကို အရှိန် မြှင့်ရမယ်။

၎။ အောက်ခြေကနေ ခိုးဖို့ချောင်းနေတဲ့လူတွေကို အရင်လိုမျက်စေ့မမှောက်ပါနဲ့ဗျ။ (မျက်စေ့ မှောက်ချင် ယောင် လည်းမဆောင်သင့်။ )

အစိုးရဖက်က မှန်ရင် နိုင်ငံတကာက ဘယ်သူဘာပြောပြောရပ်တည်ပေးမယ်ဆိုတာ အချက်ပြလိုက်တာပါ။ ဒီအချက်ကို အာရုံစိုက်သင့်တယ်။

အတိုက်အခံကလည်း ငါတို့ကို နိုင်ငံတကာက ထောက်ခံတာ ငါတို့ဖက်ကဆိုတဲ့ အချိန်လွန် သွားပြီဆိုတာသိရင်အကျိုးရှိမယ်။ နိုင်ငံတကာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးနေပြီဆိုတာ ထည့်စဉ်းစားရမယ့်အချက်ဖြစ်လာပြီ။ အစိုးရကိုပိတ်ပြီးအတိုက်အခံဖက်ကိုနှစ်နှစ်ဆယ်ကျော်လောက် ပုံအော ပေးခဲ့ပြီးပေမယ့် နိုင်ငံတကာအကူအညီကို အလွဲသုံးစားလုပ်ခဲ့သူတွေတချို့ အတိုက်အခံဖက်မှာ ရှိခဲ့ တာကို နိုင်ငံတကာကလည်းစိတ်ပျက်မယ်ဆိုတာလည်း ထည့်စဉ်းစားဖို့။

ဒီတော့ ရှေ့လျှောက် အတိုက်အခံက အောင်မြင်ချင်ရင်မဟာဗျူဟာ နည်းဗျူဟာတွေ ပြန်သုံးသပ် ပြင်သင့်ပြင် ပယ်သင့်ပယ်အသစ်လုပ်သင့်လုပ်။ မဟုတ်ရင် လွယ်မယ်မထင်။တော်ကြာ အစိုးရက ပါးနပ် လွန်းလို့ နိုင်ငံတကာကထောက်ခံမှု နှစ်ဖက်မျှပေးနေရာကအစိုးရနဲ့တပ်ဖက်ကို ပိုယုံကြည် သွားရင်................။

(ဒီတစ်ခါတော့မဖြစ်နိုင်ဘူး ငြင်းမယ်မကြံနဲ့ အရင် လုံးလုံးဆန့်ကျင်ခံထားရတာကနေ အခု တစ်ဝက် ရသွားပြီ။ ဆက်ငြင်းချင်သေးရင်တော့ တစ်ဖက်ကအကုန်ရသွားမှာပဲ။ အတိုက်အခံဖက်ကသေချာပေါက် ကျရှုံးဖို့သာ ပြင်ထားပေတော့။ ချစ်လို့ပြောတာပါ။ )

By Pite Tin

မွန်းတည့်နေဂျာနယ်ကို မစိုးရိမ်ဆရာတော်များ တရားစွဲမည်


ဇန်နဝါရီလ ၁၉ ရက်နေ့ကထုတ်တဲ့ "မွန်းတည့်နေ ဂျာနယ်"မှာ ဆရာတော် အရှင်ဥာဏိဿရ မိန့်ကြား တယ်ဆိုပြီး လွဲမှားစွာရေးသားခဲ့တဲ့အတွက် မန္တလေး အခြေစိုက် အမျိုးဘာသာသာသနာ စောင့်ရှောက် ရေး အဖွဲ့က မွန်းတည့်နေဂျာနယ်ကို တရားစွဲမယ် လို့ မစိုးရိမ်တိုက်သစ် ဆရာတော်တွေက ဒီနေ့ မိန့်ကြား ပါတယ်။


မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ဆရာတော် အရှင်က္ကန္ဒာစက္ကာဘိဝံသက တရားစွဲဆိုမယ့်အကြောင်း အခုလိုမိန့်ကြားပါတယ်။

“ဘာသာအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်တဲ့ သတင်းဖော်ပြမှုမျိုး သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စိတ်ဝမ်းကွဲအောင် တမင်တကာ စေတနာဆိုးနဲ့ လုပ်ဆောင်တဲ့ အလုပ်မျိုးတွေ မလုပ်ကြပါနဲ့၊ မီဒီယာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီအဖွဲ့ကို တောင်းပန်ပါလို့ တောင်းဆိုတယ်၊ သူတို့ကျင့်ဝတ်ဟာ တရား ဥပဒေ နည်းလမ်းအရ မညီညွှတ်တဲ့အတွက် သူတို့ရဲ့တုန့်ပြန်မှုကို ကြည့်ပြီးတော့ တရားရေးရာကိစ္စကို ဆောင်ရွက် သင့်ရင် ဆောင်ရွက်ပါ့မယ်လို့ ရှေ့နေကြီးတို့က စောစောကဖြေသွားပါတယ်”

ဇန်န၀ါရီလ ၁၉ ရက်နေ့က မွန်းတည့်နေဂျာနယ် မျက်နှာဖုံးမှာ "ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာ၊ သာသနာ မှေးမှိန်စရာရှိသည်ဟုဆို" ဆိုပြီး ဆရာတော် အရှင်ဥာဏိဿရဓါတ်ပုံနဲ့ ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် ' ဒေါ်စုကို ဘယ်ခေတ် ဘယ်အခါနဲ့မှမတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ် ထားတယ်၊ ဒါပေမဲ့ ဒေါ်စုမှာ အုပ်ချုပ်ရေးအားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာ ပြည်ရဲ့အကြောင်းကို သိပ်မသိဘူး'လို့ ဆရာတော်အရှင်ဥာဏိဿရ က မိန့်ကြားကြောင်း ဖေါ်ပြခဲ့ပါတယ်။

အဲဒီလိုရေးသားချက်တွေဟာ ဆရာတော်ရဲ့ မိန့်ကြားချက် မဟုတ်ကြောင်း ၊ ပဋိပက္ခအသွင်ဆောင်တဲ့ အရေး အသားတွေ ဖြစ်နေကြောင်း ဆရာတော်တွေက မိန့်ပါတယ်။

ဆရာတော် ဦးဝီရသူကလည်း အဲဒီလို အရေးအသားတွေဟာ ဘာသာရေးပဋိပက္ခ အသွင်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မိန့်ကြားပါတယ်။

“ဒီမီဒီယာက အခုလည်း မဟုတ်ဘူးဗျ၊ ဦးဇင်းဆိုရင် ဦးဝီရသူ ဦးဝီရသူဆိုပြီးတော့ စာမျက်နှာတိုင်းမှာ ကော်လံတိုင်းမှာ အပိုဒ်တိုင်းမှာ နာမည်တပ်ပြီးတော့ အကြမ်းဖက်သမားဖြစ်အောင် လူသတ်သမား ဖြစ်အောင် ဖန်တီးရှင်အနေနဲ့ ဖြစ်အောင်ပေါ့ ရေးထားတာတွေ့ရပါတယ်၊ တစ်ဖက်သတ်ရပ်တည်ပြီးတော့ သက်သက်ကို မီဒီယာကို လက်နက်အဖြစ် အသုံးချနေတဲ့ မီဒီယာမှန်း တအားသိသာတယ်”

ဇန်န၀ါရီလ ၁၉ ရက်နေ့က ရေးသားချက်နဲ့ပတ်သက်ပြီး မွန်းတည့်နေဂျာနယ်က အဲဒီသတင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့သတင်းဖြစ်တာကြောင့် ပြန်လည်ရုတ်သိမ်းကြောင်း၊ ဆရာတော် အရှင် ဥာဏိဿရထံကိုလည်း ကန်တော့တောင်းပန်လျှောက်ထားပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။

ထောင်တွင်းသို့ စိတ်ကြွဆေး တင်သွင်းသူ မိန်းကလေး အမှုမှ ကွင်းလုံးကျွတ်လွတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အကျဉ်းထောင် အတွင်းရှိ ဖခင်ဖြစ်သူထံသို့ စိတ်ကြွဆေးပြားများ တင်သွင်းလာသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ် စစ်ဆေးကာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ၄၇(က)(၁)အရ အမှုမှ အပြီးအပြတ် လွှတ်၍ အုပ်ထိန်းသူ ဆွေမျိုးများထံ ပြန်လည် အပ်နှံရန် အမိန့် ချမှတ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးရဲကြည်က ပြောကြားသည်။


အဆိုပါ မိန်းကလေးငယ်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ် ကျခံနေရသော ဖခင်ဖြစ်သူထံသို့ ခုနစ်နှစ်အရွယ် မောင်ဖြစ်သူ နှင့် အတူ ထောင်ဝင်စာ လာတွေ့စဉ် ၎င်းယူဆောင်လာသည့် ပစ္စည်းများကို ရှာဖွေ စစ်ဆေးရာမှ အိုင်အိုဒင်း ဆား ထုပ်အတွင်း သိုဝှက် သယ်ဆောင်လာသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀ ပြားပါ ၃ ထုပ် စုစုပေါင်း ၃၀ ပြားကို ရှာဖွေ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ စခန်းမှ မယ(ပ) ၅၈/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ တရားစွဲ တင်ပို့ခံရသူ ဖြစ်ကြောင်း အထက်ပါ ဒုရဲမှူးက ဆိုသည်။

“ကလေးမလေးနဲ့ သူ့မောင်လေးကို သူ့အမေက ထောင်ဝင်စာ သွားတွေ့ဆိုပြီး ပစ္စည်းတွေနဲ့အတူ မူးယစ် ဆေးပြားတွေ ထည့်ပေးလိုက်တော့ ကလေးတွေက ကြားထဲကနေ ဘုမဘိဘမသိ ခံလိုက်ရတာ။ သူ့အမေ ကတော့ အခင်းဖြစ်ချိန်ကတည်းက ထွက်ပြေး လွတ်မြောက်သွားလို့ တရားခံပြေးအဖြစ် ကြေညာ ထားတယ်။ ကောင်မလေးကို တရားရုံးနဲ့ ရဲတပ်ဖွဲ့ကပါ နောက်ဒီလို မလုပ် အောင် သေချာ ဆုံးမ လွှတ်လိုက် ပါတယ်။ ဇန်နဝါရီလ ၂၆ရက်နေ့ မနက်မှာပဲ သူ့အဒေါ်နဲ့ ရွာကလူကြီးတွေ လက်ထဲ ပြန်အပ် လိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာ အုပ်စု၊ ကာဝိုးရွာနေ စိတ်ကြွ ဆေးဝါးများ သယ်ဆောင်လာသည့် အသက် ၁၃ နှစ်အရွယ် ထိုမိန်းကလေး၏ ကွင်းဆက် တရားခံဖြစ်သူ မိခင် ဒေါ်ဘူးဒေါ့ကို ကျင့် ၅၁၂ အရ တရားခံပြေးအဖြစ် တရားစွဲ တင်ပို့ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

“မူးယစ်ဆေဝါးနဲ့ ပတ်သက်ပြီးတော့ ဒီကလေးမလေးလို နောက်ထပ် ယောက်ျားလေးတစ်ယောက် ရှိသေး တယ်။ ကလေးမလေးကိုတော့ သူ့ဆွေမျိုးတွေက ဒီနေ့ လာခေါ်ပေမယ့် ကောင်လေးကိုတော့ အခုထိ လာမခေါ် ကြသေးဘူး။ တရားခံတွေ ဖြစ်ပေမယ့် ကလေးတွေဆိုတော့ အချုပ်ထဲလည်း ထည့်လို့ မရလို့ ဘာမှ မဖြစ်အောင် နေ့စဉ် မျက်လုံး ဒေါက်ထောက် ကြည့်နေရတယ်။ သူတို့အတွက် အစား အသောက်ကအစ နေ့စဉ် ကျွေးနေရတာ” ဟု ယင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဝင်းမင်းသန့်က ပြောကြား သည်။

The Voice Weekly

ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော ပြည်ထောင်စုနှင့် တောင်တန်းဒေသ သဘောထား ကောက်နှုတ်ချက်



ပြည်ထောင်စုနေ. နီးလာတာကြောင့် ပြည်ထောင်စုနှင့် ပတ်သက်ပြီး တောင်တန်းဒေသ နယ်ကိစ္စနဲ.ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မကွယ်လွန်မှီ တလအကျော်မှာ ပြောခဲ့သော စကားတွေဟာ နောင်လာ နောက်သားတွေ အတွက် လေးနက်တဲ့ တွေးခေါ်စရာ စဉ်းစားစရာ မေးစရာ တွေအဖြစ် တန်ဘိုးကြီးမားတဲ့ သမိုင်းအထောက်အထားအဖြစ် ကျန်ရစ်နေဆဲပါ။


ကျွန်တော်တို. တင်သွင်းတဲ့အကြံဥာဏ်တွေ ဒါတွေကို သဘောမကျလို ဆိုလျှင် သဘောမတူတဲ့အတိုင်း တောင်တန်း နယ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာ သဘောရှိ ဗမာပြည် နှင့် မပေါင်းဘဲ နေချင် နေနိုင်ပါတယ်။

၁၉၄၇ ခု ဇွန်လ ၁၆ ရက်နေ. တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွင်း ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ “လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲမည့် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်အဆို Directive Resolution မှ ကောက်နှုတ်ချက်။

မူလ ပထမတုန်းက ကျွန်တော်တင်သွင်းရမယ့် အဆိုဟာ ဖဆပလ ပဏာမ ညီလာခံတုန်းက ဆုံးဖြတ်ခဲ့တဲ့ အဆိုဘဲဖြစ်ပါတယ်။ သို.သော်လဲ ဒီအဆိုကို ဖတ်ကြည့်တဲ့အခါ ပြင်စရာလိုနေတဲ့ အချို. အချက်အလက်တွေကို တွေ.ရပါတယ်။ ဖဆပလ ညီလာခံတုန်းကနေပြီးတော့ ရိုက်ပြီး ဝေထားတဲ့ စာအုပ်ရှိပါတယ်။ ဒီအထဲမှာ ကြည့်မယ်ဆိုရင် တွေ.ရပါလိမ့်မယ်။ အဲဒီ ဆုံးဖြတ်ချက်မူကို ကျွန်တော်ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ထားတာကတော့ နိဒါန်းစကားချီးမှာ တောင်တန်းဒေသများနှင့် ကရင်နှီနယ်များ အပါအ၀င်ဖြစ်သော မြန်မာနိုင်ငံတော်သူ နို်င်ငံတော်သားတို.၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို.၏ အာသီသ ဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို.ငှာ စုံညီစုဝေးရုံလောက်ကလွဲပြီး တခြားသဘောမပါဝင်အောင် ပြင်ဆင်ထားပါသည်။

“ယခု (State) ဆိုတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို. ဗမာပြည်မှာ မဖွဲ.စည်းမိကြသေးပါဘူး။ အဲဒီတော့ ဒီဖွဲ.စည်းမယ့် နိုင်ငံတော်မှာ ဘယ်နယ်တွေ ဘယ်နယ်တွေ ပါမယ်ဆိုတာ ကျွန်တော်တို. ကျကျနန သတ်မှတ်ပြီးသား မဖြစ်နိုင်သေးပါဘူး။ ယခု ကျွန်တော် ဆွေးနွေးရန်အချက်ဟာ နိုင်ငံတော် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ ဖွဲ.စည့်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်ဆိုတဲ့ အချက်ကိုသာ ဆွေးနွေးရန် ဖြစ်ပါသည်။

“ မြန်မာပြည်ထောင်စု နိုင်ငံဆိုတာ ကျွန်တော် အထူး ရှင်းပြောစရာမလိုပါဘူး။ ဒီနိုင်ငံတော်ကို ပြည်ထောင်တွေ စုပြီး ထားမယ်ဆိုတဲ့ သဘောလောက်ပါဘဲ။ ပြည်ထောင်စု နိုင်ငံတော်ဆိုကတည်းက ကျွန်တော်တို. အခု ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ ( Unitary Constitution) လူတမျိုးထဲဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံတော်ဆိုတဲ့ အဓိပ္ဗါယ်ရောက်သွားပါတယ်။

“ အဲဒီတော့ ကျွန်တော်ကနေပြီး ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ.စည်းအပ်တယ်လို. အဆိုတင်သွင်းတဲ့ကိစ္စမှာ ယခုကြွရောက်လာတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို ဒီလိုပြည်ထောင်စုနိုင်ငံတော်အဖြစ်နဲ. ဖွဲ.စည်းအပ်တယ်လို.ဆိုတဲ့ အခြေခံမူဟာ သင့် မသင့် ကို ဒီလွတ်တော်ကြီးက စဉ်းစားဘို.ပါဘဲ။ ကျွန်တော်တို. အခု ဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက်လို.ကြည့်ရင် ကျွန်တော်တို. နိုင်ငံတော်ကို ပြည်ထောင်စု နိုင်ငံတော်အဖြစ်နဲ. ဖွဲ.စည်း ထည်ထောင်မှသာလျှင် သင့်တော် လျှောက်ပတ်ပါလိမ့်မယ်လို. ယူဆတဲ့အတိုင်း ဒီအခြေခံသဘောထားကို ဒီအဆိုထဲမှာ ထည့်သွင်းပြီး ဒီမှာ တင်ပြထားခြင်းအားဖြင့် ယခု တိုင်းပြုပြည်ပြု လွတ်တော်ကို ကြွရောက်လာတဲ့ တောင်တန်းဒေသသားများက ကိုယ်စားလှယ်အမတ်များဟာ ပြည်ထောင်စု နိုင်ငံတော်တွင် သူတို. သက်ဆိုင်ရာနယ်များ ပါဝင်ပြီးသား ဖြစ်သွားမလား ဆိုပြီး သံသယရှိနေတယ်လို. ကျွန်တော်သိရပါတယ်။ အဲဒီတော့ ဒီကိစ္စနှင့်ပတ်သက်လို. တိတိလင်းလင်း ရှင်းချင်တာကတော့ ဗမာပြည်ထောင်စု နိုင်ငံတော်လို. ခေါ်တွင်ဘို.ဆိုပြီးတော့ အဲဒီအထဲမှာ တင်ပြထားပေမယ့် ဒီပြည်ထောင်စု နိုင်ငံတော်ထဲမှာ ဘယ်နယ်တွေပါပြီး ဘယ်နယ်တွေ ပါရမယ်လို. သတ်မှတ်ထားခြင်း မရှိသေးပါဘူး။

“ သည်တော့ တောင်တန်းဒေသကနေပြီး တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမှ ဒီကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အလျှင်းမရှိပါဘူး။

“ ပြည်ထောင်စု မြန်မာနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ်ဆိုင်ရာကနေပြီး ပါချင်မှ ပါနိုင်တာဘဲ။

“ ဒီ တိုင်းပြူပြည်ပြု လွတ်တော် မဖွဲ.စည်းမီအခါမှာ တိုင်းပြုပြည်ပြု လွတ်တော်ဖွဲ.စည်းရန် ကျွန်တော်တို. သဘောတူညီချက်တွေ စာချုပ် အမျိုးမျိုး ချုပ်တဲ့အခါတုန်းက တောင်တန်းဒေသက ကိုယ်စားလှယ်များနဲ. ကျွန်တော်တို. ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံစမ်းရေး အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို. လက်ခံလာသည့်အတိုင်းဖြစ်စေ အဲသည်လို လက်ခံထားတဲ့ စာသဘောတင်မကဘဲ ( Not only the Letter of agreement) ဒီစာသဘောကို ကျွန်တော်တို. သဘောတူညီ လာခဲ့ဒါတင်မကဘဲ ကျွန်တော်အဖို.မှာ ဆိုလို.ရှိရင် ( The Spirit of the agreement) သဘောတူညီလာခဲ့တဲ့ တကယ့် အရင်းခံ သဘောတရားကို လက်ခံပြီး ဒီအတိုင်းဘဲ တိုင်းပြုပြည်ပြု လွတ်တော်မှာ လုပ်ပါဆိုတာ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။

“ ကျွန်တော်တို. ပေးပြီးသား ကတိ၊ နားလည်ပြီးသား သဘော တူညီချက်တွေကို နယ်ချဲ.သမားတွေလို ကျွန်တော်တို. ဖောက်ဖျက်ခြင်း မလုပ်ပါဘူး၊“ အဲဒီလို ပေးပြီးသား ကတိနဲ. နားလည်ပြီးသား သဘောတူညီချက်တွေကို ဖောက်ဖျက်မလားလို. သံသယရှိခဲ့တဲ့လူတွေဟာ ဥက္ကဌမင်း ခွင့်ပြုချက်အရ ပြောရရင် ကျွန်တော်ရဲ့ ( Sense of honour, sense of self-respect, sense of pride) တို.ကို စော်ကားတယ်လို. ကျွန်တော်ယူဆပါတယ်။

“ အဲဒီတော့ ကျွန်တော်တို. ပေးပြီးကတိ၊ နားလည်ပြီးသား သဘောတူညီချက်အရ တောင်တန်းနယ်တွေက ကိုယ်စားလှယ်တွေဟာ တိုင်းပြုပြည်ပြု လွတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနှင့်မှ ကျွန်တော်တို. ဗမာလူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို.ကို အတင်းအားဖြင့် ကျွန်တော်တို. ပြည်ထောင်စုထဲကို မသွင်းပါဘူး။

“ သဘော မတူဘဲ မနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးခြား လိမ်တဲ့နည်းနဲ.လဲ ကျွန်တော်တို. မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ်။“ ဒီနေရာမှာ ကျွန်တော် ထပ်ရှင်းချင်တာက တနေ.တုန်းက ကျွန်တော်ဆီ စာတစောင် ရောက်လာပါတယ်။ အမှန်စင်စစ်က ကျွန်တော်တို. တောင်တန်းနယ် ကိုယ်စားလှယ်များ ပြောလို.လား ဒီလိုမှမဟုတ်ရင်လဲ တောင်တန်းနယ်ဆိုင်ရာ ညွှန်ကြားရေးဝန်က သူ.ဖာသာ အနေသာကြီး မြင်းကမလှုပ် ခုံကလှုပ်တာလား ဒါတော့ ကျွန်တော် မပြောတတ်ဘူး။

“ သို.သော်လဲ သူ.ဆီကတဆင့်နေပြီးတော့ တောင်တန်းဒေသ ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြုပြည်ပြု လွတ်တော်မှာ ဆွေးနွေးတဲ့အခါ အင်မတန် စိုးရိမ်ကြောင်းကြနေတဲ့အကြောင်း ကျွန်တော် စာတစောင်ရပါတယ်။

“ ဒီတိုင်းပြုပြည်ပြု လွတ်တော်ရုံးကလဲ ရသလား မပြောတတ်ဘူး။ အဲဒီစာထဲမှာ ဘာ ပါသလဲဆိုရင် ကျွန်တော် မှတ်မိသလောက် ပြောရရင် တောင်တန်းနယ်ဆိုင်ရာ ကိစ္စအရပ်ရပ် ကို ဒီတိုင်းပြုပြည်ပြုလွတ်တော်ကနေပြီး ဆုံးဖြတ်တဲ့အခါ ဆိုင်ရာဆိုင်ရာနယ်ရဲ့ ကိုယ်စားလှယ်များ စုရုံးသဘောတူညီချက် မရဘဲနှင့် တိုင်းပြုပြည်ပြု လွတ်တော်ကနေပြီး မဆုံးဖြတ်နိုင်ဘူးဆိုတာ ကျွန်တော်တို. တောင်တန်းနယ် စုံစမ်းရေးအဖွဲ.တုန်းက ထောက်ခံချက် ပေးခဲ့ပါတယ်။ အဲဒါလဲ အမှန်စင်စစ် ကျွန်တော်တို. အကြံပေးတဲ့အတိုင်း ထည့်ခဲ့ခြင်း ဖြစ်ပါတယ်။

“ အဲဒီမှာဆိုရင် ဆိုင်ရာကိုယ်စားလှယ်တော် အချင်းချင်း လူများစု-လူနည်းစု မဖြစ်ဘဲနဲ. သဘောကွဲလွဲတဲ့ နေရာမှာ ညီတူ မျှတူ သဘောကွဲလွဲနေကြရင် ဘယ်လိုနည်းနဲ. တိုင်းပြုပြည်ပြု လွတ်တော်က နေပြီး ဆုံးဖြတ်မလဲဆိုတဲ့ ဒီမေးခွန်းကို တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တော်တွေဟာ ဒီလိုတော့ လာမမေးကြပါဘူး။

“ သို.သော်လည်း မဆိုင်တဲ့ တောင်တန်းနယ်ဆိုင်ရာ ဌာန ညွှန်ကြားရေးဝန်ကနေပြီး နှိုးဆော်ချက်အရ ဘုရင်ခံမင်မြတ်ကြီးကနေပြီး စိတ်ပူပြီး မေးတယ်။ ကျွန်တော့်သဘောမှာ ဒါဟာ စည်းကမ်း နည်းလမ်း မမှန်ဘူးလို. ယူဆတယ်။ ဘာဖြစ်လို.လဲဆိုရင် ယခုပြောဆိုနေခြင်းဟာလဲ တောင်တန်းနယ် ဆိုင်ရာ ကိုယ်စားလှယ်များကနေပြီးတော့ အင်္ဂလိပ်သွားကပ်တယ်လို. ကျွန်တော် မဆိုလိုပါဘူး။

“ သို.သော် ဒီ တိုင်းပြုပြည်ပြု လွတ်တော်က ဆုံးဖြတ်တဲ့ ကိစ္စမှာ အင်္ဂလိပ်ရဲ့ အကာအကွယ်ကို ငါတို.တော့ဖြင့်ယူမှ ချမ်းသာရာရမယ်လို. ထင်ရင် ကျွန်တော် ရှင်းရှင်းလေး ပြောချင်ပါတယ်၊ အင်္ဂလိပ်ဟာ အမှန်စင်စစ် အနှေးနှင့် အမြန် သူ လက်အောက်ခံ တိုင်းနိုင်ငံတွေက ထွက်သွားရတော့မှာဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုဖြစ်နေပြီ။

“ ကမ္ဘာ. အလားအလာ ကြီးထဲမှာ ဒီလို စိတ်ထားတွေ ရှိတဲ့လူတွေဟာ ကိုးကွယ်ရာ ဘယ်နည်းနဲ.မှ ရှိမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သတိပေးပါတယ်။ ကျွန်တော်တို. တိုင်းပြုပြည်ပြုလွတ်တော် အကြောင်း ပြောရရင် အင်္ဂလိပ်ရဲ့ အကူအညီနဲ.မှ ဒီတိုင်းပြုပြည်ပြု လွတ်တော်ကို လာပြီးတော့ သြဇာ မပေးနိုင်ဘူးဆိုတာကို သိစေချင်တယ်။

“ ဒီတိုင်းပြည်ပြု လွတ်တော်မှာ တောင်တန်းဒေသဆိုင်ရာ ကိစ္စတွေကို စဉ်းစားဆွေးနွေးတဲ့အခါမှာ ခင်ဗျားတို. သက်ဆိုင်ရာ တောင်တန်းနယ် ကိုယ်စားလှယ် အချင်းချင်း ဘယ်သူ. ဘယ်သူမှ မဲမသာဘဲ တူနေကြတယ် ဆိုရင် ဒီလွတ်တော်ထဲမှာ ဖဆပလ အမတ်အများဆုံးဖြစ်တဲ့အတိုင်း အများဆုံးရဲ့ ခေါင်းဆောင်အဖြစ် ကျွန်တော် တိတိလင်းလင်း ကတိပေးလိုတာက ခင်ဗျားတို. အချင်းချင်း အဲဒီလို ဘယ်သူ.ဘယ်သူကိုမှ မဲမသာဘဲနှင့် မဲပြိုင်နေကြတဲ့အခါမှာ ကျွန်တော်တို. ဒီတိုင်းပြုပြည်ပြု လွတ်တော်ကနေပြီးတော့ အတင်းဖိပြီးတော့ မဆုံးဖြတ်စေဘူး ဆိုတာကို ကျွန်တော် ကတိပေးပါတယ်။

"အဲဒီတော့ တောင်တန်းနယ်ဆိုင်ရာ ကိစ္စနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို.ရဲ့ စေတနာဟာ အင်မတန် ရှင်းပါတယ်။

"ကျွန်တော်တို. တင်သွင်းတဲ့ အဆို ပြုပြီးတဲ့နောက် ဆက်လက်တော့ကာ ဒီပြည်ထောင်စု ဖွဲ.စည်းတဲ့နေရာမှာ ပြည်ထောင်စုထဲ ပါချင်တဲ့ ပြည်နယ်တွေဟာ ဘယ်လို အချက်အလက်တွေ ဘယ်လို အခွင့်အရေးတွေ ဘယ်လို အခြေခံတွေ အဲဒီလို အချက်အလက်တွေအရ စုပေါင်းသင့်တယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို. တင်သွင်းတဲ့အဆိုတွေ ကျွန်တော်တို. တင်သွင်းတဲ့အကြံဥာဏ်တွေ ဒါတွေကို သဘောမကျလို ဆိုလျှင် သဘောမတူတဲ့အတိုင်း တောင်တန်းနယ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာ သဘောရှိ ဗမာပြည်နှင့် မပေါင်းဘဲ နေချင် နေနိုင်ပါတယ်။

"ဒါ ယနေ. ကျွန်တော်တို. ဒီ တိုင်းပြည်ပြု လွတ်တော်မှာ ဒီစကားကို ပြောချင်းဘဲ။ ကျွန်တော်တို. စေတနာကို ဘယ်လောက်ထိအောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထားတယ်ဆိုတာကို သိစေချင်လို. ပြောဆိုခြင်းဖြစ်ပါတယ်။ နောက်ပြီး တချက် ဒီလိုခင်ဗျားတို. သဘောမတူလို.ရှိရင် မပါချင်နေလို. ပြောတဲ့နေရာမှာလည်း နယ်ချဲ.သမားလို တဖက်ကနေပြီးတော့ကာ မပါချင် နေပါကွာလို. ဆိုပြီးတော့ မပါဘူးလို.ထင်တဲ့အခါကျတော့ တဖက်က ၀င်ပြီးတော့ မရှုပ်ဘူး။ သို.သော်လည်း ကျွန်တော်တို. အမြင်တော့ ရှိတယ်။"ဘယ်နိုင်ငံ ဘယ်နယ်မှာဖြစ်ဖြစ် ယခုခေတ်မှာ ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ဝါဒနဲ. ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ အရေးကိစ္စတွေရဲ့ ဂယက် အရိုက်မခံရတဲ့ နယ်ရယ်လို. ရှိမှာ မဟုတ်ဘူး။

"ဒီမိုကရေစီ ၀ါဒ ဒီမိုကရေစီစနစ် ဒီမိုကရေစီသဘောတရားတွေ ခေတ်စားနေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထားနိုင်တဲ့နယ်ဟာ အနှေးနှင့်အမြန် ဒီနယ်မှာ ရှိနေတဲ့ လူတွေ နိုးကြား ထကြွလာပြီး ဒီလို ကမ္ဘာကြီးရဲ့ သဘောတရားတွေနဲ. ဖြစ်ပျက်နေတဲ့ ခေတ်သဘောတရားတွေနဲ. ဆန်.ကျင်ဘက် သဘောတရားတွေကို တွန်းလှန်ပစ်ကြမှာဘဲဆိုတာ ကျွန်တော် နိမိတ်ဖတ်ထားချင်ပါတယ်။

"အဲဒီတော့ ဒီလို ကျွန်တော်နားလည်ထားတဲ့အတိုင်း ကျွန်တော်တို.နှုင့်အတူ ပါပြီး မလုပ်ချင်ပါဘူးဆိုရင် ကျွန်တော် အတင်း မတိုက်တွန်းပါဘူး။"အဲဒီလို မပါ ပါအောင်ဆိုပြီးတော့ကာ ဒါကတော့ ဗမာ့စကား မဟုတ်ဘူးထင်တယ်။ ကျွန်တော် နားလည်ထားသလောက် ကရင်စကားဘဲလို.ထင်တယ်။ အတင်းနယားပါးယား လုပ်တဲ့နည်းမျိုးကို မလုပ်ပါဘူး။ အဲဒါကို တိတိလင်းလင်း တောင်တန်းနယ်ဘက်က ကျွန်တော့်မိတ်ဆွေများကို ကျွန်တော်နားလည်စေချင်ပါတယ်။

"ဘာဖြစ်လို.လဲဆိုရင် ကျွန်တော်တို. အင်မတန် ရှင်းရှင်းလင်းလင်း သဘောထားနေတဲ့ အထဲကနေပြီးတော့ ရှုပ်အောင် လုပ်နေတဲ့ လူတွေက ယခုတလောမှာ တော်တော် များနေတော့ ဒါကို ရှင်းလင်းသထက် ရှင်းအောင်ထပ်ပြီး ပြောရခြင်း ဖြစ်ပါတယ်။

ကျွန်တော့်မိတ်ဆွေ တယောက်က ကျွန်တော်ကို ပြောသလိုဘဲ ခင်ဗျား အဲဒီလို ရှင်းရှင်းပြောဒါကို သူတို.စိတ်ထဲမှာ ရှုပ်နေတယ်ဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူး။

"အဲဒီတော့ ဒီပြည်ထောင်စုနိုင်ငံမှာ ဘယ်နယ်တွေ ပါရမယ် ဆိုတာ ကျွန်တော်တို. ဒီအထဲမှာ ထည့်ထားဒါလဲ မရှိသေးပါဘူး။ ပါချင်တဲ့လူတွေမှ ပါကြ။ အဓိပ္ဗါယ်က နယ်ကို သတ်မှတ်မထားဘဲနဲ. ပြည်ထောင်စု မြန်မာနိုင်ငံတော်လို.သာ သာမည ထည့်ထားခြင်းဖြစ်ပါတယ်။အ ထက်ပါ မိန်.ခွန်းကို ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံ မခံရမှီ ရက် ၁ လနှုင့် ၃ ရက် အလိုမှာ ပြောကြားခဲ့တာ ဖြစ်ပါသည်။

ဒါအပြင် ပင်လုံစာချုပ် ချုပ်ဆိုပြီးမှ ပြောကြားခဲ့သော ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် လမ်းညွှန်ချက် အဆိုလည်း ဖြစ်တာမို. ပင်လုံစာချုပ် ချုပ်ပြီး ဗိုလ်ချုပ်က မလိမ့်တပတ်လုပ်ပြီး ပြည်ထောင်စုနိုင်ငံကို တည်ထောင်ခဲ့ တာလို. မဟုတ်မဟတ် စွပ်စွဲပြီး ဗိုလ်ချုပ်ကို စော်ကားနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို.အတွက်လည်း စဉ်းစား ဝေဖန်နိုင်ဖို. အကောင်းဆုံး သမိုင်း အထောက်အထားပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ မကျဆုံးခင် တလကျော်ကျော်အချိန်အထိ တောင်တန်းဒေသကိုယ် စားလှယ်တွေအနေဖြင့် “ ခင်ဗျားတို. သဘောမတူလို.ရှိရင် မပါချင်လဲ နေလို.ရကြောင်း” အတိအလင်း ပြောဆိုထားတာဖြစ်လို. ပင်လုံစာချုပ် ချုပ်ပြီး တိုင်းရင်းသားတွေကို ဗိုလ်ချုပ်အောင်ဆန်းက မလိမ့်တပတ်လုပ်ပြီး ပြည်ထောင်စုကို လုပ်သွားတာ ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မမှန်ကြောင်း သက်သေထင်ရှာစေပါသည်။

အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉ ၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ.မှာတွင် အင်္ဂလန် နိုင်ငံ လန်ဒန်မြို.မှာ မြန်မာကိုယ်စားလှယ်အဖွဲ.ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ် ၀န်ကြီးချုပ် အက်တလီတို. လက်မှတ်ရေးထိုးခဲ့သည်။ ၄င်းလည်းစာချုပ်တွင်း ပင်လုံညီလာခံ ကျင်းပပြီး တိုင်းရင်းသားခေါင်းဆောင်တွေ တောင်တန်းဒေသက လူတွေရဲ့ သဘောထား ဆန္ဒကို မေးမြန်းရယူပြီး ပြည်မနှင့် ပေါင်းရေး မပေါင်းရေး သဘောထားရယူရမည်ဟု အောင်ဆန်း-အက်တီစာချုပ် အပိုဒ်(၈) အပိုဒ်ခွဲ(ခ)မှာ ကြိုတင်စည်းကမ်းသတ်မှတ်ချက် Pre-condition တခုကို အင်္ဂလိပ်အစိုးရက စာချုပ်မှာ ကြိုးချည်ထည့်ပေးထားသည်။ ဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသား ခေါင်းဆောင်တွေနှင့် ၂ ပတ်အတွင်း ပင်လုံမှာ တွေ.ဆုံ ဆွေးနွေးညှိနှိုင်းပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ရခြင်း ဖြစ်ပါသည်။

ပင်လုံစာချုပ် ချုပ်ဆိုရင်ခြင်း ပင်လုံညီလာခံ ကျင်းပခဲ့ရခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအရ လုပ်ကိုင်ခဲ့ရခြင်းထက် အောင်ဆန်း-အက်တလီစာချုပ်မှာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်အရ ပြောရလျင် အင်္ဂလိပ်အစိုးရ၏ လိုအင်ဆန္ဒ စည်းကမ်း သတ်မှတ်ချက်အရ အရေးပေါ် ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပါ။ အကြောင်းကတော့ အောင်ဆန်း-အက်တလီစာချုပ်မှာတင် ပင်လုံညီလာခံ သို.တည်းမဟုတ် အထူးညီလာခံတခု လုပ်ပြီး တိုင်းရင်းသားတွေ၏ ဆန္ဒသဘောကို ရယူရမည်ဟု အင်္ဂလိပ်အစိုးရက ကြိုတင်စည်းကမ်းချက်ဖြင့် ကြိုးချည်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါသည်။

ဒါကြောင့် လက်နက်ကိုင် အဖွဲ.တချို.က ပင်လုံညီလာခံကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုတွေ လုပ်ရမည်ဟု တောင်းဆိုနေခြင်းဟာ လက်ရှိ အချိန်အခါနှုင့် လိုက်လျော် ညီထွေမှု သင့်တင်မှု ဖြစ်နိုင်ပါသေးရဲ့လား မေးစရာ တွေးစရာ စဉ်းစားရမည့် အချက် ဖြစ်ပါသည်။

ပင်လုံစာချုပ်မှာ လက်မှတ် မရေးထိုးခဲ့သည့် တိုင်းရင်းသား မျိုးနွယ်တွေ ရှိခဲ့သလို ပင်လုံ ညီလာခံမှာ မတက်ပဲ လက်မှတ် မထိုးပဲ ပြည်ထောင်စုထဲ ပါလာရသူတွေလဲ ရှိပါသည်။ ထို.အပြင် ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုကြီး ဖြစ်လာရသည်ဟု ပြောဆိုချက်သည် တစိတ်တပိုင်းအရ မှန်ကန်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော် ၁၉ ၄၇ ခု ဇွန်လ ၁၆ ရက်နေမှာ ပြောဆိုခဲ့သော တင်သွင်းခဲ့သော တိုင်းပြုပြည်ပြု လွတ်တော် မိန်.ခွန်း--

“ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်အဆို Directive Resolution” အရ ဆိုလျင် တောင်တန်းဒေသ တိုင်းရင်းသားတွေအနေဖြင့် အသစ်ဖွဲ.စည်းမည့် ပြည်ထောင်စုကြီးထဲတွင် သူတို. သဘောတူ ဆန္ဒပါမှသာ ပြည်ထောင်စုထဲကို ပါလို.ရတယ်။ သဘောမတူဘူး မပါချင်ဘူးဆိုရင်လဲ မပါပဲ နေချင်နေပါဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မသေခင် တလကျော်ကျော်အထိ ပြောဆိုထားတာမို. ဖေဖေါ်ဝါရီလ ၁၂ ရက်နေမှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသားတွေအနေဖြင့် ပြည်ထောင်စုထဲ အလိုလို ပါလာခဲ့ခြင်းဖြစ် သည်ဟု ယူဆရန် ခက်မည် ဖြစ်ပါသည်။

ပင်လုံစာချုပ်ဟာ ပြည်ထောင်စုကြီးဖြစ်ဖို.အတွက် ဆက်စပ်မှုတော့ ရှိတာ မှန်သော်လည်း ပင်လုံစာချုပ်ကြောင့် ပြည်ထောင်းစုကြီး ဖြစ်လာရသည်ဟု တိုက်ရိုက် ပြောရန် ခက်ပါသည်။ အကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပင်လုံစာချုပ် ချုပ်ဆိုပြီးမှ အထက်ပါ မိန်.ခွန်းကို တရားဝင် တိုင်းပြုပြည်ပြု လွတ်တော်မှာ သူရဲ့သဘောထား သူရဲ့ စေတနာကို အတိအလင်း ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

မှတ်ချက်၊ ။ ဦးအောင်သန်း၏ အောင်ဆန်း မိသားစု စာအုပ်မှ ဗိုလ်ချုပ်မိန်.ခွန်းကို ကိုးကားကောက်နှုတ်ကာ သုံးသပ်ထားခြင်း ဖြစ်ပါသည်။

Udp Myanmar

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ် ရှမ်းတိုင်းရင်းသားများအကြား ဝေဖန်မှုများ မြင့်တက်နေ



ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ရှမ်းပြည်နယ် NLD ၏ စီမံဆောင်ရွက်မှုများအပေါ် ဒေသခံရှမ်းလူမျိုးများက မကျေမနပ် ဖြစ်နေ ကြောင်း သိရသည်။


စိုင်းဆိုင်လင်း အမည်ရှိ ရှမ်းလူငယ်တစ်ဦးက "ကျွန်တော် NLD ကိုရော ဒေါ်အောင်ဆန်းစုကြည် ကိုပါ လေးစားထောက်ခံ ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို ရှမ်းလူငယ် တစ်ယော်ကအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် NLD ကြိုဆိုရေးအဖွဲ့က မသိတာလား၊ သတိမထားမိတာလား။ ကျွန်တော်တို့ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ်။ တစ်ကယ်တော့ ဒါမျိုးကိစ္စ လုံးဝ မဖြစ်သင့်ပါဘူး။ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့ ရှမ်းအမျိုးသားအလံ၊ ပြည်နယ်အလံကိုတော့ သိသင့်ပါတယ်။ အခုပဲ ကြည့် ကျွန်တော်တို့ ရှမ်းအလံ ဇောက်ထိုး ဖြစ်နေတယ်။ ပြီးတော့ ရှမ်းအလံက အောက်ရောက်နေပြီး NLD အလံကို ထိပ်တင်ထားတယ်။ ဒီမြင်ကွင်းကို မြင်ရတာ ကျွန်တော့်အနေနဲ့ ခံပြင်းမိပါတယ်။ ဒေါသလည်း ထွက်မိတယ်။ တိုင်းရင်းသားတွေ တန်းတူရေး ဘာရေး လျှောက်ပြောနေတာ။ ဒီအတိုင်းဆို NLD လည်း ဘာထူးလဲ။ အလံဆိုတာ အရေးကြီးပါတယ်။ ရှမ်းလူမျိုးတွေအတွက် ရှမ်းအလံက အထွဋ်အမြတ်ပဲ" ဟု ပြောဆိုသည်။

ဤကိစ္စတွင် တောင်ကြီး NLD စီစဉ်သူများတွင် တာဝန်ရှိကြောင်း၊ မိမိတို့ ရှမ်းလူငယ်များအနေဖြင့် NLD ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုရော ဆန့်ကျင်ကြသူများ မဟုတ်ကြောင်း၊ သို့သော် ရှမ်းပြည်နယ် လာရောက်ရာတွင် ရှမ်းသင်္ကေတကို လေးစားဖို့ လိုကြောင်း၊ ရှမ်းပြည်နယ် ရှိ NLD ပါတီဝင်များအနေဖြင့် ရှမ်းလူမျိုး မဟုတ်သော်လည်း ရှမ်းဓလေ့ ထုံးစံတို့ကို သိရှိထားရန် အရေးကြီးကြောင်း၊ ရှမ်းပြည်နယ်တွင် အတိတ် နိမိတ်ကောက် နတ်ပသသော အလေ့အထများ ယခုအချိန်အထိ ရှိနေဆဲ ဖြစ်ကြောင်း၊ ယခု အမှားသည် ခွင့်လွှတ်နိုင်စရာကောင်းသော အမှား မဟုတ်ကြောင်း စိုင်းခမ်းလင်း အမည်ရှိ ရှမ်းတိုင်းရင်း သား တစ်ဦးက ပြောဆိုသည်။

"ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ အားနာစရာ ထောက်ထားစရာလည်း မလိုဘူး။ ရှမ်းပြည်မှာနေပြီး ရှမ်းအလံ မသိလို့ပါဆိုရင်တော့ ဗြောင်လိမ်တာပဲဗျ။ နောက် ဘာဖြစ်လို့ ရှမ်းအလံကို နာမ်နှိမ်ထားတာလဲ။ ဘာရည်ရွယ်ချက်လဲ။ မပြောလဲ သိပြီးသားပဲ။ ရှမ်းတွေက ရိုးပါတယ်။ ဒါပေမယ့် မ အဘူးဗျ" ဟု အမည်ထုတ်ဖော်ပြောကြားလိုခြင်း မရှိသည့် ရှမ်းလူမျိုးတစ်ဦးက ပြင်းပြင်းထန်ထန် ပြောကြား သည်။

တောင်ကြီး NLD မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း အချိန်မီ ဖြေကြားလာခြင်း မရှိသဖြင့် ယင်းတို့၏ သဘောထားကို ဖော်ပြနိုင်ခြင်း မရှိပေ။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်ခရီးစဉ်သည် NLD ပါတီဝင်များက ငွေကြေးကောက်ခံ မှုများ ပြုလုပ်ခဲ့ရာ၌ မီဒီယာအမည်ခံ၍ ကောက်ခံခဲ့ခြင်းကြောင့် နာမည်ပျက်စရာများ ကြုံတွေ့ခဲ့ရ ပြီးနောက် ယခုတစ်ဖန် ရှမ်းပြည်နယ်အလံကို မလေးမစား ပြုမှုများကြောင့် ဒေသခံရှမ်းတိုင်းရင်းသားများအကြား ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ကြုံတွေ့နေရသည်။

UWSA “ ၀ ” တပ်ဖွဲ့ဝင်မှ ဒေသခံ ရွာသားတစ်ဦးအား အနိုင်ကျင့် မိုင်းဖောက်ခွဲစဉ် “၀” တပ်ဖွဲ့ဝင် ပွဲချင်းပြီး သေဆုံး



မိုင်းပျဥ်းမြို့နယ် မိုင်းသွေးကျေးရွာနေ အိုက်ဆွတ်၏ နေအိမ်တွင် ဇန်န၀ါရီ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ရာ “ ၀ ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA အဖွဲ့မှ အိုက်နွံ သည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ယင်းရွာသား အချို့ထံမှ သိရသည်။


UWSA “ ၀ ” တပ်ဖွဲ့ဝင် အိုက်နွံသည် အိုက်ဆွတ် အိမ်သို့ ရောက်လာပြီး အရက်တိုက်ခိုင်းသဖြင့် အိမ်ရှင်မှ အရက်ဝယ်၍ တိုက်ခဲ့ရကြောင်း ၊ အရက်မူးလာသော အိုက်နွံမှ အိုက်ဆွတ်အား အနိုင်ကျင့် ထိုးကြိတ်မှုများ ပြုလုပ်လာသဖြင့် အိုက်ဆွတ်မှ တောင်းပန်ခဲ့ကြောင်း၊ တောင်းပန်နေသည့် ကြားမှ ဆက်ပြီး ထိုးကြိတ်နေသဖြင့် အိုက်ဆွတ်မှ ပြန်ပြောရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း၊ အိုက်နွံမှ မိုင်းတစ်လုံးထုတ်၍ ဖောက်ခွဲခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး အိုက်ဆွတ်လည်း ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ အဲဒီနေ့ည ၈ နာရီလောက်က အိုက်ဆွတ်အိမ်မှာ ပေါက်ကွဲသံကြားလို့ သွားကြည့်ကြတာပေါ့၊ UWSA “ ၀ ” တပ်ဖွဲ့ဝင် ကတော့ သေနေပြီ၊ အိုက်ဆွတ်က ဒဏ်ရာတွေနဲ့ လဲနေလို့ ဆေးရုံပို့လိုက်ရပါတယ် ” ဟု အိမ်နီးချင်း ရှမ်းအမျိုးသားတစ်ဦးဖြစ်သူ ကိုအိုက်ပန်က ဆိုသည်။

မိုင်းထိဒဏ်ရာရရှိသော အိုက်ဆွတ်အား မိုင်းပျဉ်း၌ ဆေးဝါးကုသမှု ခံယူခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသွား သည်။

မိုင်းပျဉ်းမြို့ခံတစ်ဦးက “ UWSA “ ၀ ” တပ်ဖွဲ့ဝင်တွေဟာ တရားမ၀င် လက်နက်ခဲယမ်းတွေ ကိုင်ဆောင် ပြီး သောင်းကျန်းချင်သလို သောင်းကျန်းနေကြတာ ၊ မိုင်းကိုတောင် ဖောက်ခွဲရဲတယ်ဆိုတော့ ပြည်သူတွေ အတွက် အရမ်းအန္တရာယ်များပါတယ် ၊ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို တာဝန်ရှိသူတွေက တားဆီး အရေးယူပေးဖို့ လိုပါတယ် ” ဟု ပြောကြားသွားခဲ့သည်။

UWSA “ ၀ ” တပ်ဖွဲ့ဝင် (၃) ဦးသည် တောင်ကြီးမြို့ ငြိမ်းချမ်းဟိုတယ်ပိုင်ရှင်အား တရားမ၀င် လက်နက် ကိုင်ဆောင်ပြီး ခြိမ်းခြောက် ဖမ်းဆီး ခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခု ကဲ့သို့ ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးအား အနိုင်ကျင့် မိုင်းဖောက်ခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း
Shan News

ပင်စင်စား ဝန်ထမ်း များကို တန်ဖိုး နည်းဖုန်း ခွဲဝေ ပေးရန် အခက် အခဲ ရှိဟုဆို

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့တွင် နဝမအကြိမ် ချထားပေးမည့် တန်ဖိုးနည်း ဖုန်းအလုံးရေ ၃၅၀,၀၀၀ အနက် သက်ပြည့် ပင်စင်ခံစား လျက်ရှိသည့် အငြိမ်းစားများအတွက် တန်ဖိုးနည်း WCDMA ဖုန်းအလုံးရေ ၅၀၀၀၀ ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ် ရန် အခက်အခဲ ရှိခြင်းကြောင့် ဖုန်းခွဲဝေမှုအတွက် အခက်အခဲ ရှိနိုင်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ပင်စင်စား ဝန်ထမ်းများကို ဖုန်းခွဲတမ်း ပေးအပ်ရာတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများက တာဝန်ယူ ပေးမည် ဆိုပါကလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ဌာနများမှ ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က သုံးသပ် ပြောဆိုသည်။

“ကျွန်တော်တို့ဆီတော့ ပင်စင်စားတွေအတွက် ဘယ်လို ခွဲဝေပေးရမလဲဆိုတာ စီမံချက် မရောက်သေးဘူး၊ အဓိက အခက်အခဲက ပင်စင်စား ဝန်ထမ်းတွေကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ အခက်အခဲ ရှိတယ်။ အချို့က ပင်စင်ရတာက မော်လမြိုင်မှာ၊ တကယ်တမ်း နေတာက ရန်ကုန်၊ မန္တလေးတို့မှာဆို ဆက်သွယ်ရ ခက်တယ်” ဟု ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် ဇန်ဝါရီလအတွက် ဖုန်းခွဲတန်း ၁၂၀၀၀ ရရှိထားရာ ပင်စင်စား ဝန်ထမ်းများအတွက် ဖုန်းခွဲတမ်း အလုံးရေ ၂၀၀၀ ပါဝင်ကြောင်းနှင့် ယင်းဖုန်းခွဲတမ်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မည်သို့ ခွဲဝေပေးရမည် ဟူသည့် စီမံချက် ရောက်ရှိလာပါက ပင်စင်စား ဝန်ထမ်းများကို ခွဲဝေပေးမည်ဟု ဒေါက်တာခင်မောင်သွင်က ဆက်လက် ပြောဆိုသည်။

ယင်းဖုန်းကတ်များသည် လစဉ်ဖုန်း ပြောဆိုခ အနည်းဆုံး ၂၅၀၀ ကျပ် သုံးစွဲ ပေးရမည် ဖြစ်ပြီး နှစ်လအတွင်း ကြိုတင်ငွေ ဖြည့်ကတ် ၅၀၀၀ ကျပ်ဖိုး အပြည့်အဝ သုံးစွဲခြင်း မရှိပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ယင်းငွေ ၅၀၀၀ကျပ် ပြည့်သည်အထိ အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ကြောင်းနှင့် ၁၅ ရက်အတွင်း ငွေထမ်မံ ဖြည့်သွင်းခြင်း မရှိပါက အလို အလျောက် ယင်းဆင်းမ်ကတ်လိုင်း ပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

The Voice Weekly

ပဲခူးတိုင်းလယ်သမားများ၏ အခက်အခဲ NDFပါတီမှ တွေ့ဆုံဆွေးနွေးကာ သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တင်ပြမည်

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေဖြင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပဲခူးတိုင်းသို့ သွား ရောက်ကာ ပဲခူးတိုင်းရှိ တောင်သူလယ်သမားများ၏ အခက်အခဲများကို တွေ့ဆုံဆွေးနွေး၍ သက်ဆိုင်ရာ ဌာနများသို့ တင်ပြသွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။


“ပါတီအနေနဲ့ ပဲခူးတိုင်းမှာ လယ်ယာမြေ ပြဿနာတော်တော်များများကို ဖြေရှင်းပေးခဲ့ဖူးတယ်။ အခု လည်း ဖေဖော်ဝါရီ လဆန်း ဥပမာ-၇၊ ၈၊ ၉ ရက်လောက် ဖြစ်မယ်။ အဲဒီလောက်မှာ သွားမယ်။ တောင် သူတွေနဲ့ တွေ့ဆုံပြီး သူတို့တွေရဲ့အသံကို နားထောင်မယ်။ ပြီးရင် ပါတီဘက်ကလည်း ဆွေးနွေးမှုတွေ ပေးမယ်။ လမ်းကြောင်း ပေးမယ်” ဟု ပြောသည်။

အဆိုပါတွေ့ဆုံပွဲမှ ရရှိလာသော ပဲခူးတိုင်းအတွင်းရှိ တောင်သူလယ်သမားများ၏ အခက်အခဲများကို ပါတီအနေဖြင့် ယခု ကျင်းပနေသော လွှတ်တော်အစည်းအဝေး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အပါအ၀င် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများထံ တင်ပြသွား မည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လယ်ယာမြေပြဿနာတွေ အများကြီးဖြစ်တယ်။ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ တွေလည်းရှိတယ်။ လယ်ယာမြေကြောင့် ဆန္ဒထုတ်ဖော်မှုတွေလည်း ဖြစ်နေတယ်။ လယ်သမားတွေ ဘာကို အဆင်မပြေဖြစ်နေလဲဆိုတာ သိရအောင် သူတို့နဲ့ တွေ့ဆုံတာပါ” ဟု ဦးခင်မောင်ဆွေက ပြော သည်။

အဆိုပါတွေ့ဆုံပွဲအား လယ်သမား အင်အားခန့်မှန်းခြေ ၁၀၀ ခန့် တက်ရောက်မည်ဟု မှန်းထားပြီး ထို့ ထက်လည်း များပြားနိုင်သည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။

NDF ပါတီသည် ၂၀၁၃ ခုနှစ် အတွင်းကလည်း ဧရာဝတီတိုင်းအပါအ၀င် မြ၀တီဘက်အထိ သွားရောက် ခဲ့ကာ လယ်သမားများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။ ထို့အပြင် လူငယ်အင်အား စုစည်းခြင်း၊ ပါတီ စည်းရုံးရေးနှင့် လယ်သမားပြဿနာများ ဆောင်ရွက်ပေးရေးအတွက် လူထုတွေ့ဆုံပွဲကို ယခုလ ၁၁ ရက် က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သေးသည်။

Mizzima - News in Burmese

ဂျီဒီပီ ၉.၁ ရာခိုင်နှုန်းအထိ တိုးရန် လုပ်ဆောင်မည်ဟု ဦးသိန်းစိန် ပြော


၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်, သမ္မတ ဦးသိန်းစိန်, ဂျီဒီပီ, IMF

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီ (GDP) ကို ၉.၁ ရာခိုင်နှုန်း အထိ တိုးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောသည်။


နေပြည်တော်၌ ယနေ့ကျင်းပသည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေး ဖိုရမ်တွင် ၄င်းက အထက် ပါ အတိုင်း ပြောခြင်း ဖြစ်သည်။

“အကူအညီ၊ အထောက်အပံ့၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နည်း ပညာ အကူအညီတွေကို စနစ်တကျ စီမံခန့်ခွဲပြီး GDP တိုးတက်မှု ရရှိရန် စီမံထားခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆို သည်။

ပြီးခဲ့သည့်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မူလ ခန့်မှန်းထားသော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း ပမာဏမှာ ၆.၇ ရာခိုင်နှုန်း ဖြစ် သော်လည်း လက်တွေ့တွင် ၇.၃ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်တခု ဖြစ်ကြောင်း လည်း ဦးသိန်းစိန်က ဆက်ပြောသည်။

ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ၏ ခန့်မှန်းထားချက်များ အရ မြန်မာနိုင်ငံ၏ GDP တန်ဖိုးမှာ ယခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းနီးပါး အထိ မြင့်လာနိုင်သည်ဟု ပြောဆိုထားပြီး ယခုဘဏ္ဍာနှစ် အတွက် မျှော်မှန်းထားမှုမှာ ၈.၉ ရာခိုင်နှုန်း ဖြစ်သည်။

နှစ်အလိုက် GDP တိုးနှုန်း အနေအထားကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅.၆ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇.၃ ရာခိုင်နှုန်း ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ၇.၈ ရာခိုင်နှုန်း ခန့်မှန်းထားရာ လာမည့် ၂၀၁၄-၂၀၁၅ တွင် ၉.၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် လုပ်ဆောင် မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ၏ GDP တိုးနှုန်း ရည်မှန်းချက်သည် မြင့်မားသည်ဟု ပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း သမ္မတ စီးပွားရေး အကြံ ပေး ဒေါက်တာ ဇော်ဦးက ပြောဆိုသည်။

“ဘာကြောင့်ဆို IMF က တွက်ထားတယ် ဆိုတဲ့ဟာမှာလည်း အစိုးရရဲ့ကိန်းဂဏန်းတွေကို အများဆုံး အချိန်ယူထားတာပေါ့နော်၊ အခုဟာက ပြည်တွင်းမှာ ရှိတဲ့ အစိုးရတွေရဲ့ စဉ်းစားချက်က GDP ကောက်တဲ့ အခါမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ GDP စွမ်းဆောင်မှုတွေက ကိန်းကဏ္ဍန်းတွေ ပိုပြီးရလာတယ်၊ ဒီကဏ္ဍကနေပြီး အရင်တုန်းက မသိတဲ့ဟာတွေ သိလာတယ်၊ အဲဒီအပေါ်မှာ အခြေခံ လိုက် တဲ့ အခါကြတော့ ကျနော်တို့က IMF တို့ World Bank တို့ စဉ်းစားတာထက် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ စဉ်းစားလို့ ရလာတာ ရှိတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ တွက်ချက်မှုက နည်းနည်းပိုနေတဲ့ သဘောရှိတာပေါ့”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ GDP တန်ဖိုး တိုးတက်လာသည်နှင့် အတူ ငွေဖောင်းပွမှုနှုန်း မြင့်တက်ခြင်းလည်း ရှိနေသဖြင့် တတ်နိုင်သမျှ ထိန်း ထားရန် စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆို ထားသည်။

နိုင်ငံ၏ လက်ရှိ ဘတ်ဂျက်လိုငွေ ပမာဏမှာ ၂.၇ ဘီလီယံ ဖြစ်ပြီး GDP ၏ ၄ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။

ယင်းအခြေအနေတွင် ဘတ်ဂျက် လိုငွေကို GDP ၏ ၅ ရာခိုင်နှုန်း အထက် မရောက်စေရန် ထိန်းသွားရမည်ဟု IMF နှင့် ကတိ က၀တ် များထားကာ မြန်မာနိုင်ငံက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ငွေဖောင်းပွမှုနှုန်းမှာ အစိုးရ ဘတ်ဂျက် လိုငွေပြတဲ့ ပြဿနာပေါ့၊ IMF နဲ့လည်း ကတိက၀တ် ခံပြီး အလုပ်လုပ်နေတာ ဖြစ်တယ်၊ အဲ့ဒါအရ ကျနော်တို့ဟာ လိုငွေကို ၅ ရာခိုင်နှုန်း အထက်မှာ မကျော်အောင် ထိန်းရမယ်ဆိုတဲ့ သဘောပဲ”ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်း ရှိနေသည်ဟု IMF က ခန့်မှန်းထားပြီး ဆက်လက် မြင့်တက်နိုင်သည့် အနေအထား ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ထိုင်ဝမ်ဆရာဝန်များ ဧရာဝတီတိုင်းကိုသွား



မြောက်အမေရိကအခြေစိုက် ထိုင်ဝမ်ဆရာဝန် တွေ ဟာ မကြာသေးခင်က ဧရာဝတီတိုင်းဒေသကြီးကို သွားရောက်ကာ ပုသိမ်၊ ငပုတော၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်က လူနာပေါင်း ၂,၅ဝဝ ကျော်နဲ့ တွေ့ဆုံပြီး အခမဲ့ ကုသပေးခဲ့ပါတယ်။


သူတို့ကတော့ မြောက်အမေရိကရောက် ထိုင်ဝမ် ဆရာဝန်အသင်းကဖြစ်ပြီး သူတို့ရဲ့ ကုသမှုအစီ အစဉ် ကို ဒီလ ၁၆ ရက်နေ့ကစပြီး ၅ ရက်ကြာ တွေ့ခဲ့ရမှာပါ။

ဒါဟာ နိုင်ငံခြားဆရာဝန်အဖွဲ့တခု ဧရာဝတီတိုင်းမှာ အချိန်အကြာဆုံးနဲ့ လူနာအများဆုံးကို အခမဲ့ ကုသပေးခြင်းလည်း ဖြစ်ပါတယ်။

အဓိကကုပေးတာကတော့ အထွေထွေရောဂါ၊ သွား၊ တရုတ်အပ်စိုက်နဲ့ အကိုက်အခဲရောဂါတွေပါ။ လိုအပ်တဲ့ ဆေးဝါးအသုံးအဆောင်တွေကိုလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ဒီအဖွဲ့ မြစ်ဝကျွန်းပေါ်ဒေသရောက်လာအောင် ဦးဆောင်ခေါ်လာသူကတော့ အမေရိကန်ပြည်ထောင်စုမှ အခြေချနေထိုင်တဲ့ ဦးစိန်သန်း ဖြစ်ပါတယ်။

“သူတို့က မြန်မာပြည်မှာ အခမဲ့ဆေးကုပေးချင်တယ်ဆိုပြီး ကျနော့်ကို ဆက်သွယ်တဲ့အတွက် ပုသိမ်ကို လာနိုင်အောင် ကျနော်က ဆက်သွယ်ကူညီပေးတာပါ။ မြန်မာနိုင်ငံကို ရောက်ချိန်မှာ ဧရာဝတီတိုင်းကို ပထမဦးဆုံးလာတာပါ”

တရုတ်နွယ်ဖွား ဦးစိန်သန်း မြောက်အမေရိကကို ရောက်နေတာ ၄၂ နှစ်ရှိပါပြီ။ ဒီခရီးစဉ်မှာ သူက ဧရာဝတီ တိုင်းကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ??

“ကျနော်က ပုသိမ်သားဖြစ်တဲ့အတွက် ကိုယ့်ဒေသကလူတွေကို ပြန်ပြီးကူညီနိုင်အောင် အခုလို စီစဉ်ဖြစ် တာပါ။ ကိုယ်ဒေသကို အခုလိုပြန်လာပြီး ကူညီပေးနိုင်တာလည်း အရမ်းပီတိဖြစ်ပါတယ်”

ဆရာဝန် ၁၃ ဦးအပါအ၀င် အဖွဲ့ဝင် ၂၂ ဦး ပါဝင်တဲ့ သူတို့အဖွဲ့ကို ဧရာဝတီတိုင်းအစိုးရအဖွဲ့က လိုအပ် တာတွေ ကူညီပေးတယ်၊ တရားဝင်မဖွင့်လှစ်ရသေးတဲ့ အရေးပေါ်ခွဲစိတ်ကုသဆောင်အသစ်မှာ ကုသမှု ပေးနိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

ကုသမှုရယူဖို့ တိုးဝှေ့ပြီး တန်းစီ နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဦးစိန်သန်းက ဆရာဝန်တွေကို ထပ်ပြီး ခေါ်လာဦးမယ်၊ မြန်မာပြည်ဖွားတွေကို စုစည်း ခေါ်ဆောင် လာမယ်လို့ ဆိုပါတယ်။

“အမေရိကားမှာရောက်နေတဲ့ မြန်မာဆရာဝန် အငြိမ်းစားတွေရှိတယ်။ သူတို့လည်း ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး လုပ်ပေးချင်တဲ့စိတ်တွေရှိတယ်။ ကျနော်ပြန်သွားရင် မြန်မာပြည်ကထွက်သွားတဲ့ဆရာဝန်တွေ စုစည်းပြီး တခေါက်ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။ အထူးသဖြင့်တော့ ကျေးရွာလေးတွေ မြို့လေး တွေက လိုအပ်နေတဲ့လူတွေကို ကူညီပေးချင်ပါတယ်”

အာရှက ပညာရှင်တွေ၊ ဆရာဝန်တွေဟာ အမေရိကန်၊ ကနေဒါ စတဲ့ မြောက်အမေရိကဒေသမှာ အခြေချနေထိုင်နေကြတာ အများအပြား ရှိပါတယ်။ ဦးစိန်သန်း ပြောသလိုပဲ အဲဒီ အာရှဖွားဆရာဝန်များ ထဲမှာ မြန်မာပြည်ကထွက်သွားသူ အများအပြား ပါဝင်နေပါတယ်။






ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေဖြစ်နေ



ရှမ်းပြည်မြောက်ပိုင်း မြို့နယ်တချို့၌ စိုက်ပျိုးထား သည့် ဘိန်းခင်းများအား ဖျက်ဆီးနေစဉ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ် ပွား ကြောင်း သိရသည်။


နမ့်ဆမ်၊ ကျောက်မဲ၊ မိုးမိတ်၊ ကွတ်ခိုင် စသည့် မြို့နယ်များရှိ ဘိန်းခင်းများကို TNLA တပ်ဖွဲ့ဝင် များက ဖျက်ဆီး နေစဉ် အစိုးရ တပ်မတော် တပ်ရင်း ၅၀၆ တပ်၏ စစ်ကြောင်းမှ ထိုးစစ် ဆင်လာသည့် အတွက် ဇန်န၀ါရီလ ၂၅ ရက်နေ့က နှစ်ဘက် အကြား ထိပ်တိုက်တွေ့၍ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း TNLA က ဆို သည်။ 

“ဘိန်းခင်းတွေ ဖျက်ဆီးတဲ့ ရာသီဆိုတော့ ကျနော်တို့ တပ်ဖွဲ့က အဲဒီနယ်မြေထဲက ဘိန်းခင်းတွေကို ဖျက်ဆီးနေတုန်း အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာလို့ ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲဖြစ်ရတာပါ” ဟုTNLAဲပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် က ဧရာဝတီ ကို ပြောသည်။ 

TNLA တပ်ဖွဲ့ဝင်များသည် ဘိန်းခင်းများအား ဖျက်ဆီးနေရခြင်းကြောင့် ထိုဒေသ တ၀ိုက်တွင် သွားလာ လှုပ်ရှားမှုများ ရှိ ကြောင်း၊ ထို့အတူ အစိုးရ တပ်များကလည်း ၎င်းတို့တည်ရှိရာ နယ်မြေများကို ရောက်ရှိ လာ သည့်အတွက် မကြာခဏ တိုက် ပွဲများ ဖြစ်ပွားနေ ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း အစိုးရ စစ်တပ်၏ ၅၀၆ တပ်ရင်းမှူး နှင့် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသည်ဟု TNLA ပြန်ကြား ရေးဌာန က ထုတ်ပြန် ချက်တွင် ဖော်ပြထားသော်လည်း သေဆုံးသူ အရာရှိ၏ အမည်ကိုမူ အတည်ပြုရန် ခက်ခဲ ကြောင်း မိုင်းအိုက်ကျော် က ဆိုသည်။ 

TNLA အဖွဲ့နှင့်အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းဖော်ဆောင်မှု အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းတို့ ပြီးခဲ့သည့်နှစ် အ တွင်း တွေ့ဆုံခဲ့ကြသေးသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊၂၀၁၃ ခုနှစ်အတွင်း တိုက်ပွဲ ပေါင်း ၁၀၀ ကျော် ဖြစ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ တွင် တိုက်ပွဲ ၉ ကြိမ်ရှိကြောင်း TNLA အဖွဲ့က ပြောသည်။

လက်ရှိ တိုက်ပွဲများကြောင့် အစိုးရနှင့်လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်မည် မဟုတ်ကြောင်း၊ သို့ သော် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး၊ ပြင်းထန်း လာပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ထိခိုက်နိုင်ကြောင်း မိုင်းအိုက်ကျော် က ဆိုသည်။ အစိုးရအဖွဲ့နှင့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တဘက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး တဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မြန်မာ ငြိမ်းချမ်း ရေး စင်တာနှင့် အစိုးရ အာဏာပိုင်တို့ထံ ဧရာဝတီ က ဆက်သွယ် ခဲ့သော်လည်း မရခဲ့ပေ။

TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင် တချို့ကိုရှေ့တန်း စစ်မြေပြင်တွင် တွေ့ရစဉ်
(ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

ကုလ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့မှာ မြန်မာ ပါတော့မယ်



မြန်မာ့ တပ်မတော်ကို ကုလ သမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ ပါဝင်ဖို့ ကုလ သမဂ္ဂက ဖိတ်ခေါ်တာကို မြန်မာ ဘက်က လက်ခံ လိုက်တယ်လို့ သိရပါ တယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံစဉ် သူက ကမ်းလှမ်းတာလို့ အစိုးရ အရာရှိကြီးတွေက ပြောပါတယ်။

အရင် တုန်းကတော့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ မြန်မာ့ တပ်မတော် က ပါဝင်ခဲ့ဘူးတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ယောက်က ပြောပါတယ်။

အခု နောက်ပိုင်းမှာလည်း ကုလ သမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ က ဆက်သွယ် မှုတွေ ရှိခဲ့တဲ့ အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် အဖြစ် မြန်မာ နိုင်ငံ ပါဝင်နိုင်ခြင်း အားဖြင့် တပ်မတော် ပြုပြင် ပြောင်းလဲရေး အတွက် အထောက် အကူ ဖြစ်စေ နိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Cobra Gold လို့ ခေါ်တဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန် တို့ရဲ့ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ နိုင်ငံ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရခဲ့တဲ့ အခါ တပ်မတော် ခေါင်းဆောင်တွေရဲ့ စိတ်ကူးသဘောထားတွေ ပြောင်းလဲ လာတာ တွေ့ခဲ့ရတယ်လို့ သူက ဥပမာပေး ပြော ပါတယ်။

ဒါ့အပြင် ဒေသတွင်းရေးရာကိစ္စတွေမှာ မြန်မာ နိုင်ငံ ပါဝင် ဆောင်ရွက်တဲ့ အခါမှာလည်း အကျိုး သက်ရောက်မှု အများကြီး ရှိနိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

လောလောဆယ်မှာ ကုလသမဂ္ဂရဲ့ ဖိတ်ခေါ်ချက်ကို မြန်မာ နိုင်ငံဘက်က လက်ခံထားတဲ့ အဆင့်မှာပဲ ရှိနေပြီး နောက်ထပ် အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။


ဘီဘီစီ (မြန်မာပိုင်း)